နွေကန္တာ ရွှေအညာခရီး ၁

စကားဦး

ဒီပွင့်ဖြူခရီးဟာ ပုံပြောသူများ ၁နှစ်ကျော်ကျော်ကာလ နယ်ထွက် ခဲ့ရတာတွေ ထဲ အဝေးဆုံး နောက် ပူးပေါင်းတဲ့ အဖွဲ့ အစုံဆုံး အပင်ပန်းဆုံး လို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပုံပြောတာ အပြင် စာကြည်တိုက် ဖွင့် လှစ်နိုင်ဖို့ ပါ အပိုထပ်ဆောင်း လုပ်တဲ့ ခရီးစဉ်ပါ။ ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ကို စတင်ခေါ်တ ဦးမိုးထွန်(အမှုဆောင်အယ်ဒီတာ )ဲ့၊ စာပေအကြောင်း ကဗျာအကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း တွေ ကို ဆွေးနွေးလမ်းပြပေးတဲ့ အစိမ်းရောင်ဘုန်းဘုန်းမောင်ခိုင်တည်၊လိုလေသေးမရှိ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးပြီး လူငယ်တွေ ကို ယုံကြည်အားထားပြီး ဧည်ဝတ်ကျေအိမ်ရှင်ပီသတဲ့ ဆရာတော်ဦးကဏ္ဍာရအလင်္ကာရ၊ ခရီးစသ်အစ ကနေ အဆုံး သွားရေးလာရေး အဆင်ပြေအောင် ကူညီပေးတဲ့ ဘုန်းဘုန်း ဦးဉာဏဓဇ(နိုင်-ပရိတက္ကသိုလ်)၊ပန်းချီသဘောတရားတွေ ပညာရေး အယူအဆတွေ နိုင်ငံရေးအခင်းအကျင်းတွေ ကို ပြောပြဆွေးနွေးသင်ပြပေးတဲ့ ဦးစိုးနိုင်(ကျော်ဇင်)(ကံကော်ရွာ)၊ ရုပ်တည်ကြီးနဲ့ စ တတ်ပြီး ပျော်ပျော်နေတတ်တဲ့ သတင်းစာဆရာ စာရေးဆရာမောင်သာချို(ဟင်္သာတ) ကျွန်တော်နဲ့ အတူလိုက်ပါပြီး ဆိုးတူကောင်းဘက် လက်တွဲခဲ့သော ပုံပြောသူများ ဝိုင်းတော်သားများ ဖြစ်ကြသော ကိုကောင်း၊ညီမလေးသီရိ၊ညီမလေးသူဇာ၊ ရန်ကုန်မှာ မလိုက်နိုင်ပေမဲ့ စိတ်ပူပေးဖော်ရသည့် ပုံပြောသူများ၊ သစ်တော်၊မင်းမြေ၊သရက်တော ရွာများမှ ကလေးသူငယ် လူငယ်လူရွယ် လူကြီး ရွာသူ ရွာသား အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာ ပြောချင်ပါတယ်။

ခရီးမစမှီ

ဓမ္မရိမ်မဂ္ဂဇင်း က ဦးမိုးထွန်းက ပွင့်ဖြူမှာ စာပေဟောပြောပွဲ စာကြည်တိုက်ဖြစ်မြောက်ရေး နဲ့ ယဉ်းကျေးလိမ္မာ သင်တန်းတွေ လုပ်ဖို့ လိုက်ခဲ့ပါလားလို့ ပြောတယ်။ ခေါ်တာ ကျွန်တော်ကို ခေါ်တာ မဟုတ် ပုံပြောသူများ ကို ခေါ်တာ ပါ လုပ်ရမှာ က ပုံပြောဖို့ နဲ့ စာကြည်တိုက်ဖြစ်မြောက်ရေး အစည်းအဝေးမှာ ပွင့်ဖြူက မကွေးတိုင်းထဲ မှာ ရန်ကုန် နဲ့ ဆို အဝေးကြီး မိုင် ၃၀၀ ကျော်ခရီး ကျွန်တော်တို့ အရင်က နယ်ဝေးတွေ ခရီးထွက်တာ ဒီလောက် မဝေးဖူးတော့ စိတ်ထဲ တထင့်ထင့်ပေါ့။

နောက် ပွင့်ဖြူကျောင်းတော်ရာ နားက မင်းမြေအုပ်စု သစ်တော်ရွာ ဖိုးပေါက် ဘုန်ကြီးကျောင်းက ဦးဇင်လေး ကဏ္ဍအလင်္ကာရ နဲ့ ဘုန်းကြီး စာရေးဆရာ မောင်ခိုင်တည်၊ဓမ္မရိပ်မဂ္ဂဇင်း အယ်ဒီတာ ဦးမိုးထွန်း မကွေးက ဘုန်းကြီး ဘုန်းဘုန်း ဉာဏဓဇ တို့ နဲ့ ဆွေးနွေးကြည့်တော့ ဦးဇင်းလေး ရဲ့ ခေတ်အမြင်ရှိမှု လူမှုရေးပရဟိတ စိတ်ဓာတ်ထက်သန်မှု တွေ ကြောင့် ကျွန်တော်မငြင်းဝံတော့ပဲ လက်ခံ လိုက်တယ်။ နောက် မှ ပုံပြောသူများ အဖွဲ့ ကိုတိုင်ပင်ပြီး ဘယ်သူတွေ လိုက်မလဲ ဆိုတာ ဆွေးနွေး ကြတာပေါ့။ လိုက်မဲ့ သူတွေ စုလိုက်တော့ ကိုကောင်း၊ သီရိ၊ သူဇာ နဲ့ ညီစိုးတို့ လိုက်မယ် လို့ သိရတယ်။ ကျွန်တော်တို့ အားလုံး ၁၈ ရက်နေ့ (နှစ်ဆန်းနှစ်ရက်နေ့) ညနေ ၅ နာရီလောက် ထွက်ကြမယ်။ အောင်မင်္ဂလာ ကားဝင်းထဲ က မင်းလက်ဝါး ကားဂိတ်မှာ ကျွန်တော်တို့ စု ကြမယ်လို့ ချိန်းထားကြတယ်။

စိတ်စောမိသူ

ချိန်းထားတော့ ဝီရီယပိုတဲ့ ကျွန်တော်က နာရီဝက်လောက်စောရောက်ပြီး သူဇာက လည်း ရောက်တယ် သူဇာက ရောက်ရောက်ခြင်း ညီစိုးမရောက်သေး မလိုက်နိုင်ဘူး နေမကောင်းလိုဆိုတာ ကို သိလိုက်ရတယ်။ နောက် ကိုကောင်း နဲ့ သီရိတို့ က မရောက်သေး ဓမ္မရိပ်ဝိုင်းတော်သားတွေ လည်း မရောက်သေး ကျွန်တော်ပဲ စိတ်စောမိတာ လား အချိန်ကပဲ လိုနေသာလား မသိ ဖင်တကြွကြွ နဲ့ ကိုယ်လူတွေ ကို လည်တစန့်စန့်မျှော်နေမိတယ်။ စိတ်ထဲ မှာ မရောက် ရင်တော့ ဒုက္ခလိုတွေးမိပေမဲ့ တကယ်တန်းတော့ ကျွန်တော်ထင်သလို ဖြစ်မလာပါ ကားထွက်ခါနီး ၁၅ မိနစ်အလိုလောက် မှာပဲ ဓမ္မရိပ်အဖွဲ့ကော ကျွန်တော်တို့ ပုံပြောသူများကော စုံလင်စွာ ရောက်လာတော့ စိတ်အေးရတော့တယ်။ ကားက ၅ နာရီ ထွက်မယ် ဆိုပေမဲ့ တကယ်ထွက်ဖြစ်တော့ ၅နာရီခွဲလောက်မှ ထွက်ဖြစ်တယ်။ မြန်မာ စံတော်ချိန်ပေါ့ ဒါကိုသိလို့ ကိုယ်ဆရာတွေ က နောက်ကျမှလာတာ လားမသိ။ဒိလိုနဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကနေ ၅နာရီလောက်မှာ စထွက်ဖြစ်တယ်။

တာဝန်ကိုယ်စီ

မကွေးက ဦးဉာဏဓဇ၊ ဓမ္မဇောတိ က- ကလေးတရားပြ ဆရာကြီး နှစ်ယောက်၊ဓမ္မရိပ်က- တာဝန်ခံ အယ်ဒီတာ ဘုန်းဘုန်းမောင်ခိုင်တည်၊အမှုဆောင်အယ်ဒီတာ ဦးမိုးထွန်း၊ဆရာမောင်သာချို(ဟင်္သာတ)၊ပန်းချီဆရာဦးအောင်ဇင်(ကံကော်ရွာ)၊ပုံပြောသူများက- ကျွ့န်တော်၊ အကိုကြီး ကိုကောင်း၊ညီမလေးသီရီ၊ညီမလေး သူဇာ အားလုံးပေါင်း ၁၁ယောက် မကွေး ဦးဇင်းလေးက ကျွန်တော်တို့ ကိုဥိးဆောင်ပြီး လုပ်ငန်းတွေ အစဉ်ပြေအောင် စီစဉ်ညိုနှိုင်း ပေးတယ်။ ဓမ္မဇောတိ က ဆရာကြီး နှစ်ယောက် က ဆရာကြီး ဦးဂိုအင်ကာ နည်း နဲ့ ကလေးတွေ ကို အာနာပါန သင်ပေးဖို့ အခြေအနေ လာကြည့်တယ်။ဆရာတော်မောင်ခိုင်တည်၊ဦးမိုးထွန်း၊ဆရာမောင်သာချို(ဟင်္သာတ) ကတော့ စာပေဟောပြောပွဲအတွက်၊ကျွန်တော်တို့ ကတော့ ရွာက လူငယ်ခေါင်းဆောင်တွေ ကို စာကြည်တိုက် လုပ်ဖြစ်အောင် လုပ်ပေးဖို့် နဲ့ ကလေးတွေ ကို ပုံပြောဖို့ တာဝန်ကိုယ်စီ နဲ့ ခရီးထွက်ခဲ့ကြတယ်။

ခရီးစဉ်စ

ကားပေါ်မှာ ကျွန်တော်တို့ ပုံပြောသူများက အသံ အဆူဆုံး တစ်ယောက်နဲ့ တစ်ယောက် စလိုက် နောက်လိုက် စကားတွေ ဖောင်ဖွဲ့အောင်ပြောလိုက် နဲ့ တလစပ်မရပ်နိုင်အောင် ပျော်ပျော်ရွင်ရွင် ချမ်းငြိမ်း၊သန်စင်၊ပိုင်စိုး၊ကာကြီး တို့ နဲ့ ပုံပြောသူတစ်ဖွဲ့လုံးပါရင် ပျော်စရာအတော်ကောင်းမယ်ထင်ရဲ့လို့ တွေးမိသေးတယ်။

ကိုကောင်းက ကျွန်တော်ကို ကားစီးရင် မညောင်းအောင် အကြောပြေအောင် ထိုင်ပြီး လုပ်လို့ ရတဲ့ လေ့ကျင့်ခန်းတွေ သင်ပေးတယ်။ စိတ်ဖြေလျှော့ နည်းတွေ သင်ပေးတယ်။ ကိုကောင်းသင်ပေးတဲ့ နည်းတွေ က မဆိုးလှ ကားစီးရင်း မညောင်းအောင် မပင်ပန်းအောင် အတော်အထောက်အကူပြုတယ်။ အဓိက ရိလက်ဇေးရှင်း ပါပဲ အရင်က လုပ်ဖူးပေမဲ့ အခု က ဘေးက ဆရာ နဲ့ လုပ်တော့ ပိုကောင်းတာပေါ့။ပို စနစ်ကျပြီး နည်း မှန် လမ်းမှန်ဖြစ်တာပေါ့။ကျေးဇူးပါ ကို ကောင်းရေ။

ကားက မကွေးကို အရင်လို ပြည်လမ်းက မသွားပဲ နေပြည်တော် ကံပြား မြို့သစ်လမ်းကသွားတယ် ပိုမြန်ပြီး လမ်းကောင်းလို့ သတဲ့။ နေပြည်တော်လမ်းက လည်း ဟိုင်းဝေးကားတွေ သွားလို့ ကောင်းလောက်အောင် ချော့မွေပြိး ရှင်းလင်း လှတယ်။ ကားဆရာတစ်ယောက်က ဒီလမ်းက ကောင်းတော့ကောင်းတယ် ဒါပေမဲ့ တာယာပါး သတဲ့ ဗျ။ လိုအပ်ချက်ကတော့ ရှိ့မှာပဲလေ။ ဒီလိုနဲ့ ကျွန်တော်တို့ ညစာ စားဖို့ ထုံးစံ အတိုင်း ဖြူး ၁၀၅ မိုင်မှာ ရပ်တယ် စားတဲ့ ဆိုင်က ရွှေကရားကြီး။

စိတ်ပျက်စရာ ဒီညစာ

အဝေပြေးလမ်းမတွေ ပေါ်က စားသောက်ဆိုင်တွေ ထုံးစံတိုင်း ကာစတန်မာကို ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လိုတောင်မထင် ကြဘူး။ ဒီခရီးသည်တွေ တခါစားပြီးသွားမှာ နောက်တစ်ခါဆိုတာ မရှိ သူတို့ မစားလည်း ကိုယ်ဆိုင်မှာ စားမဲ့ သူတွေ တပုံကြီး ဆိုပြီး ထင်ကြတယ် ထင်ပါရဲ့(ဆိုင်တိုင်းတော့မဟုတ်) စားပွဲတိုးခေါ်တာ က ၅ မိနစ် စောင့်ရတာ က ၁၀ မိနစ် စားတာက ၁၀မိနစ် ငွေတွက်တာ ချက်တာ က ၅မိနစ်လောက်ကြာတယ်။ ဈေးတွေ ကလည်း ခေါင်ခိုက်လို့ အရသာကလည်း မကောင်း သူဇာက သီလရှင် ဒီနေ့မှ ထွက်တော့ ၈ပါးသီလ ပါလာတာကြောင့် ညစာမစားရ သူသောက်တဲ့ ပဲနို့ က ၁၀၀၀ ကျတယ်။ နောက်တစ်ခါတော့ ဒီဆိုင်မထိုင် တော့လို့ အားလုံး သဘောတူဆုံးဖြတ်လိုက်တယ် ကောင်းလေစွ။

ည ၂ နာရီ ၃နာရီလောက်မှာ မကွေးကိုရောက်တယ် ကျွန်တော်အကြိုက်ဆုံး စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကမ္ဘာကုန်ကျယ်သရွှေ့ထဲ က ဇာတ်ဝင်ခန်း တွေ ကိုသွား သတိရမိတယ်။ ကျွန်တော်ချစ်တဲ့ တမာရနံကို စတင်ခံစား လိုက်ရတယ်။ ငယ်ငယ်က မကွေးကို တစ်ခေါက်ပဲ ရောက်ဖူးပေမဲ့ ချစ်တဲ့ တမာတွေ ရှိတဲ့ မြို့ဟာ ကျွန်တော်အတွက် မစိမ်းလှ ရင်းနီး ကျွမ်းဝင်မှုရှိလှတယ်။ မကွေးကားဝင်းထဲ က လဘက်ရည်ဆိုင်မှာ ကျွန်တော်တို့ တစ်ဖွဲ့ ထိုင်ပြီး နားကြတယ် ဆိုင်က အီကြာကွေးနဲ့ နွားနို့ နဲ့ မှာ စားကြတယ်။ အီကြာကွေးကအတော်ကောင်းတယ် ကောင်းမှာပေါ့ ဂျုံထွက်တဲ့ အညာမြေကိုး။ စားပြီးသောက်ပြီး အပေါအပါးသွားပြီး ကားပေါ်ပြန်တက် ခရီးဆက်ကြတယ်။

မကွေးကနေ တံတားကျော်လိုက်တော့ မင်းဘူး စကု ရေနံမြေတွေ မြန်မာနိုင်ငံရဲ့ တစ်ခေတ်တခါက ရွှေမဲတွေ ဖောချင်းသောချင်း ထွက်တဲ့ နေရာတွေ မင်းဘူးရဲ့ မြို့လယ် မှာ ရေနံစင်ကြီးထား ထားတာ ကိုကြည်ပြီး ဒေသတစ်ခု ရဲ့ ထွက်ကုန်ဟာ ဒေသရဲ့ နိမိတ်ပုံကို ပြတာပဲ လို စဉ်းစားမိသေးရဲ့။

လယ်ကိုင်းမြို့ဟောင်း

ဒီလိုနဲ့ ၁နာရီခွဲလောက် အကြာမှာ ကျွန်တော်တို့ ခရီးတထောက် တစ်တဲ့ လယ်ကိုင်း မြို့ဟောင်း မှတ်တိုင်ကိုရောက်ပါတော့တယ်။ မှတ်တိုင်ကိုရောက်ပေမဲ့ အားလုံး အိပ်ပျော်နေလို့ အတော်ကျော်သွားသေးတယ်။ ကျွန်တော်တို့တွေ လည်း သွားမဲ့သာသွားတာ ဘယ်နေရာမှာ ဆင်းရမှန်းမသိ၊သိတဲ့ ကားဆရာကိုရွှေချောက လည်း သတိမပေးတော့ ၃ဖာလုံလောက် ကိုယ်အထုတ်တွေ နဲ့ လာကြိုကားကိုစောင့်ဖို့ လယ်ကိုင်း ကျောင်းတော်ရာ လမ်းဆုံ ကို ချီတတ်ရပြန်တယ်။

ကျွန်တော်မှာ က စာကြည်တိုက်လှူဖို့ စာအုပ်တစ်ထုတ်၊စာသင်ဖို့ စက္ကူလိပ် တစ်လိပ် အကျွန်တော် ဗာဟိယ အတွက် ပစ္စည်းတွေ အနည်း အကျဉ်းနဲ့ အဝတ်ထုတ်တစ်ထုတ်ပါတယ် ကျွန်တော်တစ်ကိုယ်စာ တစ်နိုင်တစ်ပိုင် သယ်နိုင်တာပေါ့။ နောက် ခရီးထွက်ရင် အပိုပစ္စည်းတွေ ပါလာတွေ အိပ်အကြီးတွေ သယ်တာတွေ ကို ကျွန်တော်သိပ်မကြိုက်လှဘူး ချစ်ဖို့ကောင်းတဲ့ ကျွန်တော်ရဲဘော်တွေ က လည်း တစ်ယောက် တစ်ထုတ်ပဲ ၁၀ မိနစ်လောက် လမ်ေးလျှာက်လိုက်တာ နဲ့ လယ်ကိုင်း ကနေ ကျောင်းတော်ရာသွားတဲ့ လမ်းဆုံ ကိုရောက်ပါတော့တယ်။

ကားက မလာသေးတော့ လယ်ကိုင်းလမ်းဆုံးမှာ စောင့်ရတာပေါ့ မိုးကလည်း မလင်းသေး ကားက မလာ ဗိုက်က ဆာ ညောင်းကညောင်း နဲ့ လမ်းဆုံမှာ ထိုင်ပြီး သူငယ်ချင်းတွေ နဲ့ အတူ ထွေရာလေးပါး အားလူးဖုတ်ကြပါတော့တယ်။ ညီမလေး သီရိက လည်း ကားပေါ်မှာ မအိပ်ခဲ့တော့ သူအတော်အိပ်ချင်နေတယ်။ ကျွန်တော်တို့ အားလုံးလည်း ခရိး ပန်းနေကြတယ် ဒါပေမဲ့ အားလုံးနယ်မြေသစ် ရောက်လို့ ပျော်ရွင် နေကြတယ်။လယ်ကိုင်းက မြို့ဟောင်းကြီးတစ်ခု လို့ သိရတယ်။ ရာဇ၀င်ထဲ မှလယ်ကိုင်းစား တို့ လယ်ကိုင်းဆရာတော်တို့ က နာမည်ကြီးပဲ အခုတော့ တိုက်နယ်အဆင့်ရှိတဲ့ ကျေးရွာကြီး တစ်ခု ဖြစ်နေပြီ။ အိမ်ခြေလေးတွေဟာဆို အညာထုံးစံ အတိုင်း သယ်ကယ်မိုးပျဉ်ထောင်တွေများတယ်။ဒီဘက်ဒေသတွေ က ရှေးမြန်မာ ဘုရင်တွေ မြင်းတစ်စီးနဲ့ လမ်းသလား တဲ့ နေရာတွေလို့ ထင်မိတယ်။ အရင်က စေကုတ္တရာမြို့ကြီးကောင်းစားစဉ်က လူတွေ စည်ကားလိုက်မဲ့ ဖြစ်ခြင်း။

အညာရဲ့ အိုအေစစ်က မီလျှံနာများ

အရင် ဆာဗေးဆင်းကာစက ကိုယ်ဆရာသမားတွေ က ရွာ ရဲ့ စီးပွားရေး အခြေအနေကိုသိချင်ရင် ဒီရွာရဲ့ အိမ်အမိုးအကာတွေ နဲ့ ရွာ ရဲ့ ဘုန်းကြီးကျောင်းကို ကြည့် ရတယ်တဲ့ ဒီဆရာတွေ ရဲ့ ဩဝါဒအတိုင်း ကြည်ပြီး ဒီရွာ ရဲ့ အခြေအနေ ကို ဆုံးဖြတ်လိုက် ရင် အမှားကြီး မှားမယ် ဒီဘက် က သယ်ကယ်မိုးတာ ပိုကြိုက်ကြတယ် သွပ်ဆိုပူသတဲ့ ဗျာ မကြိုက်လို့ မမိုးတာ မရှိလို့ မမိုးတာ မဟုတ်ဘူး တဲ့ ဗျ။ ပွင့်ဖြူ နယ်တလျှောကက မြန်မာ ပြည် အလယ်ပိုင်း မိုးနည်းဒေသမှာ ပါပေမဲ့ ဆည်မြောင်း တွေ ရှိတော့ နွေမှာလည်း စိုက် လို့ ရ မိုးမှာ လည်း စိုက် လို့ရ ဆောင်းမှလည်း စိုက်လို့ ရ ဘုန်းကြီးလှတဲ့ သုံးသီးစား ဗျ။ဒါကြောင့် ပွင့် ဖြူဒေသဟာ အညာမှာ စိုက်ရေးပျိုးရေးအတော်ကောင်းတဲ့ အိုအေစစ်လို့ MAS က ဆရာတစ်ယောက် မိန့်ဖူးတယ်။ စိုက်ရေးပျိုးရေးကောင်းတော့ အတော်ချောင်လည်ကြတယ်။အိမ်တွေ ကို ဝန်း က ကျယ်ကျယ် အိမ်က အိမ်ကြီး ရခိုင် ဒီဒေသက သူဌေးများမဲ့ ပုံပဲ။

ဆည်မြောင်း တွေက အင်္ဂလိပ်ခေတ်ထဲ က ဖောက်ထားတာ တဲ့ ဗျာ မြောင်း ထုကြီးတွေ ကခိုင်လို့ ခန့်လို့ ရေတံခါတွေ က လည်း အခုထိကောင်းသေးတယ်။ မျက်နှာဖြူ အင်္ဂလိပ်မင်းတို့ရယ် သာဓုပါ ဗျာ သာဓုပါ။ဒီ ဆည်မြောင်းကြောင့် ဒီဒေသဟာ ချောင်လည်နေတာ မှလား ကျေးဇူးရှိသူကို ကျေးဇူးရမှာ မင်္ဂလာ ဆိုတော့ ကျေးဇူးတင်လိုက်တာ ပါ အမေကျော်ဒွေးတော်လွမ်းခြင်းမဟုတ်ပါ။

စန္နကူးနံသာ ကျောင်းတော်ရာ

လယ်ကိုင်း လမ်း ဆုံမှာ ၂ နာရီလောက်စောင့် ပြီး မိုးလင်းစ ပြုလာတော့ ဘုန်ကြီးကျောင်း က အကြိုတော်လွတ်တဲ့ ကားလေးရောက်ချတာပါတော့တယ်။ ကားက လိုက်ထရက်လေး ကျွန်တော်တို့ က ၁၁ ယောက်ဆိုတော့ အေးဆေး ဆန့်တာပေါ့။ကား က ရွာကို မသွားသေးပဲ လမ်း ခုလပ်က စန္နကူးနံသာ ကျောင်းတော်ရာ ကို ၀င်ဖူးကြတယ်။

ကျောင်းတော်ရာ ကြားဖူးတာ ကြာပြီ မရောက်ဖူးခဲ့ ရွှေစက်တော်သွား တုန်းက လည်း မဝင်ဖြစ်ခဲ့ အခုမှပဲ အခွင့် သင်လို့ ဖူးရပြန်ပြီ။ ကျောင်းတော်ရာရဲ့ စေတီပုံစံ က မကွေးမြသလွန် တို့ ပုံစံ အတိုင်းပဲ ဘေးက ဇရပ်တွေ ကတော့ မြန်မာမှုအနုလက်ရာတွေ အညာဆိုပေမဲ့ မုံရွာဘက်က လက်ရာနဲ့ နည်းနည်း ကွာတယ်။ ဒီဘက် က လက်ရာ က တမျိုး ကြည့်ကောင်းပြန်တယ်။ ကျောင်းတော်ရာ က မြန်မာပြည်က ဘုရားရှင် လက်ထက် ရဟန္တာဖြစ်ခဲ့သော ရှင်ပုည ရဲ့မွေးရပ်လို့ ဆိုကြတယ်။ ဒီအရပ်ဟာ ဘုရားရှင်လက်ထက်က ဝါဏိဇ္ဇဂါမ လို့်ခေါ်တဲ့ ကုန်သည်ရွာ ကြီးတဲ့ ဒီရွာမှာ အရှင်ပုညရဲ့ မွေးရပ်တဲ့ ရှင်ပုညရဲ့ တောင်းပန်လျှောက်ထားချက် အရဘုရားရှင်က ကျောင်းတော်ရာမှာ တရားဟော ရွှေစက်တော်မှာ ခြေတော်ရာချခဲ့ တာလို့ ဆိုကြတယ်။ သမိုင်းအနေနဲ့ မှန် မမှန်ကို ကျွန်တော် မဆုံးဖြတ်တတ် ကျွန်တော်က သမိုင်း ဆရာမဟုတ် လူတို့ ယုံကြည်လက်ခံ သက်ဝင်သော ယဉ်ကျေးမှုကို ထိန်းသိမ်း သော ပုံပြောသူ တစ်ယောက်သာ သမိုင်းအရ မှန် မှန်ဆိုတာ ကျွန်တော်အလုပ်မဟုတ် ဒေသခံ လူထု ယုံကြည် လက်ခံနေသော ဓလေ့များ ယဉ်ကျေးမှု အပျော့တည် အမာတည်များကိုသာ လေ့လာနေမိတယ်။

ကျောင်းတော်ရာဘုရားနဲ့ အတူ ထူးခြား ထင်ရှားတာ က စန္နကူးပင်တွေ နဲ့ ဘုရားငါးကြီးတွေ ကျောင်းတော်ရာ ၀င်း ကြီး တစ်ခု လုံး စန္နကူးပင်းတွေ အများကြီးပေါက်ရောက်နေပေမဲ့ ရှင်ပုည ကြေးရုပ်ရှေ့က အပင်တစ်ပင် ပဲ အမွေးအနံ ရတယ်။အခြားပင်တွေ လည်း မွေးကောင်းမွေး နိုင်ပေမဲ့ ဒီအပင်ကတော့ အတော်လေး မွေးတယ် နှာခေါင်းနဲ့ ကပ်ပြီး မွေးကြည့်တော့ အတော်မွေးတယ်။ တောတိုင်းတွင် စန္နကူးမရှိပေမဲ့ ကျောင်းတော်ရာမှာတော့ စန္နကူတွေ ထောင်ချီရှိတယ်။ အဖိုးတန်လှတဲ့ စန္နကူးပင်တွေ ကို ကြည်ရတာ ကြည်နူးမှုနဲ့ အတူဂုဏ်ယူဝင်ကြွား မိသေးတယ်။ ဒါမျိုးတခြား မှာ ရှိနိုင်ရဲ့လား ဆိုပြီးတော့လေ။

နောက် ဘုရားငါးတွေက ကျွန်တော်တို့ သွားတဲ့ရာသီမှာ လာလေ့မရှိတော့ မတွေလိုက်ရပေမဲ့ ဒေသခံတွေ ပြောတာကိုပဲပြန် ဖောက်သည် ချလိုက်တော့မယ်။ တကယ်ထူးခြားတာ က ဘုရားငါးတွေ က သူရာသီအချိန်မှပဲ လာတယ်။နောက် ငါးတွေက အတော်ကြီး က လူခန္ခာတစ်ဝက်လောက်ရှိတယ်။ ဘယ်နေရာသူတို့ မူရင်းဒေသဆိုတာ လည်း မသိရဘူး။ ဒီရာသီရောက်ရင် ဧရာဝတီ မြစ်ကနေပြီး မုန်းချောင်းထဲကို ၀င် ပြီးကျောင်းတော်ရာ ဘုရားကို လာ ဖူးကြတယ်။ ဒီအချိန်ရောက်ရင် ငါးပိုက်ထောင်တာ တွေ မလုပ်ရဘူးတဲ့ နောက် ဘုရားငါးတွေ ကို သီလရှိတဲ့ ဘုရားလူကြီးတွေ က မြစ်ဝမှာ သွားကြိုရသတဲ့ ကြိုတဲ့ သူက သီလ သမာဓိမရှိရင် လည်း ဘုရားငါးတွေ က မလာ ဘူးတဲ့။ တခါ က ကျွန်တော်တို့ အကြီးအကဲကြီး တပါးက ငါးတွေ ကို သွားကြိုတယ် ဘုရားငါးတွေ က တိရိစ္ဆာန်ဆိုပေမဲ့ သိတယ် ထင်ရဲ့ မလာဘူး နောက်မှ ဘုရားလူကြီးတွေ သွားကြိုမှ လာတယ်တဲ့ ဒေသခံတွေ ပြောတာကို ပြန်ပြောတာပါ ྶ။

ကျောင်းတော်ရား ဘုရားကို ကြည်ပြီး ပန်ချီဆရာ ဦးအောင်ဇင်(ဥိးစိုးနိုင်) က ဘုရားစေတီတစ်ခု ရဲ့ လက်ရာကို ကြည့် ပြီး ဘုရား ဒကာ ရဲ့ စိတ်ကို ခန့်မှန်း နိုင်တယ်တဲ့ သမိုင်း အမြင်နဲ့ မဟုတ်ပဲ ဗိသုကာ လက်ရာ အနေနဲ့ အနုပညာ အမြင်နဲ့ ပေါ့ စေတီပုံတိုး ရဲ့ လက်ရာ ရဲ့ လိုင်း ဖွဲ့စည်းမှု ထုတည် တည်ရှိမှု အမာအပျော့ အတင်းအဖော့ အလေးအပေါ့ ကို ကြည့်ပြီး စေတီ။ဒကာရဲ့ စိတ်ဓာတ် ကို ရိပ်စားမိနိုင်သတဲ့ ပညာရစရာပါ။

ငါဟဲ့ ဘလော့ဂါ

ဘုရားဖူးပြီးတာ နဲ့ ကျွန်တော်တို့ ပုံပြောရမဲ့ ဖိုးပေါက်ကျောင်း၊သစ်တော်ကျေးရွာ မင်းမြေကျေးရွာ အုပ်စု ပွင့်ဖြူမြို့နယ် မကွေးတိုင်းကို ဆက်ခရီးနှင်ရတယ်။ သိပ်မကြာဘူး ၁၀ မိနစ်လောက် နဲ့ ရောက်သွားတယ်။ ကျောင်းရောက်တော့ ကလေးတွေ လူငယ် လူရွယ်တွေ မှအများကြီး အယောက် ၇၀၀ ကျော်တယ် အတန်း ၃ တန်း ခွဲထားတယ်။ သူငယ်တန်း လောက်ကနေ ၄ တန်းလောက် ကို တန်းခွဲတစ်ခု ၅တန်းကနေ ၈ တန်းလောက် ကို တန်းခွဲတစ်ခု ၉ တန်းကနေ အသက် ၂၅ လောက် ကို တန်းခွဲတစ်ခု အားလုံးပေါင်းတန်းခွဲ ၃ ခု ကလေးတွေ လူငယ်တွေ လူရွယ်တွေ ကို ၇၀၀ လောက် ထိစုနိုင်တာ အံစရာ ဘုန်းဘုန်းလေးရဲ့ ဘုန်း ကြောင့် အားထုတ်မှုကြောင့် ဒီလောက် လူတွေ များတာ ပေါ့လို့ ထင်မိတယ်။

ကျောင်းကို ရောက်ရောက် ချင်း ကျွန်တော်တို့ အရွယ် လူ တစ်ယောက် က ကိုဥဂ္ဂါ ဆိုတာ ဘယ်သူလဲ လို့ စမေးတယ် ကျွန်တော်က ကျွန်တော်ပါလို့ ပြောတော့ အကိုက ဘလော့ဂါဆိုလို့ မေးတော့ ဟုတ်ကြောင်းမှန်ကြောင်း အခုတော့ အိမ်ခြေရာခြေမဲ့ ဘလော့ဂါ ဖြစ်နေကြောင်း ပုံပြောသူများ ဘလော့ မှာပဲ ရေးနေကြောင်း မြန်မာ့ ပရက် နဲ့တွေ စရေးနေကြောင်း ရှည်ရှည်လျားလျား ရှင်းပြလိုက်တဲ့ အဲ နောက် မြန်မာဂျီးနီယက် အကြောင်းပြောတော့ သူက ကျွန်တော်တို့ ရဲ့ မြန်မာဂျီးနိယက်ကို သိနေတယ်ဗျ။အစက ကျွန်တော်ဘလော့ကို ဖတ်တဲ့ ပရိတ်သတ် ထင်နေတာ နဲနဲသွေးကြီး သွားတယ် နောက် မှာ ကျွန်တော် ဘလော့ဂါ ဖြစ်ကြောင်း ဦးဇင်းက ပြောထားလို့ သိတာ တဲ့ ကောင်းရော။

ကြီး ၃ ကြီး

ရပ်ရွာမှာ ဘုန်တော်ကြီး တစ်ပါးရဲ့ ဩဇာ အာဏာ ဟာ မသေးလှ ရပ်ရွာတစ်ခု တိုးတတ်ဖို့ ရပ်ရွာခေါင်းဆောင်တွေ အပေါ်သိပ်မှုတည်ပါတယ်။ ဘုန်းကြီး၊လူကြီး၊သူကြီး(ဥက္ကဌ) စတဲ့ ကြီး ၃ ကြီး ကောင်း ရင် ရပ်ရွာမှာ အကျိုးများလှမှာ အမှန်ပါပဲ။ ဘုန်းဘုန်းလေးက သာသနာ တာဝန်ဖြစ်တဲ့ ပရိယတ် အလုပ်မှာ ဆို သာမဏေကျော် ပြီး နိုင်ငံတော်ပရိယတ္တိ တက္ကသိုလ်မှာ လည်း ကျောင်းတတ်ပြီး ပရိပတ်ကိုလည်း အားရင်အားသလို အားထုတ်နေတဲ့ပြီး သာသနာ ဝန်ဆောင် နေရုံတင်မက ရပ်ရွာအကျိုး အတွက်လည်း ကျောင်းပိတ်တဲ့ အခါ ရပ်ရွာက လူငယ်လူရွယ် ကလေးတွေ အကြားအမြင် များစေဖို့ အခုလိုသင်တန်းတွေ ဖွင့်ပေးနေလေရဲ့ ဩော် သံဃာကျေးဇူး သံဃာကျေးဇူး အထူး ကြီးလေစွ။

ကျောင်းက နာယကဆရာတော်ကို ၀င်ဖူး ခဏနား ညီမလေးတွေ ကလည်း ရွာထဲက အိမ်တစ်အိမ်မှာ ရေမိုးချိုး နားပေါ့(အညာက ဘုန်းကြီးကျောင်းတွေ မှာ အမျိုးသမီးမနေရပါ)။ ရေချိုးပြီး ခဏကြာတာ နဲ့ ကျွန်တော်တို့ အားလုံး ကလေးတွေ နဲ့ မိတ်ဆက်က တယ် နာမည်ဘယ်သူ ဘယ်အဖွဲက ဘာလုပ်တယ် ဘာညာ ကွိကွပေါ့။

လူမျိုးရေး အစွဲ မကျွတ်သူကြီး

မိတ်ဆက်ပေးနေရင်း ကျွန်တော်တို့ အဖွဲ့ထဲက ပုဂ္ဂိုလ်တစ်ယောက်က ဗမာ လူမျိုးကြီးဝါဒအကြောင်း စဟော ဗုဒ္ဓဘာသာ အကောင်းဆုံးဖြစ်ကြောင်း ဟောတော့ စိတ်ထဲ အနည်း အငယ် ကသိကအောင့် ဖြစ်သွားသေးတယ်။ တိုင်းရင်းသား ကျွန်တော်သူငယ်ချင်းတွေ က မင်းတို့ က လူမျိုးကြီး ဝါဒီတွေ လို့ ဗမာတွေ ကို ပြောတုန်းက ကျွန်တော် သိပ် နာကျင် ခဲ့ ဘူးတယ်။ အခုလိုပြောတာ ကြားတော့ ကျွန်တော့် သူငယ်ချင်းတိုင်းရင်းသားတွေပြောတာ မလွန်လို့ စဉ်းစားမိတယ်။ ဘာလို့ လူကို လူလို့ မမြင်နိုင်တာ လည်း သူလည်း တရားအားထုတ်နေတယ်ဆိုပြီး လူကို ငါသူတပါး ယောင်္ကျားမိန်းမ မဟုတ် နာမ်ရုပ်လို့တောင် မမြင်နိုင်ပဲ လူမျိုးရေးအစွဲတွေ ကြီးနေတာ နားထောင်မိတဲ့ ကလေးတွေ တကယ်မှတ်ယူလိုက် ရင် ခွကျပြီ။ ဒီပုဂ္ဂိုလ်က ဒီမှာတင်မရပ်သေး ဗုဒ္ဓဘုရားရှင် ကပဲ ဗမာလူမျိုးလိုလို ဗမာ ဆို ဗုဒ္ဓဘာသာပဲ ကိုးကွယ်ရမလိုလို ဗုဒ္ဓဘာသာက လွဲ ကျန်ဘာသာတွေ ကပဲ ဆိုးဝါ နေသလိုလို စတဲ့ သတင်းအချက်အလက်အမှားတွေ ပေးနေတော့ စိတ်ထဲ ဒေါသအတော်ထွက်မိတယ်။ ဒါပေမဲ့ လူကြီး လူငယ် ဆိုတော့ ကျွန်တော်ဒေါသကို မျိုသိပ်လိုက်ပါတယ်။ နောက်မှ ကလေးတွေ ကို လမ်းတည့်မယ်ပေါ့။

ဒီပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာ ကောင်းကြောင်းတွေ ပြောနေလို့ ကျွန်တော်တင်းတာ မဟုတ်ဘူး သတင်း အချက်အလက် အမှားတွေ ပေးနေလို့ဒေါသထွက်မိတာ။ဘယ်နဲ့ ဗျာ ဘုရားရှင်က အိန္ဒိယမှာ မွေးတာ ဗမာ မဟုတ်ဘူး နောက် ဗုဒ္ဓဘာသာ ဆိုတာ လူမျိုးတစ်မျိုးထဲ ရဲ့ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ဘူး။ဗုဒ္ဓဘာသာကောင်းကြောင်းပြောဖို့ တခြား ဘာသာတွေ ကို မကောင်းပြောစရာမလိုဘူး နောက် မကောင်းတဲ့ အရာတွေ ဆိုတာကို သူများပြောလို့ သိတာ ထက် ကိုယ်ဘာသာကိုယ်သိတာက ပိုကောင်းတယ် ထင်တယ် ဟိုဟာမကောင်းဘူး ဒီဟာမကောင်းဘူး လို့ ပြောနေတာ ထက် ကောင်းမကောင်း စဉ်းစားတွေးခေါ်တတ်အောင်သာ သင်ပေးသင့်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ လူတွေ ကို စဉ်းစားတွေးခေါ်တတ်အောင် ဝေဖန်ပိုင်းခြားနိုင်အောင် သင်ပေးတာ ပိုမကောင်းဘူးလားဗျာ။ သူဘာသာ တရားသေအောင်အားထုတ် လူမျိုးရေး ဘာသာရေးအစွဲတွေ အစွဲကြီးနေတဲ့ မဟာ့ မဟာ ဘာသာရေး သမား အမည်ခံတွေ ကို ကျွန်တော်လုံးဝမကြည်ညို မရိုသေနိုင် မလေးစားနိုင်ပါ။

သာသနာရေးနဲ့ ပတ်သတ်လာရင် ကျွန်တော်အတော်အပြောမဆိုခံရတယ် ဗုဒ္ဓတရားတော်ကို ဘာမှ ပရိုမိုးရှင်း ဆင်းစရာမလို့ ကြော်ငြာစရာမလို သူ့ မူလတန်းဖိုးက ဘယ်တော့မှ လျှော့ မသွားဘူး လူတွေ ကို သိနိုင်အောင် လုပ်ပေး သိလာအောင် လုပ်ပေးတာ သာသနာပြုတယ်လို့ မှတ်ယူပါတယ်။ ယုံကြည်ခြင်း မယုံကြည်ခြင်း က ကျွန်တော်တို့ ကိစ္စမဟုတ်။ ကျွန်တော်အလေးစားဆုံး ဆရာကြီး ဦးရွှေအောင်ရဲ့ စာအုပ်ထဲ မှာ အမြင်သုံးမျိုး အကြောင်း မှာ ပပဉ္စအမြင် ဗြဟ္မာအမြင် နိဗ္ဗာန်အမြင် ဆိုပြီး ရှိပါတယ်။့ပပဉ္စအမြင်က ရှင်းပါတယ် တဏှာ မာန ဒိဠိ နဲ့ စွဲလမ်း၊မာန်တတ်၊မှားမြင် တာ၊ဗြဟ္မာအမြင်ကတော့ သူဌေး၊ငမွဲ၊တရုတ်၊ကုလား၊မြန်မာ၊ကချင်၊ ဖြူသူ မဲသူ ညိုသူ အာဏာရှိသူ လို့ မမြင် လူကို လူလို့ သာ မြင် တဲ့ အမြင် မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ နဲ့ ကြည့်တဲ့ အမြင်၊ နိဗ္ဗာန်အမြင်ကတော့ အမြင့် ဆုံးပဲ နာမ် ရုပ် နှစ်ပါးသာမြင်တဲ့ အမြင်(အသေးစိပ်သိလိုသော် ဦးရွှေအောင်၏ ဘဝအမြင်သစ် စာအုပ်ကို ရှု)။ဒီအမြင် သုံးပါးမှာ ဗုဒ္ဓဘာသာ ရဲ့ အကျင့်အကြံတွေ ကို ကလေးလူငယ်တွေ ကို သင်ကြားပေးမဲ့ ထိုပုဂ္ဂိုလ်ကား ပပဉ္စအမြင် နဲ့ လူမျိုးရေးအကြောင်းပြောနေတော့ ကြနော် ဝမ်းနည်းမိပါတယ်။

ကျွန်တော်ရဲ့ ညံချက် ဖျင်းကွက်များ

ကျွန်တော်တို့ အားလုံးမိတ်ဆက်ပြီးတာ နဲ့ တစ်ပြိုင်နက် ခဏနား ထမင်းစားပြီး ကျွန်တော်တို့ ပုံပြောသူများ ပုံပြောဖို့လုပ်ငန်း စရပါတော့တယ်။ အစက ပုံပြင်ပြောမဲ့ အစီအစဉ်တွေ ကို lesson plan ပုံစံအတိုင်း လုပ်မယ်လို့ စီစဉ်ထားပေမဲ့ မလုပ်ဖြစ်ခဲ့ နဂိုအတိုင်း ရိုးရိုးလေး အစီအစဉ်ချ ပြီးတော့ပဲ လုပ်ရဗတာ့တယ်(ကျွန်တော် ညံဖျင်းမှုကြောင့် ဖြစ်တယ်)။နောက် ရွာရဲ့ လူမှုဓလေ့တွေ ယဉ်ကျေးမှုတွေ ရွာက လူကြီးတွေ ပြောတဲ့ ပုံပြင်တွေ ကို စုဆောင်းမယ် လေ့လာမယ်လို့ အစပထမ ရည်ရွယ်ထားပေမဲ့ ကျွန်တော် အတော်ဖျင်းလို့ မလေ့လာမိတဲ့ အပြင် ညီမလေးတွေ ဖြစ်တဲ့ သီရိ သူဇာ တို့ ကိုလည်း သေသေချာချာ ဆွဲမခေါ်နိုင်ခဲ့ စနစ်တကျမဖြစ်ခဲ့ပါ ဒါတွေ အားလုံး ကျွန်တော်ရဲ့ ညံဖျင်း အသုံးမကျ မှုတွေ သာ။

ပုံစပြောပြီ

ကလေးတွေ ကို အရင်ဆုံး စိတ်ဝင်စားအောင် ကိုကောင်းက မိုးလက်ခုပ် နဲ့ ဖွင့် ပုံပြောသူများ အကြောင်း စပြော ညီမလေး သီရိ နဲ့ သူဇာက အစီအစဉ်ဆွဲ နေတာပေါ့ ကလေးတွေ က ပုံပြင်နားထောင် ချင်တာ များတယ် သီချင်းဆိုတာ ကတာ ခုန်တာ သိပ်မလုပ်ရဲ ကြ သိပ်မလုပ်ချင်ကြဘူး ပုံပြင်နားထောင်မယ် ဆိုတာ ချဉ်းပဲ။နောက် သီချင်းအတော်အများ ကသူတို့ သိပြီးသားတွေ ပြီးခဲ့တဲ့ နှစ် သင်တန်းတတ်တဲ့ သူတွေ က သီချင်း အတော်အများရနေကြတယ်။ သိပ်တော့ မထူးဆန်းလှ ဘုန်းဘုန်းအရှင်ဆေကိန္န ယဉ်ကျေးမှုသင်တန်းသင်ရိုးကို ဒီကျောင်းက ဆရာတွေ ဆရာမတွေ က ကလေးတွေ ကို သင်ပေးဖူးတာကြောင့်တဲ့။ ဒီတော့ ဒီအတန်းကို သီးချင်းဆို အက နည်းနည်း ပုံပြင်များများပြောပြီး သင်ရတယ်။ ညီမလေးတွေ နဲ့ ကိုကောင်းတော့ အတော်ပင်ပန်းကြတယ် ကလေး အယောက် ၅၀၀ ကျော်ကို မိုက်ခရိုဖုန်း မပါပဲ ထိန်းရတာ လွယ်တာ မှတ်လို့။ နောက် ပထမဆင့် တန်းခွဲ ပြီးတော့ ခဏနားတယ် ပြီးရင် ဒုတိယအဆင့် အတန်းဝင်ရမယ် နေက ပူလှတယ် လူက အိုက်လှတယ် ဒါပေမဲ့ ကလေးတွေ ကို ပုံပြောရရင် ပျော်နေတဲ့ ကျွန်တော်တို့ မှာ ပျော်လှတယ် ရွှင်လှတယ်။

ကျွန်တော် မိုက်ခဲ

ကျွန်တော်တို့တွေ ခရီးရောက်မစိုက် ပုံတန်းပြောရပေမဲ့ အားလုံးပင်ပန်းတယ်လို့ မညည်း ပျော်ပျော်ရွင်ရွင် ရွှင်ရွှင်လန်းလန်းပါပဲ။ ဒုတိယတန်းခွဲ(အလယ်တန်း) ကတော့ အတော်သင်လို့ကောင်းတယ် သိပ်လည်း မကြီးလွန်း သိပ်လည်း မငယ်လွန်းတော့ အဆင်ပြေတယ်။ သိပ်အဆင်မပြေတာက နေရာ ကျောင်းဆောင်အရှည်လေး ဆိုပေမဲ့ အပေါ်က သွပ်မိုး အချိန်က မွန်းတည့် ဆိုတော့ ပူတာမှ လွတ်ပူတာ ကလေးတွေကော ကျွန်တော်တို့ ပုံပြောသူတွေ ပါ ချွေးထွက်တာ ရွဲနေတာပဲ ပင်ပန်းပေမဲ့ ကောင်းမွန်တဲ့ ကလေးတွေ ရဲ့ တုန့်ပြန်မှုကြောင့် အမောပြေခဲ့ပါတယ်။

အဲ ကလေးတွေ ရဲ့ တုန်ပြန်မှုကလည်း အားရစရာ အချိန်ကလည်း ကြိုက်သလောက် ယူလို့ ၇တော့ ကျွန်တော်ပြောချင်တာတွေ ဇွတ်ပြောတော့တာပဲ့ အနောက် က ကိုကောင်းနဲ့ ညီမတွေက ပင်ပန်းလို့ တော်ပြီလို့ အချက်ပြနေတာ သတိမထားမိဘူး ကိုယ်ပြောချင်တာ ကို ကိုယ်ဘာသာ ဇွတ်ပြောနေတာပဲ ဒါနဲ့ ညီမတွေ နဲ့ ကိုကောင်း က ကျွန်တော်ကို နာမည် ပေးလိုက်တယ် မိုက်ခဲတဲ့………………….

ခွေးကြောင် ချစ်တဲ့ ဆရာတော်

ဒီကျောင်းက နာယက ဆရာတော်အကြောင်း ကြုံလို့ ပြောရအုန်းမယ်။ ဆရာတော်ကခွေးအတော်ချစ်လှတယ် လူနဲ့ ခွေးနဲ့ ဆို ခွေးကို ပိုချစ်တယ် သူ သက်တော် ၆၀ နောက်ပိုင်းမှ ခွေးကို ချစ်က အရင်က အလွန်ခွေးမုန်းတယ်တဲ့။ သူကျောင်းမှာ လူက ခွေးကို ခဲနဲ့ ပေါက်တာတို့ တုတ်နဲ့ ရိုက်တာ တို့ လုပ်ရင် လူကို ခေါ်ဆူသတဲ့ ဗျာ။ နောက် ဘုန်းဘုန်း က ခွေးတွေ ကို လူတွေစကားပြောသလိုကိုပြောတာ ခွေးတွေ အတွက် ကြောင်တွေ အတွက် အစာကို မကွေးကနေတောင် မှာ ပြီးကျွေးတာတဲ့။ ဘုန်းဘုန်းက လူထက် ခွေးက ပိုကောင်းတယ် လူတွေ က ဟန်ဆောင်တတ်တယ် ခွေးတွေ က ဟန်မဆောင်တတ်ဘူး တဲ့။

ကျွန်တော်က လူတွေ ဟန်မဆောင်ပဲ စိတ်ထဲ ရှိသလို လုပ်ရင် ကမ္ဘာပျက်တာ ကြာပေါ့လို့ ပြောချင်ပေမဲ့ မပြောလိုက်ရပါ လူလေ ဟန်ဆောင်တတ်တာပေါ့။

သစ်တော်ရွာ

ညနေ ၄ နာရီလောက်ကြတော့ ပုံပြောစရာ စာသင်စရာမရှိတော့ ကျောင်းဘေးက မန်ကျဉ်းပင်ရိပ်လေးမှာ နားကြတာပေါ့။နားရင်းနဲ့ သစ်တော်ရွာက ဖိုးပေါက်ကျောင်းက ကပ္ပိယကြီးက ကျွန်တော်တို့ ကို မုန့်စား ရေနွေးသောက် ဖိတ်တယ်တော့ သစ်တော်ရွာက ကပ္ပိယကြီး အိမ်ကို အားလုံးချီတတ်ကြတာပေါ့။သီရီနဲ့ သူဇာက စားဖို့ ဆိုတာ နဲ့ ခြေလှမ်းက အတော်သွက်တယ်။ ကပ္ပိယကြီး အိမ်မှာ ချကျွေးတာတွေ က ဗူးသီးကြော်ပါတဲ့ အကြော်စုံ မြေပဲလျော်၊လဘက်သုတ် ရေးနွေးကြမ်းကလည်း ကောင်းမှကောင်း ဗူးကြီးကြော်တာက မုန့်နှစ်ကို ကောက်ညှင်းနဲ့ လုပ်တော့ အိအိလေးနဲ့ စားလို့ကောင်းတယ် ဗူးသီးကြော်တဲ့ ပုံစံက ဗူးသီငါးပေါင်းကြော် ရန်ကုန်သူ ရန်ကုန်သား တွေ ဒါမျိုး ငတ်နေတော့ စားလိုက်တာ အကြော် ၃ ဇလုံ လဘက်သုတ် နှစ်ပွဲ တတ်ပြောင်ပေါ့။ အဓိကစားတာ သီရီနဲ့ သူဇာပေါ့ ဒီကလေးမတွေ က အစားပုပ်တယ်လေ။ ဟီးဟီ ကျွန်တော်လည်း ငတ်ငတ် နဲ့ စားတာအတော် ဗိုက်တင်းသွားတယ်။ သူဇာတို့ သီရိတို့ အစားမက်နေတုန်း ကိုကောင်းက မုန်းချောင်းဘက် ဆင်းသွားတော့ ကျွန်တော်လည်း နောက်ကလိုက်တာပေါ့။ မုန်းချောင်းကို တွေတော့မှ လှတာမှ စက်စက်ယှိတယ် ဆိုသလိုပဲ လှလိုက်တဲ့ အညာရူခင်း ကပ္ပိယကြီး အိမ်က မုန်းချောင်းကို မေးတင်ထားတာလေ သစ်တော်ရွာက လည်း မုန်းချောင်းကို မေးတင်ထားတယ်။ သစ်တော်ရွာလို့ အမည်ပေးထားတာ က စန္နကူးသစ်ပင်တွေကို ဒီရွာက စိုက်ပေးရလို့ သစ်တော်လို့ အမည်ပေးတာတဲ့။ ဒီရွာက ရွှေတိဂုံကို တည်တဲ့ ကုန်သည်ညီနောင် ရဲ့ ဇာတိတဲ့ ဒီရွာကတဲ့ ဒေသခံတွေ ပြောတာပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါ ကို ဒီရွာသားတွေ ဂုဏ်ယူစရာ ကိုယ် ဒေသကိုယ် ချစ်မြတ်နိုးစရာလေး အဖြစ် ဒီရွာသူရွာသားတွေ ပြောနေမှာ အမှန်ပဲ။

 

ဆက်ရန်ကျန်သေးသည်……………………………

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s