ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်)

ကူထိုးဘိုး(တံခွန်တိုင်ပွဲတော်)
ဟိုးရှေးရှေးတုန်းကတော့ ဒီကမ္ဘာမြေပြင်ပေါ်မှာ လူရယ်လို့ ရှိလာကာစက ရွာတစ်ရွာမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ လင်ယောကျာင်္မရှိတော့ တောင်ယာအလုပ်ကို သူတစ်ယောက်တည်းပဲ လုပ်ရတယ်။ အဲဒီလို မိန်းမသားတစ်ဦးတည်း သူတောင်ယာမှာ စိုက်နေချိန် တစ်နေ့မှာဆင်ဖြူတစ်ကောင်ဟာ သူ့တောင်ယာ ထဲကို ၀င်လာပြီး ဖျက်စီးတယ်။ ဒီဆင်ဖြူက တစ်ခါလည်းမဟုတ် နစ်ခါလည်း မဟုတ် အခါခါ ဖျက်တာများ တော့ တောင်သူမိန်းမက အလွန်ဒေါသ ထွက်လာပြီး ဒီဆင်ဖြူနောက်ကို လိုက်တယ်။ ဆင်ဖြူခြေရာခံ လိုက်ရင်း လိုက်ရင်းနဲ့ တောအတော်နက်လာ ခရိးအတော်ဝေးလာတော့ သိပ်မောပန်းလာရော။
ရေသိပ်ဆာနေတယ် ဒါပေမဲ့ ရေသောက်စရာ မတွေ၊ဆင်ကိုလည်း မမှီ တော့ အတော်ကို မောပန်းနေတယ်။ ရေသိပ်ဆာနေတော့ တစ်နေရာမှာ ဆင်ဖြူကြီးရဲ ခြေရာခွက်ထဲမှာ တင်ကျန်နေတဲ့ ကျင်ငယ်ရည်ကို ခပ်သောက် သတဲ့ ။
မောကလည်းမော၊ တောနက်ကြီးကထဲလည်းရောက်သွားတော့ ဆင်ဖြူကြီးလည်း မျက်ခြေပြတ်သွားတာနဲ့ သူရွာကို ပြန်လာခဲ့ရတယ်။ မကြာဘူး ဒီမိန်းမမှာ ကိုယ်ဝန်ရှိလာပြီး နေစေ့လစေ့တော့ သားယောကျာင်္းလေး တစ်ယောက် မွေးဖွားလာတယ်။ ဒီကလေးဟာ တစ်နေ့ တခြားကြီးပြင်းလာပါတယ်။ စကားပြောတတ်တဲ့ အရွယ်လည်းရောက်ကော သူ့အဖေဘယ်သူလဲဆိုတာ သိချင်လာတော့ သူအမေကိုမေးတယ် ကျွန်တော်မှာ သူများတွေလို အဖေမရှိဘူးလား ရှိရင် ဘယ်မှာလဲ သူသိချင်တော့မေးတယ်။
မေးပါများလာတော့ စကားရလာတယ် သူအမေ့က “ကဲ ဒီလောက်သိချင်နေရင် ငါပြောပြမယ် ငါတောင်ယာလုပ်ရာကို ဆင်ဖြူကြီးတစ်ကောင် ဟာ မကြာမကြာ လာလာဖျက်ဆီးနေတယ် ဒါနဲ့ ငါဒေါသဖြစ်လွန်းလို့ ငါဒီဆင်ကြီးနောက်လိုက်တယ်။ ခရီးဝေးလာလို့ မောလာတာနဲ့ ဆင်ကြီးခြေရာ ခွက်ထဲက ကျင်ငယ်ရေကို သောက်လိုက်မိတယ် သောက်ပြီး နင့်ကိုယ်ဝန်ရှိတာပဲ။ ဒါကြောင့် နင့်အဖေက ဆင်ဖြူကြီးပဲဖြစ်တယ်”လိုပြောပြလိုက်တယ်။
ဒီလိုပြောပြတော့ သားက “အမေ ဒါဖြင့်ဒီိခြေရာကိုလိုက်ပြ ကျွန်တော်အဖေဆီက အမွေလိုက်တောင်းမယ်” လိုပြောလိုက်တယ်။
အမေဖြစ်သူက ဆင်ခြေရာကို လိုက်ရှာဖို့ပြောလိုက်တော့ သားကပါ ခြေရာရှာဖို့ တောထဲကို ထွက်သွားတော့တယ်။
ခြေရာမတွေခင် ပထမဆုံး ကျားတောကို ဖြတ်ရတယ်။ကျားတောမှာ ကျားတွေနဲ့တွေတော့ လူကလေးကို ကျားတွေ က စားမယ်အလုပ်မှာ လူကလေးက “ငါ့ကိုမစားပါနဲ့ ငါနဲ့ မင်းတို့က ဆွေမျိုးတွေပါ ငါဟာ ဆင်ဖြူကြီးရဲ့ သားပါ” လိုပြောလိုက်တာနဲ့ ကျားတွေက မစားတော့ပဲ လွတ်လိုက်တယ်။
လူကလေးကဟာ ခရီးဆက်သွားတော့ တောတစ်နေရာမှာ မြွေအုပ်ကြီး တစ်အုပ်နဲ့တွေတယ်။ မြွေတွေက လူကလေးကိုပေါက်သတ်မယ် လုပ်တော့ လူကလေးက “ငါကိုမပေါက်ပါနဲ့ ငါ ဆင်ဖြူကြီးရဲ့ သားပါ ငါတို့တွေဟာ ဆွေမျိုးတွေပါ” လိုပြောတဲ့အခါ ချမ်းသာပေးလိုက်တယ်။
ဒါနဲ့ ခရီးဆက်သွားပြန်တဲ့အခါ တောစောင့်နတ်ကို တွေတယ်အဲဒီလိုတွေတဲ့ အခါ နတ်ကို လည်း “အဖေလိုက်ရှာနေတာပါ အဖေကဆင်ဖြူကြီးပါ” လို့ပြောလို့ နတ်တွေကလည်း လွတ်လိုက်တယ်။
ဒီလိုနဲ့ ခရီးဆက်ပြန်တဲ့အခါ တောကြီးတစ်တောထဲမှာ သူတော်ကောင်း ရသေ့ကြီးတစ်ပါးနဲ့တွေတယ်။ တွေ့တော့ ရသေ့ကြီးက မင်းဘယ်သွားမလိုလဲ မေးတယ်။သူက ဆင်ဖြူကြီး ကိုတွေချင်လို့ လိုက်ရှာနေတာပါ လို့ပြောတဲ့အခါ ရသေ့ကြီးက “မင်းအဖေနဲ့တွေချင်ရင် အခုမသွားနဲ့အုန်း မင်းအဖေဟာ ဟိုအဝေးကြီးကို ရောက်နေတယ်။ ညကျမှ သူပြန်ရောက်လိမ့်မယ်။ သူနေတာ တောင်ကြီးတစ်လုံးအောက်မှာ ဖြစ်တယ်” လို့ ရသေ့ကြီးကပြောပြတယ်။
ဒါနဲ့ ရသေ့ကြီးပြောတဲ့ အတိုင်းပဲ ဆင်ဖြူကြီး ညွှန်တဲ့ နေရာမှာ ညအချိန်သွားတော့ ရသေ့ကြီး ပြောတဲ့အတိုင်း ဆင်ဖြူကြီးကိုတွေ သတဲ့။
ဆင်ဖြူကြီးက “မင်းဒီကို ဘာလာလုပ်သလဲ”လို့မေးတဲ့အခါ လူကလေးက သူဟာ ဆင်ဖြူကြီးနဲ့ တွေ့ချင်လို့ ခရီးအဝေးကြီး ကလာခဲ့ရကြောင်း ပြောပြတယ်။
ဒီတော့ ဆင်ကြီးက “ဒီလိုဖြစ်ရင် မင်းအခု သစ်ပင်ကြီးတစ်ပင် ပေါ်ကိုတက်နေအုန်း”ဟို အမြင်ဆုံး ထိပ်ဖျားအထိ အတက်ခိုင်းတယ်။
လူကလေးက အဖေခိုင်းတဲ့အတိုင်း လုပ်၇တာပေါ့။ သူမျ သစ်ပင်ထိပ်ကို မရောက်သေးဘူး တောထဲက ဆင်မည်း တွေအများကြီး သဲသဲသဲသဲနဲ့ လာကြပြီး သူ့အဖေဆင်ဖြူကြီး ရဲ့ ဝဲယာမှာ စုဝေးကြသတဲ့။
စုမိတာနဲ့ တစ်ပြိုင်နက် သူတို့ကနှာမောင်းတွေ ဟိုရမ်းဒီရမ်းလုပ်ရင်း ဒီမှာ လူနံရပါတယ်လိုပြောပြီး လူရှာကြတယ်။
အဲဒီတော့ ဆင်ဖြူကြီးက “လူရှိမယ်မထင်ပါဘူး” လို့ ပြောသတဲ့။
ဆင်မည်းတွေက ရှိတယ် လူနံသေသေချာချာကို ရတယ်လိုပြောတယ်
အဲဒီတော့ ဆင်ဖြူကြီးက “တကယ်လို့ လူရှိရင်ကော မင်းတို့ ဘာလုပ်မှာလဲတုန်း”လို့ မေးတော့
“လူ ကရန်မမှုရင်တော့ ဘာမှမလုပ်ပါဘူး“လို့ပြန်ဖြေကြတယ်။
ဒါနဲ့ ဆင်ဖြူကြီးက လူကလေးကို သစ်ပင်ပေါ်က ဆင်းခိုင်းလိုက်တယ်။လူကလေးအောက်ကိုရောက်တဲ့အခါ ဆင်မည်းတွေက လူကလေးကို ၀ိုင်းနမ်းပြီးပြန်သွားတယ်။
လူကလေးဟာ ညကျတော့ သူ့အဖေဆင်ဖြူကြီးနဲ့ အတူအိပ်သတဲ့။ မိုးလင်းတော့ သူအမွေလိုချင်လို့ လာတာပါလို့ ပြောပြတာနဲ့ ဆင်ဖြူကြီးက သူအစါယ်တစ်ဖက်ကို ဖြုတ်ပြီး ဒါကိုယူပြန် လမ်းမှာ ဘေးအန္တရယ်တစ်ခုခု နဲ့တွေရင် ဒီအစွယ်နဲ့ ရမ်းလိုက် ရန်မှုချင်သူအားလုံး သေကုန်လိမ့်မယ်လို့ မှာလိုက်တယ်။
လူကလေးက အစွယ်ကို ပိုက်ပြီး ပြန်လာတယ်။ အိမ်ပြန်လာတဲ့အခါ လူကလေးက အမေနဲ့ အတူနေပြီး အရွယ်ရောက်လာတော့ သူလဲ ရသေ့ဝတ်တယ်။ လူတွေက သူကို ကို့းါယ်ကြတယ်။ တစ်နေ့မှာ ရှမ်းနဲ့ဗမာ တွေက ရသေ့ကြီးဆီလာကြရာမှာ ရသေ့ကြီးကို လုံးဝရှာမတွေ့တော့ဘဲ သင်္ကန်းတစ်ထည်သာ တွေတာနဲ့ ရှမ်းနဲ့ ဗမာတွေက ဒီသင်္ကန်းကို ပဲ ကိုးကွယ်ကြတယ်။
ပအိုဝ်းလူမျိုးတွေ ကတော့ ရသေ့ကြီး ကိုလာဖူးတဲ့အခါ ရသေ့ကြီးပျောက်ကွယ်သွားပြီး အဲဒီပေါက်ပြား နဲ့ ပဲ အစဉ်အဆက် လုပ်ကိုင်စားကြတယ်။
ကယားတွေ လာတဲ့အခါ တော့ တခြားပစ္စည်းရယ်လို့ ဘာမှမတွေ့တော့ဘူး။ တော်တိုင်ပဲ တွေတော့တယ်။ ဒါကြောင့် ဒီတိုင်ကို ဖြုတ်ယူလာပြီး ထီးတွေဘာတွေ နဲ့ တံခွန်တိုင် လုပ်ပြီး ကိုးကွယ်ကြတယ်။
ဆင်စွယ်ကို ဘုရားထုကိုးကွယ်တာလည်း အဲဒီကစတယ်။ကယားတွေ ကူထိုးဘိုး တ့ခွန်တိုင်ထူတဲ့ အလေ့က အဲဒီကစတယ်လို့ပြော စမှတ်ရှိပါတယ်
(ဒီပုံပြင်ကို ၈-၄-၁၉၇၂ နေ့က ဆရာကြီး လူထုဦလှရောက်သွားတဲ့ ကယားပြည်နယ်၊ချိကယ်ရွာနဲ့ ဒေါဆော်ဘီး ရွာ ကြားက တံခွန်တိုင်ကွင်းမှာ ဒေါဆော်ဘီးရွာက ဦးဖြေရယ်က ပြောပြပါတယ်)
P.S: ကယားပုံပြင်၊လူထုဦးလှ ဒီဇင်ဘာလ၊၁၉၉၁ လူထုကြီးပွားရေး စာအုပ်တိုက် က ထုတ်ဝေသည် စာအုပ်မှ ကောက်နှတ်တင်ပြပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s