ညီကိုတို့ သဘောတူလျက် ပေါင်းဖော်ကြသည်မှာ………

မနေ့ ညက မုခစာအုပ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်လျက်နဲ့ ခရစ်စမတ်မှာ ပျော်တာရွှင်တာ ဘာညာဘာညာ လုပ်တာဟာ ဗုဒ္ဓဘာသာမပီသဘူး ဘာဘူး ညာဘူး ဆိုတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ FB Status မှာ တွေ လိုက်ရတယ်။  တကယ်ထမ်းပြောရင် ဒီဇင်ဘာလ ၂၅  ရက်နေမှာ မာရီခရစ်စမတ် ဆိုတာက ဘာသာရေး သဘောထက် ယဉ်ကျေးမူသဘောသတ်ရောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉ရာစု နှောင်းပိုင်း လောက်ထဲက ခရစ်ယာန်ဘာသာကိုးကွယ်သူအများဖြစ်တဲ့ နိုင်ငံတွေက ကမ္ဘာနေရာအတော်များကို သိမ်းပိုက်ထားပြီး သူတို့ရဲ့ ယဉ်ကျေးမူ ဓလေ့တွေကို နှစ်ပေါင်းရာချီသွတ်သွင်းခဲ့လို့ ပါ။ဒါကြောင့် ဒီကိုလိုနီ လက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ ခရစ်ယာန်ယဉ်ကျေးမူထွန်းကားခဲ့တယ်။ ကိုလိုနီမဖြစ်ခဲ့တဲ့ နိုင်ငံတွေ တောင် ယဉ်ကျေးမူအရ သွတ်သွင်းခံရတာတွေရှိပါတယ်။ ကျနော်တို့ အာရှနိုင်ငံအတော်အများလည်း ဒီလိုပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လျက် မာရီခရစ်စမတ် ဟပီးယူရီးယား ပြောတာ ဗုဒ္ဓဘာသာဝင် တစ်ယောက် မပြောသင်ဘူးဆိုတာ တောရမ်းမယ်ဘွဲ့ပါပဲ။ ယဉ်ကျေးမူကို ယဉ်ကျေးမူလို့ မမြင်ပဲ ဘာသာရေးလို့ မြင်မိရင် အကောက်အယူတွေအတော်ကို လွဲသွားနိုင်ပါတယ်။

ဒီလိုပြောကြေးဆို ဘာသာရေးပွဲလမ်းမဟုတ်တဲ့ သင်္ကြန်(မြန်မာနှစ်သစ်ကူး) မှာ အခြားဘာသာတွေ မပါဝင်ဖို့ ပြင်းပြင်းထန်ထန်ပြောတာတွေ ရှိပါတယ်။ တခြားတစ်ဘက်ကလည်း ဒါဟာ ဘာသာရေးပွဲမဟုတ် ယဉ်ကျေးမူပွဲ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံသားတိုင်းပါဝင်သင့်တယ်လို့ လှုံဆော်တဲ့ ဘာသာခြားခေါင်းဆောင် တွေ ရှိပါတယ်။ ဒီလိုလှုံဆော်တဲ့ ခေါင်းဆောင်တွေကို ဒီဘာသာတွေကို အစွဲကြီးတဲ့ ပုဂ္ဂိုလ်တွေက ကြည့်မရ ပါဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာဘက်က အခြားဘာသာတွေနဲ့ ရင်းရင်းနီုးနီုး ချစ်ချစ်ခင်ခင်နေကြတာကို ကြည်မရတဲ့ ဘာသာစွဲကြီးသူတွေ လည်းရှိပါတယ်။ ဘာကြောင့်ပါလဲ…………………..

 

ဒီပြဿနာရဲ့ အရင်းကို စစ်ရင် ကိုယ်ကိုကိုယ် ဘောင်ခက်လိုက်တာပါဘဲ။ ကျနော်တို့ ကိုယ်ကျနော်တို့ ဗုဒ္ဓဘာသာပဲ ဗမာလူမျိုးပဲ ဘယ်နယ်သားပဲ ဘာပဲ ညာပဲဆိုပြီးဘောင်ခက်လိုက်တာပါ။ တံဆိပ်ကပ်လိုက် တာကြောင့် ငါတို့ သူတို့ဆိုတာကြီးဖြစ်ပြီး အချင်းချင်း ခိုက်ရန်ဖြစ်သွားရခြင်းဖြစ်ပါတယ်။ ဘာသာရေး အဓိကရုဏ်းတွေ လူမျိုးရေး အဓိကရုဏ်တွေ ကလည်း ဒီကစပါတယ်။

ဒီတံဆိတ်တွေ ဘောင်ခတ်မူတွေကလည်း ရှင်းရှင်းပြောရင် ကျနော်တို့ သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အသိုင်းဝန်းက နင် ဟာ ဗုဒ္ဓဘာသာ ဗမာလူမျိုး ယောကျာင်္း မိန်းမ ဆိုပြီး ဘောက်ခတ်သတ်မှတ် လိုက်တာပါ။ သေချာပြန်စဉ်းစားကြည့်ပါ ကျနော်တို့ လူမှန်းစသိကာစက ငါဟာ ဗမာတစ်ယောက် ဗုဒ္ဓဘာသာဝင်တစ်ယောက် ယောကျာင်္း တစ်ယောက်ဆိုတာ ကို ကျနော်တို့ ဘာသာ ကျနော်တို့ သိခဲ့ရတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက နေပြီး သတ်မှတ်ခဲ့တာပါ။

ဒီလို သတ်မှတ်ခံရတာကြောင့် လူတွေဟာ ကွဲပြားလာပါတယ်။ ကွဲပြားတာ သဘာဝပါ ဘယ်သူမှ မတူပါဘူး ကံချင်းလည်း ကွဲမယ် ဥာဏ်ချင်းလည်း ကွဲမယ်  အသားအရောင် ခံယူချက် ဒါတွေလည်း ကွဲ ပါမယ်။ ကွဲပြားတာ သဘာဝပါ ကွဲပြားတာ ဓမ္မပါ ကွဲပြားတာအလှပါ။

ဒီလိုကွဲပြားနေတာ ပြဿနာ ဘာမှမရှိပါဘူး။

သို့သော် ဒီကွဲပြားတာတွေကို အခြေခံပြီး ခွဲခြားလာတယ် ဘောင်ခတ်လာတယ် တံဆိပ် ကပ်လာတယ်။ ကွဲပြားခြင်းက  နေ ခွဲခြားခြင်းဖြစ်လာတယ်။ ယောကျာင်္းမို့ မိန်းမမို့ အသားဖြူလို့ ညိုလို့ ၀ါလို မဲလို့ ဘာဘာသာဝင် ညာဘာသာဝင် ဆိုပြီး ခွဲခြားလာတယ်။ ဘောင်ခတ်ခြင်းသဘော(ပမည)တွေ၊ ခွဲခြားစွာမြင်သော သဘော(၀ိဘတ္တ)တွေ၊ မတူညီတာကိုပဲတဲ့ (၀ိသေသ)ကိုပဲကြည်လာကြတယ်။ ဒီလို ဖြစ်ရုံ မပြီးပဲ အချင်းချင်း မတူတာကို ဆန်ကျင့်တဲ့ သဘော (၀ိရောဓိ)တွေ ဖြစ်လာကြတယ်။ ဒီကတဆင့် ပဋိပက္ခတွေ အဓိကရုဏ်းတွေအထိ ရောက်ပြီး။ လူသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမူတွေ ဖြစ်လာပြီး လောက မတည်ငြိမ် မအေးချမ်းနိုင်တော့ပါ။

ဒီတော့ လောက အေးချမ်းနိုင်ဖို့ ဘောင်တွေ၊ မတူညီတာတွေ ကို ခဏထားပြီး အားလုံးကို သံသရာခရီးသည် တွေချည်းလို့ ရှုမြင်ပြီး ရှုံ့ချဆန်ကျင့် တာတွေကို ရပ်ပြီး ညီညီညွတ်ညွတ်နေသွားကြ ရင် မကောင်းဘူးလားဗျာ။

 

ညီကိုတို့ သဘောတူလျက် ပေါင်းဖော်ကြသည်မှာ အလွန်ကောင်းပေ၏ (ဆာလံကျမ်း)

 

မေတ္တာဖြင့်

မောင်ဥဂ္ဂါ

ဟိမ၀န္တာတောင်ခြေ မိဂဒါဝုန်အင်စတီကျု

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s