မညိုမီိဆိုသည်မှာ

မညိုမီဆိုသည်မှာ အရပ်မှာ ပုတတ်တတ်၊ ထီးရှည်တစ်ချောင်းဖြင့် ရွာရိုးကိုးပေါက် ဘောက်ဆက်ဘောက်ဆက် လမ်းလျှောက်တတ် သူတစ်ယောက်ဖြစ်သည်။ အရူးထောင်နှင့်နီးသော ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒဲဘစ် ခရက်ဒစ် တစ်ဖက်သွင်း နှစ်ဖက်သွင်းများ သင်ကြားခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ ထမင်းစားလက်မှတ်ရပြီး ၀မ်းစာပြည့် သူတစ်ဦးဖြစ်သည်။ ထိုသူသည် ယခင် နှစ်များက အေးရာအေးကြောင်း တစ်ဖက်သွင်းလိုက် နှစ်ဖက်လိုက် အေးအေးချမ်းချမ်းနေနေရာမှသူ၏ မောင်များ ဖြစ်ကြသော သိန်းစိုး၊ဥဂ္ဂါ၊အောင်အောင် စတဲ့ အူကြောင်ကြောင်ကောင်များအတူ သင်တန်းတစ်ခု တက်မိရာမှ ဦးနှောက်ပျက်ကာ  အများအကျိုးရွက် သယ်ပျိုး မည်ဟူဆိုပြီး တစ်ဖတ်သွင်း နှစ်သွင်းတို့ တာကို အားမရတော့ပဲ သုံးဖက် လေးဖက် သွင်းပြီး လှုပ်မရ ရှားမရ အများအကျိုးဆောင် ကိုယ်ကျိုးပြောင်နေသူတစ်ယောက်လဲ ဖြစ်သည်။

သူသည် ကော်ဖီကို ဖျော်သောက်ရမှာ ပျင်းသောကြောင့် ကော်ဖီအစေ့လိုက် ၀ါးစားတတ်သူဖြစ်သည်။ သူသည် သူ၏ သပိတ်နု ပိတုန်းရောင်သန်းသာ အသားအရည်ကို နေလောင်မှာကြောက်သဖြင့် ထီးတကားကားဖြင့် သွားလေရာယူဆောင်လမ်းသလားတတ်သူဖြစ်သည်။

သူသည် သူ၏မောင်လေးများဖြစ်ကြသော လူရမ်းကား နဲ့ တူသော သိန်းစိုး၊ လမ်းသရဲကျပ်မပြည့် သူနှင့် တူသော အောင်အောင်၊ အလွန်ချောသဘောကောင်းသော မောင်ဥဂ္ဂါ ဆိုသူတို့ ၏ ဆိုးနွဲ့သမျှ ပိုက်ဆံချေးသမျှ မညီးမနူ ထုတ်ချေးပေးသော ဘဏ်တိုက်ကြီးလည်းဖြစ်သည်။ ပိုက်ဆံချေးပြီး ပြန်ဆပ်ရန် မေ့တတ်သော သူ၏ မောင်လေးများနည်းတူ သူလည်း ပြန်ထောင်းရန် မေ့တတ်သည်။ သို့ဖြစ်၍ သူ၏ ရသုံးမှန်ခြေငွေစာရင်းသည် အမြဲထမ်း အနှုတ်လဏ္ခာဆောင်လေ့ရှိသည်။

သူတွင် အပေါင်းအသင်းများစွာရှိသော်လည်း တကယ်ထမ်း ပေါင်းသော သူများ သူ၏ မောင်လေး ၃ယောက် နှင့် မိန်းမလည်းမဆန် ယောကျာင်္းလည်းမဆန်သော မိရွှေပနှင့် မိန်းကလေးတန်မဲ့ ဘိုးမင်းခေါင် စတိုင်ဖမ်း တတ်သော သဉ္ဇာထွန်းဆို သူတို့ဖြစ်သည်။ သူသည် အတော်အတန် မိန်းမဆန်ဆန်နေချင်သော် လည်း မိရွှေပနှင့် သဉ္ဇာထွန်းတို့ ၏ အူကြောင်ကြောင် အိုင်ဒီရော်လော်ဂျီ မှိုင်းတိုက်မှုကြောင့် အခုအချိန်တိုင်အောင် ရည်စားမရှိ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေသူလည်းဖြစ်သည်။

သူသည် တလံနှင့် တတောင် ပတ်မျှ ရှိသော သူ၏ ခန္ဓာကိုယ် လှပကြွရွစေရန် အလုပ်ကအပြန် မမောနိုင်မပန်း နိုင် ကာယအလှသင်တန်းတက်ရ။ အစာရှောင် ဟင်းရွက်ပြုတ်နဲ့ သစ်သီးပဲ ကြိတ်နိုင်သူတစ်ယောက် လည်း ဖြစ်သည်။ သူမည်မျှပင်ကြိုးစား အားထုတ်စေကာမှု သူကိုယ်ခန္ဓာကိုယ်မှာ ဒုံရင်းအတိုင်းပဲဟူ အကဲဖြတ်သူ သိန်းစိုးနှင့် အောင်အောင်က ကျွန်တော်အားပြောကြားဖူးသည်။

သူသည် သူ၏ ရောဂါသည် အရက်သမားသိန်းစိုး၊ နှာဗူး ရှုနာရှိုက်ကုန်း အောင်အောင်၊ စော်ကြည်ရုပ်ချော မောင်ဥဂ္ဂါ၊ သူ့အမ ဂီလာန မမလတ်တို့ နှင့် အပြိုင် နေမကောင်းဖြစ်တတ်သောသူဖြစ်သည်။ သူနေမကောင်း ဖြစ်ရင် သူနှင့် အတူ သူမသာကိုယ်အသုဘများက အားပေး ပန်းခွေများ၊ စကားများ ပြောပြီး ဂရုတစိုက် ပြုစု ကြသည်။

ထိုသို့သော သူကို မညိုမီဟုခေါ်သည်။

ထိုသူသည် မည်သို့ပင်ဆိုစေကာမှု ကျွန်တော်တို့ရဲ့ ချစ်ခင်လှစွာသော၊ ယုံကြည်ရင်းနီုးလှသော အမကြီး ဖြစ်သည်။ ကျွန်တော် ဗုဒ္ဓဘာသာ လူငယ်အဖွဲ့လေးရဲ့ မရှိမဖြစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ ထုတ်ဝေခဲ့သော ဧ၀ံမေသုတံ သတင်းစာစောင်ကြီး၏ အလွန်တရာ အရေးပါလှသော အယ်ဒီတာအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ လောကတ္ထစရိယဖောင်ဒေးရှင်းကြီးရဲ့ လွန်စွာ အရေးပါသော သင်တန်းမှုးကြီးလည်း ဖြစ်သည်။ ထိုသူသည် လောက အကျိုးသယ်ပျိုးပြီး အများအတွက် ကိုယ်ကျိုး ကို မတွက် ဆောက်ရွက်တတ်သော သူလည်းဖြစ်၏။ ထို့ကြောင့် ထိုသူမွေးဖွားလာခြင်းနှင့် ထိုသူနှင့် ခင်မင်ရင်းနီုး ရခြင်းကို ကျွန်တော် ဂုဏ်ယူမိပါသည်။

 

 အစ်မကြီး ညိုမီထွဋ် ၏ ၂၆၊၀၇၊၂၀၁၂ တွင် ကျရောက်သော (28)နှစ်ပြည့် မွေးနေ့အတွက် အဝေးရောက်မောင်လေး ဥဂ္ဂါ ၏ လက်ဆောင် 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s