ကချင်ပြည်နယ်သွားတောလား- ၂

3/10/2010

အင်းတော်ကနေ မြစ်ကြီးနားရထား စီးရအုန်းမယ် ကျွန်တော်တို့ နဲက အတူ ဆရာဇက မှာ မြစ်ကြီးနား ပြန်လိုက်မယ်။ နားခါကျေးရွာက ရွာသူလေးတွေ က ကျွန်တော်တို့ ကို လိုက်ပို့တယ်။ကျွန်တော်တို့ ထဲက အချို့ကောင်တွေ က သူကို လိုက်ပို့တယ် ငါကို လိုက်ပို့တယ်လို့ ပြောပြီး မာန်တတ်နေကြတယ်။ အမှန်တကယ်တော့ ကျွန်တော်ကို လိုက်ပို့ နှုတ်ဆက်တာ ဟီးဟီး  J

ဒီတစ်ခါမှ တကယ်ဒုက္ခ လက်မှတ်ကနေချင်း အမြန်ဝယ်ရတာဆိုတော့ ရိုးရိုးတန်းပဲရတယ် စီးရမှာ က အင်းတော်ဘူတာက  အများဆုံး ၅ မိနစ်လောက်ပဲ ရထား ရပ်တဲ့ ဘူတာ ကျွန်တော်တို့ က လူ ၁၁ ယောက် အထုတ်အပိုးတွေ က မနည်း ဆိုတော့ ရထားပေါ်တက်ရတာ အတော်ဂွချတယ်။ မြစ်ကြီးနားရထားကို  ရိုးရိုး တန်း ကနေ စီးကြည့်ရင် သိလိမ့်မယ်။ အလယ်လျှောက်လမ်းမှာ လူတွေ၊ကုန်တွေ ရှိတယ် ကို နေရာကို သွားရင် ထိုင်ခုံလက်တန်းပေါ်ကနေ ကျော်သွားရတယ်။ ကျွန်တော်တို့ သူငယ်ချင်းအချို့ ရှော့ရသွားတယ်။ တစ်ယောက်ပေါ်တစ်ယောက် ထပ်နေနေကြတာတွေ အနံ ၂ပေခွဲလောက် ရှိတဲ့ လူသွားလမ်းမှာ လူ ၃ ယောက် အိမ်နေတာတွေ အများကြီး လေ။ ကျွန်တော်ကတော့ အတူပါလာတဲ့ မိန်းကလေး ၄ ယောက် ကို စိတ်ပူမိတယ် သူတို့ က မိန်းကလေးတွေ လေ ရထားပေါ်မှာ က စရိုက်ပေါင်းစုံ နှမချင်းမစာနာ တဲ့ သူတွေ အများကြီးလေ။ ဒါကြောင့် သူတို့ ၄ယောက် အရင်နေရာရအောင် အရင်လုပ်ပြီးမှ စိတ်အေးရတော့တယ်။ ဒါတောင် ကရင်ပြည်နယ်က ကောင်မလေးရဲ့ လက်ဆွဲအိတ်ပျောက်သွားလို့ တစ်တွဲလုံးပတ်ရှာရသေးတယ်။ နောက် မှ ကိုမျိုးအောင်ရှာပေးလို့ ပြန်တွေ တယ်။ ရထားပေါ်မှာအိပ်လို့ အဆင်မပြေ ထိုင်လိုမဆင်မပြေ ဖြစ်နေပေမဲ့ အိပ်လိုရအောင် အိပ်ရတယ် ထိုင်လို့ရအောင် ထိုင်ရတယ် ဒီလိုနဲ့ နံနက် ၈ နာရီမှာ ကျွန်တော် မြစ်ကြီးနာကို ရထား ဆိုက်ရောက်ပါတယ်။

4/10/2010

ဘူတာကို ရောက်တော့ လာကြိုတဲ့ သူမရှိဘူး မြို့ခံဖြစ်တဲ့ ကျွန်တော်တို့ နဲ့ အတူအင်းတော်က လိုက်လာတဲ့ ဆရာဇက က ကျွန်တော်တို့ ကို မြစ်ကြီးနားဈေးနားက တိုင်းခမ်းတီဂေဟာမှာ တည်းခိုဖို့ စီစဉ်ပေးတယ်။ အားလုံးက ပင်ပန်းလာတာနဲူ   နားလိုသူနား ရေချိုးသူချိုးကြတယ်။ နောက် မနက်စာကို အနီးနားက ဆိုင်မှာပဲ စားဖြစ်တယ်။ စားလို့ မကောင်းပါ။ အစားပုပ်တဲ့ မျိုးအောင်တို့ ကတော့ ထမင်းကြော်ချဉ်းပဲ ၄ ပွဲလောက် ကုန်တယ်။ ကောင်းလို့ မဟုတ် ဗိုက်ဆာလိုသာ။

နောက် ကချင်း ကသလစ်သာသနာပိုင်ကျောင်းကို သွားကြတယ်။ အဲဒီမှာ ရုမ်းစု ဗုဒ္ဓဘာသာလူငယ်တွေ ရယ၊် ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်ကွန်ရက်ရယ်၊ ကချင် ခရစ်ယာန် လူငယ်တွေ ရယ်တွေ ဆုံတဲ့ အထိမ်းမှတ် စားသောာက်ပွဲလုပ်မယ်တဲ့။ မစားခင် မသောက်ခင် လူမှုရေး လုပ်ငန်းတွေ ဘယ်လို့ ဘယ်ပုံ ကိုယ့် ဒေသကိုယ် ဆီမှာ လုပ်နေကြလဲဆိုတာကို ဝေမျှကြတယ်။ တစ်ယောက် အတွေ့အကြုံ တစ်ယောက် မျှဝေကြတယ်။

နောက် ကချင်ရိုးရာအစားစာနဲ့ ရှမ်းရိုးရာ အစားစာတွေ ကို အားရပါးရစားကြသောက်ကြတယ်။ ကချင်နဲ့ ရှမ်း လူမျိုးတွေ က ဟိုးအရင် က ဧည့်သည်ကို အလေးအမြတ်ထားတယ် ဆိုတာ ကို ပြောပြကြတယ်။ ကျွန်တော် မြန်မာ တစ်ယောက်ပါ ဒါပေမယ် ကချင်အစားစာနဲ့ ရှမ်းအစားစာတွေ ကို ကြိုက်တယ်ဗျာ။

ဒီစကား ၀ိုင်းက လူတွေ ကို  ကြည်လိုက်တော့ ရှမ်း(တိုင်းခမ်းတီ၊ခန္နီးရှမ်း)၊ ကချင်၊ ကယန်း၊ ကယား၊ ကရင်၊ ပတောင်၊ချင်း စတဲ့ လူမျိုးပေါင်းစုံ ကိုးကွယ်တဲ့ ဘာသာလဲ ကြည့်လို့ ဗုဒ္ဓဘာသာရှိတယ် ခရစ်ယာန်ရှိတယ်။ နေထိုင်ရာ အရပ်ဒေသကလည်း တစ်ယောက် တစ်မျိုး မတူညီကြဘူး ကွဲပြားကြတယ်။

ဒါပေမယ့် ဒီမတူညီမငတွေ ကို အခြေပြုပြီး မတူရကောင်းမလားဆိုပြီး ကျွန်တော်တို့ မငြင်းခုန်ကြဘူး။ အတိတ် က ရန်ငြိုးတွေ ကို တူးဆွပြီး ရန်ဖြစ်ဖို့ ကို စိတ်မ၀င်စားဘူး။ လူ လူချင်း အတူတူ ပဲ ဆိုတဲ့ စိတ်ထားနဲ့ ယုံကြည်ရာကို ပေးဆပ်နေကြတယ်။ ကျွန်တော်တို့ဟာ လူငယ်အားမာန်နဲ့ လူသားဝန်ကျင်သာယာဖို့ တည်ဆောက်ခြင်း အမှု ကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြ သူတွေ ဖြစ်ပါတယ်။

ဆက်ရန်ရှိသေးသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s