သွားနှင့်ပါဆရာ

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက ဌာနမှုး ဆရာဦးအောင်သန်းဦး ကျွန်တော်တို့ ဆရာ ဆုံးပါးသွားတော့ ဆရာကို နှမြောလို့ ဆုံးရှုံးခဲ့ရလို့ ရေးခဲ့တဲ့ ကဗျာလေးပါ လှည်းတန်းမှာ ထိုင်ရင်း သူငယ်ချင်း ဇေယျာ အတူ လက်တန်းလေးခဲ့တဲ့ ကဗျာလေး ပါ ဆရာကို ပြန်သတိရလို့ တင်လိုက်တာပါ ကဗျာ ခေါင်းစဉ်က သွားနှင့်ပါ ဆရာတဲ့………………

သွားနှင့်ပါဆရာ

ရာမညတစ်ဆောင်လုံးတိတိဆိတ်

ကန်တင်းက လက်ဘက်ရည်ခွက်လေး

ဆရာကိုလွမ်းနေတယ်။

မှန်းမရတဲ့ လူဘ၀အသက်တာ

တွေကြုံရမဲမရဏာ။

သွားနှင့်ပါ ဆရာ

ပါမောက္ခဆိုတာ လုံခြုံးရေးမှုးတဲ့လား

ရိုးသားတဲ့ အပြုံးနဲ့

ဆရာကြိုးစားခဲ့ အားလုံးအတွက်ပေါ့

မုန်တိုင်ထဲက ဖယောင်းတိုင်လေး

မှိန်မှိန်လေးဖျော့ နေတယ်။

သွားနှင့်ပါဆရာ

ဘ၀ဆိုတာ လွမ်းစရာတွေချည်းပဲမဟုတ်

ဆရာသမိုင်းကြောင်း ကောင်းခဲ့ပါတယ်လေ။

သွားနှင့်ပါဆရာ

ပင်းယဆောင်ရှေ့  ကပန်းလေးတွေ

တုန်တုန်ရီရီပွင်နေကြပြီ

ပြည်လမ်းမကြီးက

ဘာမှမဖြစ်သလိုလှုပ်ရှားနေရဲ့

အဓိပတိလမ်းပေါ်က

ဝမ်းနည်းနေတဲ့ ကျွန်တော်တို့ နှလုံးသားတွေ

လွမ်းလျလျနဲ့ ကြွေကျတော့မယ်။

သွားနှင့်ပါဆရာ

အတန်းချိန်အမြဲနောက်ကျတဲ့ကျွန်တော်

ဆရာသွားမဲ့ခရီး မမှီခဲ့ဘူးဆရာ

ဆုတောင်းတွေမယုံကြည်သူကျွန်တော်

အခုဆုတောင်းရတော့မယ်

ဆရာနဲ့ ဆုံတွေ့ဖို့ကိုလေ။

သွားနှင့်ပါဆရာ

စိတ်ချလက်ချသာသွားပါ

ကျွန်တော်တို့ ဓါးတွေမတုံးစေရဘူး

သွားနှင့်ပါဆရာ

မကြာခင် ကျွန်တော်တို့လည်း

လိုက်လာခဲ့မပေါ့။

ဆရာရဲ့ ချစ်တပည့်

ဥဂ္ဂါ၊ဇေယျ(ခေတ္တ-လှည်းတန်း)(Dip AP 10 )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s