နှစ်ပေါင်း ၂၅၀၀ ကျော်က အခုအထိမပြောင်းလဲသော ၀တ်စားဆင်ယင်မှု

လူ့သမိုင်းမှာ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်ပြောင်း လူမှုနေထိုင်မှုစနစ်တွေ တစ်ခုပြီးတစ်ခုပြောင်း ပြီး နေထိုင်ခဲ့ကြပါတယ်။ ခေတ်တွေ လူမှုစနစ်တွေ ပြောင်းလာတာနဲ့ အမျှ ၀တ်စားနေထိုင်မှုလည်း ပြောင်းလဲ လာပါတယ်။ အရင် နှစ်ပေါင်းတစ်ရာလောက်က အ၀တ်အစားရယ် အခု အ၀တ်အစားရယ်မတူတော့ပါဘူး။ ဒါပေမဲ့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နှစ်တွေ ဘယ်လောက်ကြာကြာ တခြားသော နေထိုင်မှုတွေ ဘယ်လိုပင် ပြောင်းလဲ သော်လည်း မပြောင်းလဲတဲ့ လူမှုအဖွဲ့အစည်း တစ်ခုတော့ ရှိပါတယ်။
ဒါကတော့ သံဃာလို့ခေါ်တဲ့ သံဃာအဖွဲ့အစည်းပါ။ သံဃာတော်များရဲ့ စောင့်စည်းရတဲ့ သီလသိက္ခာ ကျင်ဝတ် တွေက အရင် နှစ်ပေါင်း နှစ်ထောင်ငါးရာတုန်းက အတိုင်းပဲ မပြောင်းမလဲ တည်ရှိနေတာ အံလောက်စရာပါ။ မြတ်စွာဘုရားရှင်၏ သာသနာရဲ့ အနှစ်သာရ အကျင့်သီလ ထုံးထမ်းအစဉ်အလာတွေဟာ အခုအတိမပြောင်းလဲသေးပါဘူး။
ရဟန်းသံဃာဆိုတာ လူမဟုတ်ပါဘူး မြင်သာတဲ့ အသွင်အပြင်ကိုက နေရာတကာမှာ လူဝတ်ကြောင်တွေ နဲ့ ခြားနားပါတယ်။ လူတွေလို့ ဆံပင်ကို ပန့်ကေ ထားလို့ မရဘူး အော်တာကေ ထားလို့မရဘူး ရော့စ်ကာ တွေလို့ ဆံပင်ရှည်ဆိုတာတော့ ဝေလာဝေးပါ။ ရဟန်းဆိုရင် ခေါင်းတုံး ရိတ်ရပါမယ်။ခေါင်းနဲ့ ပတ်သတ်ပြီး အလှပြင်စရာမလိုဘူး ခေါင်းဖြီးစရာမလိုဘူး။ အ၀တ်အစားနဲ့ ပတ်သတ်ပြီးကော ပြင်ဆင်စရာ လိုသေးလားဆိုတော့ အားလုံးသိတဲ့ အတိုင်း အပေါ်ပိုင်းကလည်း သစ်ခေါက်ဆိုး ဗျန့်ကြီး အောက်ပိုင်းကလည်း ဒီလို့ပဲ ဗျန့်ကြီး သရီးရိုင်ဖယ် ဖြစ်ချင်ဖြစ်မယ် စီဝိုင်စီ ဖြစ်ချင်ဖြစ်မယ် ပိုးဖဲ ဖြစ်ချင်ဖြစ်မယ် အသွင်အပြင် ကတော့ ဒီအတိုင်းပဲ ပြောင်းလဲလို့ မရဘူး။
အဲဒီလို ဗျန့်ကြီးတောင်မှ ၀တ်ချင်သလို ၀တ်လို့မရဘူး ဥပမာ တောင်ရှည်ပုဆိုးဆိုရင် ဗျန့်ကြီးပဲ ရဟန်တွေဟာ တောင်ရှည်ဝတ်သလို ၀တ်လို့မရဘူး ရှေ့တည့်တည့်က အနားကို သုံးခေါက်လောက်ခေါက် လိပ်ပြီးဝတ်ရတာ၊ အပေါ်အ၀တ်ကြည့်ပြန်တော့လဲ သိုင်းကြိုးတွေ ဘာတွေ တပ်ပြီး ၀တ်ရုံပုံစံမျိုးမရ ကြယ်သီးမပါ ဇစ်မပါ ပဲ ဒီအတိုင်း ၀တ်ရတာ။
ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပုံစံအတိုင်း ဆင်ယင်ထုံးဖွဲ့မှုကို တသွေမတိမ်းမြင်နိုင်တာ ရဟန်းသံဃာတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုပဲ ရှိနိုင်လောက်နော့တယ်။ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်တွေရဲ့ ၀တ်ပုံရုံပုံဟာ အခုခေတ်ရဟန်းတော်တွေရဲ့ ၀တ်ပုံရုံပုံနဲ့ အသွင်အပြင်ဟာ အခုထိ အတူတူပါပဲ တကောင်း သရေခေတ္တရာ ပုဂံ ပင်းယ အင်းဝ ညောင်းရမ်း ကုန်းဘောင် ခေတ်တုန်းကလဲ ဒီအတိုင်းပဲ ဘာကြောင်း ဒိလိုပြောနိုင်တာလဲဆိုတော့ ဘုရားရှင် လက်ထက်တော်ကနေပြီး အခုအချိန်အထိ ဆရာစဉ်ဆက်မပျောက်မပျက် ကျင့်သုံးထိန်းသိမ်းလာတဲ့ ဘုရားရှင်ရဲ့ဥပဒေ ဝိနည်းတော်ကြီးကကလဲ အထင်အရှား ရှိနေတော့ ဘယ်လိုမှပြောင်းလဲ ပြင်ဆင်ပြီး ဝတ်လို့မရတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် အကျင်သိက္ခာပိုင်း ဆိုတာကို အသာထားပြီး ဒီဝတ်စားဆင်ယင်မှုဟာ ရှေးဟောင်းပစ္စည်းအနေနဲ့ ကြည်မယ် ဆိုရင်ပဲ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းပါ။
ဒီလိုဝတ်ရတဲ့ အဓိကအကြောင်းကတော့ လူဝတ်ကြောင်နဲ့ ရဟန်းသံဃာကို အသွင်အပြင်ကြည့်လိုက်တာနဲ့ ခွဲခြားပြီးနိုင်ပြီး ကွဲပြားနေဖို့ပါ။ ၀ါကြွားဖို့ မဟုတ်၊ ခြိမ်းခြောက်ဖို့မဟုတ်၊ မြူဆွယ်ဖို့မဟုတ် လေတော့ ဣနြေ္ဒရရနဲ့ တမျိုးတဘာသာ ဖြစ်နေတာကိုတွေ့နိုင်ပါတယ်။ ရဟန်းတွေရဲ့ အသွင်သဏ္ဍန်ဟာ လူဝတ်ကြောင် တွေနဲ့ တူလို့ မရပါဘူး မတူအောင်လည်း တမင်ကိုခွဲခြားထားရတာပါ။ လူ့စည်းစိမ် လူ့ဘ၀ကို အထင်ကြီးနေတဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ရဟန်းပုံစံနေနိုင်မှာလဲ။
ရဟန်းတွေ သင်္ကန်းဝတ်ရတဲ့ အဓိက ရည်ရွယ်ချက်နောက်တစ်ခုကတော့ တပ်မက်မှုကင်းဖို့ ပဲဖြစ်ပါတယ်။ တပ်မက်မှုကင်းဖို့ဆိုတာကလဲ တပ်မက်မှု တပ်မက်စရာမရှိတဲ့ အ၀တ်ကို ၀တ်မှ ပိုပြီးခရီးရောက်ပါတယ်။ တပ်မက်မှု မရှိတာ ဟာ ရွှံစရာ စက်ဆုတ်စရာလို့ ပြန်တွေးလို့ရပေမဲ့ အခု ဟာ တပ်မက်မှု မရှိနေပေမဲ့ လေးစားစရာကတော့ အပြည့်ပါ။ ဥပမာ မင်းကုသ ရဲ့ ရုပ်သွင်ဟာ တပ်မက်စရာမကောင်းပေမဲ့ အရည်အချင်းကတော့ လေးစားစံပြုချင်စရာပါ အဲဒီလိုပဲ သင်္ကန်တော်ဟာ တပ်မက်စရာမကောင်းပေမဲ့ ကိလေသာမှာ လွတ်ရာလွတ်ကြောင်းကို ကျင်ကြ့နေတဲ့ သာသနာဝန်ဆောင်ရဟန်းတော်တွေရဲ့ အ၀တ်ဆန်တာ မို့ လေးစားစရာပါ။
ဒီလို တပ်မက်စရာမရှိပေမဲ့ လေးစားစရာအပြည့် ရှိနေတဲ့ အရဟတ္တအောင်လံ ကိုဆင်ယင်ထားတဲ့ သာသနာဝန်ဆောင် ရဟန်းတော်များကို ရိုစေလေးစား မြတ်နိုးစွာဖြင့် ဤပိုစ့်ဖြင့် ကန်တော့လိုက်ပါတယ် အရှင်မြတ်တို့ဘုရား…………………………..

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s