ဆိုးသော မောင်ဥဂ္ဂါ

မောင်ဥဂ္ဂါဆိုသောကောင်သည် ကောင်းသောကောင်မဟုတ်ပါ ကောင်းသောကောင်မဟုတ်သောကြောင့် ဆိုးသောကောင် ဖြစ်ပါသည်။ မောင်ဥဂ္ဂါ ဆိုးသွမ်းကြောင်း မောင်ဥဂ္ဂါ ပတ်ဝန်းကျင်က လူတွေ အကုန်သိ၏။ ဘယ်သူကိုမေးမေး မောင်ဥဂ္ဂါ ဆိုးသွမ်းကြောင်းကို မေးမြန်း နိုင်ပါ၏။ မောင်ဥဂ္ဂါသည် ဆိုးသွမ်းသည်၊ ရုပ်ဆိုးသည်၊ အပေါက်ဆိုးသည်၊သဘောဆိုးသည်၊ ကောင်းတဲ့ အရာဆိုလို့ မောင်ဥဂ္ဂါဆီမှာ မရှိ ဆိုးသော အရာသာ မောင်ဥဂ္ဂါဆီမှာ ရှိသည်။ ထိုသို့ ဆိုးသွမ်းသော မောင်ဥဂ္ဂါကို ဘယ်မိန်းကလေးက မှ စိတ်မ၀င်စား စိတ်ဝင်စားသော မိန်းကလေးသည် လည်း ကျပ်မပြည့် ခြင်းကြောင့် ဖြစ်လိမ့်မယ်။

မောင်ဥဂ္ဂါ ဘယ်အချိန်တွေမှာဆိုလဲ ဆိုတော့ အိပ်ချိန်ကလွဲ ကျန်တဲ့ အချိန်တွေမှာ ဆိုးလေ၏။ မနက်စာ စာရင်လည်း ဆိုး၏။ လမ်းလျှောက်ရင်လည်း ဆိုး၏၊ အရက်သောက်ရင်လည်း ဆိုး၏ အလုပ်လုပ်ရင်းလည်း ဆိုး၏ အဲမှားလို့ မောင်ဥဂ္ဂါက အိပ်ရင်တောင် ဆိုးပါသည် အအိပ်လည်း ဆိုးပါသည်။ တစ်နေ့ ၂၄နာရီမှာ ရာခိုင်နှုန်း။ပြည့် ဆိုးသော မောင်ဥဂ္ဂါ ဖြစ်ပါသည်။

မောင်ဥဂ္ဂါ ဘယ်တုန်းက စဆိုးတာလဲ ဆိုတော့ အူဝဲလို့ စအော်တတ်ပြီး မွေးကထဲ က မောင်ဥဂ္ဂါ စဆိုးပါသည်။ ငယ်ငယ်က လေနာဆိုတဲ့ ရောဂါဆိုး က အလွန်ဆိုးသော မောင်ဥဂ္ဂါတွင် စွဲကပ်နေသောကြောင့် မောင်ဥဂ္ဂါ မိဘများ မအိပ်ရအောင် မယ်တယ် အသံဖြင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်တတ်လေ၏။ ငယ်ငယ်လေးထဲက ဆိုးသော မောင်ဥဂ္ဂါ ဖြစ်သည်။

အရွယ်လေးနည်းနည်းရောက် လာတော့လည်း မောင်ဥဂ္ဂါ က ဆိုးမြဲ ဆိုးဆဲ ပင် မောင်ဥဂ္ဂါ အိမ်မှာ ရှိသော နှစ်းငါးဆယ၊်စွယ်စုံကျမ်း စတဲ့ စာအုပ်တွေကို မောင်ဥဂ္ဂါ စကိုင်နေပြီ အထင်တော့သွားမကြီးလေနှင့် ထိုစာအုပ် တွေထဲက လူပုံတွေ ခေါင်းဆောင်ပုံတွေကို မောင်ဥဂ္ဂါ ကပ်ကြေးနဲ့ ညပ်ပြီး အရုပ်လုပ် ကစားလေရဲ့ မောင်ဥဂ္ဂါမိဘများ မျိုးဆက် နှစ်ဆက် ခန့် အမြတ်တနိုး ထားတဲ့သော စာအုပ်များ မွေခံထိုက်စေဆိုတဲ့ အတိုင်း အမှန်အကန် မွေခံထိုက်သော မောင်ဥဂ္ဂါဖြစ်လေသည်။  ဤသို့ ဤပုံ ဆိုးလှပါသော မောင်ဥဂ္ဂါ ဖြစ်ပါသည်။

နောက် မောင်ဥဂ္ဂါ ကျောင်းတက်တဲ့ အခါမှာလည်း ကျောင်းက တစ်ပတ်ကို စနေ့ တနင်္ဂနွေ နှစ်ရက် ကျောင်းပိတ်တာ ကို မောင်ဥဂ္ဂါ မကျေနပ် တစ်ပတ်ကို တစ်ရက် ပုံမုန် ကျောင်းပြေးလေ၏ ကျောင်းပြေးတဲ့ အခါမှာလည်း တစ်ယောက်ထဲမပြေး သူငယ်ချင်း အဖော်အပေါင်း ၅ယောက် ၆ယောက် လောက်နဲ့ ပြေးလေသည်။ နောက် စည်းကမ်းကြီးသော ကျောင်းအုပ်ဆရာကြီးက မောင်ဥဂ္ဂါကို ရုံးခန်းသို့ ဆင့်ခေါ်လေ၏ နောက် ဆရာကြီးက မင်း ဘာလို့ ကျောင်းပြေးတာလဲ လို့ မေးတဲ့ အခါ မောင်ဥဂ္ဂါက ကျောင်းတက်တုန်း မို့ ကျောင်းပြေးတာပါ ကျောင်းမတက်တော့ရင် ကျောင်းပြေးလို့ မရတော့ ဘူး ဒါကြောင့် ဒီအခွင့် အရေး ကို အရယူတာပါဟု မောင်ဥဂ္ဂါ ပြန်ဖြေကြားတာ ကောင်းလွန်းသောကြောင့် ကြိမ်လုံး ဆုကို မောင်ဥဂ္ဂါ ကို ချီးမြင့်တော်မှုပါတယ်။

လူပျိုပေါက်ရောက်တော့ မောင်ဥဂ္ဂါ တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့ လည်း ဆိုးတုန်းပါပဲ။ မောင်ဥဂ္ဂါ ရဲ့ တက္ကသိုလ်က အညာမှာ လေ ။ ကျောင်းမှာ မောင်ဥဂ္ဂါ ရည်းစားရလေသည် သိတဲ့ အတိုင်း မောင်ဥဂ္ဂါကို ပြန်ကြိုက်တဲ့ မိန်းကလေးမျိုးက ကျပ် မပြည့်လောက်ဘူးဆိုတာ အားလုံးအသိပဲ။ ဘာပဲပြောပြော မောင်ဥဂ္ဂါ ရည်စားရတာတော့ အမှန်ပင်၊ ရတဲ့ ရည်းစားကလည်း နှစ်ပတ်ပင် မခံချင် မောင်ဥဂ္ဂါနဲ့ ခွဲသွားလေတော့တယ်။ ခွဲသွားတဲ့အကြောင်း က ဘောကြောင့် အဲလေ ဘောလုံးပွဲကြောင့် ကောင်မလေးက အာကြီး အာဆင်နယ်ဆို ကြိုက်တယ် မောင်ဥဂ္ဂါ က မန်ယူမှမန်ယူပဲ ဒီလို သမီးရည်းစား ကြည်နူးနေရမဲ့ အချိန်မှာ ဘောအသင်း ကြောင်းပြောရင်း မောင်ဥဂ္ဂါနှင့် ကောင်မလေး ရန်ဖြစ်ကြလေသည်။ နောက် ကောင်မလေးကို တစ်ယောက်တည်းထားခဲ့ပြီး မောင်ဥဂ္ဂါ က ဆိုင်ကယ်နဲ့ ပြန်ခဲ့လေသည်။ နောက်နေ့ ထိုကောင်မလေးနှင့် မောင်ဥဂ္ဂါ မတွေ့ကြတော့ပါ။

ရန်ကုန်ရောက်ပြီး အလုပ်လုပ်မယ်ဆိုတော့လည်း စေတနာဝန်ထမ်းယောင်ယောင်၊ လူမှုပညာရှင်ကြီး ယောင်ယောင်၊ မီဒီယာ စတုတ္တမဏ္ဍိုင်ကြီးယောင်ယောင်၊ ကဗျာဆရာယောင်ယောင်၊ စာရေးဆရာ ယောင်ယောင် နဲ့ ခုနှစ်ရက် သားသမီးကို ကာယ ဒုက္ခ စိတ္တဒုက္ခ  နှစ်ဖြာသော ချမ်းသာတွေ ရအောင် နေမြဲ ဆိုးမြဲ ပေမြဲ တေမြဲ ပင် ဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s