နွေအခါ အညာမှာ စာသင်တုန်းကပေါ့ဗျာ(၂)

ရွာမှာ စာသင်ရတာအတော်ပျော်စရာကောင်းသဗျ ကျွန်တော်က အညာကို ချစ်တဲ့ အကောင်မို့လားမသိ အတော်ပျော်ပါတယ် ကျွန်တော်နဲ့ အတူပါလာတဲ့ ဆရာမလေးနှစ်ယောက်ထဲ တစ်ယောက်ကတော့ ပျင်းလို့ ဆိုပြီး ပြန်သွားပါတယ်။ ရွာက ရပ်မိရပ်ဖတွေ က ယုန်ထင်ကြောင်ထင် ဖြစ်နေကြတာပေါ့ သူတို့ ဧည့်ဝတ်မကျေ လို့ ပြန်သွားတယ်လို့ ထင်ပြီး ၀မ်းနည်းနေကြတယ်။ ကျွန်တော်က မဟုတ်ဘူးပြောလည်းမရဘူး အဲဒီပြန်သွားတဲ့ ဆရာမလေးက ကရင်ပြည်က ကရင်မလေး ရုပ်ကလေးကလည်းချော တော့ တစ်ရွာလုံးက ၀ိုင်းချစ်ကြတာပေါ့ ဗျာ။ သူက စာသာမသင်တတ်တာ ရုပ်ခံလေးက ရိုတော့ ရွာမှာ သူကြောင့် မျက်နှာ အတော်ပွင့်တယ်ဗျ။ ကျွန်တ်ာတို့ တည်းခိုခွင့် ရတဲ့ အိမ်ကလည်း သူဆို သမီးရင်းနဲ့ မခြားပဲဗျ။ အောက် ရွာရောက်တာ တစ်ပတ်တောင် မပြည့်သေးဘူး မိရွှေချောက ပြဿနာရှာပါရောဗျာ အညာမှာ သိတဲ့ အတိုင်းငါးရှားတယ်ဗျ ကျွန်တ်ာတို့ကို စားစေချင်လို့ ရှားတဲ့ ငါးကို ဟင်း လုပ်ကျွေးတာ မိရွှေချောက မစားပဲ ငိုသတဲ့ဗျာ ဘာလို့ လဲလို့ မေးတော့ အိမ်ကို လွှမ်းလို့တဲ့ဗျာ။ နောက် ထူးထူးခြားခြား နွေခေါင်ခေါင်မိုးရွာတော့ လည်း ငိုတယ် အိမ်ကို လွှမ်းလို့ တဲ့ ကောင်းရော….နောက်နေ့တွေ ကြတော့ သူက စာလိုက်မသင်ဘူး မသင်ချင်လို့တဲ့  ဒါနဲ့ ကျွန်တော်နဲ့ ဆရာမအိဖြိုး နှစ်ယောက်ပေါင်း ၃တန်း မျှသင်ရတာပေါ့။ တော်တော် ကသီလင်တဖြစ်တယ် မနက်ပိုင်းကို ၅တန်း၆တန်းက တန်းခွဲတစ်ခုက တစ်ချိန် ၇တန်း၈တန်းက တန်းခွဲတစ်ခုက နောက် တစ်ချိန် ပုံမှန်ဆို ဒီလောက်ဆိုပြီးပြီ ဒါပေမယ် မိရွှေချောက စာလိုက်မသင်တော့ သူသင်တဲ့ ၁တန်း ကနေ့ ၄တန်း အထိကို ဆရာမအိဖြိုးနဲ့ အတူတူ သင်ရတာ ညနေ ၃နာရီလောက်မှပြီးတယ်။

နောက်နေ့လည်းကြကော သူက ပြန်တော့မယ်တဲ့ ရန်ကုန်က ဆရာတွေကိုလည်းပြောပြီးပြီ သူအိမ်ကလည်း ခွင့်ပြုတယ်တဲ့ လက်မှတ်တောင်ဝယ်ပြီးပြီတဲ့ လက်မှတ်ဘယ်လို့ ၀ယ်လိုက်လဲ ဆိုတော့ ကျွန်တော်တို့ စာသင်နေတုန်း ရွာက ရန်ကုန်ပြန်မဲ့ အဖွဲ့နဲ့ ၀ယ်လိုက်တာသတဲ့ ဗျာ .ကျွန်တော်အရမ်းကို ဒေါသ ထွက်ရပါတယ် သိုသော် သူကိုဘာမှမပြောလိုပါ မပြောတော့ပါ ရန်ကုန်က ခွင့်ပြုတယ်ဆိုတာလည်း မဟုတ်ဘူး သူအိမ်က ခွင့်ပြုတယ်ဆိုတာလဲ မဟုတ်ဘူး အားလုံး ကျွန်တော်ကိုညာပါတယ် ဒါပေမယ့် စာသင်ချင်စိတ်မရှိပဲ စာဆက်သင်နေရင် ကလေးတွေ လည်း အကျိုးမရှိ ကျွန်တော်လည်း စိတ်ဆင်းရဲရတယ်။နောက် ကျွန်တော်က လူကြီး ငိုရင် မချော့တတ်ဘူးဗျ ကဲ ပြန်ပေတော့ မရွှေချောရေ…..

နောက်နေ့ ကျောင်းကိုသွားတော့ သူ တာဝန်ယူရတဲ့ မူလတန်းကလေးတွေ ထဲက တစ်ယောက်က ကျွန်တော်ဘေးကိုလာပြီး စကားပြောတယ်

“ဆရာ ဆရာမလေးက သမီးတို့ ဆိုးလို့  စာမသင်တော့ တာလား ဟင် နောက်ဆိုလိမ္မာပါ မယ် ဆရာမလေး စာဆက်သင်ပါတဲ့”

ကျွန်တော် ရင်ထဲ ဆိုရင့်လာတယ် ကျွန်တော် ဘယ်လိုပြန်ဖြေရပါမလဲ…….:(

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s