အသစ်နဲ့ အဟောင်း

ဦးမြမောင် အသက် ၆၀ ကျော်လူပျိုကြီး ကျောင်းဆရာ အလုပ်က သက်ပြည့်ပင်စင်ယူပြီးနောက် တတိယ အရွယ်မှာ တရားရှာ ဆိုတဲ့ အတိုင်း တရားဘာဝနာ ပွားများကာ သူ့လုပ်ခလစာလေးနဲ့ အေးအေး ချမ်းချမ်းနေလေရဲ။ တရားဓမ္မကိုလည်း အသက်လေးဆယ် အရွယ်လောက်ထဲက စတင်လေ့လာ ကျင့်ကြံနေတာ ဦးမြမောင် တစ်ယောက် သူကိုယ်သူ တရားရှိလာပြီ တရားလက်ကိုင်ထားနိုင်ပြီလို့ ထင်တာပေါ့။ ပင်စင်လစာက နည်းတယ် ဆိုပေမဲ့ ကိုယ်တည်း ဦးမြမောင်အတွက် ပိုက်ဆံသိပ်မကုန်လှ ညီမဖြစ်သူက လည်း စီးပွားရေး အဆင်ပြေတော့ ဦးမြမောင် စားရေးသောက်ရေး ကို အဆင်ပြေအောင်ထောက်ပံပေးသည်။ ဦးမြမောင် ရသည့် လစာက လှူလို့တန်းလို့ရတော့ အဆင်ပြေလှသည်။

ဦးမြမောင်က အခုထိတစ်ကိုယ်တည်း လူပျိုကြီးဆိုပေမဲ့ သူနဲ့ တစ်ဦးသော ညီမ ကတော့ အိမ်ထောင်နဲ့ ကလေးတွေ နဲ့ လင်ယောက်ျားနဲ့။ ဦးမြမောင် ပျင်းပျင်းရှိတဲ့ အခါတိုင်း သူညီမ ဖြစ်သူ ဒေါ်မြတ်စု ဆီ သွားသွားပြီး သူ၏ တူတူမ နှစ်ယောက်ဆီ သွားသွားနေတတ်သည်။ တရားဓမ္မနဲ့ နေသူ တရားလက်ကိုင်ထားတဲ့ သူဆိုတော့ သူ့ တူ တူမလေးတွေ ကို သံယောဇဉ် အမျှင်မတန်းအောင် သတိလေးနဲ့ နေရတာတယ် ဆိုပေမဲ့ သံယောဇဉ် တော့ တွယ်မိသည်။ သွေးရင်းသားရင်း တွယ်တာစရာ ဆိုဒါပဲ ရှိတာမလား။

သူ ညီမက သူတို့နဲ့ အတူလာနေခိုင်းတိုင်း ရှုပ်ရှုပ်ရှက်ရှက် မနေချင် အရှုပ်ထဲက ရှင်းအောင် နေသူ ဦးမြမောင် က ငြင်းဆန်လေ့ရှိသည်။ သို့သော် သူ့ တူလေး တူမလေး နှစ်ယောက် ကိုတော့ ဦးမြမောင် ချစ်သည်။

သီတင်းကျွတ် သင်္ကြန် အချိန်ဆို သူ့ညီမ ဒေါ်မြတ်စုတို့ မိသားစုက ရေကန်တော့ သီတင်းကျွတ်ကန့်တော့ အဖြစ် နှစ်တိုင်း မပြတ်လာကြသည်။ ဒီလို လာကန်တော့တိုင်းလည်း ဦးမြမောင် ပင်စင်ရထား သူ့တပည့်တွေ ကန်တော့ထားတဲ့ ပိုက်ဆံ အသစ်လေးတွေနဲ့ တူလေး တူမလေးနှစ်ယောက် ကို မုန့် ဖိုးအဖြစ်ပေးနေကြ။ ဦးမြမောင် က သူညီမ  လောက် စီပွားရေး မတောင့်တင်းသော်လည်း စားစရိတ်ကို လည်း ညီမဖြစ်သူက ထောက်ပံတော့ ဟန်မပျက်နေနိုင်သည်။

သီတင်းကျွတ်အချိန်အရာလောက်လာပြန်ပြီ ဒေါ်မြတ်စု တို့ မိသားစု ကလေးတွေ ကျောင်းပိတ်တော့ ကျိုက်ထီးရိုးဘုရားဖူး သွားကြသည်။ ဦးမြမောင်ကို ခေါ်ပေမဲ့ ဦးမြမောင် ကျန်းမာရေး ကြောင့် မလိုက်ဖြစ်။ သူတို့ ကျိုက်ထီးရိုးက ပြန်လာရင် ဦးမြမောင်ကို လာကန်တော့ ကြမှ မို့ ဦးမြမောင် သူတို့ ပြန်အရောက်ကို မျှော်နေမိသည်။

နောက်တော့ သူတို့မိသာစု ရောက်လာပြီး ကျိုက်ထီးရိုးအပြန်လက်ဆောင်တွေ နဲ့ ဦးမြမောင်ကို ကန်တော့ ကြသည်။ ဒီတော့ ဦးမြမောင်လည်း ထုံးစံ အတိုင်း သူသိမ်းစည်းထားတဲ့ ပိုက်ဆံ အသစ်လေးတွေ ကို တူတူမလေးများကို မုန့်ဖိုးအဖြစ်ပေးသည်။ နှစ်တိုင်း လာကန်တော့ရင် ပေးတဲ့ မုန်ကဖိုး ကို ယူမြဲ ယူနေသော ဦးမြမောင် တူလေးက မုန်ဖိုးမယူပဲနေသည်။ သူတူလေးက ဦးမြမောင် ၀င်ငွေမရှိတာကို သိလို့ အားနာပြီးမယူ ပဲငြင်းသည်။ တူမလေးကတော့ ငယ်တော့ ဘာမှ သိပ်မသိယယူသည်။ ဦးမြမောင်ကလည်း ယူစေချင်လို့ အတင်းပေးသည်။ တူဖြစ်သူကလည်း

မယူဘူး အဘမြ အဘမြပဲသုံးပါ

ယူပါ သားရဲ့ အဘမြ က ပိုက်ဆံသစ်လေးတွေ ဆို မသုံးပဲ သိမ်းထားတာ ငါ့တူလေးတွေ အတွက် ပါ ယူပါ သားရယ်

နောက်ဆုံး ငြင်းလို့ မရတဲ့ အဆုံး ဦးမြမောင်ဆိုက ပိုက်ဆံကို သူတူက ယူလိုက်ပြီး ပိုက်ဆံ ကို လုံချေ လိုက်လေသည်။ ဦးမြမောင်က အံအားသင်ပြီး

“ဟဲ့ ဘာလုပ်တာလဲ”

လို့မေးကာ ဒေါသထွက်မိသည် သူအမြတ်တနိုး သိမ်းထားပြီး ယူစေချင်လို့ ပေးတာကို သူရှေ့တင် လုံးချေလိုက်သည် တူလေးကို ဒေါသ ရုတ်တရက် ထွက်မိသည် နောက် သူတူလေးက အေးအေး ဆေးဆေး ပုံစံ နဲ့

“ရော့ အဘမြ ဟောင်းသွားပြီးတဲ့ ”

နောက် ဒေါ်မြတ်စုတို့ မိသာစု အိမ်က ထွက်သွားသည်။

ဦးမြမောင်တစ်ယောက်တည်း ခုနကအဖြစ်ပျက်ကိုတွေးပြီး ကျန်နေသည်။

အသစ်နဲ့ အဟောင်း ဘာများခြားသလဲ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s