ကလေးကဗျာ ကလေးသီချင်း အပေါ်ကျေးဇူးကြီးသူများ

ကျွန်တော် ကလေးကဗျာ ကလေးသီချင်းအကြောင်းရေး နေရာကနေ မရေးဖြစ်တော့ပဲ ပုံပြင်ပဲ မဲ နေတာ ကြာပါပြီ အခုမှပဲ ကလေးကဗျာ ဘက်ပြန်လှည့် ရအုန်းမည်။

ရှေးအရင်က မြန်မာရှေးကလေးကဗျာတွေ နဲ့ ရေးသူမသိ ပဲ ပြည်သူကြားကြပေါ်လာတဲ့ ကလေးကဗျာတွေ အကြောင်းရေးပြီး ပါပြီ။

ပြန်ဖတ်လိုက

http://ogga.myanmapress.com/?p=470

http://ogga.myanmapress.com/?p=458

http://ogga.myanmapress.com/?p=452

တွင်ဖတ်ရှုနိုင်သည်။

 

ရှေးက ကလေးတို့ အတွက် ရှေးပညာရှိကြီးတွေ ရေးသားထားတဲ့ ဆုံးမစာတွေ ပျို့တွေ အများအပြားရှိပါတယ်။ သို့သော် ကလေးတွေ တွေအတွက် အတော်ခက်ပါတယ်။ ဆိုရခက်တယ် နားလည်ရခက်တယ်။ ကောင်းတော့ကောင်းတယ်။ ဒါပေမယ် ဒေသသုံး အရပ်သုံးစကားထက် ပညာတတ်သုံး ပါဠိပါဌ်သားတွေ များတော့ ကလေးတွေ အတွက် နီးသင့်လျက်ဝေး နေပြီး ရှေးခေတ်ကလေးတွေ ထဲ ကလေးတွေ တွေ ထဲ အနည်းအကျဉ်းသာသိတတ်ပါတယ်။

ဒီကဗျာတွေ တွေ က သတ်ပုံမှတ်တဲ့ ကဗျာ မိုးလေးဝသ ထွက်ချက်တဲ့ ကဗျာ ဗေဒင်ကဗျာ ဆုံးမစာ ပုံစံမျိုးတွေ ဖြစ်ပါတယ် ကလေးတွေ ကစားဖို့ ပျော်ဖို့ထက် ပညာရပ်ဆန်လို့ ကလေးတွေ အတွက် ခက်ပါတယ်။

နောက် ဆိုရလွယ် ပြောရလွယ်တဲ့ ကလေးကဗျားတွေ ကလည်း ဘာမှအဓိပ္ပာယ်သိပ်မရှိ အချို့ဆို ညစ်ညမ်းလှတယ်။ ဥပမာ မဘုတ်ဆုံ တင်ပဆုံကြီး လှည်းလုပ်လို့ စီးဆိုတာမျိုးတွေ။ ကလင်ကလောင် ကြွက် ချည်ပေါင်ရွက်ဆိုတာမျိုးတွေ။ ဒါမျိုးကျတော့ ကလေးသူငယ်တွေ ကြား ရေပန်းစား ပြီး ဆိုရလွယ် မှတ်ရလွယ်ပေမဲ့ ကလေးတွေ အတွက် အကျိုးမများလှဘူး။

နောက် ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုလိုနီခေတ်မှာ လယ်တီဆရာတော်ကြီးရဲ့ သုံးလူရှင်ပင် အစချီတဲ့ ခုနှစ်နေ့ ဘုရားရှစ်ခိုးဟာ ဆိုရလည်းလွယ် မှတ်ရတာလည်းလွယ် ပြီး အလွန်ကောင်းတဲ့ ဒီဓမ္မကဗျာဟာ ဗုဒ္ဓ၏ ဖြစ်တော်စဉ်များကို ဖွားမြင်သည်မှ ပရိနိဗ္ဗာန် စံတော်မှုသည်အထိ ပြောင်မြောက်စွာ ဖွဲ့ဆိုထားပါတယ်။ ယနေ့တိုင် Update လုပ်စရာမလိုပဲ ဆန်းသစ်ဆဲပါ။

နောက် ဆရာမင်းယုဝေ၏ ပထမမြန်မာများတွင် ဆရာကြီးမင်းသုဝဏ် ကို ကလေးကဗျာကလေးသီချင်း အစပြုသူလို့ ရေးထားပါတယ်။ ဆရာကြီးရဲ့ မောင်ခွေးဖို့ ကဗျာများဟာ ကလေးတေါ အတွက် တူတူတန်တန် ဖြစ်ပေါ်လာတဲ့ ကလေးကဗျာတွေ ပါ နောက်ပိုင် ဆရာကြီးခင်ဇော်(ကေ) ကနေ ဂီတသံစဉ်နဲ့ တွဲဖတ်ပြီး ကလေးသီချင်း ဓာတ်ပြားတောင်ပေါ်ခဲ့ပါတယ်။ ဆရာကြီးအစပြုပြီးနောက်ပိုင်း ဆရာဒေါက်တာမောင်ဖြူးရဲ့ သားချော့တေး ကလေးစာရိပ်မြုံ လေးတွေထွက်လာပါတယ်။ ပြီးတော့ ကလေးကဗျာတွေ ကလေးသီချင်းတွေ အတော်အများထုတ်လာပါတယ်။ ဒီအထဲ ထူးခြားတာက ဗွေးထုတ် ပါ ဗွေးထုတ်က ရှိပြီးသား ကျေးလက်ကဗျာကို ဖြည်စွတ်ပြီး ရေးသားထားတာပါ အတော်လေးမာန်ပါပြီး ဆိုလိုကောင်းလှတယ် ကလေးသာမက လူကြီးလူငယ်တွေ ပါ ဆိုကြတယ် နောက် ဗွေထုတ်သီချုင်း သရုပ်ဖော် ပုံစံမျိုးနဲ့ ယိမ်းပုံစံတွေ ကကြတာတွေကောင်ရှိပါတယ်။

နောက် ဆရာဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာတေးကဗျာဟာဆိုရင် ကျောင်းတွေ မှာ နိုင်ငံတော် သီချင်းပြီး နောက်ပိုင်း ဆိုရတဲ့ တေးကဗျာ ပုံစံတောင် ဖြစ်လာတယ်။ မင်္ဂလာတေးကဗျာနဲ့ အတူ လူကျင့်ဝတ်ဆိုပြီး ငါပါးသီလ တေးကဗျာတွေရေးခဲ့ပေမဲ့ မင်္ဂလတေးကဗျာလောက် မပေါက်ခဲ့ဘူး။

နောက်ပိုင်းလွတ်လပ်ရေးရပြီး ကလေးကဗျာတွေ ကလေးစာပေတွေဟာအတော်လေး ဖွံဖြိုးလာတယ် ကဗျာဆရာကြီးတင်မိုးရဲ့ ကလေးကဗျာတွေဟာ ကလေးတွေအပေါ်အတော်သြဇာကြီးပါတယ်။ ကျွန်တော်ဆို ဆရာကြီးကဗျာတွေနဲ့ ကြီးခဲ့တာပါ။ဆရာကြီးရဲ့  အမေကျောင်း တေးကဗျာ ဟာ အတော်လေး သာယာတဲ့ ကလေးချော့တေးတစ်ပုဒ်ပါ။ ကျွန်တော်ငယ်ငယ်က မေမေချောသိပ်တဲ့ ကျေးဇူးကြောင့် အခုထိတောင်အလွတ်ရပါသေးတယ်။ နောက် ထီကလေးနဲ့ မနီ ၊ သူငယ်တန်းဖတ်စာက ကဗျာ အတောတ်အများ ဆရာကြီးရေးခဲ့တာလို့ သိရပါတယ်။

နောက် ကလေးကဗျာ ကလေးသီချင်းနဲ့ ပတ်သတ်ပြီး ခရစ်ယာန်ဘုရားကျောင်းတွေ သာသနာပြုအဖွဲ့တွေ ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ တိတ်ဆိတ်တဲ့ည လို့ ဘုရားသီချင်းမျိုးတွေ ဘုရားရှင်ကျေးဇူးတော်ကို ချီးမွမ်းတဲ့ မြန်မာဘာသာနဲ့ တေးကဗျာတွေ အများအပြားပေါ်ခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေပဲမို့ လူထုကြားသိပ်မပေါက်ခဲ့ပြန်ဘူး။အချို့ တေးကဗျာတွေ ဆို အလိုက်ကို ကော်ပီပြန်လုပ်ထားတာတွေတောင်ရှိပါတယ်။

နောက်ပိုင်း ခရစ်ယာန်အဖွဲ့အစည်းတွေဟာ ဘာသာရေးလုပ်ငန်းသာမက လူမှုရေးပရဟိတ လူမှုဖွံဖြိုးရေး လုပ်ငန်းတွေ ပါလုပ်လာကြပြီး အမြင့်ဖွင့်သင်တန်းများ တွင် သင်ကြားရေးအထောက်အကုပြုနည်းလမ်း အဖြစ် တေးကဗျာတွေ သုံးလာကြတယ်။ စည်းလုံးညီညွတ်ဖို့၊ လက်တွဲလုပ်ဆောင်ဖို့၊ အများကျိုးဆောင် ဖို့ ရည်ရွယ်တဲ့ တေးကဗျာတွေ ထွက်ပေါ်လာတယ်။ မူလထွက်ပေါ်လာက ခရစ်ယာန် အသိုင်းအ၀ိုင်းကြား ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဝင်ဖွံဖြိုးရေးလုပ်သားတွေက ဒီတေးသီချင်းတွေ ကို ဗုဒ္ဓဘာသာလူအသိုင်းအ၀ိုင်း အတွက် ဆီလျော်အောင် ပြင်ဆင်တာမျိုးတွေ လုပ်လာကြတယ်။

ဥပမာ။ ။

ဟိုမှာ ခွဲခြားသတ်မှတ်သည် ဒီမှာ ခွဲခြားသတ်မှတ်သည်

နေရာတကာ ခွဲခြားကြသည်

အချင်းချင်းချစ်စို့လား သဘောထားကြီးစို့လား

ချီမွမ်းရင်း ကကြမယ် /၀မ်းမြောက်ရင် ကကြမယ် အစား

 

ဟိုမှာပျော်ရွှင်ခြင်းရှိသည် ဒီမှာ ပျော်ရွှင်ခြင်းရှိသည်

နေရာတကာမြဲရှိသည်

အချင်းချင်းချစ်စို့လား လက်တွဲထားစို့ လား

လက်တွဲရင်းကကြမယ် လို့ ပြောင်းဆိုတာမျိုးတွေ ရှိပါတယ်။

ဒီလိုသီချင်းတွေ ဟာ အခုပရဟိတ လုပ်နေတဲ့ လူငယ်တွေ ပြန်ပြုပြင် ပြီး ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်း နဲ့ ဆီလျော်အောင် လုပ်ထားတာတွေ ပါ။ အရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးမှု သင်တန်းသင်ရိုးတွေ မှာတောင် ဒီသီချင်းတွေ အတော်အများပါတာကို တွေ့ရပါတယ်။

ဒီသီချင်းတွေရဲ့ ထူးခြားချက်က ရေးသူသတ်သတ်မှတ်ရှိပေမဲ့ ပျံနှံတာလွယ်ပြီး နောက်ပိုင်းပုံစံတွေ ပြောင်းပြောင်းသွားတာပါ။ တေးအလိုက်ကတူပေမဲ့ ဒေသနဲ့ ရပ်ရွာနဲ့ ဆီလျော်တဲ့ ပုံစံတွေ ဖြစ်ဖြစ်သွားတာ ထူးခြားချက်ပါပဲ။ ခရစ်ယာန် အသိုင်းအ၀ိုင်းက စပေမဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေ မှာပါ အသုံးပြုနိုင်တာ ၀မ်းမြောက်စရာ။

နောက် INGO တွေ NGO တွေ က CCA ကို ဖွံဖြိုးအောင် လုပ်ရင် ကလေးကဗျာတွေ ဟာ ပို့ပြီးဖွံဖြိုးလာပါတယ်။ သဘာဝပတ်ဝန်းကျင် နဲ့ ပတ်သက်တဲ့ ကဗျာတွေ လူသာချင်းစာနာဖို့ အားငယ်သူကို အားပေးဖို့ မေတ္တာစိတ်ထားဖို့ ကလေးတွေ ရဲ့ စိတ်ကို ပိုပြိးရင့်ကျတ်စေပြီး သင်ယူမှု ကို အထောက်အကူဖြစ်စေတဲ့ တေးကဗျာတွေ အများအပြားပေါ်လာပါတယ်။ တစ်ခါက ကလေးမူကြိုတစ်ခု က ဆရာမဆို သူကိုယ်တိုင်း တခါ တစ်လေ ကလေးတွေ အတွက် ဆိုလွယ်ပြီး အဓိပ္ပာယ်ရှိတဲ့ ကဗျာတွေ လက်တန်း ဖြစ်ဖြစ် အချိန်ပေးပြီးဖြစ်ဖြစ် ရေးတတ်ကြောင်း ကျွန်တော်ကို ပြောဖူးပါတယ်။ ဘာပဲပြောပြော ကလေးကဗျာတွေ ဆိုလွယ်တေးကဗျာတွေ ဟာ အရင်ကထက်ပိုပြီးကောင်းလာတာတော့ အမှန်ပဲ။

ဒါပေမယ့် စာသင်ယူခွင်မရှိတဲ့ ကလေးတွေ သမရိုးကျပညာရေးသာ တွေထိခွင့်ရှိတဲ့ ကလေးတွေ အတွက်တော့ ဒီကလေးကဗျာတွေ ဆိုလွယ်တေးတွေ အမူရာနဲ့ လှုပ်ရှားကရတဲ့ တေးတွေ ကို သိရှိခွင့် နည်းပါးနေဆဲ ……………..

 

ကျွန်တော်ဟာ ပညာရေးပညာရှင်သုတေသီမဟုတ်ပါ တေးသီချင်းနဲ့ ပတ်သက်လို့ လည်း ချောင်းဆိုး ရင်တောင် ကီးမမှန်ပါ ကလေးစာပေ ကလေးကဗျာ ကလေးသီချင်းတွေ ကို စိတ်ဝင်စားလို့ မနေနိုင်မထိုင်နိုင် ရေးခြင်းဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်း မဟုတ်ပါ ရေးချင်လို့ ချရေးခြင်းသာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s