တို့ဗမာ သိချင်း အနှစ် ၈၀ ပြည့်ပြီ

လွန်ခဲ့သော နှစ်ပေါင်း ၈၀ လောက်က
ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ဝယ် လူအများ စုစု စုစု နှင့်ရောက်နေကြသည်။ အများစုမှာ တက္ကသိုလ် ကျောင်းသား များ ဖြစ်ဟန်တူသည်။ သူတို့ထဲဝင် မျက်နှာပြုံးချိုချိုဖြင့် ကိုဘသောင်းဆိုသူက ဦးဆောင်နေဟန် ရှိသည်။
စုဝေးနေကြသော သူများများ မျိုးချစ်စိတ်ဓာတ်ရှိသော သူများ ပညာတတ် လူငယ်များ ဖြစ်ကြသည်။ သူတို့ ဒီနေ့ လုပ်မဲ့အလုပ်က သခင်တင်(၀ိုင်အမ်ဘီ ဆရာတင်)ရေးသားတဲ့ ဒို့ ဗမာ သီချင်းကို သီဆိုဖို့ ပဲဖြစ်တယ်။ သီချင်းဆိုဖို့ စာရွက်တွေ ဝေလိုက်တယ် စာရွက်ပေါ်မှာ ဒို့ဗမာအစည်းအရုံး၏ အစီရင်ကို ခံ၍ ၀ိုင်အမ်ဘီ ဆရာတင် စပ်ဆိုသော တို့ဗမာ သိချင်းဟု ခေါင်းစဉ်တပ်ထားသည်။ ဒီအချိန်မျာ ဒိုဗမာ အစည်းအရုံးဟာ ပီပီပြင်ပြင် မရှိသေးပါဘူး။ ဒို့ဗမာ သီချင်းဟာ ဒို့ဗမာ အစည်းအရုံးထက်များစွာ စောပါတယ်။
အချိန်ကာလအားဖြင့် အင်္ဂလိပ်တို့ က မြန်မာ တစ်နိုင်ငံလုံး ကို ကိုလိုနီပြုသိမ်းပိုက် ထားချိန် ဗမာတစ်မျိုးသားလုံး အင်္ဂလိပ်ကျွန်ဖြစ်ပြီး အမိမဲ့သား ရေနည်းငါး ဖြစ်နေချိန်ပါ။ ဒီကာလမှာ ဗမာတွေဟာ အတော်ကို အောက်ကျ နောက်ကျနိုင်ပါတယ် နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးတွေမှာ ဖိနှပ်ခံရတာ နိုင်ငံခြားသား၊ လူမျိုးခြားများ သာမက ကပြားများကပြင် သူတို့ ကိုယ်သူတို့ နိုင်ငံခြားသားလို့ ခံယူပြီး ဗမာအမျိုးသားများကို မထီမဲ့မြင် လုပ်ကြပါတယ်။
ဒီလိုဒီလို တစ်မျိုးသားလုံး စိတ်နှလုံးညှိုးငယ်နေသည့် အချိန်မှာ ဒို့ဗမာသီချင်းက ငါတို့ဟာ ဟိုးယခင်ထဲက သခင် လူမျိုးတွေ ဗမာပြည်ဟာ ငါတို့ ပိုင်တယ်။ငါတို့ ရာဇ၀င်အရိုင်းခံပြီး ဘာလိုညံနေတာလဲ။ တိုင်းရင်းသားအချင်းချင်းစောက်ရှောက်ကြ၊ ကိုယ်ကျိုးစွန့်ကြ အနစ်နာခံကြ ညီညီညာညာ ကြိုးပမ်း အားထုတ်ရင် ငါတို့ အနာဂတ်မဝေးတော့ တဲ့ အကြောင်းကို ဒို့ဗမာ သီချင်းက ရေးထားကြသည်။

၁၉၃၀ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ် တွင် ဒို့ဗမာ သီချင်းကို ကြွေးကြော် သီဆိုခဲ့ကြသည်။………………………….

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s