တမာမြေမှာ သုံးနှစ်တာ ၎

အာဂ မာဃလုလင်များ

ကျွန်တော်ဒုတိယနှစ် ဒုတိယ နှစ်ဝက် က မိုးရာသီ အညာဒေသဖြစ်ပေမဲ့ ဒီနှစ်သိပ်မိုးမခေါင်ဘူး။ မိုးမခေါင်တော့ မိုးရွာတာပေါ့ဗျာ။ အညာသူအညာသား လယ်ဟာလုပ်ကိုင်သူတွေ အတွက် ကောင်းပေမဲ့ ကျွန်တော်တို့ ကျောင်းသားတွေ အတွက် တော့ သိပ်မနိပ်လှ ကျွန်တော်နေတဲ့ အဆောင်ရှိတဲ့ လမ်းက မြေသားလမ်း မြေကလည်း နှုန်းဆန်ဆန် ဆိုတော့ မိုးရွာထားတာနဲ့ နူးပြီး ဗွက်ထပါလေရော။ ကျွန်တော်တို့ လမ်းရဲ့ အဆိုးဝါဆုံးလမ်းက ကျွန်တော်တို့ အဆောင်ရှေ့ မှာ ကျွန်တော်တို့ အတွက်တော့ ဒီဗွက်ထနေတဲ့ နေရာကို တွန်းပြီး ကျော်သွားလို့ ရပေမဲ့ ကျွန်တော်တို့အဆောင်ကို ဖြတ်ပြီးမှ သွားရတဲ့ အဆောင်သူအဆောင်သားတွေ အဆောင်သူတွေ ကို လာကြောင်တဲ့ ကောင်တွေ အတွက် အခက် မြူနီစပယ် စည်ပင် က ပုဂ္ဂိုလ်များ ကလည်း ကြီးမားလှတဲ့ နိုင်ငံတာဝန် တွေ ကို ထိမ်းဆောင် နေရတော့ ဒီလို ချောင်ချိချောင်ကြား လမ်းလေးကို ဂရုမစိုက်အား။

တစ်နေ ကျွန်တော်ရဲ့ မတည့်အတူနေ ချစ်လှစွာသော ရဲဘော်ကြီး ၀ဏ္ဏနဲ့ အဆောင်ဘေးထမင်းဆိုင် မှာ ထမင်းစားနေစဉ် အ၀တ်အစားတောက်ပြောင်စွာ ၀တ်ထားပြီး အဆောင်သူလေးတစ်ယောက်အား ကျောင်းကြို့ ပို့ တာဝန် ကို ဦးလည်မသုန် ထမ်းဆောင် နေသော သကောင့်သား က ဆိုင်ကယ်ကို သူ၏ ကောင်မလေးအဆောင် သို့ ဦးတည်မောင်းနေစဉ် ကျွန်တော်တို့ အဆောင် အရှေ့ ဗွက်အိုင်ကို အဖြတ် စလစ် ဖြစ်ကာ လဲလေ၏။ သူ၏ ၀တ်ကောင်းစားလှများမှာ ဗွက်တွေ စွန်းပြီး လှတပတလေးတွေ ပျက်ကုန်လေသည်။ ထို တစ်နေထဲမှာပင် ကျွန်တော်တို့ မျက်စီရှေ့ သုံးလေး ငါးယောက် အဆောင်ရှေ့ ဗွက် အိုင်ထဲ ဆိုင်ကယ် စလစ် ဖြစ်ကာ လဲနေသည်။ ကို ၀ဏ္ဏ က ကျွန်တော်ကို တစ်ချက်ကြည့်လိုက်သည် ထိုအကြည့်ကို ကျွန်တော် နားလည်သည် နှစ်ယောက်သား ထိုင်နေရာမှ ထကာ ထမင်းဆိုင်က ထင်းခုတ်ဓားမကို ဌား လမ်းဘေးရှိ ခြုံပင် တွေကို ခုတ်ပြီး ဗွက်ထရာ နေရာသို့ ဆိုင်ကယ်စလစ် မဖြစ်အောင် လုပ်လေသည် သို့သော် ယာယီမျှသာ နောက် ဒုံရင်းအတိုင်းပင် ဒီတော့ ဆိုင်ကယ်များ သွားလို့ ရအောင် မြေသားတွေ ပေါက်တူးနဲ့ ပေါက် ဖို့လေသည်။ ကျွန်တော်နဲ့ ၀ဏ္ဏ နှစ်ယောက်ထဲ လုပ်ကြသည်။ နောက်ပိုင်း ကျွန်တော်အဆောင်မှ အဆောင်သားအချို့ ပါလာသည်။ အမှန်တကယ် ဒီလမ်းက ဗွက်သည် အဆောင်ရှေ့ ရှိသော်လည်း ကျွန်တော်တို့ ကို မထိခိုက် ကျွန်တော်တို့က ဆိုင်ကယ်ကို ဗွက်ကျော်အောင် တွန်းသွား၍ ရသည်။ အဆောင်ရှေ့ ကို ဖြတ်ကျော်သွားရသည် အဆောင်သူ အမျိုးကောင်းသမီးလေးတွေ အတွက် ခက်ခဲ နေသလို ထိုအမျိုးကောင်းသမီးလေးတွေ ကို လာကြောင် နေသော အမျိုးကောင်းသားတွေ အတွက် အထားအဆီးတစ်ခု ဖြစ်သည်။

အစ ကျွန်တော်တို့ နှစ်ယောက်ထဲ လုပ်ရာမှ အဆောင်သားတွေ ပါလာသည် နောက် ကျွန်တော်တို့ အဆောင် အနီး က အဆောင်တွေ က သူတို့လည်းကူမယ် ဖြစ်လာသည်။ ဒီလိုနဲ့ လမ်းကို ခင်းလိုက်ရာ မြန်ကောင်း သက်သာ ဆလရ လမ်းများလောက် မကောင်းသော်လည်း ဆိုင်ကယ်များအလွယ်တကူ သွားလို့ ရလေသည်။ အမျိုးကောင်းသားများ လွယ်လင့်တစ်ကူ ကြောင်နိုင်လေသည်။ နောက်နှစ် ကျွန်တော် တို့ နှစ်ယောက် အဆောင်ပြောင်းကြသည် ထိုအဆောင်တွင်လည်း ထိုနည်းတူ လမ်းခင်းကြလေသည်။ ကိုဝဏ္ဏ နဲ့ ကျွန်တော် အချို့ နေရာများတွင် မတည့်သော်လည်း လူမှုရေးလုပ်ငန်းများတွင် သူကော ကျွန်တော်ပါ အားသွန် ခွန်စိုက် လုပ်တာတော့ တူတူပင်ဖြစ်သည်။

အလှအပယိုစီးမှုပြဿနာ နှင့် လူမျိုးရေးပြဿနာ

ကျွန်တော်တို့ စီးပွားရေးတက္ကသိုလ်မှာ အားလုံးသိတဲ့အတိုင်း ယောကျာင်္လေးထက် မိန်းကလေး အရေအတွက် က များလေသည်။ မိန်းကလေး အရေအတွက်မှာ သုံပုံ နှစ်ပုံလောက်ရှိပြီး ယောကျာင်္လေးမှာ သုံးပုံတစ်ပုံ သာရှိသည်။ ထိုတစ်ပုံထဲဝင် အခြောက်များ၊ ကျွန်တော်လို အဖြစ်မရှိသူများလည်း ပါပေသည်။ ယောကျာင်္လေး ရောင်းလိုအားမှာ နည်းနေသောကြောင့် အခြားသော တက္ကသိုလ်များ က လိုအပ်သော ယောကျာင်္လေး ရောင်းလိုအားကို ဖြည့်တင်းပေးတဲ့အခါ။ ကျောင်းရှိ မိန်းကလေးများ အခြားတစ်ပါး ကျောင်းသားများနှင့် တစ်တွဲတွဲ ဖြစ်ကြလေသော အခါ မဟာပုရိသ ယောကျာင်္သားတို့ ထုံးစံအတိုင်း မစားရတဲ့ အမဲ သဲနဲ့ ပက်ပြီး ကောင်ရိုးပုံ စောင့်ကြလေသည်။ ထိုအခါ အခြားသော တက္ကသိုလ်ကျောင်းသားတို့ နဲ့ ကျွန်တော်တို့ စီးပွားရေး ကျောင်းတွေ ရိုက်ကြ ချကြလေကုန်သတည်း။

မုံရွာရှိ တက္ကသိုလ်များမှာ မုံရွာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေး ကောလိပ် တို့ ဖြစ်ပြီး ထိုကျောင်းသားအများစုမှာ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ အလယ်ပိုင်းကဖြစ်ပြီး များသော အားဖြင့် ဗမာလူမျိုးများဖြစ်သည်။ ကျွန်တော်တို့ ကျောင်းကတော့ လူမျိုးစုံလှသည် ကချင်ပြည်နယ်၊ရှမ်းပြည် အရှေ့ နဲ့ မြောက်၊ချင်း၊မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ ကဖြစ်သည်။ အခြားကျောင်းက ကျောင်းသားများသည် သူတို့ နွားနားကမြက် မစားပဲ ကျွန်တော်တို့ ကျောင်းက ကချင်၊ချင်း၊ရှမ်း ကျောင်းသူများကို ပိုးပန်း ကြသော ကြောင့် ဗြူးတီးဒရိန်း အလှအပ ယိုစီးမှု ပြဿနာမှ လူမျိုးရေး ပြဿနာအဖြစ် အသွင်ဆောင် လာသည်။ ရိုက်ပွဲများကလည်း ပြင်းထန်လှသည်။ အဆောင်လိုက် ချကြသည်။ ကွဲကြသည်ပြဲကြသည်။ ဆေးရုံရောက်သူ ရောက်သည်။ ပြည်သူရဲ များမှာ နိုင်ငံတာဝန်များဖြင့် မအားအပ်သောကြောင့် ထိုကဲသို့ ပြဿနာအသေးအဖွဲ့များကို ၀င်ရောက်ဖြေရှင်းခြင်းမရှိကြပေ။ ရဲတွေ ကျွန်တော်တို့ ကျောင်းဘက်သို့ ပတ္တရောင် လှည့်လာရင် သောက်မြင်ကတ် ပုဒ်မ ဖြင့် အရိုက်ခံရတတ်သည်။

စီပွားရေးကျောင်းသား စီးပွားရှာ

ကျွန်တော်ကို အမေကော ကြီးတော်ကော က ထောက်ပံကြသော်လည်း ကျွန်တော် အသုံးအဖြန်းကြီးမှု ကြောင့် မလောက် ဒီတော့ ဂွင်ဖြဲရသည်။ ကျောင်း ပထမနှစ်ဝက် ဆိုရင် ပျော်ပွဲစား ဘုရားဖူးထွက်သည်။ အရင်းတစ်ပြားမှမရှိ ကားကို ပါးစပ်ဖြင့်ဌားသည်။ လူစုသည် ကြော်ငြာသည် ၂၀၀၄ ခုနှစ်ရဲ့ နောက်ဆုံး နေ၀င်ချိန် ကို ပုဂံဘုရားတွေ ကနေကြည့် ရမယ် အခွင့် အရေးတို့ ဘယ်မေဂျာက ဘယ်ကောင်မလေး က ငါတို့ နဲ့ လိုက်မှာ ဆိုပြီး ကြော်ငြာအားကောင်း သောကြောင့် တစ်ခါ ထွက် လူ အယောက် ၅၀ လောက် စုမိရင် အရင်းကြေသလို ကျွန်တော် ဘော်ဒါ ၃ ယောက်လောက် ကို အလကားခေါ်လို့ ရတဲ့ အပြင် ကျွန်တော်လည်း ၅သောင်းလောက် မြတ်လေသည်။ နောက် ကျွန်တော် ခရီးတွင် သမီးရည်းစား စုံတွဲ ၄ တွဲလောက် ရအောင် လျှော်ပေးတတ်သည်။

နောက် ဒုတိနှစ်ဝက်တွင် ကျောင်းပြီးတော့မဲ့ သူတွေကို ဈေးကွက် ပစ်မှတ်ထားသည် အင်္ကျီထုတ်သည်။ အကျီင်္ကလည်း အခြားသူတွေ လို့ ဘာပုံညာပုံ မဟုတ် စီးပွားရေးပညာရဲ့ ဖခင် အဒမ်စမစ် ပုံ မရှိရင် အဒမ်စမစ် ပဲ မုံရွာစီးပွားရေးကျောင်းက ထွက်တဲ့ ပုံစံမျိုး ၀ယ်တဲ့ သူကလည်း ၀ယ်သည်။ တစ်သိန်းလောက် မြတ်သည်။ နောက် စတစ်ကာတွေ ထုတ်သည်။ ဒါတော့ သိပ်မမြတ် လူနိုင်တွေ က အလကား တောင်းကြ လွန်းလို့ ဖြစ်သည်။

ဖဲ ဘောလုံး ဆေး ကြောင့် ဘ၀ ပျက်

ကျောင်းကို ပျော်ပျော်ပါးပါးတက်လို့ ရပေမဲ့ နည်းနည်း ရေလိုက်လွဲရင် သုံးနှစ်တာက တစ်ဘ၀လုံး ပျက်စီး စေသည်။ ကျောင်းသားတို့ ထုံးစံတိုင်း ပျင်းရင် အားရင် ဖဲရိုက်တတ်တာ သဘာဝ အစ က ၅၀ ကြေး ၁၀၀ ကြေး ကိုယ်အဆောင်သားအချင်းချင်း ကစားကြသည်။ ပြဿနာ မရှိ နောက် လောဘ အနောက် အလိုက်လွန်ပြီး ၀ိုင်းကြီးတွေ ဖြစ်လာသည် အချို့ အဆောင်တွင် အဆောင်မှုးက ၀ိုင်းကြေးကောက်သည်၊ တရားမ၀င် အပေါင်ဆိုင်ရှိသည်။ နိုင်ရင် သောက်စားမှုးရှုး ပြီး ခဏနဲ့ ကုန်သည်။ ရှုံးရင် ဟိုဟာပေါင် ဒီပေါင်ကြသည်။ ပေါင်ဖို့ ကလည်းလွယ်သည် ဖဲဝိုင်းရှိသည် အဆောင်တွင် အဆောင်ဗှုးရဲ့ အပေါင်ဆိုင်ရှိသည်။ အမေပေးတဲ့ ဆွဲကြိုး ဘောလုံးထိလို့ ဖဲစားလို့ ကုန်သည်။ ဆိုင်ကယ် ပေါင်သည်။ ငွေမြော ငွေရင် လိုက် ရင်း ဖဲ ၀ိုင်းတွင်း လူပါ မြော လေသည်။ ကျောင်းပျက် အစားပျက် အလုပ်ပျက် အကိုင်ပျက် နောက် ဘ၀ပါ ပျက်လေသည်။

မူးယစ်စေတတ်တဲ့ အရာတွေထဲ အရက် ကဆိုးသည် သို့သော် ဆေးက ပိုဆိုးသည်။ မူးယစ်ဆေးဝါး အလွယ်တကူ ၀ယ်လို့ ရသော ဒေသက ကျောင်းသားတွေ က ကျောင်းစရိတ်ကာမိဖို့ ဆေးတွေ ကယ်ရီ လုပ်လာသည် ဈေးကွက်ရှာစရာ မလို မာကတင်းဆင်းစရာမလို ကြော်ငြာမလို ကျောင်းသားအချင်းချင်း ရောင်း၍ ကုန်သည်။ ဆေးအများ စုက ရာဘ(စိတ်ကြွဆေး)၊ ဖော်မြူလာ(ဘိန်းမဲကို ချက်ထားသောအရည်)၊ ဆေးခြောက် တို့များသည်။ သောက်ရင် စိတ်ပြောင်းသည် နောက် စွဲသည်။ စွဲရင်း မသုံးမနေနိုင်ဖြစ်ပြီး ဘ၀ လုံးပါးပါးကြလေသည်။

ဖုံးမရ ဖိမရ ဟိုကိစ္စ

ကျောင်းမှာ ချစ်သူခြင်းချစ်ကြတာ ဘာအပြစ်မှ မရှိ။ ချစ်သူချင်း နယ်ကြူးကာ ချစ်နယ်လွန်တာ လည်း ပုထုဇဉ် ဖို့ မှားကြတာ လို့ ပြောလို့ရပေသည်။ သို့သော် ကျန်းမာရေးအသိမရှိ သောကြောင့် ဖုံးမရ ဖိမရတာတော့ မဖြစ်သင့်လိုထင်သည်။ ကျောင်းတိုင်းမှာ ဒီပြဿနာရှိသည်။ ကျွန်တော်တို့ ကျောင်းလည်း ဒီပြဿနာရှိသည်။ ဒီလို့ ကိစ္စတွေ က ဖြစ်သွားတဲ့အခါ ဘယ်သူမှ နယ်လွန်ဖို့ မရည်ရွယ် ဆိတ်ကွယ်ရာ ချိန်းတွေ့ရင်း မဖြစ်သင့် တာတွေ ဖြစ်ကြကုန်သည် ကြိုတင်ပြင်ဆင်မှုမရှိ အပ်နဲ့ ထွင်းမဲ့အရာ ပုဆိန် နဲ့ ထွင်းကြလေသည်။ အရွယ်ရောက်သူတိုင်း ဒီကိစ္စ ကို ရှက်စရာလို့ ထင်ကာ ပြောဆိုဆွေးနွေးလေ့မရှိ မိဘတွေကလည်း သားသမီးတွေကို သင်ကြားထားခြင်းမရှိ မြန်မာပညာရေးစနစ်ကလည်း ပြဌာန်းထားခြင်းမရှိ လူမှုရေးအဖွဲ့အစည်းတွေ က ဒီအသိပညာတွေ ပေးသော်လည်း တက္ကသိုလ် ကျောင်းတွေကို ၀င်ရောက် လုပ်ဆောင် ခြင်းမရှိ မရှိတော့ မသိ မသိတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြသည်။ အရပ်သာတွေ က ကျောင်းသားတွေ ကို ပျက်စီးနေတဲ့ လူအဖွဲ့အစည်းလို့မြင်ကြသည်။ ကျောင်းသားတန်ဖိုးကျသည်။ ဒီလို့ မဖြစ်သင့်တာ ဖြစ်ပြီး ယောကျာင်္းလေး ဖြစ်သူက တာဝန်သိသိ တာဝန်ယူရင်လည်း ကိစ္စမရှိ ယောကျာင်္တန်မဲ့ ရုပ်ပြလေးကောင်းပြီး အတွင်းသဘော ပုပ်စပ် နေတဲ့ လူမျိုးတွေကြောင့် အမျိုးကောင်းသမီးအချို့ ရေတိမ်နှစ်ကြလေသည်။

ကျောင်းပွဲတော်များ

ကျောင်း ဖွင့်ပြီး ပထမ နှစ်ဝက်မှာ လမ်းလျှောက်ပြိုင်ပွဲ၊ ထမနဲပြိုင်ပွဲ၊ မောင်မယ် သစ်လွင်ကြိုဆိုပွဲ ပိုက်ကျော်ခြင်းပြိုင်တွေရှိသည်။

ဒုတိယနှစ်ဝက် မှာ ဘောလုံးပွဲ၊ နှုတ်ဆက်ပွဲ ဆရာကန့်တော့ပွဲ ရိုးရာဝတ်စားဆင်မှုပြိုင်ပွဲတွေရှိသည်။

ကျွန်တော်ကို ရောဂါသည် လိုပြောကြလွန်းလို့ မခံချင်တာနဲ့ လမ်းလျောက်ပြိုင်ပွဲဝင်ပြိုင်သည်။ နောက်ဆုံးမှ ပန်းဝင်သည် ကိစ္စမရှိ ကျွန်တော် ၀င်ပြိုင်နိင်သည်။

ထမနဲပွဲမှာ ဒိုးပတ်ဝိုင်းနဲ့ သံချပ်ထိုးသည် ဒုတိယ ဆုရသည်။ သံချပ်ထဲ ကျောင်းထဲက အကြောင်းတွေ ထည့်စပ်သည်။ သံချပ်မထိုးခင် ပါချုပ်ကို ပြရသည် ကျွန်တော် သံချပ်အားလုံး ဆင်ဆာထိသည်။ ပိုက်ကျော်ခြင်း မှာတော့ ဘောဂဗေဒကို ဘယ်ကောင်မှ မယှဉ်နိုင် နှစ်တိုင်းရှုံးသည်။

ဘောလုံးပွဲတွင် စာရင်းအင်းက နှစ်တိုင်းနိုင်သည် ဒီလိုနိုင်တာကို သောက်မြင်ကပ်သဖြင့် ၀ါဏိဇ္ဇနဲ့ ကျွန်တော်တို့ ဘောဂဗေဒပေါင်း ပြီး လက်ဝါးရိုက်ထားကြသည်။ ဒီလို ညစ်တာတောင် စာရင်းအင်း နိုင်သည်။ အသားမှာ ၀က် အသီးမှာ သရက် အီကို မှာ စတတ် ဆိုပြီး သူတို့ ဂုဏ်ယူကြသည်။ ကျွန်တော်လည်း မျက်နှာ ပြောင်ပြောင်နဲ့ ဟေး ရှုံးတယ်ကွ လို့ နှစ်တိုင်းအော်သည်။

ရိုးရာဝတ်စားဆင်ယင်မှု ပြပွဲလို့ ပြောသည်။ရိုးရာလို့ ပြောသည်။ ချင်းလည်း ဗမာ ၀တ်စုံ ရှမ်းလည်း ဗမာ ၀တ်စုံ ကချင်လည်း ဗမာဝတ်စုံ ၀တ်ရသည်။ အစိုးရ၏ လူမျိုးကြီးဝါဒ စနက်ဖြစ်သည်။ ကျွန်တော် မဟာ လူမျိုးကြီးဝါဒကော မဟာလူနည်းစုဝါဒကော မုန်းသည်။ ပဲများပြီး ပေါ်ပြုလာချင်သူတွေ ပါဝင်ကြသည်။ ကျွန်တော်ကို ၀တ်စုံနာမည် ကဗျာ ဆန်ဆန် ရွှေးခိုင်းသည်။ကျွန်တော် ဖတ်နေတဲ့ ဆရာဇော်ဂျီစာအုပ်ထဲ က နာမည်တွေ ပေးလိုက်သည်။ ကျွန်တော်မေဂျာက ကလေးမ ၃ ယောက်ပြိုင်တာ ၂ ယောက် ပထမနဲ့ တတိယ ရသည်။ သူတို့ လှလို့ မဟုတ် နာမည်လှသောကြောင့် ဖြစ်သည် ဌဲ ….ဌဲ။

ဂျပန် စကာလော်

တတိယနှစ် ကျောင်းတတ်ချင်း ပါချုပ် တစ်ယောက် ရောက်လာသည် ဒုပါချုပ် ကျွန်တော်တို့ ကျောင်းကော မိတ္တီလာ ကျောင်းကော ဒုပါချုပ်သာရှိသည်။ ပါချုပ် က ရန်ကုန်ပါချုပ် တစ်ယောက်သာရှိသည်။ အခု ဒုပါချုပ် နှစ်ယောက် တစ်ယောက်က မီးထွန်းဖို့ တစ်ယောက်က ကက်ဆက်ဖွင့်ဖို့ အဲ ယောင်လို့ တစ်ယောက်က ပညာရေး တစ်ယောက်က အုပ်ချုပ်ရေး တာဝန်ယူရသည်။ အခု အသစ်ရောက်လာတာ စာရင်းအင်းက ဒေါက်တာ စိုးဝင်း ဖြစ်သည်။ သူက အဖေ သူငယ်ချင်း Data Entry နဲ့ Data Analysis လုပ်တဲ့ SPSS ဆော့ဝဲလ် ကို ထုံးလိုချေ ရေလိုနောက် သူဖြစ်သည်။ သူတစ်ခေါင်းလုံးဖြူနေသည်။ ကျွန်တော် ဘောဂဗေဒက ဆရာမတွေ ကတော့ မေဂျာ အစွဲကြောင့် သိပ်ပြီး သူကို မကြိုက်။ ကျွန်တော်ကတော့ အဖေ သူငယ်ချင်း ဖြစ်တာကြောင့်ကော ပညာတော်တာကြောင့် ပါ သူကို အရင် ပါချုပ်ထက် သဘောကျသည်။

ကျွန်တော် တတိယနှစ် ပထမနှစ်ဝက် မတက်ခင် MMRD က ဦးသူရိန် ညီမ ကျွန်တော်ဆရာမ ဒေါ်ခင်သီတာ ငြိမ်းက မန္တလေးအိမ်ကို ဖုန်းဆက်ပြီး ဂျပန်စကော်လာလျှောက်ဖို့ ပြောသည်။ ကျွန်တော်လည်း အူတူတူနဲ့ လျှောက်သည်။ ကျွန်တော်နဲ့ အတူ နွဲ့နွဲ့ဝင်း၊မေသူ၊မေဦး၊နောက်တစ်ယောက် မမှတ်မိတော့ ကျွန်တော်တို့ ကျောင်းက စုစုပေါင်း ၄ ယောက် လျှောက်ကြသည်။ စာမေးပွဲဖြေရမည် ဖြေမဲ့နေရာက မန္တလေး။ ကျွန်တော်က မန္တလေးမှာ နေတော့ အားလုံးကို ခေါ်ဖို့ က ကျွန်တော်တာဝန်ဖြစ်သည်။ စာမေးပွဲသာဖြေရမှာ ဘာမေးလို့ ဘာဖြေရမှန်းမသိ မသိတော့ ဒေါက်တာစိုးဝင်းကို မေးသည်။ သူလည်း မသိ။ နောက် အူအူနဲ့ ကျွန်တော်တို့ ၅ ယောက် မန္တလေးယောက် စာမေးပွဲအတွက် မှတ်ပုံတင် နောက်နေ့ဖြေကြသည်။ စီးပွားရေးကျောင်း သုံးခုထဲ ရန် စီးက တစ်ယောက် မိ စီးက တစ်ယောက် ကျွန်တော်တို့ မုံ စီး က ၅ ယောက် ကျွန်တော်တို့ နဲ့ ဘာသာရပ်တူတူ ဖြေရပေမဲ့ ကျောင်းမတူတာက အမျိုးသားစီမံ ခန့်ခွဲမှုကောလိပ်က ကျောင်းသူကျောင်းသားတွေ။ ဒီကျောင်းက လာဖြေသူတွေထဲ နောက်ပိုင်း ကျွန်တော် သူငယ်ချင်းဖြစ်လာမယ့် ခင်သန္တာလွင် (ဘဲရုပ်) ပါသည်ကို နောင်မှ သိရသည်။

ဘာမေးလို့ ဘာဖြေရမှန်းမသိတဲ့ စာမေးပွဲ ကို ဖြေပြီးနောက်နေ့ ကျွန်တော်တို့် စီးပွားရေးကျောင်းက ၇ ယောက် ဖြေရာ နှစ်ယောက် အောင်သည်။ တစ်ယောက်က ရန် စီး က နောက်တစ်ယောက်က ကျွန်တော် သိပ်သိလိုတော့ မဟုတ် ကြက်ကန်းဆန်အိုးတိုးခြင်းဖြစ်လိမ့်မည်။ နောက် နှုတ်ဖြေ ဖြေရမယ်တဲ့ နှုတ်ဖြေဖြေတော့ ကိုယ်အကြောင်း ဘိုလို ပြောခိုင်းတယ်။ နောက် တောင်မေးမြောက်မေးမေးသည်။ နှုတ်ဖြေ မအောင်။ ရေးဖြေရေးအောင်ပြီး ကျောင်းရောက်တော့ နံမည်ကြီးသေးသည် ဂျပန် ဘယ်တော့သွားရမလဲ ဘာလဲ ပေါ့ ရေးဖြေအောင်လို့ မုန့်ဝယ်ကျွေးရသည်။ ပိုက်ပိုက် ကုန်တာပဲ အဖတ်တင်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s