ကန်ထရိုက်

တန်ခိုးကြီးလှပါတဲ့ ဖောင်တော်ဦး မြတ်စွာဘုရားကြီးဘုရား အရှင်ဘုရား ဘုန်းတန်ခိုးကြီးလှပါသော ကြောင့် မြန်မာနိုင်ငံ အရပ်ရပ် က ဘုရားဖူးဧည့်သည်တွေက ဒီအင်းလေးကန်မှာ ရှိတဲ့ ဖောင်တော်ဦး ဘုရား ကြီး ကို လာရောက်လည်ပတ် ဖူးမျှော်ကြပါတယ်။ အခုဆို မြန်မာနိုင်ငံအနုံက တင်မဟုတ်တော့ပဲ နိုင်ငံခြားသားတွေ ပါ လာရောက်လည်ပတ်ကြပါတယ်။ ဘုရားတပည့်တော်မလည်း ရှေးအတိတ်ကံမကောင်းလှလို့ ဆင်းရဲနွမ်းပါး လှပါတယ်။ ချင်းချင်(ခရမ်းချည်) စိုက်စားရအောင်လည်း ကျွန်းမျောအလံ မရှိ။ အင်းရေပြင်မှာမို့ ကုန်းခြံမစိုက်နိုင် တာမို့ မောင်လေးက လယ်ကူလီ(ကျပန်း)လုပ် အမေနဲ့ ကျမကတော့ ကျူရိုးကောက်ညင်း ကျည်တောက်လေးရောင်းလိုက် ရွှေဆိုင်း ရွှေသင်္ကန်းလေး(ရွှေညှပ်)ရောင်လိုက် စင်ရော်စာလေးရောင်းလိုက်နဲ့ သားမြေး အစဉ်အဆက် တစ်ဝမ်းတစ်ခါး လှခဲ့ပါတယ် အရှင်ဘုရား။

 

အဲဒီထဲက မိသားစုစားလောက်အောင် အဓိကဝင်ငွေရအောင် ရောင်းရတာက ရွှေဆိုင်း ရွှေသင်္ကန်းလေး တစ်ခုပဲ ရှိပါတယ် ဘုရား။ ဒီရွှေပြား ရွှေသင်္ကန်းကို ဘုရားတပည့်တော်တို့ဆီက ဝယ်ယူ၍ ဘုရားဖူး ဧည့်သည်တွေ ကဝယ်ယူ ပူဇော် ကုသိုလ်ယူကြတော့ တပည့်တော်မတို့လည်း တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ကုသိုလ်ရတယ်လို့ ထင်မိပါတယ် ဘုရား။ ဒီလို ရွှေသင်္ကန်းရောင်းရတာကို မတရားဘူးလို့ တခါမှ မထင်မိခဲ့ပါဘူး ဘုရား။ တပည့်တော်မတို့ လိမ်ပြီး ညာပြီးတော့လည်း တစ်ခါမှ မရောင်းချဖူးပါ ဘုရား။

 

အခုတော့ ဘုရား အရှင်ဘုရားကို စောင့်ရှောက်ရတဲ့ ဂေါပက အဖွဲ့ဝင်တွေက ဘုရားတပည့်တော်မတို့ ကို လိမ်ညာရောင်းချတယ်တဲ့ ဘုရား၊ အတင်းအဓမ္မရောင်းချနေတယ်တဲ့ ဘုရား တပည့်တော်မတို့ ရောင်းချတဲ့ ရွှေဆိုင်းတွေကို အရှင်ဘုရားကိုယ်တော်မှာ ကပ်ခွင့်မရှိဘူးတဲ့ ဘုရား။

 

ရွှေဆိုင်းမရောင်းရတော့ ဝင်ငွေလည်း အတော်နည်းသွားတယ်ဘုရား၊ အမေကလည်း နေမကောင်းတော့ သီတဂူ အာရောဂျဒါနဆေးခန်းက ဒေါက်တာထွန်းလှိုင်နဲ့ ကုသနေရတယ်ဘုရား။ ဆေးဖိုးသိပ်မကုန်ပေမဲ့ အမေအားရှိအောင် ဓာတ်စာကျွေးနေရတယ်ဘုရား။ တပည်တော်မတို့ မောင်နှမကတော့ ဆန်ပြုတ်နဲ့လည်း စားနိုင်ပါဘုရား။

အရှင်ဘုရားတန်ခိုးတော်နဲ့ အရှင်ဘုရားဆီ ဘုရားတပည့်တော်မတို့ ရောင်းတဲ့ ရွှေဆိုင်းလေးတွေ ကပ်ခွင့် ရအောင် တန်ခိုးတော်နဲ့ ဂေါပကလူကြီးမင်းများကို ပြောပြပါပေးပါလားဘုရား။ ရှစ်ကြီးခိုးပါတယ်ဘု့ရား။

 

ထိုစဉ် ဖောင်တော်ဦးဘုရားတန်ဆောင်းမှ လော်စပီကာမှ ထွက်ပေါ်လာသော အသံမှာ

 

‘ ဘုရားဖူး ဧည့်သည်တော်များ ခင်ဗျား ဘုရားရင်ပြင်တော်အတွင်း အတင်းအဓမ္မလိမ်ညာရောင်းချနေသော  ရောင်းချနေသော ရွှေဆိုင်းများအား ဘုရားပေါ်တွင်ကပ်လှူခြင်း မပြုပါကြောင်း အသိပေးကြေညာ အပ်ပါတယ် ခင်ဗျာ’

 

မောင်ဥဂ္ဂါ

ခဏ ညောင်ရွှေ

2:05 PM

တပို့တွဲလပြည့်ကျော် ၈ ရက် ၁၃၇၄ ခုနှစ်

Advertisements

One thought on “ကန်ထရိုက်

  1. အခုတော့ ဘုရား အရှင်ဘုရားကို စောင့်ရှောက်ရတဲ့ ဂေါပက အဖွဲ့ဝင်တွေက ဘုရားတပည့်တော်မတို့ ကို လိမ်ညာရောင်းချတယ်တဲ့ ဘုရား၊ အတင်းအဓမ္မရောင်းချနေတယ်တဲ့ ဘုရား တပည့်တော်မတို့ ရောင်းချတဲ့ ရွှေဆိုင်းတွေကို အရှင်ဘုရားကိုယ်တော်မှာ ကပ်ခွင့်မရှိဘူးတဲ့ ဘုရား။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s