Sustainable Dependency

ကျွန်တော်ရဲဘော် အောင်အောင်ရေးထားတာ ပါ တွေးစရာများ ရမလားလို့

 

ကျွန်တော် Alternative Mainstream ဆိုတဲ့စကားလုံးကို အသုံးပြုတော့ ကျွန်တော့်ကို ဥဂ္ဂါက ခွေးကောင် မင်း တော်တော် ပေါက်တတ်ကရစကားလုံးတွေထွင်တဲ့ကောင်ဆိုပြီးဆဲပါတယ်။ ဒီတစ်ခါလည်း ကျွန်တော့်ကို ထပ် ဆဲဦးမယ်ထင်ပါတယ်။ ကျွန်တော် နောက်ထပ်စကားလုံးတစ်လုံးထွင်လိုက်ပြန်ပြီလေ။ အဲဒါကဘာလဲဆိုတော့ Sustainable Dependency တဲ့ ရေရှည်တည်တံ့သော မှီခိုခြင်းလေ။ ကျွန်တော်တို့ဖွံ့ဖြိုးရေးလောကမှာ အရမ်း လူသုံးများကြတယ်မဟုတ်လား၊ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးတို့၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးတို့။ ကျွန် တော်ကလည်း အားကျမခံတီထွင်လိုက်တာလေ။ ကျွန်တော့်ကိုတော့ တော်တော်များများ ဝိုင်းဆဲကြမှာတော့ အသေအချာပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးရေးလုပ်တဲ့သူတွေဟာ ကိုယ်လုပ်ဆောင်တဲ့၊ ကိုယ်တာဝန်ထမ်းဆောင်တဲ့ရပ်ကျေးလူထုက ကိုယ်တိုင်ရပ်တည်နိုင်ပြီး သူတို့ဒေသဖွံ့ဖြိုးရေးကို သူတို့ကိုယ်တိုင်လုပ်ဆောင်သွားနိုင်ကြရေးကို ဦးတည် ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး၊ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပါဘူး။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်ချင်းမတူညီကြတာကြောင့် လုပ်ကိုင်ဆောင်ရွက်ပုံချင်းမတူညီကြတာ မဆန်းပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးရေး၊ ရပ်ကျေးလူထုကိုအခြေခံသော ဖွံ့ဖြိုးရေးတို့ကိုသာ သွားကြတာတွေ့ရပါတယ်။ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ရဲ့ သင်တန်းဆင်းတွေကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရပ်ကျေးလူထု အခြေပြု ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းလေ့လာနိုင်ဖို့ ကချင်ပြည်နယ်ဘက်ကို လေ့လာရေးတစ်ခုစီစဉ်လိုက်ပါ တယ်။ သူတို့စီစဉ်လိုက်တဲ့နေရာတွေက ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးနဲ့ ရပ်ကျေးလူထုကိုအခြေပြုသော ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ကိုင်နေကြခြင်းနဲ့ နာမည်ကြီးနေကြတဲ့ဒေသတွေပါ။ အဲဒီမှာ ကျွန်တော်တစ်ခု မေးကြည့်မိတာ။ အဲဒီအောင်မြင်နေတဲ့လူတွေက သူတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘယ်က ရံပုံငွေနဲ့ လုပ် ကြသလဲပေါ့။ အဲဒီတော့ သိလိုက်ရတာက ဘာအိတ်က၊ ညာအိတ်က စသဖြင့် အသီးသီး ရယူကြတယ်ပေါ့။ တစ်ခုမှ မယူတဲ့အဖွဲ့မပါဘူး။ အဲဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာတစ်ခုက ကျွန်တော်တို့ဟာ Community တစ်ခုကိုစဝင်တော့ မယ်ဆိုရင် လုပ်ငန်းစဉ်နဲ့ စီမံကိန်းတွေရေးဆွဲပြီးတော့ လုပ်ဆောင်ကြပါတယ်။ ပန်းတိုင်တွေကတော့ ရပ်ကျေး လူထုပါ ဝင်ပြီး ၄င်းတို့ကိုယ်တိုင် ၄င်းတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားခြင်းအားဖြင့် ရေရှည်ဖွံ့ဖြိုး တိုး တက်ရေးဆီသို့ ဘာညာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းစဉ်တွေက ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ကယ်ကောရောက်ရဲ့လား၊ ကျွန်တော်တို့တွေက မှီခိုခြင်းတွေဆီရောက်အောင်များ ဆွဲဆောင်မိနေ သလားပေါ့။ ကျွန်တော်တို့တွေ ရေရှည်တည်တံ့ပြီး သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်အောင်ဆိုပြီး ကျွန်တော်တို့စီစဉ်ပေးခဲ့တဲ့ Proposal Writing တွေဟာ တစ်ကယ်ကောရေရှည်တည်တံ့သောဖွံ့ဖြိုးရေးလား၊ ရေရှည်တည်တံ့သော မှီခို ခြင်းလားဆိုတာကို ဝေခွဲမရဖြစ်နေမိပါတော့တယ်။ အခုလည်း ကျွန်တော်သိလိုက်ရတာက ရေရှည်တည်တံ့ သောဖွံ့ဖြိုးရေးနဲ့ ရပ်ကျေးလူထုအခြေပြုလုပ်ငန်းတွေလုပ်ဆောင်တယ်လို့ နာမည်ကြီးနေကြတဲ့ဒေသတွေဟာ ရံပုံငွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ရယူပြီးလုပ်ဆောင်နေကြရတာကိုတွေ့ရပါတယ်။ ဒီတော့ ကျွန် တော်တို့ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးဟာ ရံပုံငွေဘယ်လိုရှာရတယ်။ ဘယ်လို Proposal ကို ဘယ်အဖွဲ့မှာ တင်ရတယ်။ Proposal ကိုဘယ်လိုရေးရတယ်ဆိုတာတွေသင်ပေး။ ပြီးတော့ အဲဒါတွေတတ်သွားတော့ သူတို့ ပြန်လုပ်ကြ။ ဒါဆိုရေရှည်တည်တံ့သောဖွံ့ဖြိုးရေးဖြစ်ပြီလားဆိုတာကို စဉ်းစားစရာအဖြစ် ခေါင်းထဲကို ဝင်လာပါ တော့တယ်။ ကျွန်တော်တို့လိုအပ်မယ်ထင်ပြီး လုပ်နေတဲ့အရာတွေက တစ်ခါတစ်လေ ရေရှည်တည်တံ့သောဖွံ့ ဖြိုးရေး (Sustainable Development) မဟုတ်ဘဲ၊ ရေရှည်တည်တံ့သောမှီခိုခြင်း (Sustainable Dependency) များဖြစ်နေမလားလို့။ သိန်းစိုးနဲ့ဥဂ္ဂါရေ ငါ့ကိုတော့ မေတ္တာမပို့ကြပါနဲ့ဦးဟ။ စိတ်ကူးပေါက်လို့မေးကြည့်တာပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s