ပသုန် အစွံ (Pathom Asoke) ဗုဒ္ဓအလိုကျ ဆိုရုယ်လစ် ဒေသ

 

ပိုင်ဆိုင်တာအားလုံးစွန့် ကာလေ မနာလိုစရာလည်းပဲ မရှိတော့ပေ ညီအကိုလို ကြင်နာမှု နဲ့လေ လောကသစ် တစ်ခု တည်နေ…………….

ကိုထီး ရဲ့ သဘာဝရဲ့ရင်သွေးငယ်တွေ သီချင်းထဲက စာသားတွေကို စိတ်ထဲရေရွတ်မိသည် ဒီလို နေရာမျိုး လောကမှာ ရှိနေမယ်လို့ မထင်ခဲ့ အခုတော့ ဒီလိုနေရာမျိုးကျွန်တော် ရောက်ခဲ့ပါတယ်။

ကျွန်တော်တို့ လူမှုအကျိုးပြုဗုဒ္ဓဘာသာဝင်(Socially Engaged Buddhist) လူငယ်တစ်စု Pathom Asoke ဘုရားကျောင်းနဲ့ Asoke Boon Niyom Community ဆိုတဲ့ နေရာလေးကိုရောက်ခဲ့ပါတယ်။ ဒီနေရာလေးက ဘုရားသားတော် ထိုင်းဘုန်းတော်ကြီးတွေ နဲ့ ရိုးရှင်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓအလိုကျ ဆိုရုယ်ရှယ်လစ် ၀ါဒကို ယုံကြည်ကြတဲ့ လူတစ်စု တည်ထောင်ထားတဲ့ လူအဖွဲ့အစည်းလေး တစ်ခု။

လူတိုင်း ရှမ်းအကျီင်္ အပြာရောင်လေး ရှမ်းဘောင်းဘီအပြာရောင် နှင့် အားလုံး တူတူ အလုပ်လုပ်ကြတယ်။ ညနေ တရားနာ တရားထိုင် ကြတယ်။ ပညာရေးအတွက် အလယ်တန်းကျောင်းတစ်ကျောင်းရှိပြီး ကျှုရှင်ခကအစ အားလုံးအခမဲ့ဖြစ်တဲ့ အပြင် အိမ်တွင်းမှု လက်မှုပညာတွေ ကို သင်ပေးတယ်။သဘာဝအတိုင်း စိုက်ပျိုးတဲ့ ရေရှည်တည့်တံတဲ့ စိုက်ပျိုးနည်းစနစ် နဲ့ သူတို့ ပိုင်တဲ့ လယ်ယာမြေမှာ ဆိုင်ပျိုးကြတယ်။ သဘာဝဆေးဝါးတွေ ကိုသာ အသုံးပြုတဲ့ တိုင်းရင်းဆေးရုံရှိတယ်။ တိုင်းရင်းဆေးတွေ ထုတ်လုပ်တဲ့ စက်ရုံရှိတယ်။ သံဃာတော်တွေ က တရားဟောပြတယ် လူတွေက တရားနာ တရားအားထုတ်ကြတယ်။ လူထုအခြေပြုဈေဆိုင်းလေး ရှိတယ်။ ဒီဆိုင် မှာ သူတို့ ကိုယ်တိုင် လုပ်တဲ့ ဆေးဝါးတွေ၊ လူအသုံးဆောင်ပစ္စည်းတွေ၊ အစားအသောက် တွေ ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးတယ်။ သူတို့တွေဟာ ဆိုရှယ်လစ် ၀ါဒကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဆိုရှယ်လစ် ၀ါဒက ကားမာစ် အိန်ဂျယ် လီနင် စတာလင် ရဲ့ ဆိုရှယ်လစ် ၀ါဒမဟုတ်။ ဗုဒ္ဓရဲ့ ဆိုရှယ်လစ် ၀ါဒသာဖြစ်တယ်။

ဒီလို ဗုဒ္ဓဘာသာ လူအဖွဲ့ အစည်းလေးကို ၁၉၈၄ခုနှစ်မှာ ဗုဒ္ဓအလိုကျ ကျင့်ကြံနေထိုင်လိုတဲ့ လူတစ်စုနဲ့ သံဃာတော်တို့ က ဗုဒ္ဓအလုတော်အတိုင်း ဂရုဏာရှေးရှုပြီး ကောင်းမွန်တဲ့ လူအဖွဲ့အစည်း ပတ်ဝန်ကျင်လေး ဖြစ်အောင်ရည်ရွယ်ပြီး တည်ထောင်ခဲ့ကြတယ်။

သူတို့တွေ အတူတကွအလုပ်လုပ်တယ် လုပ်အားအကျိုးကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ကို ဘုံရံပုံငွေထဲ တည့် ပြီး လိုအပ်ချက်တွေ ကို အတူတကွ အသုံးပြုကြတယ်။ စွန့်ပစ်ပစ္စည်းတွေ ကိုလည်း အမျိုးအစားခွဲပြီး ပြန်သုံးကြတယ်။ သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကျင့်ကြံ နေထိုင်ကြတယ်။ နေစဉ် ဘ၀ကို ဗုဒ္ဓအဆုံးအမ အတိုင်း လိုက်နာကျင့်ကြံကြတယ်။

ဒီလိုနေရာလေးဟာ ကျွန်တော်အတွက် အမှတ်ရစရာ သတိရနေရာလေးတစ်ခုပါ။

ခင်ဗျားတို့လည်း ထိုင်း ရောက်ရင် ဒီနေရာလေးကို  သွားလေ့လာကြည့်သင့်တယ်လို့ လမ်းညွန်ပါရစေ။

သွားချင်ရင်

Pathom Asoke,66 Moo 5,Phraprathon Sub-district , Muang District, Nakhon Pathom Province 7300 Thailand.

Tel: (034) 258470-1

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s