သံဃာတော်နဲ့ ဖွံဖြိုးရေး

ကိုဝိမုတ္တိသုခက ဒီလိုလေးလုပ်ကြည့်ရင်ကောင်းမလား ဆိုတဲ့ ပိုစ့်လေးဖတ်ပြီး ကျွန်တော် ဦးနှောက် မုန်တိုင်းဆင် မိတယ်။ ဘာတွေ ညာတွေ သိလိုတော့ မဟုတ်ဘူး။ အစ်ကိုဝိမုတ္တိသုခကို ကွန်မန့်ပေးသည့် အနေနဲ့ ပိုစ့်တစ်ခုလောက် ရေးလိုက်ပါတယ်။ အမှားပါရင် ပြင်ပေးကြပါ ခင်ဗျာ။

ဗုဒ္ဓတရားတော်တွေ ဟာ အစ အလယ် အဆုံး သုံးပါးကောင်းခြင်းနဲ့ ပြည်စုံတယ် နောက်ပြီး ဗုဒ္ဓတရားတော် တွေကို လောကုတ် နိဗ္ဗာန်ရောက်နိုင်ယုံတာမက လက်ရှိဘ၀ လောကီ အရေးတွေ မှာပါ အသုံးဝင်တယ် ဆိုတာ မိချောင်းမင်းကို ရေခင်းမပြနေတော့ပါဘူး။ဗုဒ္ဓတရားတော် တွေကို လောကီလူဘောင့် လူမှုရေး၊နိုင်ငံရေး၊ စီးပွားရေး စတဲ့ နေရာတွေမှာ ဗုဒ္ဓတရားတော်တွေ ကို ကောက်နှုတ် အသုံးပြုလို့ရပါတယ်။

သာသနာဝန်ဆောင် သံဃာတော်တွေက သိပြီးသား ဗုဒ္ဓဓမ္မတွေကို ဒကာ ဒကာမတွေ လောကီရေးမှာ အသုံးပြုနိုင်ဖို့ လောကီပညာရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာမှုတွေလုပ်ပြီ ဆုံးမနိုင်မယ်ဆိုရင် ဗုဒ္ဓဓမ္မတွေဟာ နေ့စဉ် လူနေမှု ဘ၀တွေမှာ  သက်ဝင် လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ အရင် ရှိမ်းမာကာ ဆိုတဲ့ နိုဗယ်ဆုရ ဘောဂဗေဒ ပညာရှင်ကြီးရဲ့ ငယ်သော်လှ၏ စာအုပ်မှာ ဗုဒ္ဓဘာသာကို ဘောဂဒေဗ အမြင်နဲ့ ရေးသားထားတာတွေနိုင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တွေးထားတာ တစ်ခုပါ ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ပတ်သတ်ပြီးတော့ပါ။ ကျေးရွာ တွေမှာ သံဃာတော်တွေဟာ လူထုကို သြဇာ အတော်လေးရှိပါတယ် ဒါကြောင့် ပရဟိတ စိတ်ဝင်စားတဲ့ သံဃာတော်တွေ ကို ကျေးလက်ဒေသ ဖွံဖြိုးရေးနဲ့ ပတ်သတ်တဲ့ အသိအမြင်တွေ စီမံခန့်ခွဲမှုပညာတွေကို သိရှိသွားရင် ကျေးလက်ဒေသအတွက် အကျိုးရှိမှာ အမှန်ပါပဲ။ ကျေးလက်ဖွံဖြိုးရေးကို သံဃာတော်တွေက ဦးမဆောင်ပဲ လုပ်နေရင် အဖွဲ့ တစ်ခု ဟာ ဒေသတစ်ခုကို ၀င်နိုင်ဖို့ သက်ဆိုင်ရာ မှာ အဆင့်ဆင့် ခွင့်ပြုချက် တွေ တောင်းနေရပါမယ်။ အချိန်ပိုကုန် ငွေပိုကုန်ပါတယ်။ အကယ်၍ သံဃာတော်တစ်ပါးပါးက ဦးဆောင် လိုက်မယ် ဆိုရင် ကြိုးနီတွေကို ဖြတ်သန်းစရာမလို၊ လူထုကို လည်း ထွေထွေထူးထူး ပြောနေစရာ မလိုပဲ ကျေးလက်ဒေသ ဖွံဖြိုးရေးကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။

အခုလောလောဆယ်မှာ ဒီလိုမျိုးလုပ်တာ သိပ်ရှားပါသေးတယ်။ ကျွန်တော် သိသလောက် ဆရာတော် ဦးနာယကရဲ့ မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း နဲ့ ဆရာတော်ဦးင်ေကာသလ္လ (ဓမ္မစေတီမဟုတ်ပါ) လောကတ္တစရိယ ဖောင်ဒေးရှင်းပဲ ရှိပါသေးတယ်။ ဒီ အရေအတွက်ဟာ မြန်မာပြည်နဲ့ ယှဉ်ကြည့်ရင် အရမ်းကို နည်းပါး ပါသေး တယ်။

ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဒီလို အလုပ်တွေဟာ အတော်အောင်မြင်နေပါပြီ။ ထိုင်းနိုင်ငံမှာ အိပ်ချအိုင်ဗွီ အေအိုင်ဒီအက်(စ)ဖြစ်ပွားမှုနှုန်းကျဆင်းသွားတာ ဒီရောဂါသည်တွေကို ထိုင်းဘုန်းတော်ကြီးတွေ က စောင့်ရှောက်ပေးလို့ ဖြစ်ကြောင်းကြားဖူးပါတယ်။ နောက် ကျွန်တော်နဲ့ တစ်ခါ တွေဖူးတဲ့ ထိုင်းတော်ကြီး တစ်ပါးဆို ထိုင်းနိုင်ငံက ဆိုးသွမ်းလူငယ်တွေကို လူမှုရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်စေခြင်းဖြင့် လူဆိုး လေးတွေ ကို လူလိမ္မာဖြစ်အောင် စီမံကိန်းပုံစံမျိုးနဲ့ လုပ်ဆောင်နေတယ် ဆိုတာ ကိုကြားဖူးပါတယ်။

လောကီပညာတတ်ထားတဲ့ အတွက် လူထွက်သည် ဖြစ်စေ မထွက်သည်ဖြစ်စေ သာသနာရေးရာ၊ နိုင်ငံဖွံဖြိုး စေဖို့ရာ တစ်ထောင့် တစ်နေရာကနေ အသုံးဝင်နေမှာပါ။နောက် တက်ထားတဲ့ လောကီပညာရပ်တွေကို ဗုဒ္ဓအဆုံးအမတွေ နဲ့ ပေါင်းစပ်ပြီး နေ့စဉ်လူနေမှုဘ၀တွေမှာ လက်တွေ ကျင့်သုံးနိုင်ဖို့ သံဃာတော်တွေ က ဆုံးမနိုင်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်ဟာ သာယာအေးချမ်းတဲ့ ပတိရူပ နိုင်ငံဖြစ်လာဖို့ မြေကြီး လက်ခတ် မလွဲနိုင် ဟု ယုံကြည်မိပါသည် ကိုဝိမုတ္တိသုခ ခင်ဗျား………………

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s