ပုံပြောသူများ ဆိုသည်မှာ

လမ်းမှာပေါ်မှာ လူငယ် ၁၀ ယောက်လောက် လမ်းလျှောက်နေကြသည်။ အဝေးမှ ကြည့်လျင် တော်တော် ဆော့တဲ့ အဖွဲ့လို့ ထင်လိမ့်မည်။ သူတို့ အဖွဲ့ သည် ပူပြင်းလှသည် မတ်လနေရောင် အောက်မှာ အပြုံးမပျက် လမ်းလျှောက်နေကြသည်။ သူတို့ အဖွဲ့တွင့် လမ်းပေါ်တွေသမျှကို ခြေထောက်ဖြင့် လိုက်ကန်နေတဲ့သူပါသည်။ ဂစ်တာကြီးကို ကို့ရို့ကားယား လွယ်ပြီး လမ်းလျှောက်ရင်း ဂီတာတီးသူပါမည်။ ထိုသူတီးသမျှကို အပေါက်လမ်း မတည့် လိုက်ဆိုသူ နှစ်ယောက်လောက် ပါမည်။လွယ်အိတ်စုတ်ကြီး လွယ်ထားသူနှင့် အားရပါးရ ရယ်တတ်သူ လည်းပါမည်။ အဖွဲ့မှာ ၁၀ယောက်လောက် ရှိလျှင် ၉ ယောက်လောက်မှာ မျက်မှန် တစ်ဝင်းဝင်းနှင့် ဖြစ်သည်။ သူတို့သည် တူညီသော ပန်းတိုင်တစ်ခုကို အတူလျှောက်လှမ်းနေသော လျှောက်လှမ်း နေကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။…

Rate this:

နွေအခါ အညာမှာ စာသင်တုန်းကပေါ့ဗျာ(၃)

ကျွန်တော်က တိုင်းရင်းသားတွေ နေတဲ့ ဒေသတွေရောက်ရင် အဲဒီဒေသက ရိုးရာဝတ်စုံတွေကို ခုံခုံမင်မင် ၀ယ်ဝတ်တတ်ပါတယ်။ တိုင်းရင်းသားဝတ်စုံတွေကို စိတ်ထဲက တကယ်ကို မြတ်မြတ်နိုးနိုး လေးလေးစားစား ၀တ်လေ့ရှိပါတယ်။ အဲ ကျွန်တော်က ပုံဆိုးသိပ်မ၀တ်တတ်တော့ ပုဆိုးအရေအတွက် နည်းနည်းပဲရှိပါတယ်။ ရှိတဲ့ ပုဆိုးလေးနဲ့ အညာကိုစာသင် ထွက်လာခဲ့ပါတယ်။ တစ်နေ့တော့ ၀တ်စရာပုဆိုးတွေက ကုန်ပြီ ကရင်ပုဆိုးလေးတစ်ထည်ပဲ ကျန်တော့တယ်။ အဲဒီပုဆိုးကလည်း ကျွန်တော်ပုဆိုး မဟုတ်ဘူး SFA က ကိုနောင်နောင်း ပုဆိုး ကရင်ပုဆိုးဆိုတော့ သိတဲ့ အတိုင်းပဲ။ အရောင် တောက်တောက် မမြင်ဖူးတဲ့ သူဆို ထမိန်နဲ့ အမြင်မှားကြတယ်။ အဲဒါနဲ့ အဲဒီ ကရင်ပုဆိုးလေးဝတ်ပြီး ကျောင်းကို စာသင်ဖို့ ထွက်ခဲ့တယ်။ ကျောင်းပေါက်မှာရောက်လို့ ၀င်မယ်ကြံကာ ရှိသေး ကလေးတွေက “ဆရာထမိန်ကြီးဝတ်ထားတယ်”တဲ့လေ…

Rate this:

နွေအခါ အညာမှာ စာသင်တုန်းကပေါ့ဗျာ(၂)

ရွာမှာ စာသင်ရတာအတော်ပျော်စရာကောင်းသဗျ ကျွန်တော်က အညာကို ချစ်တဲ့ အကောင်မို့လားမသိ အတော်ပျော်ပါတယ် ကျွန်တော်နဲ့ အတူပါလာတဲ့ ဆရာမလေးနှစ်ယောက်ထဲ တစ်ယောက်ကတော့ ပျင်းလို့ ဆိုပြီး ပြန်သွားပါတယ်။ ရွာက ရပ်မိရပ်ဖတွေ က ယုန်ထင်ကြောင်ထင် ဖြစ်နေကြတာပေါ့ သူတို့ ဧည့်ဝတ်မကျေ လို့ ပြန်သွားတယ်လို့ ထင်ပြီး ၀မ်းနည်းနေကြတယ်။ ကျွန်တော်က မဟုတ်ဘူးပြောလည်းမရဘူး အဲဒီပြန်သွားတဲ့ ဆရာမလေးက ကရင်ပြည်က ကရင်မလေး ရုပ်ကလေးကလည်းချော တော့ တစ်ရွာလုံးက ၀ိုင်းချစ်ကြတာပေါ့ ဗျာ။ သူက စာသာမသင်တတ်တာ ရုပ်ခံလေးက ရိုတော့ ရွာမှာ သူကြောင့် မျက်နှာ အတော်ပွင့်တယ်ဗျ။ ကျွန်တ်ာတို့ တည်းခိုခွင့် ရတဲ့ အိမ်ကလည်း သူဆို သမီးရင်းနဲ့ မခြားပဲဗျ။ အောက် ရွာရောက်တာ တစ်ပတ်တောင် မပြည့်သေးဘူး…

Rate this:

မိုးလေ၀သ

မနေ့ က ရေဒီယိုထဲမှာ တစ္ဆောတစ်ကောင် သတင်းကြေညာတယ် မနက်ဖြန် ငါမြို့ပေါ်မှာ တိမ်ထူထပ်မယ်တဲ့ ဒါနဲ့ ငါ ဓားတစ်ချောင်း သွေးထားတယ်။

Rate this:

နွေအခါ အညာမှာ စာသင်တုန်းကပေါ့ဗျာ………..(၁)

နွေဆိုတော့ နေကလည်း ပူတယ် စာသင်ဖို့နေရာ အရိပ်အာဝါသ က ကောင်းကောင်းမရှိ ဇရပ်ပေါ်မှာပဲ စာသင်နေမိတယ်။ ကလေးတွေကို ထိန်းနေရင်း ကလေးတစ်ယောက်ပျောက်နေတာကို သွားတွေ့တော့ ဒီကလေး ဘယ်ပျောက်နေလဲ မေးလိုက် မိတယ်။ “ကလေးတို့ မိဖြူဘယ်သွားနေလဲ ” မေးလိုက်တော့ ကလေးတွေက “ မိဖြူ တစ်ချောင်းသွားတယ် ဆရာတဲ့” ဘာလဲဟ တစ်ချောင်းဆိုတာ ကိုယ်ကဆရာဆိုတော့ တစ်ချောင်းဆိုတာ ဘာမှန်းမသိ မေးရကောင်းမလား မမေးရကောင်းမလား ချိန်ဆမိတယ် နောက်မထူပါဘူးဆိုပြီး မေးမိလိုက်တယ်ဗျ “ဟဲ့ တစ်ချောင်းဆိုတာ ဘာလဲဟ” တစ်ချောင်းဆိုတာက ရှုးရှုးပေါက်တာတဲ့ နှစ်ချောင်းဆိုတာ အီးအီးပါတာတဲ့ ကောင်းရော့ ဗျာ ကျွန်တော်တို့ အပြင်ထွက်ဖို့ ဆရာမကို ခွင့်ပန်ရင် လက်တစ်ချောင်းထောင်ပြီး ခွင့်ထောင်းကြတယ်လေ ဒါတို့ အညာက ကလေးတွေ က…

Rate this:

အညာမြေ

မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းက ဆရာမလေး အိအိဖြိုးလွင်(ကစ်စတီ) ရေးထားတဲ့ ခရီးသွားမှတ်တမ်းလေးပါ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက် တေဖော် တေဖက် ဖြစ်တဲ့ ညီမလေး ကျွန်တော်တို့ သွားခဲ့ရတဲ့ ခရီးစဉ် အကြောင်းလေး ကို တင်ပြဝေမျှ လိုက်ပါတယ်။ စာရေးပေးတဲ့ ညီမလေးကို လည်း ကျေးဇူးပါ။ အညာမြေဆိုတာကိုမချစ်တတ်တဲ့ ကျွန်တော့်အတွက်အညာသွားဖို့အကြောင်းကဖန်လာတယ်… ဖန်လာပုံကဒီလိုဗျ..ကျွန်တော်တို့ဗုဒ္ဓဘာသာသူငယ်ချင်းတစ်စုလိုအပ်နေတဲ့ရွာတွေကပရဟိတကျောင်း တွေမှာစာလိုက်သင်ဖို့သဘောတူခဲ့ကြတယ်..လူဆယ့်နှစ်ယောက်ပါဝင်တဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စု က ရွာ(၇)ရွာကိုဦးတည်လိုက်ကြပါတယ်..ကရင်ပြည်နယ်(နောင်ယားဖေးရွာ၊ပိနéဲတောရွာ၊လှိုင်ကော့ဖျာရွာ)၊ ရှမ်းမြောက်(ပန်လော့ရွာ)၊ချင်းပြည်နယ်(လုံဟော)၊ဆားလင်းကြီးမြို့နယ်(ကုန်းကြီးရွာ)၊ ကျွန်တော်တာဝန်ကျတာကကျွန်တော်မခံစားတတ်တဲ့အညာမြေကကုန်းကြီးကျေးရွာပါ။ကျွန်တော်နဲ့  အတူရဲဘော်ရဲဘက်ကရန်ကုန်က ကိုဥဂ္ဂါ ၊နောက်ဘားအံက ကရင်မလေးနန်းကျော့ကေခိုင်။ နွေရာသီခေါင်ခေါင်မှာအညာကိုမခံစားတတ်ပေမယ့်လည်းကလေးတွေမျက်နှာမြင်ယောင်ပြီးအား ကြိုးမာန်တက်ချီတက်မိတာပါပဲ။ မုံရွာကိုပထမဆုံးရောက်တယ်..ပြီးတော့ကိုဥဂ္ဂါသူငယ်ချင်းအိမ်မှာအိတ်တွေ ခဏထားပြီးမုံရွာအနှံ့လည်လိုက်ကြသေးတယ်။ နွေရာသီနေမင်းကြီးကြည့်ပြီးငိုချင်သလိုလိုတော့ဖြစ်မိသားဗျ။လျှောက်လည်ပြီးမုံရွာမှာတစ်ညအိပ်ကြသေးတယ်။ ရင်တော့ခုန်မိသားစာသွားသင်ရင်ဘယ်လိုကြုံတွေ့ရမယ်ဆိုတာကိုလေ..နောက်နေ့မနက်ဇက်နဲ့ချင်းတွင်းမြစ်တစ်ဘက်ကမ်းကူးကြရတယ်။ ဟိုဘက်ကမ်းလည်းရောက်ရောကုန်းကြီးရွာကဦးလေးကြီးတစ်ယောက်နဲ့ဆရာမနှစ်ယောက်လာကြိုကြတယ်။ အညာသူအညာသားဆိုတော့စကားပြောပွင့်လင်းပြီးခင်ဖို့တော့အကောင်းသားဗျ။လမ်းတစ်လျှောက်မှာတမာပင်တန်းတွေအပြိုင်အဆိုင်ယိမ်းနွဲ့ နေကြတော့ရင်ထဲမှာတစ်မျိုးတော့ခံစားလိုက်ရသလိုပဲ။တမာရနံ့ကိုရှုရှိုက်ချင်ပေမယ့်လည်းကံမကောင်း အကြောင်းမလှစွာကျွန်တော်နှာစေးနေခဲ့တယ်ဗျာ။လမ်းဘေးတစ်ဘက်တစ်ချက်ကလယ်ယာစိမ်းစိမ်းလေးတွေက လည်းအတော်သာယာတယ်ဗျ။အညာကိုသဘောကျမိသလိုလိုတော့ဖြစ်သား။တစ်နာရီလောက်ဆိုင်ကယ်စီးလိုက် တော့ကုန်းကြီးဆိုတဲ့ရွာကိုမှုန်ပြပြလှမ်းမြင်လိုက်ရတယ်။ကွင်းပြင်ထဲမှာသူတစ်ခုတည်းစိမ်းစိမ်းစိုစိုနဲ့ရါာလေးကချစ် စရာတော့အကောင်းသားဗျ။ဒီလိုနဲ့ရွာဦးကျောင်းကိုဝင်ပြီးဘုန်းကြီးနဲ့တွေ့ကြတယ်..ရောက်ရောက်ချင်းဆောက်နဲ့ ထွင်း “ဟဲ့.သင်္ကြန်ဆံပင်တွေနဲ့ပါလားတဲ့ ” သေလိုက်စမ်းကစ်ကစ်ရေ့……

Rate this:

Non-violent Communications(NVC)

ကျွန်တော်ဟာ အတော်ဒေါသကြီးပါတယ် ဒေါသကို မထိန်းချုပ်တတ် ပြောချင်တာ စွတ်ပြော လုပ်ချင်တာ စွတ်လုပ်တတ်ပါတယ် ဒေါသကို ထိန်းဖို့ နည်းလမ်းလေးတစ်ခုကို စာဖတ်သူကို မိတ်ဆက်ပေးချင်ပါတယ် ဒါကတော့ အကြမ်းမဖက် ဆက်သွယ်ဆက်ဆံရေး အကြောင်းလေးပါ ဒီအကြောင်းလေးကို စတင်မိတ်ဆက်ပေးတဲ့ သူငယ်ချင်း မိရွှေပကို ကျေးဇူးတင်ပါတယ်။ အားလုံး ဒေါသကို ထိန်းသောက ငြိမ်းနိုင်ကြပါစေ။ Non-violence Communications(NVC) အကြမ်းမဖက်ဆက်သွယ်ဆက်ဆံရေးသည် စိတ်နေစိတ်ထား ပင်ဖြစ်သည်။ နည်းလမ်းမဟုတ်။ NVC သည် ကျွန်တော်တို့ကို နှလုံးသားကလာတဲ့ အရာကိုသာပေးတတ်အောင် သွန်သင်ပေးတဲ့ ဆက်သွယ်ဆကိဆံရေး တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အခြားသူတို့ရဲ့ နက်ရှိုင်းတဲ့လိုအပ်ချက်တို့ကို ကြားနိုင်အောင် အကြမ်းမဖက် ဆက်သွယ် ဆက်ဆံရေးကိုအသုံးပြုသောအခါ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို အမြင်သစ်တစ်မျိုးနဲ့ မြင်လာပါတယ်။ NVC ဖြစ်စဉ်  လေ့လာအကဲခတ်ခြင်း…

Rate this: