နွေကန္တာ ရွှေအညာခရီး ၂

မုန်းချောင်း ကို မမုန်းပါ
သစ်တော်ရွာကေလး မေးတင်ထားတဲ့ချောင်းက မုန်းချောင်းတဲ့ ရေတတ်ချိန်ဆို ရွာက ကအိမ်ေခြေတွ အောက်ခြေအထိ မြုပ်သတဲ့ မုန်းချောင်းရဲ့ ရေတတ်ချိန်မှာ ရေတိုက်စားလို့ ကမ်းပါးပြိုတ နောက် ကမ်းပါးက သစ်ပင်တွေ ကို တောင် တိုက်စားတယ်သွားလို့ ကမ်းပါးပြိုလို့ ချောင်းထဲ ကျေနတဲ့ သစ်ပင်တွေ ကိုတောင် တွေခဲ့ ရတယ်။ သစ်ပင်တွေက လူတွေ စိုက်ပျိုးေမြေတွ မပျက်စီးအောင် အသက်ရှိသမျှ တွန်းလှန် ကာကွယ်ပေးကေမဲ့ ရေဇာင်းက ထက်သမို့ မခိုင်ပဲ ယိုင်လဲ သွားရှာတဲ့ လူတို့ မိတ်ဆွေ အာဇာနည် သစ်ပင်ကြီးတွေ ကို ကျွန်တော် အေလးပြုမိပါတယ်။ ဒီမုန်းချောင်းက ရေတိုက်စားလို့ ကမ်းပိုပြီး တစ်ဖက်ကို နှူန်းတွေ ပို့ချ တစ်ဘက်မှာ သောင်ထွန်းလို့ တဘက်ကမ်းက လူတွေကို အကျိုးပြန်ပြုပြန်တယ်။ သဘာဝကြီးက လူတွေကို အမျိုးမျိုးကျွန်ခံနေတာကို ကျွန်တော်တို့ တွေ က ကျေးဇူးမမြင် ကျေးဇူးကန်းရင် တချိန် သဘာဝက လူတွေကို ပြစ်ဒဏ်ခတ် မှာကို တွေးမိပြီး စိတ်ပူမိတယ်။
ဧရာဝတီ မြစ်ထဲ က စီးဝင်လာတဲ့ တဲ့ မုန်းချောင်းက ဒီနယ်တေကြာက လူတွေ ကို ရေစီးတဲ့ အသက်သွေးကြောင်းကို ဖောက် ထုတ်ပြီး လူတွေ အသက်ရှင်နေထိုင်ရေးအတွက် စေတးခံ နေတဲ့ ကျေးဇူးရှင်ကြီးပါ နွေအခါ သူဆီက ရေတွ ကို လူတွေ ယူငင် သုံးစွဲလို့ သူက စိတ်မဆိုး အနစ်နာခံ ပေးဆပ်နေတဲ့ ချစ်စရာ ချောင်းကြီးပါ သူ နာမည် သညာက မုန်း ဆိုပေမဲ့ ကျွန်တော်မမုန်း ဝံပါ မမုန်းရက်ပါ မုန်းချောင်းလေးရယ်။သင်ဟာ ဒီဒေသရဲ့ ကျေးဇူးရှင် သဘာဝရဲ့ လက်ဆောင်မွန်ပါ အသင့် ကမ္ဘာတည်သ၍ တည့်ရှိနေပါစေ လို မဝံမရဲ ဆုတောင်းပါတယ်။

ပညာရေး ရင်မေအးဖွယ်
ဒီရွာ တဝိုက်က ပညာရေးအားပေးတယ် ထင်တယ်လို့ ပြောကြည့်တော့ ကျွန်တော်တို့ ကို လိုက်ပို့ တဲ့ ကို နော်ကို က မထင်နဲ့တဲ့ ဘယ်သူကမှ တက္ကသိုလ်မပို့ချင်ကြဘူး တက္ကသိုလ်ပို့ လိုက်ရင် ပျက်စီးတယ် ပိုက်ဆံ ကုန်တယ် ဘာမှ ထူးထူးချွန်ချွန်လည်း မဖြစ်ကြဘူး နောက် ကိုယ့်အိမ်အလုပ် လုပ်မဲ့ လူ လုပ်အားလျော့သွားတာ ပဲ အဖတ်တင်သတဲ့ ဗျာ။ ဟုတ်လည်း ဟုတ်တုပ်တုပ်တော့ ရှိသား။ လက်ရှိပညာရေးက လူအပြင်လောကမှာ ဘယ်နေရာပြန်အသုံးချမလဲ အသက်မွေးကျောင်း တက္ကသိုလ်မဟုတ်ပဲ ရိုးရိုးဘွဲ့လောက် နဲ့ ဘယ်နေရာဘယ်မှာ ပြန်လုပ်မလဲ မလွယ်လှ ။ ဒါကြောင့် အလယ်တန်း အထက်တန်းလောက် တတ်ပြီး ကျောင်းထွက်တာ များတယ်။ ပညာတွေ တတ်အောင်သင် ပညာမတတ်ရင် အေဖတို့ လိုပင်ပန်းမယ် ဆိုတဲ့ မြန်မာကားထဲ က စကားကိုသွားတွေးမိပြီး ပြုံးမိသေးတယ်။
ဒီလိုရပ်ရွာတွေအတွက် အခြားတဘက်က သမရိုးကျမဟုတ်တဲ့ ပညာရေး တစ်ခုခုတော့ လုပ်သင့်တယ်ထင်တယ်။ အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခု ဒါမှမဟုတ် စိုက်ပျိုးနည်းပညာ သစ်တွေ ကို သင်ကြားပေးမဲ့ တောင်သူလယ်ကွင်းကျောင်းလေးတွေ ဖွင့်နိုင်ရင် မဆိုးလှလို့တော့တွေးမိတယ်။ ကျွန်တော်တော့ မလုပ်နိုင်တွေးမိယုံသက်သက်သာ။
စာပေဟာပြောပွဲ ပထမည
အားလုံးပင်ပန်းနေကြပြီဆိုပေမဲ့ ဆရာတော်မောင်ခိုင်တည်၊ဆရာမောင်သာချို၊ဆရာမိုးထွန်းတို့ က ည ၆နာရီမှာ စာပေဟာပြောပွဲစရမယ်။ ညဘက် ကျွန်တော်တို့ လုပ်ငန်းတာဝန်မရှိ နားချင်နား မနားချင် စာပေဟာပြောပွဲမှာ နားထောင်ယုံသာရှိတယ်။ ဒါပေမဲ့ အေတ်ာပင်ပန်းလို့ ညီမေလးတွေကာ ကျွန်တော်တို့ ပါ နားလိုက်တယ်။ ကိုကောင်းနဲ့ ကျွန်တော်ကေတာ့ ကိုယ်ဆရာတွေဟာပြောတာကို ဓာတ်ပုံ လိုက်ရိုက်ပေးရတာပေါ့။ ကိုယ်ဆရာတွေ ဘာတွေပြာသွားလဲ သေချာတော့မသိ ။နောက် စာပေဟာပြောပွဲပြီးတော့ ညီမေလးတွေကို သူတို့တည်းတဲ့ ဇောင်းချမ်းရွာက အိမ်ကို လိုက်ပို့ပေးလိုက်တယ်။
ညီမေလးတွေတည်းတဲ့ အိမ်က လူတွေက ပေါ့သေးသေးမဟုတ် အိန္ဒိယသွားပြီးပြီ ဘုရားဖူး ကျောင်းဒကာ ဒကာမေတွ ဒီနယ်တဝိုက် သူတို့ လှူထားတာတွေက မနည်းလှ တောသူသေဌးအိမ်ပေါ့။
ညောင်ညိုပင်ရိပ်
ညောင်ညိုပင် ရိပ် ဆိုတာ ကျွန်တော်တို့ ဘာသာ အမည်ပေးထားတဲ့ နာမည်တစ်ခု ပါ ဇောင်းချမ်းကုန်း ရွာ နဲ့ သစ်တော်ရွာ ကြားက ပေညာင်ပင်အောက် ဇရပ်တစ်ဆောင် ဆောက်လုပ်ထားတာ ကို အနုပညာ ဓာတ်ခံ မေသးကြေသာ ကိုယ်ဆရာတွေ က ညောင်ညိုပင် ရိပ်ဆိုပြီး အမည်သညာ ပေးထားခြင်း ဖြစ်သည်။ ဒီညောင်ညိုပင် ရိပ်က အညာနွေ ရဲ့ အပူဓာတ်ကို တော်လှန်ပေးသော ကျွန်တော်တို့ ရဲ့ စခန်းသာ လေးပါ။ စာသင်ပြီး ပုံပြောပြီး တိုင်း ဒီညောင်ညိုပင်ရိပ်မှာ လာ အနားယူရတာ အေတ်ာအဆင်ပြေ လှပါတယ်။
ပန်းချီဆရာ ဦးအောင်ဇင်က ဒီမှာ ခေရယွန် နဲ့ ပုံကြမ်းခြစ်တယ်။ ဆရာတော်မောင်ခိုင်တည်က သဘာဝကို ခံစားပြီး သဘာဝအဖွဲ့ ကဗျာတွေ ရေးတယ်။ ဥိးမိုးထွန်း နဲ့ မောင်သာချိုက တစ်ယောက် နဲ့ တစ်ယောက် ဆွေးနွေးငြင်းခုံ ရန်ဖြစ်ကြတယ်။ ကိုကောင်းနဲ့ ညီမေလးနှစ်ယောက် ကေတာ့ ကင်မရာတစ်လုံး နဲ့ ပဲ အမျိုးမျိုးပေးပြီး ဓာတ်ပုံ ရိုက်နေလ ရဲ့။ ကျွန်တော်လား ညောင်ညိုပင်ရိပ်မှာလေ အေဆွး ဓာတ်ခံ နဲ့ ဥဂ္ဂါ တစ်ယောက် တည်းအေဆွးကြီး ဆွေးပေါ့ကွယ် ။

လူကြီးတန်း(တတိယအဆင့် တန်းခွဲ)
လူအေတ်ာအများ က ပုံပြောသူများဆို ကေလးတွေ နဲ့ ပဲ ပတ်သက်တယ် လူကြီးတွေ နဲ့ ဘာမှမဆိုင် ဆိုပြီး လူအေတ်ာအများ ထင်ကြမြင်ကြတယ်။ အခု လည်း မောင်ဥဂ္ဂါ တို့ ကို ကေလးတွေ ရဲ့ အသုံးတော်ခံ အဖြစ်ပဲ မြင်နေကြတာ အေတ်ာဆိုးတယ်။ နောက် ဘုန်းဘုန်းကို သေချာ ရှင်းပြမှပဲ လူကြီး တန်းကို သင်ခွင့် ရသွားတယ်။ ရောက်ပြီးတော့ အတန်းစုံကို တွေထိချင်တယ် ပြောချင်တယ်။ သူတို့ အေကြာင်း သိချင်တယ်။
လူကြီးတန်းမှာ ၉ တန်း ၁၀ တန်းက နေပြီး အသက် ၂၅ နှဝစ်အထိ ပါတယ်။ သူတို့ က နောက် မှာ ကျွန်တော် တို့ ကည အေပါ် မှာ ခုံကြီး နဲ့ ထိုင် ရင် ကောင်းမလား ချက်ချင်း သူတို့ နဲ့ တစ်သားထဲ ဖြစ်အောင် မြေကြီးပေါ် ထိုင်ကြလိုက်တယ်။ သူတို့ နည်းနည်း တွန့်သွားတယ် ဘာလဲဟေပါ့။ အဓိက ရင်နီုးအောင် ပြောရဲ ဆိုရဲ ရှိအောင်ပါ။ ဒါပေမဲ့ အားလုံးဟာ ပါးစပ်ပိတ် လက်ပိုက် ပြီး မျက်လုံးလေးတွေ အပြူးသားကြည်နေကြတဲ့ ပုံသဏ္ဍန်က မေပြာင်းလဲသွားဘူး။ ဟုတ်လည်း ဟုတ်ပါတယ် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုး လာတဲ့ တစ်လမ်းသွားပညာရေးစနစ်ကြီး ဆရာပြောတာ အမှန် တပည်က နားထောင်ရုံသက်သက် ဆိုတဲ့ စနစ်ကြီးကို မောင်ဥဂ္ဂါ က တစ်ရက် နှစ်ရက် နဲ့ ပြောင်း နိင်မယ် ထင်နေတာ ကိုး မိုက်ပ မောင်ဥဂ္ဂါရေ။
နောက် သူတို့ နဲ့ ရင်းနီုးရင်ပြီးရော ဆိုပြီး ကစားနည်းတွေ ပဲ ကစားခိုင်းတော့ တယ်။ ကစားနည်း ကစားတော့ အသံထွက်တယ် အသံ ထွက်တော့ လူလာတယ် လူလာတော့ ပွဲဆူတယ်။ အဲ ဂိမ်းကစားနေရင်း မထင်မှတ်တာ တစ်ခု ဖြစ်သွားသေး ကစားရင်း ညီမေလး သီရိကို စလိုက်တာ နည်းနည်းြ့ကမ်းသွားပြီး လူပျိုပေါက် အပျိုပေါက် တွေ ရှေ့မှာ အထင်လွဲစရာတွေ နဲနဲ ဖြစ်သွားတယ်။ နောက်တခါ နှူတ်မသရမ်းအောင် နေမှ ပဲ ညီမေလး သီရိရေ တောင်းပန်ပါတယ်။ ခုနက တိပ်ဆိတ်နေတဲ့ စာသင်ခန်းက အခုမှပဲ သာသာယာယာ ဖြစ်တော့တယ်။ ကျွန်တော်တို့အောင်မြင်ပါတယ် ဂိမ်းကစားတာ ဆူသွးဖို့ သွက်သွားဖို့ ကိုး။ ဘုန်းဘုန်းလေးက ကေလးတွေ ကိုပါ ဂိမ်းတွေ ကစားစေချင်တယ် ထင်တယ် ကေလးတွေ က အေတ်ာများတယ် Class size အေတ်ာကြီးတော့ ဂိမ်းကစားဖို့ မလွယ်လှဘူး။ ဘာပဲပြောပြော ဘာမှပြန်မေပြာတဲ့ လက်ပိုက်ခေါင်းငြိမ့် တဲ့ ယဉ်ကျေးမှုကို ဂိမ်းနဲ့ ဖြိုခွဲ နိုင်ခဲ့ ပြီ။
စာကြည်တိုက် ပြန်လုပ်မဲ့ ရဲဘော်တစ်ကျိပ်
ညေနပိုင်းတော့ စာကြည်တိုက် လုပ်နည်း သင်တန်း ပေးရမှာ သင်တန်းသားက ၁၀ ယောက် ကျွန်တော် စာသင်ပြီးတဲ့ လူကြီးတန်း(တတိယအဆင့် တန်းခွဲ)က လူတွေ များတယ် နောက် ဒီရပ် ဒီရွာ က ဆရာမ လုပ်တဲ့ သူတွေ လည်း ပါတယ်။ ဘွဲရေတွ လည်းပါသလို ဘွဲ မရ တရ တွေ ၁၀ တန်း ဖြေပြီးသားတွေ လည်း ပါတယ်။ ကျွန်တော်ကို ရိုန်တာ ထက် သူတို့ အချင်းချင်း ပြန်ရိုန်နေကြတယ်။ အချို့ က ဆရာမေတွ ကိုး။
သူတို့ ကို စာသင်ရတာ အရုပ်ကို သင်ရသလိုပဲ။ ဘာမှလည်း ပြန်မေပြာ ဒီတော့ ပူးပေါင်းပါဝင်မှုကို သူတို့ ဘာသာ လုပ် ခိုင်တယ် အဖွဲ့ခွဲ ပြိုင်ခိုင်တယ်။ ကိုယ်ဘာသာ ကိုယ် စဉ်းစား ဆုံးဖြတ် တွေးခေါ် မြော်မြင် ခိုင်းတယ် အဆင်ပြေတယ်။ သူတို့ ကို အုပ်စု လိုက် ဆွေးနွေးတာတွေ များများ လုပ် ဂိမ်းလေး နည်းနည်း ကစားပြီး။စာကြည်တိုက်ငယ် နဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တာလေးတွေ နဲနဲပြော။နောက် သူတို့ ကို မြောက်ပေး(အဲမှားလို့) စိတ်ဓာတ်ကို လှုံဆော်ပြီး ၃ ရက် သင်ရမှာကို ၄ နာရီ နဲ့ အပြတ်သင်လိုက်တယ် ပြီးရော။
သောက်တော်ဘူး ရယ် နဲ့ အို မကွာ
အညာမြေမှာ အကြာကြီးနေခဲ့တဲ့ ကျွန်တော်က အညာ ထန်းရည် ဘယ်လောက်ကောင်း လည်း ဆိုတာ အသိဆုံး ကျွန်တော်မလာခင် ဦးမိုးထွန်းကလည်း ထန်းရည် ကျွန်တော်ကို အဝတိုက် မယ် ဆိုတဲ့ အေကြာင်း ဖောင်ဖွဲ့ အောင် ပြောထားပေမဲ့ သူကလည်း ဘာမှမစီစဉ်ကေသး ဘူး အနီး ပတ်ဝန်းကျင်မှာ လည်း ထန်းပင်တွေ တွေ ပေမဲ့ အားလုံး ထန်းဖိုတွေ ချည်း။ ညီမနှစ်ကောင် ကလည်း ထန်းရည်ရရင် သူတို့ ကို လက်တို့ဖို့ သတိပေးတယ်။ ကောင်းပ မုန့်ဆီကြော်ဘယ်ရောက်မှန်း မသိ ကျွန်တော်တို့တွေ နှုတ်ခမ်း ပြင်နေကြပါပြီ။
ဒီဆန္ဒကို မုန်းချောင်းသွားတဲ့ အခါ သစ်တော်ရွာသား ကို လူချော တစ်ဦးရဲ့ စီမံမှုကြောင့် ကျွန်တော်တို့ ကိုကြီးကျော် နဲ့ သန္တတိအမတ်ကြီးတို့ အဖွဲ့ ထန်းရည်သောက် ရပါတော့မယ်။

ထူးလည်း ထူးတယ် မှုးလည်း မှုးတယ် မုန်းချောင်းမှာကွယ်
မုန်းချောင်းမှာ ရေကူးဖို့ ဆိုပြီး ငါးကျွေးဆိပ် ကျော်တော်ရာဘုရာဆီ ဘုရားလာဖူးတဲ့ သူတော်ကောင်း ဘုရားငါးကြီးတွေ ကို အစားကျွေးတဲ့ ဆိပ် ဆီ မောင်ဥဂ္ဂါ တို့ လူမိုက်ကြီး တစ်စု ရောက်ပြီး ရေကူးကြေပျာ်ကြရွင်ကြ သောက်ကြစားကြ အားလုံး ပျော်ကြတယ်။ ဘုန်းဘုန်း မောင်ခိုင်တည်တောင် ငါ သဏင်္န်း နဲ့ မို့ နောက် ဆို ငါလည်း ကူးမယ် သတဲ့။
အဲ မုန်းချောင်းမှာ ရေကူးတာ မဟုတ်ဘူးနော် ရေစိမ်တာ ဒီအချိန် နွေအခါ မုန်းချောင်းက ရေက ဒူးဆစ်လောက် ရှိတာ ဘယ်လို ရေကူးရမလဲ။ ဒါတောင်ရေကူးလို့ ရတယ် လို့ ပြောတဲ့ သူက ရှိသေး ဘယ်သူလဲ ဟုတ်လား အခြားသူ ဘယ်ဟုတ်မလဲ မိရွှေသူဇာပေါ့ ဗျာ လက်ထောက်ပြီး တကယ်ရေကူးနေသလို ကူးသဗျ။ တတ်လဲ တတ်နိုင်ပ ညီမရယ်။
နောက် ဒူးဆစ်လောက် ရှိတဲ့ ရေကို ရေတိမ်နစ်မှာ စိုးလို့ မဆင်းပဲ ပဲများနေသူ တစ်ဦး လည်း ရှိတယ် သူလား သူက နောက် ညီမေငး တစ်ယောက် ဖြစ်တဲ့ မိရွှေသီရိပေါ့။ နောက် သူပဲ ရေစိမ်ပြီးပျော်နေရဲ။ ဒါပေမဲ့ နောက်ပိုင်း သူမျက်နှာက မေကာင်းလှဘူး ကျွန်တော်စတာ ကြောင့်ပဲလား အခြား အေကြာင်းကြောင်းတွေ ကြောင့်လား ကျွန်တော် မေမးကြည့်လိုက်ပါ။
ရေစိမ်တဲ့ သူတွေ ကြား အကဲဆုံး အသဲဆုံးလေးက တော့ ကျွန်တော့် အကိုကြီး ဆရာကောင်းပါ။ ရေကို ဘယ်အချိန်ထဲက စိမ်ချင်နေမှန်းမသိ ဟိုဘက်ပြေးလိုက် ဒိဘက်ပြေလိုက် ဒူးဆစ်လောက် ရေထဲ ဒိုင်ဘင် ထိုးလိုက်နဲ့ အံပ အံပ။ အားလုံးပြီးတော့ လည်း သူနောက်ဆုံးမှ တတ်တယ်။ မဟာ ဂန္တာရီဆရာကြီး ကောင်း မုန်းချောင်းမှာ ရေထုံ များ ကူးနေ လေသလား။
ကျွန်တော်ရယ် ဦးမိုးထွန်းရယ် မောင်သာချိုရယ် ကေတာ့ သန္တတိအနွယ်ဝင် ပီပီ ထန်းရည် ပုံးဘေးက တစ်လက်မ မှမခွာ အမိမြေကို ကာကွယ်စောင့်ရှောက် နေသာ တပ်မေတ်ာသားများ ရဲ့သို့ ထန်းရည် ပုံကို စောက်ရှောက် ရင်း သောက်ကြတယ်။ နောက် ကာကွယ်စောင့်ရှောက်နေသာ ထန်းရည်များမှာ ကာကွယ်စောက်ရှောက်သူများ ၏ လက်ချက်ကြောင့် အနိစ္စ သေဘာနဲ့ ကိစ ချောကာ တပုံးလုံးတတ်တတ်ပြေင်သွားရော။ အဲဒိနေ့ က ကျွန်တော်တို့ အားလုံး ပျော်ရွင်ကြေနသည်။
စာပေဟာပြောပွဲ ဒုတိယည
ဒီ ညေတာ့ စာပေဟာပြောပွဲဟာ မေန့ ကေနာက် လူမစည် ကြိုတင်မေကြညာတာကော အသံချဲ စက် ပျက်တာကောကြောင့် ဖြစ်လိမ့်မည်။ လူ သိပ်မလာပေမဲ့ ကိုယ်ဆရာတွေ ဟောချက်ပြောချက်တွေ က မေန့ ကထက်ကောင်းလှသည်။ အစိမ်းရောင်း ဘုန်းဘုန်း မောင်ခိုင်တည် က သဘာဝကို ချစ်သူပီပီ သစ်ပင် သစ်တော ကို ထိန်းသိမ်းသင့်ကြောင်း သစ်ပင်တွေ စိုက်ကဆိုတဲ့ သူရေးတဲ့ ကဗျာကို ကျောရိုးယူပြီး ပြောသွားတယ်။
ကျောင်းဆရာ လူထွက် အယ်ဒီတာကြီး ဦးမိုးထွန်းကလည်း စာကြည်တိုက် တွေ အေကြာင်းကို စစ်ကိုင်း မြစကြာ စာကြည်တိုက် နဲ့ ဧကရာဇ် တို့ ရဲ့ ဘဏ္ဍာတိုက် တို့ ကို ကိုးကားပြီး ဝေဝဆာဆာ ပြောသွားတယ်။ ကျွန်တော် စာကြည်တိုက် လုပ်မဲ့ ရဲဘော်တစ်ကျိပ် အတွက် အားဆေးပေါ့။ ကြေညာခ ပေးစရာမလိုပဲ စာကြည်တိုက် ကို ပရိုမိုးရှင်း လုပ်ပေးသွားတယ် ကျေးဇူပါ ဦးမိုးထွန်းရေ။
စာနယ်ဇင်းသမား သတင်းစာ ဆရာဟောင်း ဦးသာချိုကလည်း စာရေးဆရာဘ၀ သတင်းသမား ဘ၀ ခက်ခဲပုံ ကြမ်းတမ်း ပုံတွေ ကို နတ်သံနှော ပြောသွားတာ ရယ်လည်း ရယ်ရ အားလည်း အားကျစရာ ဒီနေ့ ည စာပေ ဟောပြောပွဲလေးကေတာ့ မုန်းချောင်း ရေကြာင့် လား ပင်ကျတဲ့ ရေကြာင့် လား မသိ အေတ်ာအသက်ဝင်လှတယ်။
သန္တတိ မှ နာလာဂီရိ
စာပေဟာပြောပွဲ အပြီး ထမင်းစားပြီးတော့ ညောင်ညိုပင်ရိပ် ဇရပ်မှာ ကိုယ်ဆရာ သန္တတိ  အမတ်များ က နာလာဂီရိ လို အရက် ကိုးမောင်းသောက် သင့်ကြောင်း အဆိုတင်သွင်းမှုကို ပြည်သူလွတ်တော်ကော အမျိုးသား လွတ်တော်ကော က တခဲနက် ထောက်ခံကြသည် ဖြစ်၍ ညောင်ညိုပင် စခန်းသာရွာထိပ် ဇရပ် သို့ နာလာဂီရိ ဇာတ်ခင်း ရန် ကြွချီတော်မှုကြေလတယ်။
ညောင်ညိုပင်မှောင်ရိပ်တွင် ထန်းရည် နောက်တစ်ပုံကို အပြှိုင်အဆိုင်မော့ကြရာ မကုန်တော့ ဘူးဟု ထင်မှတ်ထားကြေသ်ာလည်း သန္တတိ အမတ်ကြီးများမှာ နာလာဂီရိဖြစ်သွားသော်ကြောင့်  လွယ်ကူစွာပင် တတ်တတ်ပြောင်ခဲ့တယ်။ သန္တတိမှ နာလာဂီရိသို့ အသွင်ကူးပြောင်းရာတွင် ဒီမိုကေရစီ အသွင်ကူးပြောင်း သကဲ့သို့ ညင်သာစွာ ပြောင်းလဲ ရေသာကြောင့် အရက်ကိုးမောင်း မေသာက် ခဲ့ပဲ ထန်းရည် ၃ ဂါလံသာ သောက်ပြီး အာသာပြေတယ်ဟု လွတ်တော် ဥက္ကဌကြီးက ပြောကြားသွား တာ မှတ်သားလိုက်ရပါတယ်။
မြောင်းဘောင်လမ်းဘေး နံနက်ခင်း
စေရာက်တဲ့ နေက စပြီး နံနက်ခင်း နံနက်ခင်းတိုင်း ကျွန်တော်၊ကိုကောင်း၊ဦးမိုးထွန်း၊ဦးအောင်ဇင် တို့ နဲ့ အတူ တူးမြောင်းဘောင် တစ်လျှောက် လမ်းပတ်လျှောက်နေကြ နံနက်ခင်း အညာရဲ့ သွာယာ လှပ ပုံ ဒေသခံတွေ ရဲ့ လုပ်ငန်းခွင်ဝင်ပုံ နံနက်ခင်း သူတို့ ရဲ့ လူမှုဘ၀ တွေကို ကြည့်ရှူလေ့လာရင်း ဦးအောင်ဇင် နဲ့ ပန်းချီ အနုပညာ အေကြာင်းပြောရင်း ဆိုရင်း ဦးမိုးထွန် နဲ့ လွတ်လပ်မှုအေကြာင်း အခြား ဒသနေတွ အေကြာင်း ဖောင်ဖွဲအောင်ပြောကြတယ်။ ကျွန်တော်တို့ ရဲ့ သင်ယူစရာ နံနက်ခင်း လမ်းဘေး စာသင်ခန်းပါ။

ဒီလိုပြောနေရင်း ဆည်မြောင်းနဲ့ ရေရရှိရေး ကိစ္စေတွေ ကို ပြောဖြစ်တယ်။ ဒီဒေသမှာ ဆည်ရေကြာင့် သုံးသီး စားလို့ ရတာ မှန်ပေမဲ့ ဒီဆည်ရေကို အာဏာရှိတဲ့ လူတစ်စုက လက်ဝါးကြီးအုပ်ထားတာ သွားတွေ့ရတယ်။ အာဏာကို အခွင့်ထူးခံပုံစံနဲ့ လက်ဝါးကြီးအုပ်ထားတာ မုန်းစရာကောင်းတာ။
ရှေ့ဆက်ဖို့ ခွန်အား
ဒီနေ့ က ကျေန်ာတို့တွေ ပြန်ရေတာ့မဲ့ နေ့ စားကောင်းသောက်ကောင်းပြီး ပျော်နေတာမို့ ပြန်တော့ မပြန်ချင် ကေလးတွေကလည်း ၃ရက်ထဲဆိုပေမဲ့ သံယောဇဉ်တော့ ဖြစ်မိသား။ အဲဒီလိုတွေးနေစဉ် မှာ ကေလးတစ်ယောက် က သူရေးထားတဲ့ ပုံပြင်လေးကို သီရိကို လာပေးတယ်။ သူလည်း ပုံပြောသူဖြစ်ချင်တယ်တဲ့ ဝမ်းသာလိုက်တဲ့ ဖြစ်ချင်း ကြည်နူးလိုက်တာ ပုံပြောခြင်းဓေလ့ မေပျာက်ဖို့ အနာဂတ်အတွက် ခွန်အားတွေ ထပ်ရရှိသွားပြီ။ မင်းပုံပြောနေရင် မင်းဟာ ပုံပြောသူပေါ့ ကေလးရယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ ပုံပြောခြင်းဓေလ့ ရှင်သန်ဖို့ အတွက် အသက်ရှိသ၍ လုပ်မယ် ဆိုတာ ကို ခိုင်ခိုင်မာမာဆုံးဖြတ် ဖြစ်တယ်။

ဆုငွေ ၅၀၀၀
ပြန်ခါနီးမို့ နာယကဆရာတော်ကို ဖူးရင်း နူတ်ဆက်ဖြစ်တယ်။ ဆရာတော်က ကျေန်ာတို့ အဖွဲ့ကို အေတာ် သေဘာကျတယ်။ မင်းတို့တွေက ပေါတောတောလေးတွေ ဒါပေမယ်ကောင်းတယ်တဲ့။ ဆရာတော် က စာပေဟာပြောပွဲမှာ နိုင်ငံရေးစကားတွေ ပါလို့ စာရေးဆရာတွေကို သိပ်သေဘာမကျ တဲ့ ပုံ။ ကျေန်ာတို့ကိုတော့ အေတ်ာသေဘာကျလို့ ကျေန်ာတို့ တစ်ယောက်စီ ကို ဆုငွေ ၅၀၀၀ စီ ဆုချလိုက်တယ်။  ဒီငွေကို ကျေန်ာလည်း ကိုယ်ပိုင်သုံးဖို့ ယူထားလိုက်လို့ ပြောလိုက်တယ်။ ညီမေတွကေတာ့ အဖွဲ့ ပြန်လှူရင် ကောင်းမလားဆိုပြီး တွေးနေသး။ ကျေန်ာအထင်တော့ မုန့်ဖိုးပဲဖိုးလေး လိုပဲ တကိုယ်ရည် သုံးသင့်တယ်ထင်မိတယ်။ အဖွဲ့ပြန်လှုချင်ရင်လည်း လှူပေါ့လေ။

နှူတ်ဆက်ခဲ့ပါတယ်
ပြန်ရေတာ့မယ် နှူတ်ဆက်စကားပြောဖို့ ကေလးတွေ စောင့်နေကြတယ်။ ကျေန်ာတို့တွေ သူတို့ ကို နှူတ်ဆက်ကြမယ်။ နှူတ်ဆက်စကားပြောတော့ ဆရာတော်လေးက ဒီလူကို ရွာမှာခေါ်ထားမလား လို့ မေးတယ်။ evaluation လုပ်နည်းတမျိုးပေါ့။ ကေလးတွေက ပုံပြောသူများကို အားပေးလွန်းလို့ အတူပါလာတဲ့ ဆရာတွေကိုတောင် အားနာမိရဲ့။ ကေလးတွေက ကျေန်ာတို့ ကို သူတို့အိမ် ခေါ်ထားမယ် ဆိုတာချည်းပဲ။ မိရွှေသီရိတို့ ကလည်း နေမယ်ဆိုတာကြီးပဲ။ ဒါပေမဲ့ ကျေန်ာတို့ မေနရစ်ပါ။ နှူတ်ဆက်စကား ပြောရတာလည်း ဝမ်းနည်းလိုက်တာ။ နောက် သီရိတို့ တည်းတဲ့ အိမ်က ကားနဲ့ လယ်ကိုင်း လမ်းဆုံ ကို သွားပြီး ရန်ကုန်သွားမဲ့ ကားကို စောင့်ဖို့ ကျေန်ာတို့ သစ်တော်ရွာ ဖိုးပေါက်ကျောင်းက ထွက်ခဲ့ ပါတော့တယ်။

ပြီးပါပြီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s