ကချင်ပြည်နယ်သွား တောလား

ကချင်ပြည်နယ် ကို လေ့လာရေးခရီးသွားဖို့ ကျွန်တော်ပါဝင်ခွင့် ရလိုက်တော့ ပျော်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကချင်ပြည်ကို တစ်ခေါက်ရောက်ဖူးခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်ကိစ္စနဲ့ MMRD က ၀န်ထမ်းတွေနဲ့ ကိုညီလင်းဆက်၊ ကိုယောသားတို့နဲ့ အတူသွားခဲ့ ဖူးတယ်။ အခုတစ်ခေါက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ် ကွန်ရက် အစီစဉ်နဲ့ ဒေသအသီးသီးက အခြေခံ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို သွားရောက်လေ့လာအတုယူပြီ်း ကိုယ့်ဒေသက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ  ပြန်လည် အသုံးချလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။

ကျွန်တော်နဲ့အတူ ဗုဒ္ဓဘာသာလူငယ်အစီစဉ်ရဲ့ သင်တန်းတာဝန်ခံ ပပ၊ ကရင်ပြည်နယ်က နော်သိန်းသန်းထွေး၊ ဧရာဝတီတိုင်း ဒေးဒရဲက သန့်ထွဋ်ဦး၊ ကယားပြည်နယ် လွိုင်ကော်က နှင်းအိသွယ်၊ ဒီးမော့ဆိုက ကြည်သာဝင်း၊ ဖယ်ခုံက ခွန်းထွန်းလွင်၊ မိုးဗြဲက ခွန်းမျိုးအောင်၊ ကွတ်ခိုင်က နန့်စိုးစန္နာ၊ မန္တလေး က ဝေဖြိုးအောင် ကျွန်တော်ကတော့ ရန်ကုန် ကိုယ်စားပြုပေါ့။ ဒေသအသီးသီးက ဗုဒ္ဓဘာသာ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူသွားခဲ့ရတဲ့ ခရီးဆိုတော့ ပျော်လည်းပျော် ရင်လည်းခုန်တယ်။ဒီလိုနဲ့ မနောမြေကို ကျွန်တော် ဒုတိယံပ္မိ ရောက်ခဲ့ပြန်တယ်။

1/10/2010

ကျွန်တော်တို့ အားလုံး မန္တလေးမှာ ဆုံတွေ ကြပြီး မန္တလေးကနေ မြစ်ကြီးနား ရထားစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်ကို ခဏ၀င်ကြမယ်။ အင်း… မြစ်ကြီးနားရထား စီးရမှာတော့ ခပ်လန့်လန့်ပဲ ကျွန်တော်တို့ ထဲမှာ ရထား တစ်ခါမှမစီးဖူးတဲ့ သူငယ်ချင်းတွေ ပါတယ်။ မြစ်ကြီးနား ရထားကတော့ ဆိုးဝါးမှန်း ကျွန်တော် အရင်ထဲက သိထားတော့ သူငယ်ချင်းတွေ ရှော့ မရအောင် ကြိုပြောထားရတယ်။ (ပထမတစ်ခေါက် ရထားစီးရတဲ့ အတွေ အကြုံကို သိချင်ရင် ဒီမှာဖတ်)

ဒါပေမယ့် မန္တလေး ကချင်နှစ်ခြင်း အသင်းတော်က ကူညီပေးလို့ အထက်တန်း လက်မှတ်မရပေမဲ့ ပထမတန်း လက်မှတ်ရတယ်။ အရင်တစ်ခေါက်က ရိုးရိုးတန်းဆိုတော့ အခုအခေါက်က အရင်အခေါက်ထက်စာရင် အများကြီးသက်သာလှတယ်။ ဒါတောင် အချို့ သူငယ်ချင်းတွေ အတော်ပင်ပန်းကြတယ်။

မန္တလေးကနေ နေလည် ၁၂နာရီမှ စထွက်တယ် ရထားက ထူးဆန်းစွာ အချိန်မှန်မှန် ထွက်လို့ ကျွန်တော် အံသြမိတယ်။ မြစ်ကြီးနား ရထားကို အကြိမ်းပေါင်းများစွာ စီးဖူးပေမဲ့ တစ်ခါမှ အချိန်မှန်မှန်ထွက်တာ မကြုံဖူးဘူး။ ဒီလိုနဲ့ ည ၁၂နာရီ လောက်မှာ အင်းတော်ကို ရောက်တယ် ပုံမှန်ဆိုရင် ၁၀နာရီးလောက် ရောက်ရမှာ ၂နာရီ နောက်ကျပြီး ၀င်တယ် မဲဇာ ဘုံချောင်းနားမှာ ရထားလမ်း ပျက်နေလို့ ဖြေးဖြေး မောင်း ရလို့ နောက်ကျ တာတဲ့ အထွက် အချိန်မှန်ပေမဲ့ အ၀င်တော့ ရိုးရာမပျက် နောက်ကျတယ်။ ထူးခြားဖြစ်စဉ်လို တော့ မထင်မိပါ။

2/10/2010

အင်းတော်ဘူတာမှာ မေတ္တာဖွံဖြိုးရေးဖောင်ဒေးရှင်းက ဆရာ ဇကရော်ဆန်း နဲ့ နားခါ ကျေးရွာ က ရွာခံတွေ လာကြိုကြတယ်။ ၂မိုင်လောက် လမ်းလျှောက်ပြီး နားခါ ကျေးရွာကို ရောက်တယ်။ ရောက်ရောက်ချင်း ရွာခံတွေက ဆန်ပြုတ် နဲ့ဧည့်ခံကြတယ်။ဖော်ဖော်ရွှေရွှေရှိလှတယ်။ အင်းတော်မှာ တောင်သူ လယ်ကွင်းကျောင်း( Farmer Field School(FFS)) ကို အဓိကလေ့လာဖို့ ပါ။

နားခါကျွေးရွာက ကနန်းဆိုတဲ့ လူမျိုးတွေအများဆုံးနေထိုင်ကြ တကောင်း၊အင်းတော်၊ကသာ၊ဗန်းမောက် ဘက်မှာ ဂဒူး၊ကနန်း လူမျိုးတွေ အများဆုံးနေထိုင် ကြတယ်။ မြန်မာအစ တကောင်းကလို့ မှတ်ယူတယ်ဆိုရင် ဂဒူး ကနန်း လူမျိုးတွေဟာ မြန်မာ အစလူမျိုးတွေလို့ ဆိုရမလားပဲ ။ ဒါပေမယ့်ပြောတဲ့ စကားကတော့ ကချင် စကားနဲ့ အတော်လေး ဆင်တူတယ်။ သူတို့ကတော့ ပျူလူမျိုးတွေ ကနေ ဆင်းသက်လာတာလို့ ပြောကြတယ်။

နားခါကျေးရွာက တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်တွေချဉ်းပဲ။ အဓိက စပါးစိုက်ကြတယ်။ ရွာခံတွေ ကဖော်ရွှေလှတယ်။ ဧည်ဝတ်ကျေတယ်။ ခင်စရာမင်စရာ ကောင်းလှပါတယ်။ အင်းတော်မှာ FFS ကို လေ့လာရမယ်  ဆိုတော့ တောင်သူလယ်ကွင်းကျောင်းဆိုတာ အဆောက်အဦးနဲ့ ခြံနဲ့ဝန်းနဲ့ လို ထင်ထားတာ နောက်မှ အထင်နဲ့ အမြင် ကွာနေမှန်း သိရတယ်။ ရွာတစ်ရွာမှာ တောင်သူလယ်ကွင်းကျောင်း တစ်ကျောင်း စိဖွင့်တယ်။ ရွှေ့ပြောင်းတာင်သူလယ်ကွင်းကျောင်းပုံစံနဲ့ ဖွင့်တယ်။ ဒီပုံစံဟာ တောင်သူလယ်သမား တွေအတွက် ပိုထိရောက်တာ သွားတွေ့ရတယ်။ FFS ဟာ ဘုန်းကြီးကျောင်းမှာ ဆိုလည်းဟုတ်တယ်၊ ကျောင်းဟာ လယ်ကွင်းဆိုလည်း ဟုတ်တယ်၊ ရွာလယ် ဇရပ်ဆိုလည်း မမှားဘူး ရွာမှာ ရှိတဲ့ အရင်းမြစ်လေးတွေ နဲ့ ပညာရပ် နှစ်ခုပေါင်းစပ်ပြီး ကျေးရွာလူထုကို အကျိုးပြု နေတဲ့ နဲနဲ နဲ့ ကျဲကျဲ ၀ိုင်းနိုင်တဲ့ တကယ်ကို ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတစ်ခု ပါလားဆိုပြီး ကျွန်တော် တွေးမိတယ်။ လူထုစည်းရုံးသူ Community Organizer တစ်ယောက် ရဲ့ လုပ်ငန်းစဉ်မှာ “လူထုမှာရှိတဲ့ အရာနဲ့ စတင်ပါ”ဆိုတဲ့ အချက်ကို ဒီ တောင်သူကျောင်း က ကျွန်တော်တို့ ကို လက်တွေ့ ပြလိုက်တယ် လို့ ခံစားမိတယ်။

ဒီလို တောင်သူလယ်ကွင်းကျောင်းတွေ ကို အင်းတော်မြို့နယ်မှာ ရွှေပြောင်းပုံစံနဲ့ ဖွင့်လိုက်တာ ရွာပေါင်း ၄၂ ရွာမှာ တောင်သူကျောင်း ၄၂ ကျောင်းဖွင့်ပြီး ပြီတဲ့။ အရင်က မေတ္တာ ဖောင်ဒေးရှင်းက စိုက်ပျိုးရေး ဆရာတွေ ကို မြစ်ကြီးနားကနေ လာရောက် သင်ပေးရပေမဲ့ အခုတော့ အင်းတော်က ဒေသခံ ဆရာတွေကိုတောင် မွေးထုတ်ပေးနိုင် နေပြီ။ တောင်သူကျောင်းတွေ ကို စပါးစိုက်တဲ့ ရာသီမှာ စဖွင့်တယ် ဒေသခံ ရွာသားတွေ ရဲ့ လယ်ကွက်ကို ငှားယူပြီး စမ်းသတ် လက်တွေ့ပြပြီး တောင်သူတွေ ကို သင်ပေးတယ် ဒီကျောင်းတတ်ဖို့ ဆယ်တန်းကျောင်းစရာ မလိုဘူး ထောက်ခံစာမလိုဘူး ဒေသခံဖြစ်ဖို့လိုတယ် စပါးစိုက် တောင်သူဖြစ်ဖို့ ပဲလိုတယ်။ အဓိက သင်ပေးတာ ကတော့ ပျိုးသက်နှနှ နဲ့ စိုက်တဲ့ (SRI)ဆိုတဲ့ နည်းပဲ။ မျိုးစပါး ကို ပုံမှန် ရိုးရိုး စိုက်ရင် တစ်ဧက ကို ၁ တင်းလောက် ကုန်တယ် SRI နည်းနဲ့ စိုက်ရင်တော့ မျိုး တစ်ပြည်ပဲ လိုတယ်။ ဓာတ်မြေသြဇာ နဲ့ ဓာတုပိုးသတ်ဆေးမသုံးဘူး၊ သဘာဝဇီဝမြေသြဇာနဲ့ ဇီဝပိုးသတ်ဆေးကို ကိုယ်တိုင်လုပ် ပြီး သုံးတယ်တယ်။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဖွံဖြိုးရေး အကြောင်းတွေ ကို ရွာခံတွေ က ကျွန်တော်တို့ ထက် ပိုသိကြတယ် ကျွန်တော်တို့ထက် တကယ် လက်တွေ့ ကျင့်သုံးကြတယ်။ ကျွန်တော်တို့လို သဘာဝပတ်ဝန်းကျင် အကြောင်း လှိုင်လှိုင်ပြောပြီး တကယ်မကျင်သုံးနိုင်တာမျိုး မဟုတ်ဘူး အသိနဲ့ အကျင့် ထပ်တူကြတဲ့ တောင်သူတွေ လေးစားဖို့ ကောင်းတယ် အတုယူဖို့ ကောင်းလှတယ်။

SRI ဆိုတာ ဘာလဲ မသိတော့ မေးကြည်မိတယ် တောင်သူတွေ က SRI စိုက်နည်းကို သိတယ် ဘယ်လို့ စိုက်ရမလဲ သိတယ် ဒါပေမယ့် SRI ရဲ့ ဘိုလို အရှည်ကောက်ကို မသိကြဘူး ဆင်တစ်ကောင်လုံး မြင်နေပြီပဲ ခြေရာခံစရာ မလိုပါဘူး မဟုတ်ဘူးလား။

နောက် ထူးခြားတာ တစ်ခု က ဗုဒ္ဓဘာသာရွာတွေမှာ ဒီရွာတွေ ဖွံဖြိုးတိုးတက်အောင် အဓိက ဦးဆောင်လုပ် ပေးနေသူက ကချင်အမျိုးသား ခရစ်ယာန်ဘာသာဝင် ဆရာဇစရော်ဆန်း ဖြစ်တယ် ဒီဘက်ဒေသတွေ မှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး ဆတ်ဆတ်ထိမခံဘူးဆိုတာ ကျွန်တော်ကြား ဖူးတယ် ဒါပေမယ့် ဆရာဇက က ဘာသာခြား လူတွေ ကို လူကို လူလို မြင်တယ်ဆိုတဲ့ အသိတစ်ခုကို အခြေခံပြီး ဒေသဖွံဖြိုးရေး ကို အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့တဲ့ အတွက် ၅နှစ်တာ ကာလမှာ အောင်မြင်မှုတွေ ကို မျက်ဝါးထင်ထင် ကျွန်တော်တို့ မြင်နေရပြီလေ။

ဘာအခက်ခဲတွေ ရှိလဲလို့ ဆရာကို မေးကြည့်တော့ဆရာက “အစတော့ လူတွေ က ဘာသာရေးဆွယ်တယ်လို့ ထင်ကြတယ် လက်မခံ ချင်ကြဘူး အခုထိလည်း အချို့ အထင်မှားနေတုန်းပဲ ကျွန်တော် ဘာသာရေးအကြောင်း၊ နိုင်ငံရေး အကြောင်း၊ လူမျိုးရေး အကြောင်းမပြော ဘူး ကျွန်တော် သူတို့ နဲ့ အတူနေတယ် အတူစားတယ် အတူစကားပြောတယ် သူတို့ ကို ကျွန်တော်နားလည်အောင် ကြိုးစားတယ် ကျွန်တော်သူတို့ ကို နားလည်လာတော့ သူတို့လည်း ကျွန်တော်ကို နားလည်လာတာပေါ့ဗျာ” ဆိုပြီး ဆရာက ပြောပြတယ်။

ကျွန်တော်တို့ လူမှုဖွံဖြိုးရေးမှာ ဘာသာ၊လူမျိုး၊အသားရောင် မခွဲခြားပဲ ရပ်ရွာ  လူထုကို တကယ်ပဲ စေတနာ ရှိရင် တကယ်လုပ်မှာ အဟုတ်ဖြစ်နိုင်တယ် ဆိုတာကို တွေးမိရင်း အင်းတော်ကနေ တဆင့် မြစ်ကြီးနား သို့ ကျွန်တော်တို့ ခရီးဆက်ကြပြန်တယ်။

ဆက်ပါဦးမည်။

Advertisements

One thought on “ကချင်ပြည်နယ်သွား တောလား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s