ပြန်ရေးရမဲ့ အင်းလေး ရာဇဝင်

တောင်တန်းတွေဝန်းရံ

ပင်လယ်အသွင်သဏ္ဍန်နဲ့

ရွာ (၄) ရွာ ရေပေါ်တင်လို့

အင်းလေးရွာ အမည်တွင်

နောင်အခါ “အင်းလေး”

လာသူတွေဘ၀င်အေးရ

ကဗျာတွေစာတွေရေးကြနဲ့

ရေပေါ်ဈေးမှာပျော်

ခြေကလေးနဲ့လှေလှော်လို့

ဖောင်တော်ဦးကိုမျှော်ဖူး

လာသူတွေ ကြည်နူးလို့

အသွင်ထူးစေတာက သဘာဝ

ဘ၀င်မြူးစေတာက ထာဝရ

ကြည်နူး ပဿဒဖြစ်ရေး

အင်းသားဘ၀ဖြစ်ရတဲ့ငါ

ဒေသအရေးစိတ်အေးစွာနဲ့

ဟိုစဉ်ကအတွေး

ပြန်တွေးရင်းလွမ်းခဲ့ရ

ကန်အင်းလေး သတင်းက

ဇရာဆိုတဲ့ အဆင်းမတွေ့ရပေမဲ့

မမြဲခြင်းဆိုတဲ့ အနိစ္စ

ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခကို

ဆင်ခြင်ခြင်းနဲ့

မြင်ကွင်းမလှပတာတွေက

ပွင့်လင်းစွာတင်ပြရရင်

သာယာတယ်ဆိုတဲ့ အင်းလေး

ပြန်ပြေးလို့ကြည့်ရင်

ရေစပ်မှာ ရွာတစ်ရာမက

ရေပေါ်မှာ ရွာများစွာ

ဝမ်းရေးကိုရှာ

ကိုတံငါ ရေလုပ်သား

လယ်သမားနဲ့ ကုန်သည်

လက်မှုမှာ တွင်ကျယ်

ကျွန်းမျှောခြံစိုက်

ကြံတွေ ကြိတ်လို့

လာလိုက်တဲ့ဧည့်သည်

နေ့မပျက်ရယ်ဖူး

ပေါင်းစုကြည့်ရင်

တောင်းဆုအလီလီ

အင်းလေးကို တွယ်မှီလို့

ရှာကြ ဖွေကြ စားသောက်ကြ

စုကြ ဆောင်းကြ တိုးတက်ကြနဲ့

ပျဉ်ထောင်သွပ်မိုး

လျှပ်စစ်တန်ခိုးနဲ့

စလောင်းတွေတိုးရင်း

G ဖုန်းတွေကိုယ်စီဝယ်လို့

ရိုးသားတဲ့ အင်းသားရယ်

ခေတ်ကိုပင်ကြွယ်လေမလား

ဝမ်းသာရင်းက သံဝေဂ

သ့သယဖြစ်ချင်စရာ

အပြစ်မြင်စရာတွေက

ချစ်ခင်တာတွေကိုရော

ဇွတ်ထင်နေတာတွေပါ

အမှန်မြင်ရရင်

ဘာမှခင်စရာမရှိပါလားလို့

စိုးရိမ်ရာကကြောက်လန့်မိ

အင်းလေးကိုကြည့်မိတော့

သဘာဝကရေပြင်

ဒါနဲ့တင်အားမရ

ကျွန်းရိုင်းကိုထွင်

ရေမှော်တွေတင်လို့

တီတွင်ကာစိုက်ပျိုး

သီးနုံတွေအတွက်တိုးလို့

တီထွင်ကာစိုက်ပျိုး

တီတွင်ကာစိုက်ပျိုး

သီးနှံတွေအတွက်တိုးလို့

အင်းလေးကန်အကျယ်

တိုင်းတာမယ်ဆိုရင်

ခရမ်းချဉ်ကုန်သည်နဲ့

ပြောင်းပြန်ချိုးကျ

တွက်ဆလို့ရတယ်

ကျွန်မျှောရေခြံ

လူတွေမမှန်တာက

နည်းပညာအကြံအဖန်နဲ့

MPK ဓာတ်မျိုးစုံ

အင်းလေးမှာခိုလှုံကြ

လာသမျှအဖျက်ပိုး

ထပ်မတိုးစေဖို့

ဓာတ်တန်ခိုးနိုင်တဲ့

သတ်ဆေးလှိုင်လှိုင်ဖြန်းတော့

ကျန်သူတွေမှိုင်ကာပန်လို့

စိုက်ရင်းပျိုးရင်း

ပွဲစားနဲ့ခြံရှင်ငွေတွေရွှင်လို့

အင်းတခွင်မှာ

ဝင်ငွေတွေတိုးကြ

အင်းရေမှာဓာတ်စုံပျိုးကြနဲ့

သန့်ရှင်းတဲ့ရေ

ဘယ်မှာနေပါသလဲ

အင်းရေကိုကြောက်

ဗူး ရေသောက်လို့

အင်းပျောက်မှာစိုးတဲ့ ကျွန်တော်

ဘယ်သူလာကယ်မလဲ

အတွေးကျယ်ရင်းက

ကင်မရာလွယ်တဲ့

ကမ္ဘာလှည့်ခရိးသည်

ရေပေါ်ဈေးသည်တွေ

အတင်းဝယ်စေလေတော့

သူခမျာရှာရှာလည်ရင်း

ကဗျာကရာဆင်းခဲ့ကြ

မကြာမကြာသတင်းရနဲ့

မြင်စေချင်တဲ့ သဘာဝ

ဘယ်မှာပြရမလဲ

ကျွန်တော်တို့ခပ်ငယ်ငယ်

အိနြေ္ဒရတဲ့ဈေးသည်

ရောင်စုံပန်းတွေကွယ်လို့

သီးနုံစုံဖလှယ်ရင်း

လှေလှော်လို့ပြုံးပြခြင်းနဲ့

အစသ်လာကောင်းတွေကို

ထိန်းသိမ်းခြင်းကထားမရ

အမှတ်တရ ဒေါ်လာ ကြောင့်လား

အတ္တဘ၀ စေတနာကြောင့်လား

အဖြေရှာရင်းက

ဟင်္သာနဲ့ ကြိုးကြာ

အင်းပြင်မှာ ရှာပေမဲ့

ပေးမလာတာအတော်ကြာပြီတဲ့

ရေပြင်မှာလူတွေများတော့

ဘယ်မှာနားရမယ်မသိ

နေစရာရှတယ်နော်လို့

အင်တာနက်ကနေ မျှော်ရမလား

ဗေဒင်ဆရာနဲ့ တွက်ခေါ်ရမလားလို့

အင်းပြင်ကိုကျော်

တောင်တန်းကိုမျှော်မိပြန်တော့

“တောခုတ်လို့တောပြောင်

……………….

သဲပင်လယ်ဖြစ်လိမ့်မလွဲ”

ငယ်ကဖတ်ရ

ကဗျာတစကြောင့်

မှတ်မိစိတ်မှာ

အသံလာသည်

မိုးသံလေလား လေသံလေလားလို့

စောင့်ကြည့်ငေးမော

ရေနီတွေဒလဟော

နှုန်းနဂါးကြီးလောလို့

တွေးရင်းစဉ်းစား

အင်းလေးကို သနားမိခဲ့

အင်း………

နှုန်းနဂါးဒဏ်

အမြိုခံရမဲ့ အင်းလေး

မင်းဘယ်ပြေးမလဲ

ရေခြံတွေဖြတ်

ရွာလမ်းကပ်လို့

ကမ်းစပ်က ဟော်တယ်

ဒေါ်လာဆိုလက်ခံမယ်တဲ့

မင်းကောကယ်နိုင်မလား

တွေးမထားရင်တော့

ကြိုးစားမှာမဟုတ်ဘူး

အလေးထားလို့ စဉ်းစား

တောင်ကတုံးတွေ

သျှောင်ထုံးမယ်ဆိုရင်

ရုန်းနေတဲ့ နဂါး

ပြုံးနိုင်ပါအုန်းမလားလို့

အမုန်းစကားနဲ့သုံး

အပြုံးတရားနဲ့ စည်းရုံးလို့

ကန်လေးရုံးမသွားအောင်

ရေစပ်က ရွာတစ်ရာမက

ရေပေါ်က ရွာများစွာ

တောင်ပေါ်ရွာပါမကျန်

တက်ညီလက်ညီ

ကိုယ်စီချီလို့

စီရီပေါင်းစု

ကောင်းမှုပြုရန်

စိတ်ရည်သန်၍

သစ်ပင်မှန်သမျှ

ထိန်းသိမ်းကြနဲ့

နောက်ထပ်အားကိုး

အပင်တွေတိုးဖို့

ပျိုးပင်ကုပိုက်

သစ်ပင်စိုက်ကြ

မကြာမှီကာလ

ပြန်ရောက်ကြရင်

အင်းလေးကန်က

နလန်ထလို့

နေမကောင်းတဲ့ ကျွန်တော်

နေကောင်းပါရဲ့နော်လို့

မင်္ဂလာမနက်ခင်းမှာ

နှုတ်ဆက်ရင်းနဲ့

အပေါင်းအသင်းတို့ရေ

သစ်ပင်စိုက်ရင်း

အင်းလေးသတင်း

စောင့်မျှော်ရင်းနဲ့

ရာဇ၀င်အသစ်တင်

ပြန်ရေးဆင်ကြပါစို့။

 

ဦးတင်အောင်

ပန်းကာအောင် ရေးထားတာကို ပြန်မျှဝေလိုက်၏

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s