တမာမြေမှာ သုံးနှစ်တာ

မြန်မာစီးပွားရေးဘွဲ့ရများကွန်ရက်ဆိုက် အတွက် အခန်းဆက်တစ်ခုခု ရေးပေးချင်နေတာ ကြာပါပြီ ကိုရွှေတိုးအောင်ကိုလည်း ရေးမယ်ရေးမယ် ပြောထားတာ ကြာပြီ။ ဘာရေး ရမှန်းလည်း မသိ စီးပွားရေးဘွဲ့ ရတွေ စုထားတဲ့ နေရာဆိုတော့ အတော်အများက ကျောင်းတတ်ခဲ့ ရတဲ့ ဘဝကို လွမ်းနေကြမယ်ဆိုတော့ ကျွန်တော်လည်း ကျောင်းကို လွမ်းနေတာ နဲ့ မုံရွာစီးပွားရေး တက္ကသိုသ် မှာ ၃ နှစ်တာနေခဲ့တဲ့ အကြောင်းလေးကို စရေးချင်မိတယ် ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ လေးစားရတဲ့ ဆရာတွေ အဆောင်တွေ ကျောင်းထဲ က ပဋိပက္ခလေးတွေ ပြန်ရေးချင်လာလို့ ဒီအညာမြေမှာ ၃ နစ်တာနေခဲ့တဲ့ ကာလလေးကို ပြန်လည် စားမြုံပြန်ပြီး ရေးလိုက်ပါတယ် ခင်ဗျာ……………

၁၀ တန်းအောင်ပြီ

ကျွန်တော် ၁၀ တန်းအောင်တော့ မန္တလေးမှာ ကျွန်တော်အမေ ဘက်က အဒေါ်ဆီမှာနေနေ တဲ့ အချိန်ပေါ့ ၁၀တန်းဖြေပြီး နွေရာသီ ထုံးစံအတိုင်း သင်တန်းတွေ တစ်ခုပြီး တစ်ခု တတ် ကွန်ပြုတာ သင်တန်း ပန်းချီ သင်တန်း အင်္ဂစာ သင်တန်း အစုံးပေါ့ အဲ အဲဒီ သင်တန်းတွေ ထဲ မှာ ကျွန်တော် စိတ်အ၀င်စား ဆုံးက ပန်းချီသင်တန်း ကျွန်တော်တတ်တဲ့ ပန်းချီသင်တန်းက မန္တလေး မှာ အစဉ်အလာကြီးတဲ့ သင်တန်း တစ်ခုပဲ နာမည်က ပံသုစန္ဒာတဲ့ မော်ဒန်ပန်းချီဆရာကြီး ဦးအောင်ခင်ရဲ့ သမီး ဒေါ်ချိုချိုအောင်ဖွင့်ထားတာ အရင်ကတော့ ဒီသင်တန်းက လမ်း ၈၀ မှာ(အခု ၇၈လမ်း ဘူတာဘေးရောက်သွားပြီ) ဆရာမကြီးက ကလေးလေး တွေ ကို သင်ပေးတယ် ကျွန်တော်တို့ အရွယ်တွေကိုတော့ စစ်ကိုင်း ကပန်းချီဆရာ ဆရာခင်မောင်စိုး က သင်ပေးတယ် ဆရာခင်မောင်စိုးဆီမှာ မန္တလေးအယ်ဖာက ကိုဇော်ရဲ တို့ တတ်ဖူးတယ် ဆိုတာ နောက်မှသိတယ်။ ဒါနဲ့ ပန်းချီကို အတော်အလေး သိပ်ဝင်စားခဲ့တယ်။ ဆရာက တနေ့ ပုံ၁၀၀ လောက် ရေး ခိုင်းပေမဲ့ ကျနော်က အပျင်းကြီးပြီး လေ့ကျင်မှူအားနည်းတော့ ထင်သလောက် မပေါက်ခဲ့ ဘူး ဆရာတွေ နဲ့ လက်ဘက်ရည်ဆိုင်ထိုင် ပန်းချီဝါဒတွေ အကြောင်း အားလူးဖုတ်နေတာ နဲ့ ပဲ အချိန်ကုန်တယ် ဆရာတွေ ကောင်းပေမဲ့ တပည်ကျွန်တော်က ညံတော့ မတိုးတတ်ဘူးပေါ့။ နောက် ၁၀တန်းအောင်ပြီး ကျောင်းတွေ လျောက်ရမယ်ဆိုတော့ ကျွန်တော်က ယဉ်ကျေးမှူ တက္ကသိုလ် ပန်းချီအဓိက ယူချင်ခဲ့တာ ဒါပေမဲ့ အိမ်က ပန်းချီကျောင်း မတတ်ရဘူး အမှတ်မှီတာပဲ စီးပွားရေးလျောက်လို့ ဆိုတာ နဲ့ စီးပွားရေး လျောက် မိတယ်။ ကျွန်တော်က ဝိဇာတွဲယူခဲ့တော့ အလွန်ဆုံး စီပွားရေး က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆိုတော့ ဒါပဲယူရတာပေါ့။

မန္တလေးမှာနေနေရတာ ဆိုတော့ မိထ္တီလာ၊မုံရွာပဲ ရှိတာ ရန်ကုန်ကြတော့ ဘစ်ကား မစီးချင်လို့ မရွှေးချင်ဘူး ဒါနဲ့ မုံရွာ ကျောင်းပဲ ပြောင်းရတာပေါ့ မုံရွာမှာ အမျိုးလိုနေတဲ့ အောင်မင်္ဂလာစာအုပ်ဆိုင် မိသားစုရှိနေတယ် နောက် ဆရာဆရာမတွေ ကလည်း ကျွန်တော်မိဘတွေ နဲ့ သိကျွမ်းကြတယ် ပြီးတော့ အောင်မင်္ဂလာ မိသားစုက မမနှင်း ကလည်း မုံရွာစီးပွားရေးတက္ကသုလ်က ဆိုတော့ မုံရွာက ကျွန်တော်အတွက်ပို အဆင်ပြေတယ်။

ဒီလိုနဲ့ ပဲ မုံရွာ ဆိုတဲ့ တမာမြေကို ကျွန်တော်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တမာမြေသို့ ရောက်ခါစ

မုံရွာက ကျွန်တော်အတွက်တော့ သိပ်မစိမ်းပါဘူး ဟိုးငယ်ငယ်ထဲ က အလည် ခဏခဏ ရောက်တယ် ပြီးတော့ ကျွန်တော်လေးစားရတဲ့ စာရေးဆရာ အတော်အများ ကလည်း မုံရွာက များတယ်။ ဆရာသိန်းဖေမြင့်၊ဆရာညိုမြ၊ဆရာတင်မောင်သန်း(သင့်ဘ၀)၊ဆရာမောင်သစ်ဆင်း၊ဆရာအံမောင်၊ဆရာကျော်ဝင်း၊ဆရာကိုတာ၊ဆရာမောင်ဆေးရိုးတို့ က မုံရွာက ဆိုတော့ ကျွန်တော်အတွက် မုံရွာဟာ အစိမ်းသက်သက် ကြီး မဟုတ်ပါဘူး။ ဒါပေသိ မုံရွာ မှာ အကြာကြီးကျောင်း တတ်ရတော့မယ် ဆိုတော့ နဲနဲတော့ ရင်ခုန်မိတယ်။

အဲ မုံရွာမြို့အကြောင်းလေး နဲနဲ ဖောက်သည်ချအုန်းမယ် မုံရွာက မြန်မာပြည်က မြို့တွေထဲ မှာ အတော်ထူးခြားတယ် လို့ ခေါ်နိုင်ပါတယ်။ စဉ်းစားကြည့်လေ မြို့ လိုလဲ ပြောသေး နာမည်က မုံရွာ တဲ့ ကောင်းရော

မုံရွာ က စစ်ကိုင်းတိုင်းရဲ့ မြို့တော် အခု ခေတ်မှ ဖြစ်သွားတာပါ။ အရင်က စစ်ကိုင်း က တိုင်းမြို့ကိုး ဟိုး ပထစ ခေတ်က အောက်ချင်းတွင်း ခရိုင် ရဲ့ ရုံးစိုက်မြို့ သလ္လာဝတီဆိုတဲ့ ချင်းတွင်းမြစ်ကို မေးတင်ထားတယ်။ မုံရွာ ကနေ မိုင်၅၀ အကွာ ရေစကြို မှာ ဧရာဝတီမြစ် နဲ့ ချင်းတွင်း မြစ်ပေါင်းဆုံကြတယ်။ဟိုး ရှေးဗမာ မင်းတွေ လက်ထက်က မုံရွာ က အလုံ မြို့ဝန်ရဲ့ လက်အောက်က ရွာကြီးတစ်ရွာပဲ ရှိသေးတာ။ အင်္ဂလိပ် လက်ထက်ကြမှ မြို့ ဖြစ်လာတာ အခုဆို စစ်တိုင်းရဲ့ အစည်းကားဆုံး မြို့ တစ်မြို့ ဖြစ်နေပြီ။မုံရွာမြို့ အမည်မတွင် သေးတုန်း က မုံရွာကို မုန့်သည်မ ရွာလို့ ခေါ် ကြတယ်(ဟုတ်မဟုတ်မသိ) ဘယ်လိုပဲ ပြောပြော မုံရွာဟာ နိုင်ငံရေးခေါင်းဆောင်တွေ စစ်ရေးခေါင်းဆောင်တွေ သာသနာရေးခေါင်းဆောင်တွေ အနုပညာရှင်တွေ အများကြီး ပေါ်ထွက်ခဲ့တဲ့ မြို့ဆိုတာ တော့ ဘယ်လို့ ငြင်းမရတဲ့ အချက်ပါ။

မုံရွာမြို့ ကို စ၀င်ဝင် ချင်း ကျွန်တော်ကို ဆွဲဆောင်နိုင်ဆုံးဟာ တမာပင်တွေ စီတန်းပေါက်နေတဲ့ ကျောက္ကာ လမ်း ပဲ နောက် ဒီလမ်းတစ်လျောက်လည်း ကျောင်းသားတွေ ဥဒဟို သွားလာနေကြတာ (ကျောက္ကာလမ်းပေါ်မှာ မုံရွာတက္ကသိုလ်နှင့် စီပွားရေး တက္ကသိုလ် နှစ်ခု ရှိပါတယ်)ဒီလိုပုံစံလေးကို ကျွန်တော်အတော်ကြိုက်တယ် ဒီကျောက္ကာ လမ်း လေးဟာ ရန်ကုန်က လှည်းတန်းလို့ ကျောင်းသားတွေ သီးသန့်နေတဲ့ ကျောင်းသားရပ်ကွက်လေး လိုပဲ နောက် မုံရွာ မြို့ထဲ နဲ့ လည်း သိပ်အလှမ်းမကွာဘူး။ ပထဝီဝင် အနေအထားကတော့ ကျွန်တော်အကြိုက်ပဲ။

မုံရွာရောက်ရောက်ချင်း မာမီစု(အောင်မင်္ဂလာစာပေ) အိမ်မှာတည်း ကျောင်းအပ်ပြီး အဆောင်ရှာပုံတော်ဖွင့်ရပါတော့တယ်။ မုံရွာမှာ က မိန်းကလေးအဆောင်တွေဟာ ကောင်းကောင်းကန်းကန်း ရှိတာ ယောင်္ကျားလေး အဆောင်တွေ ကအတော်စုတ်သဗျ ကျောင်းနီးနီးနားနားမှာ အဆောင်ကောင်းကောင်း မရှိတာ နဲ့ မုံရွာ တက္ကသိုလ်နားက တိုင်းရင်းဆေးရုံနားလေးမှာ အဆောင်ကောင်းကောင်းလေး တစ်ခု တွေ့လိုက် တယ် အဆောင်နာမည်က ဇော် တဲ့ အဆောင်မှူးက မုံရွာတက္ကသိုလ် သမိုင်းဌာနက ဆရာ လူပျိုကြီး ဆိုတော့ ဒီအဆောင်လေးက အဆင်ပြေတာ နဲ့ ဇော် အဆောင်လေးမှာ ကျွန်တော်နေဖြစ်သွားတယ် ဆိုပါတော့ဗျာ။

ကျွန်တော်တို့ အဆောင်လေးမှာ

ကျွန်တော်တို့ အဆောင်လေးက တစ်ထပ် အာစီတိုက် လေး သပ်သပ်ရပ်ရပ် ရှိလှတယ်(ဖွင့်တာမကြာသေးလို့) အဆောင်က မုံရွာတက္ကသိုလ် နဲ့ ပိုနီးတယ် ဆိုပေမဲ့ ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်က ကျောင်း သားက တစ်ဝက်လောက် ရှိတယ်။ အဆောင်မှူး ကလည်း ကျွန်တော်အုပ်ထိန်းသူတွေ ကိုယ်တိုင်လာ အပ်တယ် ဆိုတော့ ကျွန်တော်ကို ဂရုစိုက်တယ်။ နောက် မုံရွာ မှာ လျောက်လည်ဖို့ မမနှင်း သူငယ်ချင်း ကို အီအေကလည်း လိုက်ပို့တယ်။ ကျောင်းနဲ့ ပတ်သက်သမျှတွေ ကို ပြောပြတယ်။ အဆောင်မှာ ကျွန်တော်နဲ့ အတော်ရင်းနီုးတဲ့ သူတွေ က ကိုဌေးလွင်၊ကိုကေအိ၊ကိုနေဇာ၊ကိုဝ၊ကိုချမ်း၊အီးဖက်(အီးမေဂျာက ဖက်တီးမို့)၊လောဖက်(လော မေဂျာ က ဖတ်တီး)၊နောက် နာမည်မေ့နေတဲ့ တစ်ယောက် က အမ်ဘီအေတတ်နေတာ သူ က ကြံခိုင်ရေးက အမှူဆောင်ဆို လား ဘာဆိုလားပဲ၊ ကျော်ဇင်၊ဇင်မင်း၊ယောယန်၊ဒီးရာမ်၊တို့ပဲ အချို ကျန်သေးတယ် မေ့နေတာ။

ကိုဌေးလွင်က ကျွန်တော်အခန်းဖော် အကိုကြီး သူက ကန္နီ က အသက်အတော်ြ့ကီးနေပြီ ကျွန်တော်တို့ စသမျှ သည်းခံ ရှာ တဲ့ စိတ်သဘောထား ကောင်းတယ်။ မိတ်ကပ်တွေ အရမ်း လိမ်းတယ် ရေမွေးတွေ အရမ်းဆွတ်ပြီး ရည်းစား ရှာတဲ့ ကျောင်းဆွေးကြီးပေါ့ ကျောင်း ပြီးတဲ့ အထိ တစ်ယောက်မှ မရေသွားရှာဘူး ဟီဟီ။ သူက မိန်းထဲ က အိုင်အာ မေဂျာ သူဘာသာရပ်ကို ကျွန်တော်က အတော်စိတ်ဝင်စားတော့ ညတိုင်း ဆွေးနွေးဖြစ်တယ်။

ကိုကေအိနဲ့ နေဇာက တစ်ခန်း သူတို့ က စီးပွားရေးကပဲ ကျွန်တော်ထက် နှစ်နှစ်စီနီယာကျတယ်၊ ကျွန်တော်ကို လည်း ညီလေး အရင်းလို ခင်တယ် ကိုကေအိက အခု အမေရိကားရောက်နေတယ်လို့ သိရတယ် ကိုကေအိကော ကိုနေဇာကော က စစ်ကိုင်းက ကျွန်တော် အိမ်ပြန်တော့ သူတို့ ဆီ အမြဲ ၀င်လည် ဖြစ်တယ်။ ကိုနေဇာ ကတော့ အခု မိန်းမရသွားပြီး ဘာလုပ်နေလဲ မသိရတော့။

ကိုဝ နဲ့ ကို ချမ်း ကတော့ ရွှေဘိုက သူတို့ ကလည်း စီးပွားရေးကပဲ အစ္စလာမ် ဘာသာဝင်တွေ ကျွန်တော်ထက် တစ်နှစ် စီနီယာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က ဘာသာခြား ကျမ်းစာတွေ လေ့လာနေတဲ့ အခါ ဆိုတော့ သူတို့ နဲ့ အတော်လေးတွဲ ဖြစ်လိုက်တယ်။နောက်ပိုင်း ညီအကို အရင်းလိုကို ခင်ကြတယ်။

အီးဖက်ကတော့ ကျွန်တော်ထက် ၃ နှစ်လောက်ကြီးတယ် သူက မိန်းထဲ က သူက ဆိပ်ခွံနယ်က အနေအတော်ရိုးပြီး စကားနည်းတယ် ခင်ဖို့ တော့ အတော်ကောင်းတယ်။

ကျော်ဇင်နဲ့ ဇင်မင်း ကတော့ မိန်းထဲ က ကျွန်တော် နဲ့ ရွယ်တူပဲ ကျော်ဇင်က ရွယ်တူ ဆိုပေမဲ့ ကလေးဆန်တော့ ကျွန်တော်ညိလေး တစ်ယောက်လို ပဲ။ဇင်မင်းကတော့ လူကြီးဆန်တယ်။ ကျော်ဇင် က အခု ရန်ကုန်ရောက်နေတယ်ကြားပေမဲ့ မတွေ့ဖြစ်ဘူး။သူတို့ က မြင်းမှုက။

နောက် ယောဟန်နဲ့ ဒီးရာမ် က ရဝမ်တိုင်းရင်းသားတွေ ကချင်ပြည်နယ် ရေခဲတော်တွေ ရှိတဲ့ ခေါင်လန်ဖူးဆိုတဲ့ မြို့် က ဒီကို လာ ဖို့ ၁လ လောက် ကြိုထွက်ခဲ့ ရတယ် ဆိုပဲ သူတို့ ဆီက ပိုက်ဆံ ရှိတဲ့ သူတွေ က တရုတ်ပြည် မှာ ကျောင်းထားကြတယ် မြန်မာ ပြည်မှာ မထားကြဘူးတဲ့။ သူတို့ ကလည်းစီးပွားရေးက ကျွန်တော်နဲ့ နစ် အတူတူ ပဲ။ သူတို့ က ခရစ်ယာန်ဘာသာဝင်တွေ သူတို့ နဲ့ နည်း အရမ်းကို ခင်ကြတဲ့ ကျွန်တော်သူငယ်ချင်းတွေ ပါပဲ နောက်ပိုင်း အဆက်အသွယ်ပြတ်သွားကြတယ်။

အဆောင်မှာ ကျွန်တော် ကျောင်းစာတွေ ကို ကျက်တော့ စီနီယာတွေ ကဟား ကြတယ်။ အစောချည်း စာကျက် လို့ တဲ့ သူတို့ ကိုလည်း တမျိုး ထင်မိတယ် နောက်ပိုင်း ကျွန်တော်ကိုယ်တိုင် စီနီယာ ဖြစ်မှပဲ ဂျုနီယာတွေ ကို ဒီလိုပဲ ဟားခဲ့ ဖူးတယ် ဟီးဟီး။

အဆောင်မှာ ကျွန်တော်ကို နှိုးစက် လို့ ခေါ်တယ် ဘာဖြစ်လို့ လဲ ဆိုတော့ မနက် အစောကြီးထပြီး ဘုရားထ ရှစ်ခိုးလို့ တဲ့။ အဆောင်က လူတွေ အတော်အများနဲ့ ခင်သွားတယ် အကုန်လုံးကလည်း ဖော်ရွှေကြတယ် ခင်ဖို့ ကောင်းတယ် ကျွန်တော်အဆောင်ရွှေးတာ မှန်သွားပြီထင်တယ်။

ကျောင်းစတတ်ပြီ

ကျောင်းစတတ်တော့ ကျွန်တော်က စက်ဘီးနဲ့ တက်ရတယ် သူငယ်ချင်းယောဟန်တို့ ကလည်း စက်ဘီးနဲ့ တတ်တယ်။ အဖော်ရှိတော့ မပျင်းပါဘူး ဒါပေမယ် အဆောင်နဲ့ ကျောင်း နဲ့ ကအတော်ဝေးတော့ မောတာပေါ့ဗျာ။ ကျောင်းက ကျွန်တော်တို့ နှစ်မှာ လက်ခံ တဲ့ ပမာနက အတော်များတယ် ၁၅၀၀ လောက်ကို ရှိမယ်ထင်တယ်။ နောက်ဆုံးနှစ် အကို ကြီးတွေ ကလည်း ဖရက်ရှာ လေးတွေ ကို လာငန်းကြတယ်။ ကိုနေဇာတို့ လာရင် ကျွန်တော်က ဧည်ကြိုလုပ်ပေးတယ်။ ကျောင်းမှာ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် မသိသေးတော့ ခင်ဖို့ သိပ်မခက်ဘူး စကျောင်းတတ်တဲ့ နေမှာပဲ သူငယ်ချင်းသစ် ၂၀ လောက် ရသွားတယ်။ အပြန်သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး လဘက်ရည်ဆိုင် ထိုင် ခင်ကြမင်ကြ ဖြစ်သွားကါရော။

ကျောင်းတက်စ အားလုံး တစ်ယောက်နဲ့ တစ်ယောက် ခင်ချင်တဲ့ သူတွေ ရှိသလို့ ရူတေတေ နဲ့ အထာကိုင် တဲ့ ကောင်မလေး အချို့်လည်း ရှိတယ်။ ဒီလိုကောင်မလေးတွေဆို ကျွန်တော် က သူတို့ ဇာတိမြို့ နာမည် အဆောင်တွေ ကို စုံစမ်း ပြီး ရုပ်တည်ကြီး နဲ့ ဘယ်မြို့ က ဘယ်သူ နဲ့ တွေ ချင်လို့ ပါ ဆိုပြီး သွားတွေ ကောင်မလေးတွေ က အူကြောင်ကြောင်နဲ့ ထွက် လာတော့မှ စပ်ဖြီးဖြီး နဲ့ ခင်ချင်လို့ ဆိုပြီး တဲ့ လုံးလိုက်တော့ ခင်သွားတာပဲပေါ့ဗျာ။ ကောင်မလေးတွေ နောက် လိုက် စလိုက် နဲ့ သူငယ်ချင်းတွေ လည်း တိုးပွားလာတာပေါ့။

ပထမနှစ် ကျွန်တော်နဲ့ အတော်တွဲဖြစ်တဲ့ သူငယ်ချင်းက နိုင်မင်းဦးတဲ့ ရွှေဘို မြို့ နားက နာမည်ကျော် လှတော ရွာကပေါ့ ကျွန်တော်တို့ တွေ က စစခင်ချင်း လူနာမည် သိပ်မမှတ်မိတော့ နေရပ်ကို ပဲ ခေါ် ကြတယ် သူကို ကျွန်တော်က လှတော လို့ ခေါ်တယ် သူက က ကျွန်တော်ကို မန္တလေးလို့ ခေါ်တယ်။ ဒီကောင် က လှတော က ဆိုတဲ့ အတိုင်း စကား သိပ်တတ် စကား သိပ်ကပ်တာ ပဲ တော်ရုံ တန်ရုံ လူ က သူကို နိုင်အောင် မပြောနိုင်ဘူး သူက ဆိုင်ကယ်ရှိတော့ ကျောင်းတတ်တိုင်း ကျွန်တော်ကို လာဝင်ခေါ်တယ်။

ကျောင်းသား အသင်းအဖွဲ့များ

ကျွန်တော်တို့ ခေတ်မှာ ကျောင်းသားသမဂ္ဂမရှိပေမဲ့ ရပ်ရွာ ဒေသအလိုက် စုစည်းထားတဲ့ ကျောင်းသား အဖွဲ့ အစည်းတွေ့ရှိပါတယ်။ကချင်မိသားစု၊ချင်းမိသားစု၊ရှမ်းမိသားစု၊ချင်းတွင်းမိသားစု(စစ်ကိုင်း၊မန္တလေး၊ရွှေဘို၊ချင်းတွင်းမြစ်ရိုးတလျောက် ကျောင်းသားများ)၊ရွှေဘိုမိသားစု၊အစ္စလာမ်ကျောင်းသားများ အသင်း၊မကွေးမိသားစု စသဖြင့် မိသားစုတွေ အတော်များပါတယ်။

ဒီ မိသားစုတွေ က ပျော်ပွဲစားထွက်တယ်၊ ကျောင်းပိတ်လို့ အိမ်ပြန်ဖို့ ကျောင်းသားတွေ ကို အဆင်ပြေ အောင် လုပ်ပေးတယ်၊ ရန်ဖြစ်တာ တို့ စခန်းရောက် ဂတ်ရောက် ကိစ္စတွေ ကို ဖြေရှင်းပေးတယ်၊ ချင်း/ရှမ်း ကချင် တို့ ဆိုရင် အချို့ တိုင်းရင်းသား ယဉ်ကျေးမှုကိစ္စတွေ ပါ ပါဝင် လုပ်ကိုင်လေ့ရှိတယ် ရိုးရာအထိန်း အမှတ်နေထူးတွေ မှာ စုပေါင်း ပြီး ပွဲလုပ်တာ တွေ ဘာတွေ တောင်ရှိတယ်၊ နောက် စီနီယာ မိသားစု ၀င်တွေ က ဂျုနီယာတွေ ကို ခေါင်းဆောင်မှုအပိုင်း နဲ့ ပတ်သတ်ပြီး တွဲခေါ်တာတို့တွေ ဘာတွေ ရှိတယ်။ စီနီယာတွေ ကျောင်းပြီးပြီဆို ကျန်ခဲ့တဲ့ ကျောင်းသားက ဆက်လုပ်ရမှာ ကိုး။

ဒီ ဒီမိသားစုတွှေ က သက်ဆိုင်ရာ အရပ်ဒေသက သူတွေ ကို အချင်းချင်း အကူညီပေးနေတာကောင်းတယ် ဆိုပေမဲ့ ကျောင်းသား အားလုံးပါဝင်တာမဟုတ်တော့ သွေးခွဲသလိုဖြစ်ပြီး နောက်ပိုင်း မိသားစု အချင်းချင်း ချိန်း ရိုက်တာ တွေ ရှိလာပါတော့တယ်။ ကျွန်တော်တို့ ကိုသွေးခွဲခံရတာ လား ကျွန်တော်တို့ ဘာသာ သွေးကွဲနေတာ လား ဆိုတာတော့ စဉ်းစားပေါ့ဗျာ။

ကျောင်းသား အားလုံးပါတဲ့ ဘောဂဗေဒ အသင်းတို့ စာရင်းအင်း အသင်းတို့ ဝါဏိဇဗေဒ အသင်းတို့ က ကျောင်းသား အရေး ဘာမှမလုပ်ပေးတဲ့ အမည်ခံ သက်သက်ပါ welcome တို့ ဘာတို့ မှလောက်ပဲ ကျောင်းသား ဆီက ပိုက်ဆံကောက်တာလောက် ကျောင်းတွင်း ကိစ္စလောက် လုပ်ရတာ။ဗုဒဘာသာ အသင်းက လည်း ဓမ္မစကြာရွတ် သင်္ကန်းကပ်လောက်ပဲ အနုပညာ အသင်းကလည်း မဂ္ဂဇင်းထုတ်မှ ထလုပ်တာ တကယ်တန်း ကျောင်း သား အရေးဆောင်ရွက်တာ ရပ်ရွာကို အခြေခံတဲ့ မိသားစုတွေ ပါ ဒီမိသားစုတွေ တောင် အချို့ က တရားဝင်မဟုတ်ဘူး နားလည်မှုနဲ့ လက်ခံထားတာတွေ ပါ တခြား ရန်/စီး နဲ့ မိ/စီးတော့ ဘယ်လို့ လဲ ကျွန်တော်မသိဘူး။ ဒီလိုဆိုတော့ မရှိတာ ထက်စာရင် ရှိနေတာ တော်သေးတာပေါ့ ဗျာ။ ဒီလို နဲ့ ကျွန်တော်က ချင်းတွင်း မိသားစုဝင် ဖြစ်ခဲ့ပါတော့တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s