အလောင်းတော် သိဒ္ဓတ္ထ

ဗုဒ္ဓ၀င်ဖတ်တော့ သိပ်သဘောမကျသည့် အကြောင်းအချို့ရှိသည်။ လောကလူသား ကောင်းကျိုး အဆုံးမဲ့ အနှိုင်းမဲ့ စွမ်းဆောင်ခဲ့သည် ဗုဒ္ဓအလောင်းလျာ သိဒ္ဓတ္ထမင်းသားသည် မွေးကာစမှ တောမထွက်ခင် ၂၉ နှစ် အထိ နန်းစည်းစိမ်ကိုချည်း ခံစားပြီး နေသည်လို့ ရေးထားတဲ့ အချက်ကို သိပ်သဘောမတွေ့လှ။ ဇနီးဖြစ်သူ ယသော်ဓရာကို ရာဟုလာဖွားမြင်ပြီး နောက်ပိုင်း ပစ်သွားခဲ့သည်ကိုလည်း တာဝန်မဲ့သည်ဟု ထင်မိသည်။ ဒီအကြောင်းကိုလည်း တတ်သိနားလည်သူများကို မေးချင်ပေမဲ့  မမေးရဲ ရေးချင်ပေမဲ့ အဓမ္မ၀ါဒီဟု တံဆိပ်ကပ်မည် စိုးလို့ မရေးရဲ။

နောက် ကျွန်တော် အလွန်နှစ်သက်သဘောကျလှသည် ဆရာကြီး ဦးရွှေအောင်စာများ ဖတ်တော့မှပဲ ဆရာကြီးရဲ့ ရှုမြင်သုံးသပ်ချက်ကို သဘောကျမိသည်။ ဒါကြောင့် ဆရာကြီးရှုမြင်ပုံကို စာဖတ်သူ အား ဝေမျှပါရစေ။

ဗုဒ္ဓမြတ်စွာအလောင်းလျာကို BC 563 လောက်က ကပိက၀တ်ပြည်ရှင် ဘုရင်သုဒ္ဓေါ နဲ့ မိဖုရားခေါင်ကြီး မာယာဒေဓီ တို့မှ ဖွားမြင်ခဲ့သည်။ အမျိုးအားဖြင့် သာကီယ ဇာတ်အားဖြင် ခတ္တိယ အနွယ်အားဖြင့် ဂေါတမ အမည်အားဖြင့် သိဒ္ဓတ္တဖြစ်၏။

သိဒ္ဓတ္တမင်းသားသည် ပညာဓိကဘုရားလောင်းဖြစ်၍ နိယတဗျာဒိတ်မရမိကာလက ကမ္ဘာပေါင်း ၁၆ သင်္ချေ နှင့် နိယတဗျာဒိတ်ရပြီး ( သုမေဓာရှင်ရသေ့ဘ၀) နောက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း စုစုပေါင်း ၂၀ သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ ဖြည့်ပြီးသူဖြစ်သည်။ ဒီလိုပါရမီ ဖြည့် ရခြင်းသည် လည်း ဘုရားဖြစ်ချင်လို့ ကန်တော့ခံချင်လို့ မဟုတ် များထွေသတ္တ၀ါကို ချမ်းသာစစ်ရစေချင်လို့ ဖြစ်သည်။ မွေးကာစကတည်းက ကာဠဒေဝီရသေ့ နှင့် ကောဏ္ဍညပုရောဟိတ် တို့က ဘုရားစင်စစ်ဖြစ်မယ် စေဟောခြင်းခံရသူဖြစ်သည်။

ဒီလောက် ပါရမီ ဓာတ်ခံ ကောင်းသော သိဒ္ဓတ္တမင်းသားသည် တောမထွက်မီ ၂၉နှစ် အတွင်း လူလောကအတွက် ၊တိုင်းပြည်အတွက်၊မိဘအတွက်၊ ဇနီးမယားအတွက် သားအတွက် လက်အောက်ငယ် များအတွက် အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်မှာ သေချာလှသည်။ ၂၉ နှစ် ကာလပတ်လုံး မင်းစည်းစိမ်ကို တစ်ဦးကောင်း တစ်ယောက်ကောင်း ခံစာနေမည်မဟုတ်။

သိဒ္ဓတ္တမင်းသားသည် ၂၉ နှစ်ကာလ အတွင်း လူသားဖြစ်သော မင်းသားတစ်ပါးအနေနဲက လောက၏ အကျိုးစီးပွား အတွက်အနစ်နာခံကာဆောက်ရွက်ခဲ့သည်များကို ဗုဒ္ဓ၀င်၌မဖော်ပြထားသော်လည်း ၅၅၀ ဇာတ်နိပါတ်တော်များတွင် ဘုရားလောင်း ၏ဆောင်ရွက်ချက်များကို ထောက်ဆ၍ နောက်ဆုံးဘ၀ မင်းသားအဖြစ် လည်း ထိုထက်မက ဆောင်ရွက်မည်ဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။ ထိုမျှလောက် အားမရဘဲ ထိုထက်ပိုဆောင်ရွက်လိုသောကြောင့် သာတောထွက်ခြင်းဖြစ်ကြောင်း ယုံကြည်အပ်ပါသည်။

သည်တော့မှပဲ ကျွန်တော် ရှင်းရှင်းလင်းလင်း ဖြစ်သွားသည် ဘုရားရှင်ကို ကြည်ညိုမိတာမှ ကြက်သီး တောင်ထ၏။ ဗုဒ္ဓအရှင်တော်သည် လောကအတွက် မွေးဖွားလာခြင်းဖြစ်သည် သူ့မိသာစု သူ့နိုင်ငံ သူလူမျိုး အတွက် လောက်တင်မဟုတ် တစ်လောကလုံး အတွက်ဖြစ်သည်။ ဗုဒ္ဓ၏ သင်ကြားချက် အဆုံးအမများသည် စိတ်ရှိ သူ သတ္တဝါအားလုံးအတွက် သံသရာမှ လွတ်မြောက်ရာ ဒုက္ခအပေါင်း ကင်းဝေးရာ ချမ်းသာအစစ် ရရာ ရကြောင်း တရားကောင်း ကို ဟောပြခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ကျွန်တော်တို့ လောကသားတို့၏ အနှိုင်းမဲ့ အတုမဲ့ ဆရာသခင် ကျေးဇူရှင် ဆိုတာကို ကျွန်တော် သံသယကင်းကင်း ရှင်းရှင်းလင်းလင်း သိမြင်မိပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s