တမာမြေမှာ သုံးနှစ်တာ – ဇာတ်သိမ်း

မုန့်ကျွေးပြီးစာသင်ပေးသူများ

ကျောင်းမှာ စာမေးပွဲဖြေရတဲ့ ဘာသာရပ်တွေထဲ အင်္ဂလိပ်စာက အလွယ်ဆုံး တစ်ရက်လောက်စာကြည့်ရင် ဖြစ်သည်။ ဒါကြောင့်ကျောင်းသားတိုင်း မလေးစားချင် အင်္ဂလိပ်စာအချိန်ဆို မတတ်ကြ စာမေးပွဲနီးမှ အတန်းတတ်မှန်တဲ့ သူတွေက စာကူးကြ ရှင်းပြခိုင်းရနဲ့ လုံးလည်ချာလည် လိုက်နေကြသည်။ ထိုသူထဲတွင် မိပိုင်၊မိသော်၊မိနုဝေတို့ ထိပ်ဆုံးကပါသည်။ သူတို့စာမေးပွဲနီးရင် ကျွန်တော်ဆီအမြဲ အပူကပ်ကြသည်။ နောက်ဆုံးနှစ်တွင် Economic Development of Myanmar(EDM)ကို မေဂျာအားလုံး မသင်မနေရ သင်ကြသည်။ ဒီဘာသာကိုလည်း ဒီကလေးမတွေ မရ။ ဒါကြောင့် စာမေးပွဲနီးတိုင်း သူတို့ကို စာသင် ပေးရသည်။ စာသင်ရင်လည်း ရိုးရိုးသင်ရသည်မဟုတ် မုန့်ကျွေးရသည် စာသင်ရင် မပျင်းအောင် အအေးတိုက်ရသည်။ ဤသို့ဤပုံဆိုးသွမ်းလှသော ကလေးမများဖြစ်သည်။ (အချို့ဆိုးသွမ်းသော ကိစ္စများစွာ ကျန်ရှိနေသေးသော်လည်း ကျွန်တော်မသိစေလိုသော ကိစ္စများကို ဖော်ကောင် ပြန်လုပ်မည် စိုးသောကြောင့် ချန်လတ်ထားခြင်းဖြစ်သည်)

နှစ်ပတ်လည် မဂ္ဂဇင်းစာအုပ်

ကျောင်းနှစ်ပတ်လည် မဂ္ဂဇင်းစာအုပ်ထုတ်တော့ ကော်မတီဝင်ထဲ ယောင်ချာချာ ပါလိုက်သေးသည်။ ကျောင်းသားတွေ ဆီက စာမှုစုဖို့ စာရေးဖို့ ပြောသည်။ ကျွန်တော် ကဗျာရှည်တစ်ပုဒ် အင်္ဂလိပ် ကဗျာ တစ်ပုဒ် ရေးပေးလိုက်သည်။ နှစ်ပုဒ်စလုံးပါသည်။ သို့သော် စာရိုက် အမှားလော တမင် အမှားလောမသိ။ ကျွန်တော်က ကလေးစာပေဖခင်ကြီး ဒေါက်တာ မောင်ဖြူးပြောသည် ဆိုတဲ့ နေရာတွင် ဒေါက်တာ မောင်ဖြူးနဲ့ ဆီနဲ့ ရေလို ခြားနားသော ဒေါက်တာ မောင်ထူး (မုံရွာတက္ကသိုလ်ပါချုပ်) နာမည်ထည့် လိုက်သည်။

“လေးစားမှုပြယုဂ် ဖော်ထုတ်ခဲ့အစဉ်အလာ

ဘောဂဗေဒအကြောင်း စံပြုလောက်စရာ…

Wake up!! Our Economists

Why should there be poverty

In the land of plenty?   လို့ ဆိုခဲ့တဲ့

ဒေါက်တာမောင်ဖြူး ရဲ့ စကား

ဆရာဆီက တစ်ဆင့်ပြန်ကြားတော့

သွေးသားဆူပွက် နှလုံးသားထဲ စိမ့်ဝင်

ဘောဂဗေဒပညာ သိမြင်အောင်ကြိုးစားရမယ်။” ဆိုတဲ့ စာပုဒ်မှာ ဒေါက်တာမောင်ဖြူးကို ဒေါက်တာ မောင်ထူး လို့ ရေးသောကြောင့် ကျွန်တော် ကဗျာပျက်လေသည်။ ဒီအကြောင်း ဆရာမတွေလည်း မသိ မဂ္ဂဇင်းကော်မတီလည်း မသိ။ ဒါ မောင်ထူးမဟုတ် မောင်ဖြူးမှန်း စာဖတ်နာသော ကျွန်တော့် ရဲဘော် သင်းနွယ် တစ်ယောက် သာ သိပေသည်။ သူလည်း မဆီမဆိုင် ၀တ္ထူတစ်ပုဒ်ဝင်ရေးသည်။ ဘာပဲပြောပြော ကျွန်တော် ကဗျာတစ်ပုဒ် ပုံနိုပ်စာအဖြစ်မြင်ရတော့ ပျော်ပါသည်။

မြင်မိုရ်အဆောင် မိသားစု

မောင်ဥဂ္ဂါတို့ ပထမနေတဲ့ ဇော်အဆောင် မှာ ယခင်ထက် ယမကာ လုလင်များ ပေါများလာလေသည်။ ထိုယမကာ လုလင်များသည် သောက်ယုံသာမဟုတ်မှုး၏ မှုးယုံသာမဟုတ် ရမ်း၏ ရမ်းယုံသာမဟုတ် ရန်စ ၏။ ရန်စတော့ ရန်ဖြစ် ၏။ ဒီလိုသာ ဆက်နေရင် ရန်သက်ရှည်မည် စိုးသောကြောင့်လည်းကောင်း ကိုယ်ထက် ဆိုးတဲ့သူကို နဲ့ အတူတူနေရန် မဖြစ်သောကြောင့်လည်းကောင်း မောင်ဥဂ္ဂါနဲ့ မောင်ဝဏ္ဏ အဆောင်ပြောင်းလေသည်။ အဆောင်နာမည်က မြင့်မိုရ် မုံရွာတက္ကသိုလ်ဘေး White Friend လက်ဖက်ရည်ဆိုင် အနောက် မှာဖြစ်သည်။ ကျောင်း နဲ့ နဲနဲ ပိုနီးသွားသည်။ ထိုအဆောင်က အဆောင်မှးု က အန်တီသန်းသန်းဝင်း မုံရွာက နာမည်ကြီး မိုးပုလဲမိသားစု အန်တီသန်း အဖေက စောင်းဆရာကြီး ဂီတ အနုပညာမျိုးရိုး စည်းကမ်းကြီးသည် အရက် လုံးဝ သောက်ခွင့်မပြု ဆေးလိပ် သူရှေ့ မသောက်ရဲ။ အဆောင်မှာပဲ ထမင်းစားသည်။ အန်တီသန်းမှာက သားတစ်ယောက် သမီးနှစ်ယောက် သူသမီး အကြီးဆုံးက ကျွန်တော်တို့ သူငယ်ချင်း ဖြိုးအိစံ သားအလတ်က ဖိုးခွား(စစ်မိုးအောင်)၊ အငယ်ဆုံး လေးက ၈တန်း မိသာစုဆန်ဆန်နေရသည်။ မိဘနဲ့ ဝေးနေချိန်မှာ အန်တီသန်းက အမေတစ်ယောက်လို စောက်ရှောက်သည် မဖြစ်သင့်တာ မလုပ်သင့်တာတွေကို ပြောဆိုဆုံးမတတ်သည်။ ဘာသာရေး ကိုင်းရှိုင်းသည်။ ကျွန်တော်မွေးနေ့တွင် အဆောင်မှာ ဘုန်းကြီးသုံးပါးဖိတ်ပြီး ဆွမ်းကပ်သည်။ တခါတရံ ဥက္ကံတောရက ရဟန်းတွေ ကို အာရုံဆွမ်းလောင်းသည်။ ဖိုးခွားက လူငယ် ပီပီ ရိုးသားသည် ရက်(ပ်) သီချင်းတွေ ကြိုက်သည်။ သူနဲ့ တူတူအဆောင်နေရင် ထန်းရည်ခိုးခိုးသောက်ကြသည်။ ကျွန်တော်အတွက် ဖိုးခွားဟာ ညီလည်းဖြစ်သည် သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်သည်။ ပျော်စရာ နေ့ရက် များပေတည်း။

ကျောင်းကပွဲ

နောက်ဆုံးနှစ် ကျွန်တော်တို့ ကို ဒုတိယနှစ် ညီငယ်တွေ က နှုတ်ဆက်တော့မယ်။ နှုတ်ဆက်ပွဲ ဆရာကန့်တော့ပွဲ လုပ်မည်။ ကျွန်တော် ပိုက်ဆံကောက်ရသည်။ ထုံစံအတိုင်း နည်းနည်းပဲ ရသည်။ ကောမက် စာရင်းအင်းက ကိုယ်သူငယ်ချင်းတွေ ကတော့ တီးဝိုင်းဌားမည် ဘာလုပ်မည် ညာလုပ်မည်။ ကျွန်တော်တို့ ဘောဂဗေဒကတော့ တီးဝိုင်းမပြောနဲ့ ဒိုးပတ်ဝိုင်းတောင် အနားမကပ်နိုင်။ ဘောဂဗေဒ နောက်ဆုံးနှုတ်ဆက်ပွဲ နောက်ဆုံးနှစ် အနေနဲ့ သိုက်သိုက်ဝိုင်းဝိုင်းလေးတော့ ဖြစ်စေချင်သည်။ သို့သော် ပိုက်ပိုက်မရှိ ဆရာတွေ အတွက်လည်း မျက်နှာမငယ်ရအောင် ထိုက်ထိုက်တန်တန်လေးက ဖြစ်စေချင်သည်။ ကျောင်းကပွဲကိုလည်း ကောင်းကောင်းလုပ်ချင်သည်။

နောက်ဆုံး ပိုက်ဆံ မရှိပေမဲ့ ကျောင်းသားယိမ်းကမည် အောင်ရင် မြို့မပွဲမှာ ဆိုတဲ့ဇာတိမာန် သီချင်း နဲ့ ECONOMICS ဆိုတဲ့ စာလုံးတွေ ကို ဇကောမှာရေးပြီး ကျောင်းသာယိမ်းကမည်။ နောက် စာရင်းအင်းနဲ့ ၀ါဏိဇ္ဇက ဆရာတွေ ကျောင်းသူတွေ ကို စောင်းချိတ်တဲ့ သံချပ်ထိုးမည်။ကျောင်းမှာဖြစ်တဲ့နေတဲ့ ကိစ္စတွေကို ဟာသလုပ်  ပြဇာတ်ရေးသည် မကခင် ပြဇာတ်ကို ဆင်ဆာလုပ်သည်။ တစ်ပုဒ် ဆင်ဆာထိသည်။ ကိစ္စမရှိ ။ ဒီသုံးခုကို ကျွန်တော်လုပ်သည် မြန်မာစာမေဂျာက ဆရာမတွေ က သံချပ်ရေးကူးသည်။ ယိမ်းတိုက်ကြသည်။ ယခင်က ဘောဂဗေဒလို့ မဟုတ်တော့ အားလုံး စည်းစည်းလုံးလုံး လုပ်ကြတော့ နောက်ဆုံး အောင်မြင်သည်။ ကျွန်တော်တို့ ဆရာဆရာမများတင် မဟုတ် အခြားမေဂျာက သူတွေ ပါကြိုက်ကြ သည်။

ဝါဏိဇ္ဇကလည်း သူတို့ထက်ကောင်းအောင်လုပ်မယ်ဆိုပြီး ကိုဝဏ္ဏဦးဆောင်ပြီး မုံရွာမှာ နာမည်ကြီးသည့် ဖိုးသူတော် ယိမ်း ထွက်ကြသည်။လူ ၇ ယောက်လောက် ကတုံးဖြစ်သွားသည်။ နုဝေတို့ သူဇာတို့ ကလည်း ဗွေးထုတ်အက ကကြသည်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုအောင်မြင်သွားတော့ ကျေနပ်မိသည်။ ပင်ပန်းရ ကျိုးနပ်သည်။

ဘွဲ့ယူစာတမ်း

ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသားအတော်အများဒုက္ခဖြစ်ကြသည်။ စာတမ်းရေးလေ့မရှိ အချို့ ယခင် ရေးပြီး သားကို ဒေတာပြောင်းပြီး ရေးကြသည်။ အချို့ သူများရေးခိုင်းကြသည်။ ငွေယူပြီးရေးပေးသူလည်း ရှိသည်။ အချို့လည်း တကယ် လုပ်ငန်းခွင်သွားလေ့လာပြီး သေချာရေးသည်။ ၀ါဏိဇ္ဇနဲ့ စာရင်းအင်း ကတော့ အဖွဲ့လိုက်ရေးကြရသည်။ကျွန်တော်တို့ ဘောဂဗေဒတော့ တစ်ယောက်တစ်စောင်ရေးရသည်။

ကျွန်တော်ကြီကြပ်သူက ပါမောက္ခ ဒေါ်ဖြူဖြူသိန်း က အလွန်တော်သည် ကျွန်တော်စာတမ်းအတွက် သေသေချာချာ ကြီးကြပ်ပေးသည်။ ဒါပေမဲ့ ကျွန်တော် စာတမ်းတ၀က်မှာတင် သူ မိထ္ထှီလာသို့ ပြောင်းရလေသည်။ နောက် အသစ်ကြီးကြပ်သူက သေသေချာချာ ကြပ်မက်တာမရှိ ပေ။

ကျွန်တော် စာတမ်းက ဆန်စပါး ၏ အရေးပါမှု အခန်း ကဏ္ဍဖြစ်သည်။ စီပွားရေးလုပ်ငန်းတစ်ခု(Micro Economics) ကို မကျွမ်းကျင်လို့ တစ်နိုင်ငံလုံး စိးပွားရေးစနစ်( Macro Economics) ကိုသာ သိတော့ ဒီခေါင်းစဉ်ရေးမိသည်။ အမေ အဖေတို့ က စိုက်ပျိုးရေးဘွဲ့ ရတွေဆိုတော့ အဆင်ပြေသည်။ ကိုးကားစရာအပြည့် အင်တာနက်က အချို့ အချက်အလက် ရှာရေးသည်။ အားလုံး Secondary Data အပေါ်အခြေပြုရေးသည်။ အဓိက အချက် က လေးချက်ပဲ ပါသည်။ ဆန်တင်ပို့မှု လျော့လာခြင်း၊ အာဆီယံ အရံဆန်ထားရှိမှု၊ လူတစ်ယောက် ကယ်လိုရီ ပမာဏနဲ့ လူဦးရေနဲ့မြောက် တစ်နှစ်စာ ဆန်လိုအပ်ချက်၊ နောက်ဆုံး အကြံပြုချက် ဒါကို အဓိကထားရေးသည်။ ကြီးကြပ်သူက ဆန်တင်ပို့မှုလျော့တယ်ဆိုတဲ့အချက် ဖြုတ်ခိုင်းသည် ကျွန်တော် မဖြုတ် နို်င် ရန်ဖြစ်ကြသည်။ နောက်တော့ ခွင့်ပြုလိုက်သည်။

ဒီစာတမ်းရေးတဲ့ အတွေ့အကြုံဟာ နောက်ပိုင်း ကျွန်တော် Data Collector ဖြစ်ဖို့ များစွာ အထောက်အကူပြုပေသည်။

 

ကျောင်းက သင်တာ ပညာလား

ကျောင်းပြီးတော့ သူငယ်ချင်းတစ်ယောက်က ကွန်ပြူတာဆိုင်ဖွင့်စားသည်။ နောက်တစ်ယောက်က ရွာမှာ လယ်ပြန်စိုက်သည်။ နောက်တစ်ယောက်က ကုန်သည်လုပ်သည်။ ကျောင်းက သင်လိုက်တဲ့ ပညာနဲ့ လုပ်စားသူ ရှားသည်။ မိသော်ဆို စက်ချုပ်သည် မိပိုင်ဆို စာရင်းကိုင်ဆိုပေမဲ့ ၉လလောက် LCCI ကို ပြန်တတ်ပြီးမှ အလုပ်ရသည်။ ကွန်ပြူတာ စာစီစာရိုက်လုပ်တဲ့ သူငယ်ချင်းက ကွန်ပြုတာ စာစီစာရိုက် တတ်အောင် ၅ လလောက်တာ အချိန်ပေးရသည်။ ကျောင်းက ပညာတွေ က အလကားလား ဒီလိုဆို အစထဲ က LCCI တို့ ကွန်ပြူတာတို့ တတ်သင့်သည်။ တက္ကသိုလ်မှာ ၃ နှစ်လောက် အချိန်ကုန်စရာ မလို။ ကျောင်းက သင်ရတဲ့ SWOT Analysis ကို တစ်ဘ၀လုံး အသုံးချလို့ ရသည်။ ၀ယ်လိုအားရောင်းလိုအား ကို လက်တွေ့ဘ၀မှာ အသုံးချလို့ရသည်။ ဂိမ်းသီအိုရီ နက်ခ်ျ အားမျှခြေ တွေကို လည်း လက်တွေ့ဘ၀ မှာ အသုံးချနိုင်သည်။ သို့သော် ကျောင်းပြီးရင် ကျောင်းက စာတွေ ကျောင်းပြန်ကုန်သည်။ စာတွေ့မေ့ကုန်သည်။ ပြင်ပ စီးပွားရေးစာအုပ်စာတမ်းဖတ်လေ့ မရှိ။ စာတော်ပါသည် မစတာဘွဲ ယူသူများပင် လက်တွေ့ ဘ၀ နဲ့ ချိတ်ဆက် ရန်မေ့လျော့နေတတ်ပြီး အစိုးရအရာရှိ ကျူတာ လုပ်ရန် အားသန်သည်။

ကျွန်တော်ပြောချင်တာ စီးပွာရေးဘွဲ့ရတိုင်း စာရင်းကိုင် မန်နေဂျာ စီးပွားရေးသမားလုပ်ရမည် လို့ မဆိုလိုပါ ကိုယ် ၃ နှစ်တာ မျှ သင်ထားတဲ့ စာလေးတွေ ကို ရှင်သန်နေတဲ့ လက်တွေ့ဘ၀ နောက် စဉ်စားတွေးခေါ်မှု တွေမှာ အသုံးချဖို့ ပါ။

ကျောင်းကမသင်ပဲ သင်ယူခဲ့တာ

ကျောင်းက စာတွေသင်ခဲ့တာကျွန်တော် သိပ် မတတ်နဲ့ပေမဲ့ ကျောင်းတတ်ရင်း သူငယ်ချင်းတွေ နဲ့ အတူ လူတွေကို ဘယ်လိုပေါင်းသင်းရမယ် ဆိုတာကို သင်ပေးခဲ့သည်။ အိမ်ကပို့တဲ့ မုန့်ဖိုးကို တစ်လတာ ဘယ်လို့ လောက်ငအောင် သုံးမလဲ ငွေကြေးဘယ်လို စီမံခန့်ခွဲမလဲ သင်ပေးခဲ့သည်။ ကျောင်းသား လှုပ်းရှားမှုတွေမှာ ကျောင်းသားတွေ ပါဝင်လာအောင် ဘယ်လိုစည်းရုံးမလဲ လူထုစည်းရုံးရေးပညာ ကို သင်ပေးခဲ့သည်။ ကျောင်းဘယ်မချိန်သွား အပြင်ဘယ်အချိန်သွား ဘယ်အချိန် နား အချိန်စီမံတတ်ဖို့ သင်ပေးခဲ့သည်။ နောက် တိုင်းရင်းသားသူငယ်ချင်းတွေ နဲ့ အတူပေါင်းသင်းရင်း တိုင်းရင်းသား လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံတို့ရဲ့ တန်ဖိုးထားမှုတွေ ဓလေ့တွေ ကို လေ့လာခွင့်ရခဲ့သည်။

နောက်ဆုံး နှုတ်ဆက်အချိန်

နောက်ဆုံးစာမေးပွဲဖြေခဲ့ပြီးတော့ ကျောင်းကနေ အဆောင်ပြန်လာကြသည်။ အဆောင်မှာ နှုတ်ဆက်ပွဲ လုပ်ကြသည်။ အားလုံးမျက်နှာတွေက မှိုင်တွေနေကြသည်။ ကျွန်တော်တို့ မခွဲခွာချင်ကြ သုံးနှစ် လုံးလုံး ပေါင်းသင်းလာတဲ့ ကျောင်း သူငယ်ချင်းတွေ ဆရာဆရာမ သံယောဇဉ် အမျှင်တန်းက ဖြတ်ဖို့ခက်လှတယ်။ ကျောင်းပြီးချင်ပြီးပြောတဲ့သူလည်း တကယ်တန်းခွဲခွာရမဲ့ အချိန် ရောက်တော့ ၀မ်းနည်းကြသည်။ ယခင် စီနီယာ အကိုတွေ နောက်ဆုံးနှစ် ၀မ်းနည်းကြတော့ ပိုကိုပိုတယ် ပြောမိတဲ့ ကျွန်တော် နောက်ဆုံး နှုတ်ဆက် အချိန် ရောက်ပါပြီ။ ကျွန်တော်လည်း စိတ်မခိုင်ပါ အားလုံး သူငယ်ချင်းတွေ ဖက်ပြီး ငိုမိသည်။ အခါခါ ဖက်နှုတ်ဆက်ကြသည်။ အဆက်အသွယ်မပျက်ဖို့ ပြောကြသည်။ ၃ နှစ်တာ အပျော်ရွင်ဆုံး အချိန်တွေ ကို ကျွန်တော် ဘယ်လိုမှ မေ့မရတော့ပါ။

အရင်လို မဟုတ်တော့

ကျွန်တော် မုံရွာ ကို ဖွံဖြိုးရေးလုပ်သားဘ၀ နဲ့ ခဏခဏ သွားဖြစ်ပါသည်။ သွားတိုင်းလည်း ကျောင်းကို ရောက်ဖြစ်သည် ကျောင်းက ယခင်လိုမဟုတ်တော့ ကျောင်းသားတွေ ကလည်း ကိုယ်နဲ့ သိသူ တစ်ယောက် မှ မပါ ကျောင်းထဲလည်း အရင်လို ၀င်ချင်သလို ၀င်လို့ မရတော့။ ယခင်က ကျောက္ကာလမ်း ပေါ်ကို တောင် မလာရဲတဲ့ ယဉ်ထိမ်းရဲတွေ ကျောင်းဝင်းထဲအထိ ကျုးကျော်လာသည်။ ကျောင်းသားများကလည်း အရင်ကထက် မူးယစ်ဆေး ပိုသုံးလာကြသည်။ ကျောင်းချစ်စိတ် နည်းလာသည်။ လူမျိုး ပဋိပက္ခ ပိုကြီးလာသည်။ စည်းလုံးမှုနည်းလာသည်။ ဒေသခံ အရပ်သာတွေ သောက်မြင်ကပ်လာကြသည်။

ဒီအကြောင်းတွေ ကို မုံရွာရောက်တိုင်း ငပိုင် ငသော်တို့ ပြောတိုင်းပါသည်။ ကျောင်း အရင်လိုမဟုတ် တော့ဘူးတဲ့။ အရင်ကလို သာယာတဲ့ကျောင်းလေး ကျွန်တော်တို့ထက် ပိုကောင်းမွန်တဲ့ ပညာ့ အသိုင်းအ၀ိုင်းလေး ဖြစ်စေချင်မိသည်။

နိဂုံး

ကျွန်တော် ဘ၀ တစ်သက်တာ အခုထိ အပျော်ဆုံးအချိန်ကို ပြပါဆို အခု မုံရွာစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတတ်ခဲ့တဲ့ ၃ နှစ်တာကာလကို ပြရပေမည်။ ဒီအချိန်တွေ ပြန်လိုချင်လို့ မရတော့ သို့သော် ကျောင်းတတ်ခဲ့တဲ့ ကာလကုန်သွားခဲ့တဲ့ အချိန်တွေ ငွေတွေကို နဲ့ ကျွန်တော်ရရှိခဲ့တဲ့ အကျိုးမြတ်ကို ပြန်တွက်ကြည့်ရင် တန်သည်လို့ ဆိုရမည်။ ကျောင်းသားဘ၀ လုပ်သင့်တာတွေ အားလုံးလုပ်ခဲ့ရသည်။ ဆိုးခဲ့သလို လိမ္မာခဲ့သည် မိုက်ရိုင်းခဲ့သလို ယဉ်ကျေးသည် စာတွေချည်း ဖိကျက်နေတာမဟုတ်သလို ဆိုးသွမ်းနေခဲ့တာလည်းမဟုတ်။ ကျောင်းသားဘ၀ ကို ကျောင်းသားနဲ့ မတူအောင် ဘယ်လိုပဲ လုပ်ထားလုပ်ထား ကျောင်းသားဆန်ဆန်နေခဲ့ရသည်။ ဒါကိုကျေနပ်မိသည်။

အခု ကျွန်တော်ရဲ့ သွေးရင်းသားရင်း ညီမလေး ဒုတိယနှစ် စာနယ်ဇင်းပညာကို သင်ကြားနေပြီ ညီမလေး ကျောင်းမှာ ကျောင်းသားဆန်ဆန် နေဖို့ မျှော်လင့်ပါသည်။ ကျောင်းသားပီပီ တာဝန်ကျေဖို့လည်း မျှော်လင့်ပါသည်။

ကျောင်းနေဖက်သူငယ်ချင်းများ၊ဆရာဆရာမများ နှင့် ကျောင်းသားဘ၀ ပတ်သတ်ခဲ့သည် သူများအားလုံး ကို လည်း ကျေးဇူတင်ပါသည်။ ကျွန်တော်ကျောင်းနေစဉ် မတောင့်မတ မကြောင့်ကြအောင် ထောက်ပံပေးသည် အမေ(သစ္စာအလင်း) ၊မန္တလေးအိမ်ကနေ အမြဲတစေလိုအပ်သမျှ ကူညီထောက်ပံ ပေးသော ကြီးမေ ဒေါ်မြင့်မြင့်စိန်(B.com(A.A),CPA) နှင့် မုံရွာမှာ အဆင်ပြေစွာနေထိုင်နိုင်ရန် ကူညီပေးသည့် မာမီစု၊မမနှင်းတို့ အောင်မင်္ဂလာစာပေမိသာစု ကို လည်းအထူးကျေးဇူးတင်ရှိပါသည်။

သူတို့ ကြောင့် ကျွန်တော် ကောင်းမွန်စွာ ပညာသင်ကြားနိုင်ပြီး ပျော်ပျော်ရွင်ရွင်နေနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s