မိဂဒါဝုန် ခရီးသည် – ၁

နိုင်ငံခြားကို ပထမဆုံးသွားရတော့မယ် စိတ်ထဲမှာ ကြောက်ပြီး ရင်ခုန်တာတို့ ဘာတို့ မရှိဘူး မနက်မိုးလင်းပြီး မနက်စာစားတယ်။ နောက် ကျွန်တော်အကိုဝမ်းကွဲ က ကားနဲ့ လေဆိပ်ကို လိုက်ပို့တယ်။ လေဆိပ် မရောက်ခင် ကျွန်တော်နဲ့ အတူသွားမဲ့ ကိုကျော်စိုး၊ညီမလေး အိအိတို့ကို ရုံးမှာ ၀င်ခေါ်ပေမဲ့ သူတို့ က နောက်ကျနေလို့ ထွက်သွားကြတယ်။ ကျွန်တော်လည်း မနက်စာစားနေတာနဲ့ နဲနဲ နောက်ကျသွားတယ်။ မသွားခင်လေး ကြီးမေနဲ့ တီမေကို ဖုန်းဆက်ပြီး နှုတ်ဆက်လိုက်သေးတယ်။ လေဆိပ်ကိုရောက်ပြီ ငါလေယာဉ်ပျံကြီးရတော့မယ် အရိုး ရဲ့ လူလည်အာရှသား သီချင်းကို ပါးစပ်က ညည်းမိတယ်။ နိုင်ငံခြားကို သွားရတာ သာမန်ခရီးသွားရသလိုပဲ ဘာမှ ထူးထူးခြားခြား မခံစားရဘူး။ ၀တ်ကောင်းစားလှ အနောက်တိုင်း ၀တ်စုံလည်း မ၀တ်ဘူး ရိုးရိုးရှုမ်းဘောင်းဘီ ရှမ်းအကျီင်္ နဲ့ ရိုးရိုးရှင်းရှင်းပဲဝတ်ဖြစ်တယ်၊ ဆွေမျိုး ပေါင်းစုံလည်း လိုက်မပို့ဘူး ကိုကြီးဖြိုးနဲ့ အိမ်က ကောင်းလေး နှစ်ယောက်ပဲပါတယ်။ ကျွန်တော်တို့ အဖွဲ့ က ကိုကျော်စိုး၊အိလေးနဲ့ ကျွန်တော် ၃ယောက် ရိုးရိုးရှင်းရှင်း ၀တ်စားထားတယ်။ ရိုးရှင်းတဲ့ ဘ၀နဲ့ ကိစ္စနည်းဖို့ ဗုဒ္ဓဟောခဲ့တယ်မလား။

လေယာဉ်ပေါ်ရောက်တော့ နဲနဲတော့ ရင်ခုန်မိသား မေမေ ခဏခဏ ပြောတဲ့ ချစ်သော TG ပေါ်ရောက်နေခြဲ့ ပီ။ထိုင်းရောက် ရင် မေမေနဲ့တွေရတော့မယ်။ လေယာဉ်ပေါ်ကကျွေးတဲ့ အစားအစာတွေ လုံးဝစားလို့ မရ အော့ချင်အန်ချင်တောင် ဖြစ်တယ်။ ၀ိုင်လည်း တိုက်တယ် ဒါပေမဲ့ လုံးဝ အရက်မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်လို့ မသောက်ဖြစ် နာရီဝက်လောက်မှာပဲ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ပါတော့တယ်။ ဒီလေဆိပ်က အတော်ကိုကြီးလှတယ်။ လေယာဉ်က နေ လူဝင်မှုကြီးကြပ်ရေး ကိုရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရတယ်။ လမ်းလျောက် နေရင်း မြန်မာပြည်က သူဌေးကြီး ဦးဇော်ဇော်ကို တွေ့လို့ နှုတ်ဆက်လိုက်သေးတယ် သူလည်း ကိုယ်မသိပါဘူး ကိုယ်လည်း သူမသိပါဘူး။ ဒါပေမဲ့ မြန်မာ ဆိုတဲ့ အသိနဲ့ နှစ်ယောက်စလုံး အပြန်အလှန် ပြုံးပြီး နှုတ်ဆက်လိုက်တယ်။ သူက အစည်းအဝေးတစ်ခု လာတက်တာတဲ့။ လက်ဂေ့ တွေ ယူတဲ့နေရာ မှားသွားမိလို့ မောရသေးတယ်။ ကျွန်တော်တို့ ကို လာကြိုတဲ့ လူရှိပမလား။

International Network of Engaged Buddhist  (INEB) က သူငယ်ချင်းတွေ လာကြိုတယ်။ လာကြိုတဲ့ လူတွေက အိန္ဒိယက ပါပူး၊ထိုင်းက နူးနာ ကျွန်တော်တို့နဲ့ အတူ ကမ္ဘောဒီယားက ဗစ်ချီကန်၊နဲ့ ဒေါင်လိုင် တို့ ကိုတွေ့ရတယ် စတွေကာစဆိုပေမဲ့ ရင်းရင်းနီုးနီုးပဲ ပါပူးက ဖက်ပြီးနှုတ်ဆက်တယ်။ ဒါနဲ့ ကျွန်တော်တို့ INEB ရုံးရှိရာကို ရောက်ခဲ့တယ်။ ဟိုရောက် တော့ အင်ဒိုနီရှား သူငယ်ချင်းတွေ ဖြစ်တဲ့ မယ့်ဖာ၊ရူဒီ၊ဗီရမ်နဲ့ အက်ကာ၊ အိန္ဒိယက ကီးလော့၊ပရာဗင် နဲ့ ဘူတန်က ကာမာ၊ထိုင်းက ပက် တို့ ကိုတွေရတယ် အားလုံး ရင်းရင်းနီုးနီုး ဖလှယ်တကင်းရှိကြတယ်။ INEB ရုံးမှာ ကျွန်တော်လေးစားတဲ့ ကျွန်တော်စာအုပ်ထဲ မှာပဲ ရင်းနီုးတဲ့ ဆရာကြီး ဆူလပ်ပုံကြီးကို စတွေ့ ရတော့ ပျော်သွားတယ်။ မနက်ဖြန်ဆို ဆရာကြီးဆူလပ်ကို မျက်မြင်ဒိဠ တွေ့ရမယ်တဲ့ ကံထူးလေစွ။

ရောက်ရောက်ချင်း နူးနာ ဖုန်းနဲ့ မေမေဆီရောက်ကြောင်းဖုန်းတယ် မေမေက စိတ်ပူနေတယ် လေဆိပ်မှာ နဲနဲကြာသွားတယ်။ မေမေကတော့ သူသားကို ကလေးလေးလို့ ထင်နေတုန်းပဲ သားအတွက် အမေစိတ်ပူရတာ များနေပါပြီ စိတ်မပူနဲ့နော်မေမေ။

မေမေက ဖုန်းဝယ်ခိုင်းလို့ ပလာဇာတစ်ခုမှာ ဖုန်းဝယ်ဖြစ်တယ် သူတို့ဆီမှာ ဖုန်းဝယ်ရတာ တယ်လွယ်တာ ပဲ မိနစ်ပိုင်းအတွှင်း ရသွားတယ်။ လျှောက်လွာမလို့ မှတ်ပုံတင်မလို၊ငွေပေးရင် ရတယ်။ ဖုန်းဝယ် ပြီးပြီးချင် ကန်ချရာပူရီ က မွန်သူငယ်ချင်းနှစ်ယောက် က ဖုန်းဆက်တယ် သူတို့ဆီလာလည်တဲ့ သူတို့ နေရာကို သွားချင်ပေမဲ့ မသွားသေးဘူး။

ထိုင်းက ကျွန်တော်ရောက်တဲ့ အချိန် ရွှေးကောက်ပွဲကာလ မြို့ထဲလမ်းမတစ်လျောက် ရွှေးကောက်ပွဲ မဲဆွယ် ကြေညာ ဘေဘုတ်တွေ အများကြီး တွေ့ရတယ်။

နောက် ရုံးရောက်တော့ အင်တာနက်သုံးကြည့်တယ် မြန်မာ ပြည်မှာ ဖွင့်လို့ မရတဲ့ လိုင်းတွေ အကုန်ဖွင့်ကြည့်တယ်။ အကုန်ပွင့်တယ်။ ရောက်တုန်းရောက်ခိုက် အင်တာနက် ကို အားရ ပါးရ သုံးဖြစ်တယ်။ ဒီလိုနဲ့ တစ်နေ့ ကုန်သွားတယ်။

မနက်ဖြန် သင်တန်းစပြီ သင်တန်းက FK Norway ကလုပ်တဲ့ South – South Exchange Program ကို သွားမဲ့ INEB က သုတွေကို အကြို သင်တန်းပေးတဲ့ သဘော လူမှုအကျိုးပြုဗုဒ္ဓဘာသာအကြောင်း နဲ့ လူလောက လူမှုဘ၀ထဲ ဗုဒ္ဓဓမ္မ ကို ဘယ်လို အသုံးချမလဲ သင်ပေးမဲ့သင်တန်း။

ဒီသင်တန်းကို ထိုင်းက နူးနာ၊ပက်၊ အင်ဒိုနီရှားက မဲ့ဖာ၊ဗီယက်၊ရူဒီ၊အက်ကာ၊လူစီ ၊ကမ္ဘောဒီယားက ဗစ်ချီကာ၊ ဒေါင်းလိုင်၊ အိန္ဒိယက ပါပူးကူမား၊ ကီးလော့၊ပါရာဗင် ၊ ဘူတန်က ကာမာ၊ မလေးက မက် နဲ့ မြန်မာက ကျွန်တော်တို့ ၃ ယောက် ပါတယ်။

နူးနာ၊အက်ကာ၊လူစီ၊ကာမာ၊ဒေါင်လိုင်၊အိအိ နဲ့ ကျွန်တော်တို့ ကလွဲ ကျန်တဲ့ သူအားလုံးက FK Norway ရဲ့ Program မှာ မနှစ် အရင် အရင် နှစ်တွေ မှာ ပါဝင်ဘူးတဲ့သူတွေ ချည်းပဲ သူတို့က ပြန်ပြီး ကျွန်တော်တို့ ကို ပြန်ပြီး လက်ဆင့်ကမ်းတဲ့ သဘောပေါ့။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s