တမာမြေမှာ သုံး နှစ် တာ ၃

စီကနဲဆို ဘောဂဗေဒ

ကျွန်တော့်မေဂျာက လူပေလူတေများသည် လူမိုက်များသည် ကျောင်းက ရိုက်ပွဲတိုင်း ဘောဂဗေဒကျောင်းသား များ ရှေ့တန်းကပါသည်။ ဆပ်ပလီ ထိတာအများဆုံးကလည်း ဘောဂဗေဒ ကျောင်းပြိုင်ပွဲတိုင်း တခါမှ ပထမ မရဖူးဘူး။ ဘာကြောင့်လဲ ဆိုတော့ လူအတော်အများ အခြားမေဂျာလျှောက်ပြီး မရလို့ ဒီမေဂျာရောက်ကြတာ ဖို့ ကိုယ် မေဂျာကို ချစ်စိတ်နည်းကြသည်။ ဆရာကန်တော့ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊တခြား ဘာကြေး ညာကြေး တွေ ကို ကောက်တဲ့အခါတိုင်း လူအပြည့်တည့်တာရှားလှသည်။ ဒီကျောင်း ဒီမေဂျာ ဒီလူတွေနဲ့ ဒီကောင် EC မောင်ဥဂ္ဂါ တော့ အခက်တွေ့လှသည်။

ကျွန်တော် ဒီလိုမဖြစ်စေချင်ပါ ကိုယ်ယူတဲ့ ဘာသာကို ဘာအကြောင်းကြောင့်ပဲရရ ချစ်ခင်စိတ် ထားစေ ချင်သည်။ မြတ်နိုးတန်ဖိုးထားစေချင်သည်။ အခုတော့ စာသင်ချိန်ဆိုလည်းပျက် ကျုတိုရီရယ် တောင် မမှန် အချို့ ကျုတာ ဆရာတွေ စာသင်ရင် ဘာသာပြန်ပြတာနဲ့ မခြား အိပ်ချင်စရာ ကောင်းလှသည်။ ပါမောက္ခ စာသင်ချိန်တွေကတော့ စိတ်ဝင်စားစရာကောင်းလှသည် ဒါပေမဲ့ ကိုယ်လူတွေ က တန်ဖိုးမထား။ ကျောင်း ကပွဲ ဆရာကန်တော့ပွဲတိုင်း ဘောဂဗေဒ မျက်နှာ ငယ်လှသည်။ ကျွန်တော်အတန်းသားတွေ ဒီလိုမဖြစ်စေချင်ပါ။ ကျွန်တော်ပြောင်းလဲရမည်။ ကျောင်းသားတွေ စိတ်တတ်ကြွလာအောင် စာစိတ်မ၀င်စားတောင် ဒါ ငါ့မေဂျာ ဆိုတာလေးတော့ ရှိစေချင်သည်။ ကျွန်တော် အားတိုင်းယားတိုင်း လှုံဆော်သည် နောက် မိန်းကလေးတွေ နည်းနည်း ဘောဂဗေဒအသင်းအလုပ်လေးတွေ လုပ်လာသည်။ နောက် သူတို့နဲ့ ဆက်စပ်တဲ့ သူတို့ ကောင်လေးတွေ ပါလာသည်။ ဘောဂဗေဒအသင်း အရင်လိုမဟုတ်တော့ ပိုစည်းလုံးလာသည်။ ကျွန်တော် ပျော်မိပါသည်။

ကျောင်းဘောလုံးပွဲဖြစ်မြောက်ရေး ဒို့အရေး

ဒီနှစ် မနှစ်က ဆူဆူပူပူဖြစ်ခဲ့လို့ ဘောလုံးပွဲကို ကျောင်းကမလုပ်ပေးဘူးလို့ ကျွန်တော်တို့ ကျောင်းသားတွေ သိရသည်။ ဒါကြောင့် ဒါကို ဆန့်ကျင်တဲ့အနေနဲ့ ဇလုပ်ရွာက ဘောလုံးကွင်းမှာ ကျောင်းသားတွေချည်းလုပ် တဲ့ ကျောင်းသားဖလားလုပ်မယ် စိတ်ကူးထားကြသည်။ တကယ်လုပ်ဖြစ်တော့ ဇလုပ်ရွာက ရွာသားတွေနဲ့ ကျွန်တော်တို့ ကျောင်းသားတွေ ရန်ဖြစ်ကြသည်။ ဒါကို ပါချုပ်ကြားတော့ မင်းတို့ ကို ဘယ်သူ ဒီမှာ ကစားခိုင်းတာလဲ လို့မေးတော့ ကျွန်တော်နဲ့ အခြားကျောင်းသား ၅ ယောက်ကို ပါချုပ်ဆီပို့ လိုက်သည်။ ပါချုပ်နဲ့ကျွန်တော်တို့ စကားပြောရင်း ပါချုပ်က ကျောင်းမှာ ဘောလုံး ကစားခွင့်ပြုသည်။ သို့သော် ကျောင်းက လုပ်ပေးတာမဟုတ် အရင်နှစ်တွေ ကလို ဒိုင်မဌားပေး ကွင်းမရှင်းပေး ဘာထောက်ပံမှုမှမပေး ကျောင်းသားတွေ ချည်းလုပ်ရမယ်လို့ ပြောသည်။ နောက်တစ်ခု အဆိုးဆုံးက ဘောလုံးကစားတဲ့ ၀တ်စုံမ၀တ်ရဘူးလို့ ပြောသည်။ ကျွန်တော်တို့ အားလုံး နည်းနည်း တင်းသွားသည်။ ကျွန်တော်သူငယ်ချင်းတယောက် က ၀တ်စုံမတ်ရတော့ ကျွန်တော်တို့ က အကျီင်္ချွတ်အသင်းနဲ့ အကျီင်္ဝတ်အသင်း လို ကစားရမှာလားဆိုပြီး အတွန်တတ်သည်။ လက်မခံနိုင်ဘူးပေါ့ နောက် ဆုံး ဒီအချက်ကို ခွင့်ပြုလိုက်သည်။ ကျောင်းက မထောက်ပံတဲ့ အတွက် အရင်ထက် ပိုက်ဆံကုန်မည်။ ကျွန်တော်တို့တွေ တစ်ကျောင်းလုံးပတ်အလှူခံကြသည်။ ဘောလုံးကွင်းက ဘောလုံးပွဲ မလုပ်ရင် ပဲခင်းဖြစ်သည်။ ပဲခင်းက ပါချုပ်ရဲ့ ၀င်ငွေဖြစ်သည်။ ထို ပါချုပ်ဝင်ငွေ ပဲခင်းကို ကျွန်တော်တို့ အပြောင်ရှင်းလိုက်ရတယ်သည်။ ကိုယ်တိုင် ထုံးဖြင့် စည်းထားရသည် မတားတတ် တားတတ်ဖြင့် တားသောကြောင့် မျည်းဖောင့်နဲ့ မတူ မြွေတစ်ကောင်နဲ့ တူသည်။ အားလုံးပြီးတော့ ဘောလုံးပွဲ စလေသည်။ ပါချုပ်က ဆရာ ဆရာမများ ဒီဘောလုံးပွဲကို သွားမကြည့်ရလို့ အမိန့်ထုတ်ထားသည်။ ဆရာမတွေ ဆရာတွေက လာကြည့်ချင်ပေမဲ့ ပါချုပ်ကိုကြောက်သည်။ ဒါပေမဲ့ ကျွန်တော်က ဘောဂဗေဒတစ်ဌာနလုံးက ဆရာဆရာမတွေကို အတင်းဆွဲခေါ်လို့ လိုက်လာကြသည်။ အခြားမေဂျာတွေလည်း ထိုနည်းတူ ဘောလုံးပွဲကို လာအားပေးကြသည်။ ပါချုပ်ဘာမှ မတတ်နိုင် နောက်ဆုံး ကျောင်းသားဒိုင် နဲ့ အဆင်မပြေလို့ ဒိုင်ဌားပေးသည် ပွဲကြည့် စင်ထိုးပေးရသည်။ ဘယ်ရမလဲ။ ကျွန်တော်တို့ မေဂျာ ရှုံးပါသည်။ သို့သော် ဒီဘောလုံးပွဲက ကျောင်းသားအားလုံး မေဂျာ အားလုံးရဲ့ အောင်မြင်မှုဖြစ်သည်။

ကျောင်းဘောလုံးပွဲ

ကျောင်းက ဘောလုံးကန်ရင် ၀ါဏိဇ္ဇဗေဒ၊စာရင်းအင်း၊ဘောဂဗေဒ အသင်း၃ သင်းရှိရာ တစ်သင်းကို ဘောလုံး အသင်း ၂ သင်း၊ ပထမနှစ်က ၂ သင်း၊ MBA ၁သင်း MPA ၁သင်း စုစုပေါင်း ၁၀ သင်းဆိုတော့ ကြည့်ရတာ မျြိုင်လှသည်။ ကိုယ်အသင်းရှုံးနေရင် အခြားအသင်းကိုဆဲသည်။ ကိုယ်အသင်းက လူအချခံနေရရင် ကွင်းထဲ ၀င်ပြီး ဆွမ်းကြီးလောင်းသည်။ ဆရာဆရာမတွေ ကပါ အားရ ပါးရ အားပေးကြသည်။ ဘောလုံးပွဲ ပြီးသွားရင် မေဂျာ အချင်းချင်း ဆရာဆရာမတွေ အချင်းချင်းမတည့်တော့ ၁ ပတ်လောက် စကားမပြော ညည်းတို့မေဂျာက ဟိုကောင် က ကျုပ်တို့ သား ဘယ်သူကို လူချတာ ကောင်းသလား ဆိုပြီး ဘာညညာကိကွ စကားမျာကြသည်။ ဆရာဆရာမတွေတင်မဟုတ် ကျောင်းသားအချင်းချင်းလည်း သိပ်မကြည်ကြတော့။ ဒိုင် နဲနဲ ညစ်ပြီဆိုရင် ဒီဒိုင် အိမ်ပြန်ရာ လမ်း မလုံခြုံ။ နောက်ကြာတော့လည်း အရင်လို့ ချစ်ချစ်ခင်ခင်ဖြစ်သွားကြတာပါပဲ။

ကြောင်သူတော်

ကျောင်းမှာ သူတော်ကောင်းလိုလို စာတော်သူ လူလိမ္မာလိုလို ကုတ်ကမြင်းတွေက လည်းများလှသည်။ သူဘာသာ ကမြင်းတာ ကိစ္စမရှိ လူရှေ့ သူရှေ့ မကမြင်းသယောင် ဟန်ဆောင်တာကို ကျွန်တော် အားကြီးမုန်းသည်။ မုံရွ အသံနဲ့ ပြောရရင် လွတ်မုန်းသည်။ ဒီအထဲ အောင်ထွန်း(နာမည်ပြောင်းထားသည်) အဆိုးဆုံး သူက ကျွန်တော်အခန်းထဲက စာတော်သောကျောင်းသားဖြစ်သည်။ သူက လူက ရိုးပုံ ရိုးလတ်ဖြင့် နေသည်။ ဟိုကောင်မလေးကြောင် ဒီကောင်မလေးကြောင် ကြောင်သည်။ အခုလည်း မိပိုင်တို့ သူငယ်ချင်း တွေ ထဲက ကောင်မလေးတစ်ယောက် ကို လိုက်ပြီး ကောင်မလေးက မကြိုက် နိုင်ဘူုးပြောသော အခါ ကောင်မလေးကို နင် မကြိုက်လဲ နေ နင်ကို ငါ ခြေဖ၀ါးက မြေမှုန့်လောက် တောင် သဘောမထားဘူးတွေ ဘာတွေ ပြောလိုက်သည်ဟူ ကြားသည်။ မိန်းကလေးတွေ ကို ဒီလိုပြောတာကို ကျွန်တော် အင်မတန် မုန်းသည်။ မိပိုင်သူငယ်ချင်းလည်းဖြစ် ဒီလို ကိစ္စမျိုးကို မနှစ်မြိုလို့ ဒီကောင်ဆီသွားပြီး ဒီကိစ္စ သွားရှင်းတော့ သူက သူမှာ ရည်ရွယ်ချက် အမြင့်ကြီးရှိကြောင်း စာသာ စိတ်ဝင်စားကြောင်း မိန်းကလေးတွေ ကို စိတ်သာယာမိလို့ အခုလိုဖြစ်သွားကြောင်း မှိုချိုးမြစ်ချိုးပြော ဖို့ မရည်ရွယ်ပါကြောင်း အပေါစားဝတ္တူထဲက ခပ်ညံညံ စာကြောင်းတွေ ရွတ်ပြနေသော သူကို ချည်လို့ ကျွန်တော် ဘာမှမလုပ်ပဲ ထွက်လာခဲ့လိုက်သည်။

နောက်သူ မာစတာတန်းက အမကြီးတစ်ယောက် နဲ့ ဖြစ်သည်။ နောက် သူကျူတန်းတတ်ရသည်။ ကျုတန်းမှာပင် ကျွန်တော့် သူငယ်ချင်းတစ်ယောက် နဲ့ ဖြစ်သည်။ နောက် သူမာစတာ တတ်တော့ မုံရွာ က အဆင့်မရှိလို့ ရန်ကုန် သွားတတ်သည်။ ရန်ကုန်မှာလည်း နောက်တစ်ယောက် နဲ့ ဖြစ်ပြန်သည်။ ဒီအကြောင်းတွေ ကို ရန်ကုန်စီပွားရေးတက္ကသိုလ်က မိတ်ဆွေ တစ်ယောက် ဥဂ္ဂါ တို့ မုံရွာ စီးပွားရေး က သူတွေ ဆိုကြောက်ပါတယ် ဆိုကြာ ဇာတ်စုံခင်းလို့ ကျွန်တော်သိခဲ့ရသည်။ ဒီလိုကောင်မျိုးကို တော်တယ် ပြောချင်ပြော စိတ်ဓာတ်ပိုင်းအရ နောက်တန်းကျ တာတော့ အမှန် သူဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက် ရွှံရှာ လှသည်။

အချစ်ကိစ္စ တွင် ယောကျာင်္းလေးတိုင်း က မိန်းကလေးတိုင်းကို ချစ်ရေးဆိုခွင့်ရှိသလို မိန်းကလေးတိုင်းက လည်း ချစ်ရေးဆိုသည့် ယောကျာင်္လေးတိုင်းကို ငြင်းပယ်ခွင့် လက်ခံခွင့်အပြည့်အ၀ရှိသည်။ ငြင်းပယ်ရကောင်း မလားဆိုပြီး ထိုမိန်းကလေး အကြောင်း မကောင်းပြောသော ယောကျာင်္လေးများကို အောက်တန်းကျသည် ဟုထင်သည်။ လက်မခံနိုင်ပါပဲ ကြိုးရှည်ရှည်နဲ့ လန်ထားပြီး ညုတုတု လုပ်သော မိန်းကလေးများကို လည်း ထိုနည်းတူ သတ်မှတ်နိုင်သည်။

မိပိုင် မိသော်

ဒုတိယနှစ် အစမှာ မိသော် မိပိုင်တို့ နဲ့ စခင်မိသည်။ ခင်ပုံကလည်း ရီရသည် ကျွန်တော်တို့ ကျောင်းနားက လက်ဘက်ရည် ဆိုင်မှာ ထိုင်နေတုန်း ဂရေစီနဲ့ သူတို့ နှစ်ယောက် ၀င်လာသည်။ ထုံးစံအတိုင်း ကိုးရိုးကားယား နဲ့ ဖြစ်သည်။ နောက် ခင်သွားကြသည်။ ရက် အနည်းငယ်တွင်းမှာပင် အတော်ခင်သွားသည်။ သူတို့ ကို ကျွန်တော် ဂရပ်ဖစ်ပုံကို ခရေယွန် နဲ့ ထပ်ဆွဲထားတဲ့ ပုံလေးတွေ လက်ဆောင်အဖြစ်ပေးသည် သူတို့ ကလည်း ကျွန်တော်ဆွဲသည့်လို့ ထင်ကာ ယူလေသည်။ နောက် သူတို့ နဲ့ တစ်တွဲတွဲလုပ်ဖြစ်သည်။ နောက် သူတို့ ကျွန်တော် မွေးစားညီမ နှစ်ကောင်ဖြစ်တဲ့ မီငယ် သူဇာ တို့နဲ့ ပေါင်းကာ ကျောင်းတစ်ကျော ခွက်ခွက်လန်အောင် သောင်းကျန်းကြသည်။

သူတို့ နဲ့ ကျွန်တော်တွဲ ဖြစ်တော့ ဆရာမအတော်အများနဲ့ သူငယ်ချင်းအတော်အများက မကြိုက်ကြ စရိုက်လည်း မတူ ပုံစံလည်းကွဲ တဲ့ သူတွေနဲ့ ဘာလို့ပေါင်းတာလဲ ပေါ့ မိပိုင် မိသော် နဲ့ ကျွန်တော်ကြား သူတို့ မသိတဲ့ တူတာ တွေရှိသည် ဒါကတော့ ရိုးသားတာနဲ့ ပွင့်လင်းတာ ဖြစ်သည်။ သူတို့ လမ်းမပေါ်က ကောင်လေးတွေကို စရင် စမည် ဟောင်ဖွာဖွာ စကားပြောရင်ပြောမည် ယောကျာင်္းသား များနဲ့ ရောရော ထွေးထွေး နေချင် နေမည်။ သို့သော် သူတို့သည် ဟန်ကြီးပန်ကြီးတစ်ခွဲသားနဲ့ ရိုးသားရန်ဆောင် သူ တွေ ၀တ်ပုံစားပုံ ရိုးပုံရိုးလတ်နှင့် ကောက်ကျစ် ယုတ်မာသူတို့ ထက်သာသည်။ အပေါ်ယံကြည့်ကာ ဆုံးဖြတ်တတ်သူတို့ ၏ အမြင်ကို ကျွန်တော် ဂရုစိုက မဖြေရှင်းတော့ပါ။ သူတို့သည် အခုထိ ကျွန်တော် သူငယ်ချင်းကောင်းများ အဖြစ်ရပ်တည် နေကြတုန်းပင်ဖြစ်သည်။

ကျွန်တော် ရည်းစားရခြင်း

ဒုတိယနှစ်ယောက်တော့ ကိုယ်အုပ်စုနဲ့ နေလာကြသည်။ ကျွန်တော်ကတော့ အုပ်စုရယ်လို့ မရှိပဲ အကုန်ခင်သည်။ နောက် ကျွန်တော်လည်း မသိမသာ အုပ်စုလေး ဖြစ်ရာသည်။ စာပေ အနုပညာနဲ့ ပတ်သက်ပြီး မင်းကိုနိုင် မြင့်နိုင်ဝင်း တို့နဲ့ တွဲဖြစ်သည်။ ကျောင်းကိစ္စဆို အောင်ထွန်း(မတွဲချင်ပေမဲ့ မတတ်သာလို့)၊ နွေဦးမေ၊နွဲနွဲ့ဝင်းတို့ နဲ့ တွဲဖြစ်သည်။ အရက်သောက်ရင် ဂရေစီ၊ လှတော၊ကိုသက်၊ ပဲချမ်း၊ ကိုချမ်း တို့ နဲ့ တွဲဖြစ်သည်။ အမြဲတစ်တွဲတွဲ ရှိနေတာတော့ မိပိုင်၊ မိသော်၊ မီးငယ်၊ သူဇာ၊နုဝေ တို့ ဖြစ်သည်။ မီးငယ် သူဇာ တို့ က ကျွန်တော် နဲ့ အဆောင်ချင်းနီးသည် ပထမနှစ်ထဲက တွဲလာတဲ့ သူငယ်ချင်းတွေ မောင်နုမအရင်းလိုကို ချစ်ကြသည်။ မိသော် မိပိုင် နုဝေ တို့ က မုံရွာ သူတွေ ယောကျာင်္လေးထဲမှာ ဆို ၀ဏ္ဏ၊ လှတော ကိုသက် တို့ နဲ့ တွဲဖြစ်သည်။

မီငယ်နဲ့ သူဇာတို့ က ရည်စားရှိသည်။ မိပိုင်နဲ့ မိသော် တို့ ကလည်း ဘယ်အချိန်မှ သတ်စားမှန်းမသိတဲ့ ကိုယ်ခြံထဲ က ကြက်တွေ ရှိသည်။ ကျွန်တော် ပထမနှစ် ရည်းစားထားကထဲ က စိတ်ကုန်ပြီး ရည်းစားမထားပဲ နေနေတာကို ကြည့် မရသော ကောင်မစုတ်များက ကျွန်တော် ကို နုဝေနဲ့ လျှော် ကြသည်။ အော်ထွန်း နုဝေကို လိုက် စကားပြောတာကို အကြောင်းပြုပြီး ကျွန်တော်ကို နုဝေ အိမ်အထိ လိုက်ပို့ ခိုင်းသည်။ အစတော့ ကျွန်တော် နဲ့ ဘဘောရိုးနဲ့ လိုက်လိုက်ပို့ပေးသည်။ နောက် မီးငယ် သူဇာ မိပိုင် မိသော် တို့ က မီးပြင်းပြင်းနဲ့ လေးယောက်သား ပေါင်းလျှော်ကြရာ နောက်ဆုံး သူတို့လေးဦး မကောင်းမှု ကြောင့် ကျွန်တော် ရည်းစားရလေသည်။ ကျွန်တော်အရည်အချင်းနဲ့ ကျွန်တော် ဆိုရင်လည်း ရည်စားရဖို့ လမ်းမမြင်။

နုဝေ ဟာ မထုံတက်သေးနိုင်လှသည်။ သူနဲ့ တွဲလို့ အဆင်မပြေ ဒီလို အဆင်မပြေတဲ့ ကြားက သူနဲ့ တစ်နှစ်တိတိတွဲဖြစ်သည် နောက် အကြောင်းကြောင်းကြောင့် ပြတ်သွားသည်။ သူသည် ကျွန်တော် ရည်စားသတ်တမ်းတစ်လျှောက် အကြာဆုံးဖြစ်သည်။ ဘာကြောင့်မှန်း မသိ ရည်းစား ၂ ယောက်သာ ကျောင်းတွင်ထားသော ကျွန်တော် ရည်စားများတယ်ဟု နာမည်ကြီးလေသည်။

ဥဂ္ဂါ စာဖတ်အသင်း

သူငယ်ချင်းအတော် အများစာမဖတ်ကြသောကြောင့် ကျွန်တော်တွင် စာအကြောင်းပေအကြောင်း ပြောချင်ရင် မြင့်နိုင်ဝင်းလောက်ပဲ ပြောလို့ ရသည် သူကလည်း မုံရွှေးမှာ နေသဖြင့် အားတဲ့ အချိန်ဆိုမရှိ နှစ်ပတ် တစ်ခါလောက် သာ စကားပြောဖြစ်သည်။ မင်းကိုနိုင်ဆိုတဲ့ ကောင်ကလည်း နာမည်ကသာ မိုက်တာ လူက အူကြောင်ကြောင်(ဟေ့ကောင် စိတ်မဆိုးနဲ့နော်) ဒီကောင်က အသားသာ မဲသာ ရုပ်လည်း မချောဘူး နံမည် ကတော့ လန်းတယ်နော် မွေးနေ့ ကလည်း 8.8.88 ပညတ်သွားရာ ဓာတ်သက် ပါတာကြောင့် မသိ သူနဲ့ ကျွန်တော် အတော်ပေါင်းဖြစ်သည်။ သူက ပန်းချီဝါဒနာပါသည်။ ကျွန်တော်နဲ့ အတူဆွဲသည်။ သူရေဆးဆွဲရင် ဆေးထူထူကြီးတွေ နဲ့ ဆွဲသည်။ မုံရွာက ချင်းတွင်းရေကြည်အဖွဲ့ ဒီကောင်ကြောင့် ပျက်မှာ စိုးလို့ သူ ပန်းချီဆရာဖြစ်ရင် ချင်းတွင်းရေကြည်ကို မ၀င်ရန် တောင်းပန်ရသည်။ နောက် သူတို့ နဲ့ ပေါင်းကာ ကျွန်တော် အဆောင်သားတွေ လည်း စာဖတ်စေရန် အတွက် ကျွန်တော် အိမ်က အလေးခံ သယ်လာတဲ့ စာအုပ် တွေ ကို တစ်ယောက် တစ်အုပ်ဖတ် တစ်ပတ်အတွင်း ကိုယ်ဖတ်ခဲ့တာ ပြန်ပြောပြလုပ်ဖြစ်သည်။ နောက် ကိုယ် သိထားတတ်ထား တာကို ဝေမျှဖို့ စကားဝိုင်းလေးတွေ လုပ်ဖြစ်သည်။ လက်ဘက်ရည် ဆိုင်မှာ ရောက်တတ်ရာရာ ပြောတာမျိုးမဟုတ်ပဲ အကြောင်းအရာတစ်ခု ကို ၀ိုင်း ဆွေးနွေးတာမျိုး လုပ်ဖြစ်သည်။ ၂ လသာ ခံသည် နောက် ပျက်လေသည်။ သို့သော် ကျွန်တော်တို့ စာအုပ် ၂၀ လောက် ဖတ်ပြီး ဖြစ်သွားတာ အမြတ်ဖြစ်သည်။

စာရေးမနဲ့ ရန်ဖြစ်ခြင်း

တက္ကသိုလ်တိုင်း မှာ ကျောင်းသားတိုင်း သောက်မြင်ကတ်သည် ဌာနမှာ ကျောင်းသားရေးရာဖြစ်သည် ကျောင်းသားရေးရာတွင် စာရေးမများဟာ သောက်မြင်ကတ်စရာ အကောင်းဆုံးဖြစ်သည်။ ကျောင်းသားတွေ ကို ဟောက်သည် ကြောသည် နောက် ချယ်လယ်သည် ငွေညစ်သည် အလုပ်သေချာမဟုတ် သူအလုပ်လို့ မလုပ် သူယောက္ခမ အလုပ်လို လုပ်သည်။ အူတူတူ ကျောင်းသားများဆိုရင် ဆဲလိုက်ခံရ အဟောက် ခံရမည် ကျွန်တော်ကိုတော့ ဒါမျိုးလာလုပ်ရင် ကျွန်တော် ခံပတ်တတ်သည်။

တစ်နေ့ ကျွန်တော် အမှတ်စာရင်းယူကြည့်ချင်လို့ ထောင်းတဲ့ အခါ ဘာသာရပ်နေရာမှာ Economics အစား Econonic ဖြစ်နေသည်။ ဒါကြောင့် ကျွန်တော်က ပြင်ပေးရန်ပြောသော အခါ ပါချုပ်လက်မှတ်ထိုးရမှာ မို့ သနားခံစာ တင်ရမယ်တဲ့ ကျွန်တော်က အသနားခံ ရအောင် ကျွန်တော် မှားတာလည်း မဟုတ် ဒါကြောင့် အသနားခံစာမတင်နိုင်လို့ ပြောပြီး သည်။ သူက မျက်နှာ ၈၆ ခေါက်လောက်ချိုးပြီး ထားခဲ့ ထားခဲ့ လို့ ပြောသည်။ ဘယ်တော့ ရမလဲ မေးတော့ သေချာ မဖြေ ကျွန်တော် စိတ်တိုလာသည် ခင်ဗျားတွေမယ် ပြောပြီး မော်ကွန်းထိန်း ဆီသွားသည် မော်ကွန်းထိန်းကို သူပြောတာတွေ တစ်လုံးမကျန်ပြန်ပြောလိုက်သည်။ သူကို မော်ကွန်းထိန်း က ပယ်ပယ်နယ်နယ် ဆူလေသည်။ နောက် မျက်နှာငယ်လေးနဲ့ ထွက်လာသည် မတတ်နိုင် ဒီလိုမျိုးနဲ့ ကျောင်းသားကျောင်းသူပေါင်း များစွာရဲ့ အတ္တဘ၀ရှင်သန်မှုကို ဘယ်နှစ်ကြိမ် နှောက်ယှက်ပြီးပြီ မသိချေ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s