စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါး ၊ ခင်မြဇင်

စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါး

ခင်မြဇင်

လင်းကြက် စာလုပ်ငန်း

မျက်နှာဖုံး ၀သုန်

၂၀၀၄ ခုနှစ် မတ်လ

ပထမအကြိမ်

ဆရာမကို လူမမြင်ဖူးခင်ကထဲက ဆရာမစာတွေ ကဗျာတွေ ကို ဖတ်နေရင်း ဆရာမခင်မြဇင်ကို စတင် သတိထားမိသည်။ ဆရာသည် ကဗျာဆရာမ စာရေးဆရာမ ပန်းချီဆရာမ စွယ်စုံရ အနုပညာရှင် အယောက် အဖြစ် လေးစားမိတာကြာပြီ။

နောက် ကျွန်တော် ရန်ကုန်ပြောင်းလာတော့  ဆရာမကို လူကိုယ်တိုင်ခင်ခွင့်ရသည်။ ဆရာမ ပြသည် ပန်းချီပြပွဲတိုင်းလိုလို သွားကြည့်မိသည်။ နောက် ဆရာမမိသားစုဝင်တွေဖြစ်သည့် ဆရာမ အမျိုးသား ဆရာဦးသန်းအုန်း(မိုးဝေ အယ်ဒီတာဟောင်း)၊သား အုန်းခိုင်ဇင်(ပန်းချီဆရာ) တို့နဲ့ ပါသိကျွမ်းခဲ့သည်။

ဆရာမရေးခဲ့သမျှ ၀တ္တုတွေထဲ စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါးကို အကြိုက်ဆုံးဖြစ်သည်။ ဒီစာအုပ်ကို စထွက်တဲ့ အချိန်ထဲက ဖတ်မိသည်။ စဖတ်တော့ စာအုပ်ကို အပိုင်ဝယ်ဖတ်တာမဟုတ် မန္တလေးက ဌားနေကြစာအုပ်ဆိုင်က စာအုပ်ကို ကြည်မိတော့ ဦးဝသုန်ရဲ့လက်ရာမျက်နှာဖုံး ဦးဝသုန် အော်တို ရေးခိုင်းတိုင်း ရေးပေးတတ်သည့် လိပ်ပြာပုံလေးနဲ့ သစ်ပင်ကြီးပုံနဲ့ ဖြစ်သည်။ ကျွန်တော်က  ဆရာမ၀တ္တုတိုတွေ ကဗျာတွေသာ ဖတ်ဖူးတာ လုံးချင်းဝတ္တုရှည်ကို မဖတ်ဖူး။ နောက်တကယ်တန်း ဖတ်ကြည်မှ ကျွန်တော် အတော်ကြိုက် သွားခဲ့သည်။ ၀တ္တုအကြောင်း အရာက ကဗျာဆရာမဖြစ်ချင်သည့် ဖြစ်လိုသည် အညာဒေသ ဧရာဝတီမြစ်ကမ်းနဘေးဒေသတစ်ခုက က မြန်မာ အမျိုးသမီးလေး တစ်ယောက် အကြောင်း ကိုယ်တွင်း လူမှုပဋိပက္ခတွေကြား ကဗျာဖြင့် လွတ်မြောက်ရာ ရှာသည် မိန်းမပျိုလေး တစ်ယောက် အကြောင်း ။

စိတ်ကူးမြစ်တစ်ဖက်ကမ်းသို့  ကူးခတ်နေသူကား ပြုံး ။

ကလေးဘ၀မှာ ကလေးတွေကြား ပူပင်ကင်းကင်းမဲ့ စွာဆော့ကစားတတ်သူတစ်ယောက် မွေးချင်းမောင်နှမတွေထဲ အကြီးဆုံး။ ဦးလေးဖြစ်သူ ဦးလေးထွန်းရဲ့ စာအုပ်သတ္တာထဲက စာအုပ်တွေဖတ်ပြီး သိထားသမျှပြန်ဝေမျှ ဖတ်ဖူးသမျှပုံပြင်တွေ ကို သူငယ်ချင်းတွေ မောင်နှမတွေကြား ပြန်လည်ဝေမျှတတ်သူ ပုံပြောကောင်းတဲ့ ကောင်မလေး ပြုံး။ ဒီလို ရိုးသားတဲ့ ရွှင်လန်းတဲ့ နှနယ်နေတဲ့ ကလေးဘ၀ကို အဆိပ်ခတ်ခံလိုက်သည် ပတ်ဝန်းကျင်မှာ ပြုံတစ်ယောက် လူလားမြောက်ခဲ့သည်။

ပြုံးကား မြန်မာ့ထုံးစံ ဖခင်အုပ်ဆိုးသည် စနစ် (patriarchy)ကြီးစိုးသည့် မိသားစုအောက်က ဖခင်ရဲ့ အတ္တကြီးမှု နားလည်မှုမပေးတဲ့ မိသားစုဘ၀မှာ ကြီးပြင်းလာသူတစ်ယောက် ငယ်ဘ၀ အတ္တလွန်ကဲသည့် ဖခင်ကို မုန်းနေရာက မိခင်ကို တွယ်တာမြတ်နိုးသူ ဖခင်ဘက်ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ မျက်နှာလိုက်မှု အရေးပေးမယုံရသည့် နုနယ်လှသည် နှလုံးသားမှာ ဒဏ်ရာရခဲ့သော မိန်းကလေးတစ်ယောက်။

ရင်ထဲက ဒဏ်တွေ ဖြေသိမ့်ဖို့ တကိုယ်ထည်း အထီးကျန်ဆန်ဆန်ရပ်တည်ရင်း  စိတ်ထွက်ပေါက်ရှာရာ မြတ်နိုးသည် ကဗျာနဲ့ ထွက်ပေါက် ဖွေရှာ သဲပေါ်မှာ ကဗျာတွေရေး ကဗျာနဲ့ လွတ်မြောက်ရာရှာ ကဗျာသာ ပြုံး အဖော်မွန်။ ရွှင်းလန်းတတ်ကြွတဲ့ ပြုံး ပတ်ဝန်းကျင်ရိုက်ပုတ် ဒဏ်ကြောင့် မာကျောကျွတ်ဆတ် လာသည်။ လူမှုရေး ပေါင်းသင်းဆက်ဆံရေး မှာ ချို့တဲ့သွားရှာသည်။

ကလေးဘ၀ လိုချင်ထောင့်တသည် ယုယမှုနွေးထွေးမှု အရေးပေးခံရမှု တွေမရသည် မေတ္တာမိုးနည်း ရပ်ဝန်းက ထွန်ယက်စိုက်ပျိုးသူမရှိသည် ရင်ခွင်ပျောက် သစ်ပင်လေး ပြုံး ကလေးဘ၀ ဟန်ဆောင်မှု တွေနဲ့ ကိုယ်ကို့ကိုယ် ကဗျာနဲ့ မဲတင်း အားပေးနေသည်။

ကလေးအတွက်မှု

အဖြူဟာ အဖြူ

မိုးရွာရင်လည်း

မိုးရည်ထဲမှာ ပြေးဆော့နေ

နေပူရင်လည်း

နေပူထဲမှာ ပြေဆော့နေ

လမင်းဝင်းလဲ့ သာတဲ့ အခါ

မျှော်ကာငေးကြည့် တေးဆို၏။

ငါအတွက်မှု

အဖြူလည်း အမဲဖြစ်ရ

လိမ်ညာရကိုယ့်ကိုကိုယ်

မိုးရွာရင်လည်း နေပဲမြင်နေ

နေသာရင်လည်း မိုးပဲမြင်နေ

ကလေး ဘ၀ထဲ က ရင်ထဲ ခံစားချက်တွေကို ရင်ဖွင့် မပြောဆိုတတ် ပဲ ကဗျာနဲ့ သာ ပေါက်ကွဲပြီး ဟန်ဆောင်တတ်လာသည်။

နောက် အရွယ်ရောက်ပြီး တက္ကသိုလ်ပညာသင်ရတော့ ဘယ်သူကိုမှ မတွယ်တာဖူးတဲ့ ပြုံး သူငယ်ချင်း တစ်ယောက် ရခဲ့သည်။ မိခင်ပြီးရင် တွတ်တာရဆုံး လူသား မမမှု။ တွတ်တာသူမရှိ ခင်မင်သူမရှိတဲ့ ပြုံး ကဗျာ အနုပညာတွေ ဖန်တီးရင်း ကဗျာရေးဖော် သူငယ်ချင်း အပေါင်းအသင်းများ ရခဲ့သည်။ ကိုဘုန်းမြတ်၊ဝေးနွယ်၊စိုးပိုင် စတဲ့ ယုံကြည်ချက်တူရာ စာပေ၀ါဒနာရှင် အပေါင်းအသင်းများ ပြုံး ရခဲ့သည်။ ထိုအထဲ က ကိုဘုန်းမြတ် ကို မှ ပြုံးရင်ခုန်ခဲ့သည် စိတ်ထဲ ကြိတ်သဘောကျခဲ့သည်။ ခြောက်သွေ့ အထီးကျန်ဆန်တဲ့ ပြုံးဘ၀ လေး စိုစုပြေပြေ ဖြစ်လာခဲ့သည်။ ဂရုစိုက်ခြင်း အလေးပေးခြင်းကို မခံခဲ့ရသော ပြုံး အမသဖွယ် ဂရုစိုက် အလေးပေးသော မမမှု(မြဦးမူ) နဲ့ ကဗျာရေးဖော် သူငယ်ချင်းတွေကြား ပျော်ရွင်မိတာ အမှန်။

သူ ရင်ခုန်ခင်တွယ်မိသည် ကိုဘုန်းမြတ်က မမူနဲ့ ချစ်ကြိုးသွယ်ခဲ့သည် ကို ကြည်ကပြီး ရင်ထဲ ကြိတ် ၀မ်းနည်းရသည်။ အသံမထွက်ကြိတ်၍ ငိုခဲ့ရသည်။ ရင်တွင်း ဘယ်သူမှမသိမမြင်သည် အသဲကွဲ ဝေဒနာ အတွက် ဆေးဟာ ကဗျာ….

တွယ်တာရသည် သူငယ်ချင်း မမူ အတွက် ရင်ခုန်မြတ်နိုး တိတ်တခိုးချစ်ရတဲ့ ကိုဘုန်းမြတ်ကို စွန့်လွတ်ကာ

အချည်းအနီုးချစ်ခွင့် တစ်ခုသာ

အရိုးပြာများအဖြစ်

ကြဲဖြန့် ပူဇော်ရစ်ခဲ့ပြီ……

ကလေးဘ၀ ထဲ က ဟန်ဆောင်ခြင်းနဲ့ ရင်းနီုးလာသော ပြုံး အဖို့ အခု တကြိမ် ကိုဘုန်းမြတ် ကို မချစ်ဟန်ပြ ရိုးသားတဲ့ မျက်လုံးများနဲ့ ကြည့်တတ်အောင် ပြုံး ဟန်ဆောင်ရပြန်သည်။

ဟန်ဆောင်ခြင်းသည် သူအတွက်

ဝတ်ရုံလည်း မဟုတ်

ကန့်လန်ကာလည်းမဟုတ်

အလင်းရောင်ဖြန့်ကျဲသော

ဟင်လင်းပြင်ဖြစ်သည်။

အစွန်းတရားတို့မှ လွတ်ကင်းသော ထိုဟင်းလင်းပြင် အရပ်၌ ဟန်ဆောင်ခြင်းဌာ မတတ်စွမ်းသာသော ပြုံးသည် နှောင့်ဖွဲ့မှုကို ကဗျာတို့၌သာ အာရုံပြုရင်း လွတ်မြောက်ခြင်းကို ရှာဖွေ ခဲ့ရပါ၏။ နောက်ဘ၀ ဖြစ်တိုင်း လူဖြစ်ရယ်လို့ တစ်ဖန်ဖြစ်ခွင့်ရလေတိုင်း ချစ်ခြင်း မုန်းခြင်း တို့တွင် မတွယ်ငြိ နွံဖြင့် မထိသော ကြာပမာ စင်ကြယ်မြင့်မြတ်ရပါစေသား ပြုံး ဆုတောင်းခဲ့သည်။

မမူ ကား ကဗျာစာပေ စိတ်မ၀င်စားသူ မမူချစ်သူကား ကဗျာဆရာ မမူ ချစ်သူအတွက် ကဗျာ ရေးပေးချင်သည် အခါ ပြုံးကို အကူညီတောင်းသည် ပြုံး ကဗျာရေးပေးလိုက် သည် အဌားရင်ခွင်နဲ့ ကဗျာ ရေးသည့် မဟုတ် ရင်ခွင်စစ် ကို အဌားရင်ခွင် ပုံစံပြု နှလုံးသားရင်နီုးပြီး နှလုံးသွေးစက် တို့ ဖြင့် ကဗျာရေးပေးခဲ့ရသည်။

အသင်္ချေ အချစ်

ဘယ်လောက်ချစ်လဲ

တွက်ရေကြည့်စမ်း

မျှော်မှန်းမရ

ဘ၀ ၀ိညာည် အတူယှဉ်အသက်

ချစ်သည် သထက်ချစ်

စိတ်ကူးမြစ်ရဲ့ တစ်ဘက်ကမ်းပါး

တင့်တယ်ထုံးသော

အဆုံးရဲ့ အစ လုံးဝ လိုအပ်

အလင်းဓာတ်ကလေး

နေရဲ့ ဆီမီး ညီးသော အလျှံ

ရောင်ပြန် ထင်ဟပ်

လွတ်လပ်မျှညီ

လူသားပီပီ ချစ်သည်ဆိုတာ

မဆန်းပါခဲ့

မှန်ကန်ခြင်းရဲ့ နုလုံးသားမှာ

ကောင်းချီးမင်္ဂလာ

အဖြာဖြာလှည့်လည် ချီးကျူးစေချင်

ရင်မှာပွင့်အံ အနွံတာ ခံခဲ့

သောကရဲ့ အပူ

ညီတူ ဝေမျှ ကလေးဘ၀ရဲ့ သန့်စင်မှု

မေတ္တာတွေ စုပုံ

ကာလတွေ ကုန်ပါစေ

မဖော်ပြနိုင်စွမ်းပါလေ

သစ္စာဘုရား

ပင့်ရှိုက်နားခို

အငို နဲ့ အပြုံး တဘ၀လုံးပင်

ရွှေးချယ်ခဲ့မယ် ဆိုပါလျှင်

ဝိညာည်လွင့်ပျယ်

နယ်ပယ်အသစ်

ကမ္ဘာသစ်ထိ အချစ်နဲ့အတူ။

ပြုံနုလုံးသားမှ နုလုံးသွေးနဲ့ ရင်တဲ့ ကဗျာ တစ်ပုဒ် ထွက်လာပြန်သည်။ သာမန်လူတစ်ယောက်မို့ အပေါ်ယံခံစားလိုက်ရတဲ့ အရာတွေဟာ ကဗျာရေးသူအဖို့ စိတ်ကူး နက်ရှိုင်းရင် နက်ရှိုင်းသလောက် စိတ်ဆင်းရဲစရာတွေဖြစ်ရရသည်။

နောက် မမူနဲ့ ကိုဘုန်းမြတ် ကြမ္မာညင်ကာ ကွဲကွာခဲ့ရသည်။ ကိုဘုန်းမြတ်တစ်ယောက် အသဲကွဲရာ မမူနေရာ ကို ပြုံးနဲ့ အစားထိုး ရန်ကြံရွယ်ခဲ့သည်။ ပြုံး လက်မခံ ခဲ့ ရင်ခုန်တတ်စ ရင်ခုန်မြတ်နိုး တိတ်တခိုး ချစ်ရတဲ့ ကိုဘုန်းမြတ်ကို ပြုံး ငြင်းပယ် ခဲ့သည်။

ပြုံးကျောင်းပြီးတော့ အိမ်ပြန်ပြီ ရည်မှန်းမျှော်လင့်ထားသည် မဟာတန်းကို မတတ်ရောက်နိုင်။ ကဗျာ စာတွေ ကြားမွေ့လျော်သူ ပြုံးတစ်ယောက် မိဘ လုပ်ငန်း ဆီစက်မှာ မန်နေဂျာအဖြစ် ကိန်းဂဏန်းများကြား လှုပ်ရှား ရုန်းကန်ရပြန်သည်။ နောက် အိမ်ထောင်ပြုဖို့ မိဘတွေ ဆော်သြတာကို လက်မခံ ပဲ ပြုံး ရှောင်ခွာ ပြေးခဲ့ နေသည်။

ပြုံး ရှောင်ခွာ ပြေးရာ အရပ်ကား

စိတ်ကူးမြစ်ရဲ့ တစ်ဖက် ကမ်းပါး

ဒီဝတ္တုလေးဖတ်ပြီး ရင်းထဲ သိပ်သိပ်သည်းသည်းခံစားရသည်။ အမျိုးသမီးများကို လူမှု အဆောက်အအုံ အရ အနိမ့်ရ လူတစ်ဦးတစ်ယောက် ရဲ့ ပင်ကို သဘောဆန္ဒကို အလေးမထားပဲ လိုရာ ပုံစံခွက်ထဲ ဖိသိပ် သွင်းသည့် ထုံးထမ်းအစဉ်လာ။ မိန်းကလေး ယောက်ျားမရှိရင် မတင့်တယ် မကောင်းလို့ သည် လူဘောင်စနစ်။ ကိုယ်ချစ်သည် မြတ်နိုးသည် သူကိုယ် ကိုယ်က မစရတဲ့ ရေးမထားတဲ့ ဥပဒေ။ ပြုံးရင်ထဲက အန်ကျလာတဲ့ ကဗျာတွေ။ ဧရာဝတီ၊ မြစ်ကမ်း၊ မိသားစု၊ မိခင်၊ မျက်ရည်၊ မိန်းမသားဘ၀ စတာတွေ ကို ပန်းချီဆရာမပီပီ စာဖတ်သူရင်ထဲ ရောက် အောင် ရေးဖွဲ့ နိုင်သည် ၀တ္တုကောင်း တစ်အုပ် အဖြစ် ညွန်းဆိုးပါရစေခင်ဗျာ။

ဖတ်ချင်ရင်တော့

http://www.myanmarebooks.net/archives/2208

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s