Deer Park Institute

ကျွန်တော် အလုပ်သင် Internship လုပ်ရတဲ့ Deer Park Institute က အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Himachal Pradesh ဆိုတဲ့ ပြည်နယ်က District Kangra ထဲက Bir ဆိုတဲ့ မြို့လေးမှာ တည်ရှိပါတယ်။ ဟိမန္တာတောင်တန်း ကြီးနဲ့ အခြေမှာ ရှိပြီး ပင်လယ်ပြင်ရေမျက်နှာထက် မီတာ ၄၄၀ ကနေ ၆၆၀၀ လောက်ရှိလို့ အတော်အေးလှတယ်။ Bir ဆိုတဲ့ မြို့လေးက မြို့ဆိုပေမဲ့ ရွာကြီးသာသာရှိပြီး တိဘက်လူမျိုးတွေ အများဆုံးနေထိုင်ကြတယ်။ ဒီလတွေမှာတော့ အချိန်အတော်အများ မိုးရွာပြီး မြူတွေ အမြဲဆိုင်းနေတတ်ပါတယ် နိုဝင်ဘာ အောက်တိုဘာလောက်ဆိုရင် ရေစခဲတယ်လို့ ပြောကြတယ်။ ဇန်န၀ါရီမှာ အေးလွန်းလို့ ၁လတိတိ ပိတ်တယ်။ Bir မြို့လေးက ၀ါဇရာယန(တိဘက်ဗုဒ္ဓဘာသာ) ဘုန်းတော်ကြီးကျောင်းတွေ အများအပါးရှိပြီး တရားသံ ဓမ္မသံတွေ အမြဲကြားနေရပါတယ်။ Himachal Pradesh ပြည်နယ်မှာ ရှိတဲ့ Dhammathala ဆိုတဲ့ မြို့ မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လာမာရဲ့ အဝေးရောက် တိဘက်အစိုးရရုံးစိုက်ရာ နေရာနဲ့ ကျွန်တော်ရဲ့ Bir မြို့လေးကသိပ်မဝေးလှဘူး။ Bir က တိဘက်ဘုန်းတော်ကြီးကျောင်းတွေ နဲ့ ကျွန်တော် တို့ Deer Park ဟာ ဘုန်းတော်ကြီး ဒလိုင်းလာမာ ရဲ့ သြ၀ါဒခံဖြစ်ပါတယ်။

Deer Park Institute(DIP)ဟာ  အိန္ဒိယရိုးရာအနုပညာရပ်တွေနဲ့ ဗုဒ္ဓဘာသာ ဒဿန ပေါင်းစုံကို လေ့လာရာ ဌာန တစ်ခုဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းတွေ ရိုးရာယဉ်ကျေးမှု ထုတ်ဖော် ထိန်းသိမ်း နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းတွေ ထဲက Zero waste Management ကတော့ DPI ရဲ့ အောင်မြင်လှတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အမှိုက်တွေ ကို သေသေချာချာ ခွဲခြမ်းပြီး မြေသြဇာ၊ လူအသုံးအဆောင်တွေ လုပ်တဲ့အပြင် Zero waste Management အလုပ်ရုံဆွေးနွေးပွဲတွေ ကိုလည်း နှစ်စဉ်လုပ်လေ့ရှိပါတယ်။

DPI မှာ စေတနာဝန်ထမ်းတွေက နိုင်ငံပေါင်းစုံက ရှိကြတယ်။ ချက်၊ ဂျာမနီ၊ အမေရိကန်၊ ဆွီဒင်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ဗြိတိန် စတဲ့ နိုင်ငံပေါင်းစုံ က လူတွေ စေတနာဝန်ထမ်းအဖြစ်လည်းကောင်း တိဘက်ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဒဿန တွေ ကို လာရောက် လေ့လာသူတွေနဲ့ မပြတ် စည်ကားလှပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s