ကျွန်တော်၏ ပေါင်းသင်းအပ်သော လူမိုက်များ နှင့် မပေါင်းသင်းအပ်သော လူလိမ္မာများ

ဘုရားရှင်ဟောသော မင်္ဂလာသုတ်မှာ အာသေ၀ါနစ ဗာလာနံ (လူမိုက်ကို မပေါင်းနဲ့)၊ လူမိုက် ပဏ္ဍိတာနဉ္စ သေ၀နာ(ပညာရှိ လူလိမ္မာကိုပေါင်းပါ)  လို့ ဟောထား လျက်နဲ့ မောင်ဥဂ္ဂါ ဆိုတဲ့ ငချွတ်က ဘာကြောင့် ပေါင်းသင်းအပ်သော လို့ ပြောတာလဲ ဆိုပြီး အပြစ်တင် မစောပါနဲ့ ဗျာ။

အခုခေတ်ကြီးက ပညာရှိ လူလိမ္မာဆိုသူတွေ က ဗလာနံဖြစ်နေပြီး လူမိုက်တွေက ပဏ္ဍိတ ဖြစ်နေတတ်လို့ပါ။

ပေါင်းသင်းအပ်သော လူမိုက်များ (ငါးကြော်မကြိုက်သော ကြောက်မိုက် များ)

လူတွေက က လူမိုက်လို့ ပြောတဲ့ သူတော်တော်များများဟာ ကျွန်တော် အပေါင်းအသင်းတွေပါ။ ကျွန်တော် ပေါင်းတဲ့ လူမိုက်တွေ က ဗလာနံမဟုတ်တဲ့ လူမိုက်တွေ ပါ။ တိုင်းပြည်အတွက် လိုအပ်တဲ့ လူမိုက်တွေပါ။ ဒီအသုံးအနှုန်းလေးကို ဆရာမကြီးခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ မှာ တွေ့လို့ ကြိုက်လို့ ယူသုံးလိုက်တာပါ။

NGO ဆိုတော့ လစာများများ ရမှာပေါ့

NGO မှာလုပ်တော့ ဒေါ်လာစားရမှာပေါ့

ဂွင် ကောင်းလား

စတဲ့ စတဲ့ မေးခွန်းများကို ခေါင်းတွင်တွင် ခါရမ်းကာ

ထောင် နခမ်းလမ်းလျှောက်

အိုးပစ် အိမ်ပစ် ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေကြသည်။ ကျွန်တော့်၏ ရပ်ရွာ အခြေပြု ဖွံဖြိုးရေးသမားများ လူမိုက်များ….

စာမှုခကို ဆာလာအိတ်နဲ့ ထုတ်ကာ(ကျပ်တန်တွေ)

ကင်မရာ တစ်လုံးလွယ်

ရွာရိုးကိုးပေါက် ချောင်းပေါက်အောင်လျောက်

မင်းသမီးပါးရိုက် ခံရ

ဓာတ်ပုံအရိုက်ကောင်းလို့ အချုပ်ရောက်ရရှာသော ကျွန်တော့် သူငယ်ချင်း သတင်းထောက် လူမိုက်များ……….

အရှုံးပေါ်

အရင်းမြုပ်

ဟိုဟာပေါင် ဒီဟာပေါင်

ရောင်းမရမှန်းသိလျက် အမိုက်ခံ ထုတ်ဝေ နေသော ထုတ်ဝေသူ လူမိုက်များ……………

 

ဘယ်သူမှ မခိုင်းရပဲ

ကိုယ်သိသမျှဝေမျှ

အဆဲခံ အဆိုခံနေရလဲ ရေးမြဲ ရေးဆဲ ဘလော့ဂါ လူမိုက်များ…………

ရှိစုမဲ့စုနဲ့

ပြခန်းလေးလုပ်

တစ်ကားမှရောင်းမရ

ကိုယ်ဘော်ဒါတွေ လာကြည့်ပြီး

ဝေဖန် ချီးမွမ်းတာကို ကျေနပ်နေသည် ပန်းချီဆရာ လူမိုက်များ……………

သူငယ်ချင်းတွေစု

ဟိုနေရာလှူ ဒီနေရာ လှူ

ကလေးတွေ ဖျော်ဖြေ လူကြီးတွေပြုစု

လဲသူကိုထူ အိမ်က ဆူလဲ မငြူမစူ လုပ်နေတဲ့ ပရဟိတ လူမိုက်များ………………..

ထိုလူမိုက်များသည် ကျွန်တော်၏ ပေါင်းသင်းအပ်သော လူမိုက်များဖြစ်ကြသည်။

မပေါင်းသင်းအပ်သော လူလိမ္မာများ

နာ့ ဆရာကို လာ မကြောနဲ့

တေတွားမယ်

မင်းသို့စွေ က ပြင်ညာ ဘီရောက် တီလို့လဲ

နာသို့ခ ခွားဖားမန့်ကို ထရန်ပဲရန်ဆီ ခြစ်အောင်

ဃွက် ခွားဖားမန့်ခြစ်အောင် ယုတ်နေတာကွာ လို့ပြောသော သခင်အားရ ကျွန်ပါးဝနေသော ပညာရှိ လူလိမ္မာကြီးများ…………

ကျွန်တော်တို့ က

လူမှုဖွံဖြိုးကို ပရော်ဖက်ရှင် ကျကျ လုပ်နေတာ

ရပ်ရွာကို ၆၀ ကျွန်တော်တို့ ၄၀ ယူတာ တရားပါတယ် ဆိုသော ဖွံဖြိုးရေးပညာရှင် လူလိမ္မာကြီးများ………….

ဒိမိုကရေစီ အရောင်သန်းနေပြီ

ရယ်ဒီိကယ် အမြင်အရ

ဟို ဘုတ်အုပ်ကြီးက ဟိုလိုပြောထားတယ်

ဆန္ဒတွေ မစောကြပါနဲ့

စိတ်ချ စိတ်ချ

တကယ်တော့ ပေးချင်နေတာ ကြာပြီ ( သောက)

ရတော့မှာ(နောင်တ)

တပွေ့တပိုက်ကြီး ပေးမှာ (ဒုက္ခ)

ချက်ချင်းတော့ မဖြစ်နိုင်သေးဘူး( ၇ ဘ၀စောင့်)

ဆန္ဒတွေမစောပါနဲ့ ရွှေပြည်အေး ငရဲရောက်ကြောင်း ခွေးဖြစ်ကြောင်း တရားဟောသော ပညာရှိကြီးများ……..

ဝ က ဘိမာစွေကို စီကယ်ကောင်းတယ်

ဝ စို့ က မိဆွေစွေတွေပဲ

နှစ် အိမ်တစ် အိမ် နေစာပေါ့

ဝ လူစီက စစ်ပင်လေးစွေ ဂက်(စ်)လေးစွေ ရေနံလေးစွေ ကျောက်တိမ်းလေးစွေ ပဲစူတယ်

ဝ လူကို ဆိုင်ကယ်စုပ်ချီးစွေ ကားစုပ်ချီးစွေ ကျန်ပေးတယ်လေ ပြောသော ခေတ်ပျက်ဇောတိက ပေါက်ဖော် လူလိမ္မာကြီးများ…………..

တတ်တဲ့ အစိုးရ နဲ့

တည်အောင်ပေါင်း

တတ်နိုင်သမျှ တောင်းသော မိတ္တဗလကျေ ဘသုံးလုံး လူနပ်ချမ်းသာ လူလိမ္မာများ……………..

ထိုသူများသည် ကျွန်တော်၏ မပေါင်းသင်းအပ်သော ပညာရှိ လူလိမ္မာကြီးများဖြစ်ကြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s