နှစ်ပေါင်း ၂၅၀၀ ကျော်က အခုအထိမပြောင်းလဲသော ၀တ်စားဆင်ယင်မှု

လူ့သမိုင်းမှာ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်ပြောင်း လူမှုနေထိုင်မှုစနစ်တွေ တစ်ခုပြီးတစ်ခုပြောင်း ပြီး နေထိုင်ခဲ့ကြပါတယ်။ ခေတ်တွေ လူမှုစနစ်တွေ ပြောင်းလာတာနဲ့ အမျှ ၀တ်စားနေထိုင်မှုလည်း ပြောင်းလဲ လာပါတယ်။ အရင် နှစ်ပေါင်းတစ်ရာလောက်က အ၀တ်အစားရယ် အခု အ၀တ်အစားရယ်မတူတော့ပါဘူး။ ဒါပေမဲ့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နှစ်တွေ ဘယ်လောက်ကြာကြာ တခြားသော နေထိုင်မှုတွေ ဘယ်လိုပင် ပြောင်းလဲ သော်လည်း မပြောင်းလဲတဲ့ လူမှုအဖွဲ့အစည်း တစ်ခုတော့ ရှိပါတယ်။ ဒါကတော့ သံဃာလို့ခေါ်တဲ့ သံဃာအဖွဲ့အစည်းပါ။ သံဃာတော်များရဲ့ စောင့်စည်းရတဲ့ သီလသိက္ခာ ကျင်ဝတ် တွေက အရင် နှစ်ပေါင်း နှစ်ထောင်ငါးရာတုန်းက အတိုင်းပဲ မပြောင်းမလဲ တည်ရှိနေတာ အံလောက်စရာပါ။ မြတ်စွာဘုရားရှင်၏ သာသနာရဲ့ အနှစ်သာရ အကျင့်သီလ ထုံးထမ်းအစဉ်အလာတွေဟာ အခုအတိမပြောင်းလဲသေးပါဘူး။ ရဟန်းသံဃာဆိုတာ လူမဟုတ်ပါဘူး…

Rate this:

ဒေသဖွံဖြိုးရေးအတွက် ဆန်းစစ်ချက်များ

ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာတွင်ဖြစ်စေ၊ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက် များကို စိစစ်သုံးသပ်ရာတွင်ဖြစ်စေ၊ စီမံကိန်း၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်သုံးသပ်ရာတွင် ဖြစ်စေ စီမံကိန်းဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရပါသည်။ ဤသို့ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် Participatory Rural Appraisal (PRA)နည်းလမ်းများကို အသုံးပြု ကြပါသည်။ ဤလမ်းညွှန်စာအုပ်သည် PRA နည်းလမ်းများကို အသုံးပြု၍ ဒေသတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားသာချက်များ၊ အားနည်းချက်များ၊ ပြဿနာများ ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အခွင့်အလမ်းများကို ဒေသခံများနှင့် ပူးပေါင်းဖော်ထုတ်နိုင်ရန် ရေးသားဝေမျှဖောက်သည်ချ ခြင်းဖြစ်ပါသည်။ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ နည်းလမ်းသုံးရပ်ဖြင့် ချဉ်းကပ်လေ့ရှိပါသည်။ • လူမှုစီးပွားရေး (Socio – economic)…

Rate this:

မညိုမီ မွေးနေ့ မင်္ဂလာပါဗျာ

လွန်ခဲ့တဲ့ ၂နှစ် လောက်က လူငယ်ဖွံဖြိုးရေး အမြင်ဖွင့်သင်တန်းတစ်ခု တတ်ဖြစ်ခဲ့တယ်။ ဒီသင်တန်းမှာ သင်တန်းကပို့ချတဲ့ ပညာတွေအပြင် သိပ်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်း ၄ယောက် ကို ရလိုက်တယ်။ ကျွန်တော်နဲ့ အတူ ခရီးရှည်ကြီးတစ်ခုကို အတူလျှောက်လှမ်းနေကြတဲ့ ရဲဘော်တွေပေါ့။ သူတို့ ကတော့ မညိုမီ(အမေညို)၊ပပဖြိုး(မိရွှေပ)၊သိန်းစိုး(သိုးစိမ်း)၊အောင်အောင်(အိမ်မက်စိုး) ဆိုတဲ့ သူငယ်ချင်းတွေ နဲ့ သိကျွမ်းခင်မင်ခွင့် ရလိုက်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူလား ဆိုတော့ မဟုတ်ဘူး တစ်ယောက်တစ်မျိုး ဒါပေမယ့် တူညီတာ တစ်ခုကတော့ ဗုဒ္ဓဘာသာအခြေပြုတဲ့ လူမှုဖွံဖြိုးရေးလုပ်ငန်းတွေ ကို အသက်ထက်ဆုံးလုပ်မယ်ဆိုတာတော့ အားလုံး တူညီတဲ့ အချက်တစ်ခုပဲ။ ကျွန်တော်တို့ သူငယ်ချင်း ၅ယောက်ထဲမှာ အသက်အကြီးဆုံးက မညိုမီ ဒီနေ့ သူ့မွေးနေ့လေ သူက အဖွဲ့ထဲ မှာ အကြီးဆုံး…

Rate this:

ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်)

ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်) ဟိုးရှေးရှေးတုန်းကတော့ ဒီကမ္ဘာမြေပြင်ပေါ်မှာ လူရယ်လို့ ရှိလာကာစက ရွာတစ်ရွာမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ လင်ယောကျာင်္မရှိတော့ တောင်ယာအလုပ်ကို သူတစ်ယောက်တည်းပဲ လုပ်ရတယ်။ အဲဒီလို မိန်းမသားတစ်ဦးတည်း သူတောင်ယာမှာ စိုက်နေချိန် တစ်နေ့မှာဆင်ဖြူတစ်ကောင်ဟာ သူ့တောင်ယာ ထဲကို ၀င်လာပြီး ဖျက်စီးတယ်။ ဒီဆင်ဖြူက တစ်ခါလည်းမဟုတ် နစ်ခါလည်း မဟုတ် အခါခါ ဖျက်တာများ တော့ တောင်သူမိန်းမက အလွန်ဒေါသ ထွက်လာပြီး ဒီဆင်ဖြူနောက်ကို လိုက်တယ်။ ဆင်ဖြူခြေရာခံ လိုက်ရင်း လိုက်ရင်းနဲ့ တောအတော်နက်လာ ခရိးအတော်ဝေးလာတော့ သိပ်မောပန်းလာရော။ ရေသိပ်ဆာနေတယ် ဒါပေမဲ့ ရေသောက်စရာ မတွေ၊ဆင်ကိုလည်း မမှီ တော့ အတော်ကို မောပန်းနေတယ်။ ရေသိပ်ဆာနေတော့ တစ်နေရာမှာ ဆင်ဖြူကြီးရဲ ခြေရာခွက်ထဲမှာ တင်ကျန်နေတဲ့ ကျင်ငယ်ရည်ကို ခပ်သောက် သတဲ့…

Rate this:

မေမေ့မွေးနေ့

အမေ …………… အမေမွေးဖွားလာခြင်းကို ၀မ်းမြောက်ပါ၏ ကမ္ဘာမြေစိမ်းလန်းစေရေး မေမေ ပေးဝေခဲ့တယ် သားသမီးတွေ ငြိမ်းချမ်းစေရေး မေမေသင်ကြားခဲ့တယ် တရားဓမ္မများ ပျံပွားစေရေး မေမေ ကြိုးပမ်းခဲ့တယ်။ ဆက်လည်း မေမေ ကြိုးစားအုန်းမှာပဲ မေမေမွေးနေ့ မေမေ မွေးဖွားလားခြင်းကြောင့် ကံတရာကို ကျေးဇူးဆို၏ အဖွားကိုအား ကျေးဇူးတင်၏ မေမေကိုလည်း ကျေးဇူးမြင်ပါပြီ။ မေမေ မွေးဖွားခြင်းကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါသည်။

Rate this:

တို့ဗမာ သိချင်း အနှစ် ၈၀ ပြည့်ပြီ

လွန်ခဲ့သော နှစ်ပေါင်း ၈၀ လောက်က ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ဝယ် လူအများ စုစု စုစု နှင့်ရောက်နေကြသည်။ အများစုမှာ တက္ကသိုလ် ကျောင်းသား များ ဖြစ်ဟန်တူသည်။ သူတို့ထဲဝင် မျက်နှာပြုံးချိုချိုဖြင့် ကိုဘသောင်းဆိုသူက ဦးဆောင်နေဟန် ရှိသည်။ စုဝေးနေကြသော သူများများ မျိုးချစ်စိတ်ဓာတ်ရှိသော သူများ ပညာတတ် လူငယ်များ ဖြစ်ကြသည်။ သူတို့ ဒီနေ့ လုပ်မဲ့အလုပ်က သခင်တင်(၀ိုင်အမ်ဘီ ဆရာတင်)ရေးသားတဲ့ ဒို့ ဗမာ သီချင်းကို သီဆိုဖို့ ပဲဖြစ်တယ်။ သီချင်းဆိုဖို့ စာရွက်တွေ ဝေလိုက်တယ် စာရွက်ပေါ်မှာ ဒို့ဗမာအစည်းအရုံး၏ အစီရင်ကို ခံ၍ ၀ိုင်အမ်ဘီ ဆရာတင် စပ်ဆိုသော တို့ဗမာ သိချင်းဟု ခေါင်းစဉ်တပ်ထားသည်။ ဒီအချိန်မျာ ဒိုဗမာ အစည်းအရုံးဟာ ပီပီပြင်ပြင် မရှိသေးပါဘူး။ ဒို့ဗမာ…

Rate this:

WordPress Database Backup Plugins

ကိုဇော့ ရေးပါမယ်ဆိုပြီး မရေးဖြစ်တာ အတော်ကြာ နေပြီ အခုမှပဲ ရေးဖြစ်တော့ မယ်။ ဒီပလက်အင်က ကျွန်တော်တို့ လို့ အင်တာနက် သုံးလို့ မရတဲ့ နေရာတွေ  ဆီ ခဏခဏ ခရီးထွက် ရတဲ့ သူတွေ အတွက် အတော် အသုံးဝင် ပလက်အင်လေးတစ်ခုပါ။ ဒီပလက်အင်ကို ဒီမှာယူ နောက် လုပ်ရိုး လုပ်စဉ်တိုင်း အင်စတော လုပ်လိုက် ပြီးရင်  အက်တစ်လုပ် Tool >> Backup မှာ  ကိုယ်ကြိုက်သလိုပြောင်း ပြီးရင် ပြီး ပြီ ပဲ ကိုယ် အီးမေးလ် အော်တို ရောက်နေမှာဗျ ကျွန်တော်တော့ အတော် ကြိုက်သဗျ  စမ်း သုံးကြည့်ပါလား တကယ်မိုက်လို့ လက

Rate this: