နှစ်သစ် လက်ဆောင်သစ်

အားလုံးနှစ်သစ်မင်္ဂလာမှာ မင်္ဂလာတရားကို လက်ကိုင်ထားကျင့်သုံးနိုင်ကြပါစေ။

နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်ခဲ့ပါပြီနှစ်ဟောင်းက ပူဆွေးစရာတွေ စိုးရွှံမှုတွေကို ထားရစ်ခဲ့ပြီ နှစ်သစ်

အတွက် အင်သစ်အားသစ် တွေနဲ့ ရှေ့ဆက် ဘ၀ခရီး ဆက်ပြီးသွားနိုင်ပါစေလို့ ဆုတောင်း ရင်း ကျွန်တော်အနေ

နဲ့ နှစ်သစ်လက်ဆောင် ဘာပေးရင်ကောင်းမလဲ ခေါင်းစားခဲ့ပါတယ်။ နောက်မှ စဉ်စားမိတာ တစ်ခုရှိပါတယ်။

ကျွန်တော်က အသုံးချစိတ်ပညာတက်တော့ Psycho Social Support, နောက်

လူမှုရေးလုပ်သားလုပ်တော့ Co-operative Coaching ဆိုပြီး အမျိုးမျိုးသော သင်တန်းတွေ တက်ခဲ့ပေမဲ့

လောက်လောက်လားလား တစ်ခါမှ အသုံးမချဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းတွေ နဲ့ပဲ ဒီပညာတွေကို အသုံးပြုခဲ့ပါတယ်။

တခါတစ်လေ လူတွေဟာ စကားပြောဖို့လိုအပ်ပါတယ် ခံစားရတဲ့ ခံစားချက်တွေ မွန်းကြပ်မှုတွေ မကြေနပ်ချက်တွေ

စိတ်အခဲမကြေမှုတွေ နေစဉ်နေတိုင်း ရင်ဆိုင်တွေ နေရတဲ့ အခါ ခံစားချက်တွေ ကို ဝေမျှပေးဖို့ ဝေဒနာတွေကို

မျှယူဖို့ အတွက် စကားပြောဖော်ရှာကြပါတယ်။ တစ်ခါတစ်လေ ကိုယ်စကားပြောတဲ့ သူက

ကိုယ်ခံစားချက်ပြင်းပြင်းနဲ့ ပြောတဲ့စကားတွေကို အလေးမစိုက်တာတို့ ဂရုမပြုတာတို့ ပြုလာရင် တစ်ပူပေါ် နှစ်ပူ

ဆင့်ပြီး ပိုစိတ်ဆင်းရဲ ခံစားရတာ မျိုးတွေ ကြုံကြရပါတယ်။ ကျွန်တော်အနေနဲ့ ခင်ဗျားတို့ အတွက် လိုနေတဲ့

ကွက်လပ်လေးကို ဖြည့်စည်းပေးချင်ပါတယ်။ ခင်ဗျားတို့ပြောတဲ့ ပြဿနာတွေ ခံစားမှုတွေ ပြေဖျောက်စေဖို့

ရင်ထဲပေါ့သွားစေဖို့ စိတ်မွန်းကျပ်မှုတွေ ဖြေဖျောက်ပေးဖို့ တပတ်ကို တစ်ရက် အချိန်ပေးမယ်လို့

စဉ်းစားမိပါတယ်။ နိုင်ငံရပ်ခြားမှတော့ ဒါမျိုးက အထူးအဆန်းမဟုတ်ပေမဲ့ အခုဒီမှာတော့ အတော်အတန်

ဆန်းနေပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ နားထောင်တဲ့ သူအတော်ရှားပါတယ် ကိုယ်ကပဲပြောချင်ကြတယ်

သူများပြောတာကို တော့ နားမထောင်ကြဘူး။ အချို့ကြတော့လည်း ဟန်ဆောင်ပြီး နားထောင်ကြတယ်။

တစ်ခါတစ်လေ အရမ်းစိတ်မွန်းကျပ်တဲ့ အချိန်မှာ ထွက်ပေါက်မရှိတဲ့ အချိန်မှာ စကားပြောဖော်လိုတဲ့ အချိန်မှာ

ကျွန်တော်တို့က ခင်ဗျားတို့ ပြောချင်တာတွေ ပြဿနာတွေ မွန်းကျပ်မှု တွေကို လျော့သွားအောင် ခင်ဗျားတို့

ပြောချင်တဲ့ စကားတွေကို ရိုးရိုးသားသားနဲ့ နားထောင်ဆွေးနွေးပေးပါမယ် နားထောင်ပေးပြီး ပြဿနာတွေ

အခက်အခဲတွေကို ကျော်လွားနိုင်ဖို့ အားအင်သစ်တွေ ရရှိလာအောင် အားပေးပါမယ် စကားပြောတာကို

နားထောင်ပေးခြင်း၊ ဆွေးနွေးခြင်းက မွန်းကျပ်မှုတွေ၊ စိတ်ညစ်ညူးမှုတွေကိုလုံးဝ မပျောက်ရင်တောင် အတော်အတန်

လျောသွားမယ်လို့ ယုံကြည်ပါတယ်

ဒီအတွက် ကျွန်တော်ခင်ဗျားတို့ အတွက် စကားပြောဖော်လိုရင် ကျွန်တော်နားထောင်ဆွေးနွေးပေးပါမယ်

စည်းကမ်းလေးတွေ တော့ နည်းနည်း လုပ်ထားတယ်ဗျ

  1. တပတ်ကို တနင်္ဂနွေတစ်ရက်သာ
  2. ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်က ခေါင်းလောင်းကြီးစောင်းတန်းမှာ နားထောင်ဆွေးနွေးပေးမည်
  3. ပြည်ပက လူများအတွက် သာ အွန်လိုင်းက နားထောင်ဆွေးနွေးပေးမည်
  4. ပုဂ္ဂိုလ်ရေးရာနဲ့ဆွေးနွေးချက်တွေကို လျှိုဝှက်ထားပေးမယ်
  5. ပြောချင်တဲ့သူ ဆွေးနွေးချင်တဲ့ သူက အီးမလ်ကနေ ဆက်သွယ်ရမည်
  6. Co-operative Coaching ဆိုတဲ့ Page မှာ ကော်မန့် ရေးပြီးလည်း ဆက်သွယ်နိုင်သည်
  7. ဖုန်းဖြင့် လက်ခံဆွေးနွေးပေးမည်မဟုတ်
  8. ရွှေတိဂုံဘုရားမှ လွဲ ကျန်နေရာများတွင် ဆွေးနွေးပေးမည်မဟုတ်
  9. အခမဲ့ ဆွေးနွေးပေးပါမည်
  10. တစ်နေ့လျင် ၃ ယောက်သာ

ဒါ ဘလော့ လူဝင်များအောင် ပွဲ  လုပ်ခြင်းမဟုတ်ပါ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးချင်း အားပေးခြင်း နှစ်သိမ့်ပေးခြင်း

လုပ်ခြင်းသက်သက်ပါပဲ ရန်ကုန်မြို့ရဲ့ မြို့ပြဘ၀မှာ သူငယ်ချင်းတွေ မိတ်ဆွေတွေ အများချည်းရှိပေမဲ့

စကားပြောဖော် ရှားလာလို့ တစ်ပတ်တစ်ခါ ကုသိုလ်ယူချင်တဲ့ သဘောပါပဲ အရင်က ဒီလိုပုံစံမျိုး

ဆရာအတ္တကျော်လည်း လုပ်ဖူးတယ်လို့ ကြားဖူးပါတယ်။ ကျွန်တော်မအာလပ်တဲ့ အခါ ကိုအေးချမ်း၊ကိုသူရိန်တို့ က

ကူညီ ဆွေးနွေးပေးပါမယ်။ နှစ်သစ်မှာ ပေးတဲ့ လက်ဆောင် ဆိုပေမဲ့ တစ်နှစ်လုံးပေးသွားမဲ လက်ဆောင်တစ်ခုပါပဲ။

6 လပိုင်း အစမှ ပေးမှာနော် မေလက မအားလို့ပါ

One thought on “နှစ်သစ် လက်ဆောင်သစ်

  1. စိတ်ကူးကောင်းလေးတစ်ခုပါ။ အကောင်ထည်ဖော်ဆောင်ရွက်အောင်မြင်နိုင်ပါစေနော်။

    Like

Leave a comment