မောင်ဥဂ္ဂါတို့ အဖိုး ဦးစိန်တင်

အမှန်တကယ် ဒီစာကို 7 July မှာရေးရမှာ (တငြိုးမထင်နဲ့ ကျွန်တော်အဖိုးဆုံးပါတဲ့ ရက်ပါ)။ ကျွန်တော်အဖိုး မေမေ သစ္စာအလင်း(ဒေါက်တာ သန်းသန်းစိန်၏ဖခင်) အကြောင်းပါ  အဖိုးဆုံးတာ ၃ နှစ်နီးပါးရှိပါပြီ။ လူမိုက် တို့ ထုံးစံအတိုင်း အဖိုးရှိ စဉ်က အဖိုးတန်ဖိုးတွေ မသိခဲ့ အဖိုးဆုံးပါးမှ အဖိုးတန်ဖိုးတွေသိခဲ့ပါတယ်။

အဖိုးကြီးဆိုတာ တန်ဖိုးကြီးလို့ အဖိုးကြီးလို့ ခေါ်တာတဲ့။ ဖိုးဖိုးကြီးရေ ကျွန်တော် ဖိုးဖိုးကြီး တန်ဖိုးတွေ ကို ဖိုးဖိုးကြီးမရှိမှ နားလည် တတ်ပါပြီ ဖိုးဖိုးကြီးရေ……………။

ကျွန်တော်မိခင်ကြီး ကျေးဇူးကြီးသလို ကျွန်တော်အဖိုးကလည်း ကျွန်တော်အပေါ် ကျေးဇူးကြီးလှပါတယ်။ ကျွန်တော် အဖိုး ဆီက အများကြီးသင်ယူခဲ့ရတယ်။ မျိုးချစ်စိတ်ရှိအောင်၊ ဘာသာတရားကိုင်းရှိုင်းအောင်၊ ချွေတာ တတ်အောင်၊ ရဲရင့်အောင် ကဗျာချစ်တတ်အောင်၊ မြန်မာမှုကို မြတ်နိုးတတ်အောင် အို ပြောရရင် မကုန်အောင် ကျွန်တော်အဖိုး မောင်ဥဂ္ဂါတို့ အဖိုးက မောင်ဥဂ္ဂါ ကို မောင်ဥဂ္ဂါ ဖြစ်အောင် သင်ပေးခဲ့ပါတယ်။

ကဗျာဆရာ တို့အဘိုး

ဖိုးဖိုးကြီးမှာ မြေးဆယ်ယောက်ရှိတယ်။ သားသမီး ၇ ယောက်ရှိတယ်။ သူသားသမီးတွေ မြေးတွေ ကို မွေးနေ့တိုင်း အောင်မြင်မှုတစ်ခုရတိုင်း ကဗျာ တစ်ပုဒ်ရေးပေးလေ့ရှိတယ်။ နောက် ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ တွေမြင်ခံစား တာတွေ ကိုလည်း ကဗျာရေးဖွဲ့တတ်တယ်။ ကုန်ဈေးနှုန်းအကြောင်း၊ သူမိတ်ဆွေတွေ အကြောင်း၊ နိုင်ငံရေး အကြောင်း၊ ဘာသာရေးအကြောင်း တွေပေါ့။ ဖိုးဖိုးကြီးရေးတဲ့ ကဗျာတွေက တကယ် မြန်မာရိုးရာ ကဗျာရေးဟန်တွေ သူကိုယ်တိုင် ကဗျာရေးသလို သူသမီးတွေ သားတွေ ကိုလည်း ကဗျာရေးတတ်အောင် သင်ပေးလေ့ရှိတယ် မြေးတွေ ကိုလည်း သင်ပေးလေ့ရှိတယ်။ တခြားမြေးတွေ ကိုတော့ မသိ ကျွန်တော်တော့ ၅ တန်းလောက် မှာ အဖိုးက သံပေါက် ကဗျာရေးနည်းကို သင်ပေးခဲ့တယ် ၈ တန်း ၉ တန်း လောက် မှာ လေးချိုး ဒွေးချိုး လကာင်္ ရတု စတာတွေ ကို နားလည်အောင် သင်ပေးခဲ့တယ်။ အဖိုးသင်ပေးခဲ့လို့ မေမေ ဟာ စံသူနိုင်ဆိုပြီး ရေဆင်းတတ်စဉ်က ကဗျာ ဆရာမဖြစ်ခဲ့တယ်။ မောင်ဥဂ္ဂါဆိုတဲ့ ကျွန်တော်ကတော့ ပါရမီနည်းလို့ ရတုလည်း မစပ်နိုင် လေးချိုးလည်း မဖြစ် ဒွေးချိုးလည်း မရ ပဲ မော်ဒန်တွေ အဖတ်များပြီး တောင်မရောက် မြောက် မရောက် ဖြစ်ခဲ့တယ်။ အခုအလွတ်ရတဲ့ ဖိုးဖိုးကြီးကဗျာ လေးတွေ ကို အလွမ်းပြေ ရေးလိုက် ပါမယ်။

၁၉၉၀ ရွှေးကောက်ပွဲ ကဗျာ

ပိတော်လှလှလေး

အပြိုင်အဆိုင်ဝါ

ခမောက် လှလှလေး

နိုင်မှာပါ။

ကျောင်းအစည်းအဝေးတတ်စဉ်က ရေးတဲ့ ကဗျာ

သဘာပတိ

ငါမသိလို့ မေးပါရစေ

ရေးထားတာတွေ ဖတ်ကာပြ

ခွကျကျပုံအခြေ

ပါးစပ်ကတော့ ဆိုမလေ

ဒီမိုကရေစီတဲ့လား

တို့ကတွေ ကတော့

နွားဆိုမှ နွား။

ကျွန်တော် ၁၃ နှစ် ပြည့် တုန်း က ကဗျာ

စံပယ်ကုံး အစစ်ဟာ ကြူကြူမွေးပါလို့

၁၃ နှစ်မှာ လူမှုရေးမှာတော့

ပူမှုအေးစရာပ ရှစ်တန်းမှာနေ။

ရေချိုးတာကတော့ ယာမာမိုတိုရှေ(ဂျပန်လို ရေချိုးလို့ J)

နဂိုနေတာက မျက်နှာကတင်း

မယွင်းအနေအထားပါဗျ။

တနင်္ဂနွေသားဆိုတာ စိတ်က ထက်တာမို့

မိတ်ဖက်တွေကို

အသာတကြည့် ဆက်လို့ရယ်။

မြန်မာပြည်အတွက် အသက်ကို နှင်း

ဘိုးဘိုးရဲ့ စိတ်ဓာတ်ကို သွင်း။

 

ဒါ ကျွန်တော် မှတ်မိသမျှ ကဗျာတွေ ပါ ဖိုးဖိုးကြီးရဲ့ ကဗျာတွေ ဟာ ဟာသဥာဏ်ပါတယ်၊ ဇာတိမာန် ပါတယ်၊ ရိုးတယ် ဆိုပေမဲ့ ခေတ်မှီတယ်။ အဖိုးကြောင့် အကြောင်းအရာတစ်ခုခု ဖြစ်ရင် စာရေးလေ့ ကဗျာရေးလေ့ ရှိတာ အဖိုးကြောင့် ပါ။ တခါတလေ ကျွန်တော် မောင်ချောနွယ်တို့ ပိုင်စိုးဝေတို့ ကဗျာတွေ ဖတ်ပြရင် မင်းဟာက ကဗျာတဲ့လားကွ ဆိုပြီးဆဲတတ်သည်။ ဒီလိုဆဲတဲ့ အခါ ဖိုးဖိုးကြီးကို ခေတ်မမှီပါဘူးလို့ မြင်မိ ပြီး အချေအတင် မခြေမငံ ပြောမိတယ် ခွင့်လွတ်ပါ ဖိုးဖိုးကြီးရေ။

အဖိုးရဲ့ အမျိုးသားရေးစိတ်ဓာတ်

အဖိုးဟာ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ၈ တန်းကျောင်းသား ဖိုးဖိုး ဇာတိ က ကိုသစ္စာညီညီ(ခေတ်သစ်လူငယ် စာဖတ်ဝိုင်း) တို့ရဲ့ တွံတေးနယ်က ရန်ကုန်ပေါက်ရွာသား ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ရန်ကုန်တက် အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ ဒီအချိန်က အဖိုးနွားလှည်း မောင်းတဲ့ အခါ နွားနှစ်ကောင်ကို ဟဲ့ ဘဦး ဘမော် ဆိုပြီးမောင်းသတဲ့။ ဒီအချိန်က ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို အလေးအမြတ်ပြု တဲ့ အနေနဲ့ အခု အချိန်ထိ ဗိုလ်အောင်ကျော်ဆံထောက် ကို ထားတယ် ဆိုပြီး ခေါင်းလေးကို လက်လေးဖြင့် ပွက် ကာ ဂုဏ်ယူဝံကြွားစွာ ပြောတတ်တယ်။ သပိတ်လှန်ခဲ့ ပုံ ဒီအချိန်က ပေါ်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတွေ ကို တတွက်တွက် နဲ့ ရွတ်ပြလေရှိတယ်။

ဖိုးဖိုးကြီးဟာ ဦးနုကို ထောက်ခံတယ်။ နေ၀င်းကို မကြိုက်ဘူး။ ဖိုးဖိုးကြီး အလုံ ၄ (ယခင် ကူရှင်) ကျောင်းမှ ကျောင်းဆရာ လုပ်တော့ သူတပည့်တွေ ကို အမျိုးသားရေးနိုးကြားဖို့ အမြဲ သင်ပေးလေ့ရှိတယ်။ ဒီကျောင်း အမှုဆောင် လူကြီးတစ်ဦး ဖြစ်တဲ့ စောစံဖိုးသင်(ကရင်အမျိုးသားခေါင်းဆောင်) နဲ့ အတော်ရင်နီုးတယ် လို့ ကြားဖူးတယ်။ အဖိုးဟာ ရပ်ကွက်ထဲမှာ ရပ်ကွက်ကောင်စီ ၀င်တွေထက် သြဇာညောင်းတယ်။ ရပ်ကွက်သားတွေ ကလည်း အဖိုးကို လေးစားကြတယ်။ အဲဒီအချိန်က ၀န်ထမ်းတိုင်း လမ်းစဉ်ပါတီ ၀င်ရတယ် ဒါပေမဲ့ အဖိုးမ၀င်ဘူး။ အလုပ်ထွက်ပြီး စီးပွားရေးလုပ်တယ်။

အဖိုးဟာ တိုင်းသိပြည်သိ ပုဂ္ဂိုလ်မဟုတ်ဘူး အဖိုးဟာ မကျော်ကြားဘူး ဒါပေမယ့် အဖိုးဟာ မဖောက်ပြန်ဘူး ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တယ်။ ဒီလိုပဲ ကိုယ်ယုံကြည်ရာလုပ်တဲ့ သားသမီးတွေ မြေးတွေ ကိုလည်း ထောက်ခံတယ်။ အဖိုးဟာ ကျွန်တော်ကို အမျိုးသားရေးစိတ်ဓာတ်ကို စရိုက်သွင်းပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဆရာတစ်ဦးဆိုရင် လည်း မမှားဘူး။

 

 

အဖိုးရဲ့ ဘာသာရေး

အဖိုးဟာ ရန်ကုန် မိုးညှင်းဆရာတော်ကြီးရဲ့ တပည့်အရင်း ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တယ်။ တရားနာတယ် တရားထိုင်တယ်။ နောက် ရန်ကုန်မြို့လုံးဆိုင်ရာ ပရိတ္တိသာသနာ နူဂဟ အသင်းကြီးရဲ့ နာယက။နယကဆိုပေမဲ့ ကန်တော့ခံလောက်တတ်တဲ့ နယကမဟုတ်ဘူး။ ဖိုးဖိုးကြီး က အသင်းစုဗူးက ပိုက်ဆံတွေ ကို ဘဏ်မှာ သွားသွားလဲ ပေးတယ် အသင်းနဲ့ အတူါအလှူခံထွက်တယ် အသက်ကြီးလို့ မသွားပါနဲ့ဆိုတာတောင်မရ ၁ မိုင် နီးနီးလောက်ဝေးတဲ့ ခရီးကို တုတ်ကောက် တစ်ချောင်းနဲ့ တစ်ယောက်တည်း လမ်းလျှောက် သွားတတ်တယ်။ တခါတလေ ကျွန်တော် စိတ်မချလို့ လိုက်ပို့ရတယ်။

ကျွန်တော်တို့် ကို ဆုံးမရင် လယ်တီဆရာတော်ဘုရားကြီး ကဗျာတွေ မန်လည်ဆရာတော်ဘုရားကြီး ကဗျာတွေရွတ်ပြီး ဆုံးမတတ်တယ်။ အိပ်ကာနီးတိုင်း အိပ်ရာထတိုင်း ရှိသမျှဆွေမျိုးတွေကို မေတ္တာပို့တယ် နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို တောင် အမြန်လွတ်ပါစေလို့ မေတ္တာပို့ ဆုထောင်းလေ့ရှိတယ်။

ရပ်ကွက်ထဲက ကလေး လူငယ် လူကြီးတွေ ကို ၀ါတွင်းအဖိတ်နေ့တိုင်း အိမ်ကိုလာပြီး ဓမ္မစကြာ စုပေါင်းရွတ်တယ်။ လာတဲ့ သူတွေကို မုန့်ကျွေးတယ်။ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ သူ့ သားသမီး မိသားစုတွေ ကလည်း အဖိတ်နေ့တိုင်း ဖိုးဖိုးကြီး အိမ်ကို လာပြီး ဓမ္မစကြာရွတ်ရတယ်။ လာရွတ်သူတွေ တရား သဘောပေါက်တာ မပေါက်တာတော့ မသိ။ ဒီအချိန်က ရပ်ကွက်ထဲက လူကြီး ကလေး လူငယ် မှန်သမျှ ဓမ္မစကြာကို ကောင်းကောင်း ရွတ်တတ်တယ်။ ရပ်ရွာလူထု စုပေါင်းစိတ်ဓာတ်ကို ဖြစ်ပေါ်စေတယ်။ အဖိုးဟာ သူ့မြေး မောင်ဥဂ္ဂါထက် စောပြီး Socially Engaged Buddhist ဖြစ်ခဲ့တယ်။ မောင်ဥဂ္ဂါတို့ လို CO သင်တန်း မတတ်ပဲ လူထု စည်လုံးရေးမှုးဖြစ်ခဲ့တယ်။ ကျွန်တော် အဖိုးကို အဖိုးအဖြစ်တော်ရတာ ကျွန်တော် ဂုဏ်ယူပါတယ်။

အဖိုးဟာ ဆုံးပါတဲ့ အချိန် ထိတိုင် မေမေ လက်ပေါ်မှာ တရားဓမ္မ နဲ့ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားခဲ့တယ်။ အဖိုးဆုံးပါတဲ့ အချိန်မှာ ကျွန်တော်က Help Age International အဖွဲ့နဲ့ အတူ နာဂစ်ဒေသ မှာ စာရင်းကောက် နေလို့ အဖိုးရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်တာ ခွင့်လွတ်ပါ ဖိုးဖိုးကြီး ရေ။ ကျွန်တော် အဖိုးဆုံးတဲ့ အချိန် ကျွန်တော်ငိုမိတယ်။ နောက် အဖိုးအရွယ် အဖွားအရွယ် နာဂစ် အဖိုးကြီးတွေ အဖွားကြီးတွေ့ ဘ၀လုံခြုံရေး လုပ်ပေးနေတဲ့အတွက် ဂုဏ်ယူကျေနပ်မိတယ်။ နောက်နောင် အဖိုးအရွယ် အဖွားအရွယ် သက်ကြီး ရွယ်အိုတွေ ကို ကိုယ်အဖိုးအမှတ် အဖွားအမှတ် နဲ့ စောင့်ရှောက်တော့မယ် ဖိုးဖိုးကြီးရေ။

အဖိုးဟာ မိသားစုအပေါ် တာဝန်ကျေတယ်

အဖိုးဟာ တိုင်းပြည်အပေါ် တာဝန်ကျေတယ်

အဖိုးဟာ မျိုးဆက်သစ် အပေါ် တာဝန်ကျေတယ်

ကျွန်တော်လည်း အဖိုးလို့ တာဝန်ကျေအောင် ကြိုးစားပါမယ် ဖိုးဖိုးကြီးရေ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s