နောက်ဆုံး (သို့မဟုတ်) အစ

နောက်ဆုံး

ဒါနောက်ဆုံးတဲ့ ၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံး

ချစ်ခင်တဲ့ ဘ၀ ၊ လှပတဲ့ သံယောဇဉ်

ဝေးလွင့်ကွယ်ပျောက်တော့ မဲ့ နောက်ဆုံးတဲ့လား……။

တမာတွေစိမ်း၊ သစ်ပင်တွေ ယိမ်းက

ပကာသနမရှိ ၊ သဘာဝအတိ

ရိုးသားတဲ့အလှ ၊ ပြည်ဝတဲ့ ၀န်းကျင်

ငါတို့ရဲ့ ရင်ခွင်လေးတစ်ခုပေါ့။

စစ်ကိုင်း၊မကွေး၊ရှမ်း၊ချင်း၊ကချင်

လူမျိုးစုံလင် ၊ ခင်မင်ပေါင်းစည်း

ကျောင်းတော်ကြီးမှာ ငါတို့ပျော်ရွှင်ခဲ့ ပြီလေ။

၊ ပြည်ဝတဲ့ ၀န်းကျင်

ငါတို့ရဲ့ ရင်ခွင်လေးတစ်ခုပေါ့။

စစ်ကိုင်း၊မကွေး၊ရှမ်း၊ချင်း၊ကချင်

လူမျိုးစုံလင် ၊ ခင်မင်ပေါင်းစည်း

ကျောင်းတော်ကြီးမှာ ငါတို့ပျော်ရွှင်ခဲ့ ပြီလေ။

မနက်မိုးလင်း ကျောင်းဆင်းကျောင်းတက်

ကသုတ်ကယက်နဲ့

Super Cub ဆီး တွေ့သမျှသူ နှုတ်ဆက်

ဘယ်တော့မှမငြီးတဲ့ ကျောင်းသွားတဲ့ ခရီးလေ။

အဆင့်အတန်းအလွှာတွေ ခဏမေ့ထား

ဟေ့ကောင်၊ယောက်ဖ၊နင်၊ငါ၊မင်း၊ညည်းနဲ့

ပွင့်လင်းခံစားကြ တမ်းတခြင်းများရဲ့ သုံးနှစ်တာ ကာလ

ဒါ နောက် ဆုံး တဲ့ လား။

ကျောက္ကာလမ်းမှာ ပွင့်သစ်တမာ

အညာမှာ ပြန်ဝေရင် ဒီတစ်ခါ ပြန်ကြွေရင်

ငါတို့တွေ ခွဲရတော့မယ်။

ခွဲခွာချိန်ရောက်ရင် မျက်ရည်ပြည့်သိပ်

လွတ်ဟာတစ်လှည့် ၀မ်းနည်းခြင်းငဲလို့

နွမ်းရိရိ နှလုံးသားနဲ့ ငါပြုံးထားမယ်။

သူငယ်ချင်း………

မင်းကိုပြောစရာ စကားအစု

ဒီရင်ထဲမှာ စုထားတယ်

လေးစားမှုပြယုဂ် ဖော်ထုတ်ခဲ့အစဉ်အလာ

ဘောဂဗေဒအကြောင်း စံပြုလောက်စရာ…

Wake up !! our Economists

Why should there be poverty

In the land of plenty?   လို့ ဆိုခဲ့တဲ့

ဒေါက်တာမောင်ဖြူး ရဲ့ စကား

ဆရာဆီက တစ်ဆင့်ပြန်ကြားတော့

သွေးသားဆူပွက် နှလုံးသားထဲ စိမ့်ဝင်

ဘောဂဗေဒပညာ သိမြင်အောင်ကြိုးစားရမယ်။

တို့တစ်တွေ့ မတွေကြ အစဉ်မတွေ့ရတာမှမဟုတ်တာ

တို့တစ်တွေ လမ်းခွဲ အစဉ်ကွဲတာမှမဟုတ်တာ

နောင်တစ်ချိန်ပြန်ဆုံစရာ ဒီကမ္ဘာဟာ ကျဉ်းကျဉ်းလေးပါ

လူငယ်ဘ၀ အဆုံး ဒါ နိဂုံးပေါ့……..။

နေရောင်အောက်မှာ စေတနာတွေ အရောင်တောက်လို့

ဘောဂဗေဒ နဲ့ ပြည်သူတွေ သောကကို ဝေငုဖို့

တို့တွေရဲ့ ရင့်ကျတ်တဲ့ အလှ ရိုးသားတဲ့ ဘ၀တွေ နဲ့

ကြိုးစားကြဖို့ ဒါ ခြေလှမ်းအစပေါ့……………..။

P.s:မြန်မာပြည်က ပညာရေးကောင်းမကောင်းတော့ မဝေဖန်တတ်ပါ သို့သော်ကျွန်တော် ကျောင်း ၃ နှစ် တတ်ခဲ့တဲ့ အတွင်း ကျောင်းသားအရသာဆိုတာကို ခံစားရပါတယ် ပျော်ပါတယ်။ တက္ကသိုလ်မှာ ကျောင်းတတ် တုန်းက ကျွန်တော်တို့ ကို ကျောင်းစာဆိုတာ တတ် ခေါင်းဆောင်မှုပညာ၊ ပေါင်းသင်းဆက်ဆံမှု၊ စီမံခန့်ခွဲမှု တွေကို မသိလိုက်ပဲ(Informal Learning) သင်ယူမိတာတော့ သေချာပါတယ်။ ဒီကျောင်းသား ဘ၀ကို ဘာပဲ ပြောပြော ပြန်တမ်းတ မိပါတယ် ဆိုတာ ၀န်ခံပါတယ်။ တခြား မပြောလိုပါ။

မုံရွာစီးပွားရေးတက္ကသိုလ်၊ ၂၀၀၆-၀၇  နှစ်ပတ်လည်မဂ္ဂဇင်းမှာ ဖော်ပြခံရဖူးတဲ့ ကျွန်တော်ရဲ့ ပထမဆုံး ပုံနိုပ်ခံရတဲ့ ကဗျာ စာမှုလေးပါ အဲဒီတုန်းက နောက်ဆုံးနှစ်ကျောင်းပြီးတော့မယ် ဆိုတဲ့အသိနဲ့ ၀မ်းနည်းစိတ်နဲ့ ရေးခဲ့တာပါ အခုပြန်ဖတ်ကြည့်တော့ မုံရွာကို လွမ်းတယ် ကျောင်းသားဘ၀ ကို လွမ်းတယ် သူငယ်ချင်းတွေ ကို လွမ်းတယ် ဒီကဗျာကို သူငယ်ချင်းနဲ့ ဆရာဆရာမ အတော်များများ က ကြိုက်ရတယ်။ အခုအတိ ဒီကဗျာကို ကျွန်တော်ကြိုက်တုန်းပဲ နောက် ဒီကဗျာဟာ ရေးဖူးသမျှထဲ အရှည်ဆုံးလို့ ပြောလို့ ရတယ်။ ဒီထက်ရှည်တဲ့ တခြားကဗျာ တစ်ပုဒ်ပဲရေးဖူးတယ် မေ့လိုက်ပြီ အဲဒိကဗျာကိုလေ။……………………………

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s