နင့် လား ဟဲ့ ဟမ်ဘာဂါ

အနုပညာမြတ်နိုးသူ လူငယ်တစ်သိုက် ပန်းချီပြပွဲနဲ့ ကဗျာရွတ်ပွဲ ရှိရာဆီသွားခဲ့ကြသည်။ ကဗျာဆရာ နာမည်ကြီး တစ်ယောက်က လူငယ်တွေ ကို ချီးမြောက်သည့် အနေဖြင့် ဒီပွဲကိုတတ်ရောက် မယ်ဆိုတာ အားလုံး သိရှိပြီးဖြစ်သည်။ လေးစားနှစ်သက်လှသည် ဆရာကြီးမို့ အားလုံးက သူကို စောင့်မျှော် နေကြသည်။ ကဗျာဆရာကြီး ရောက်လာသည်။ ကဗျာချစ်သူ လူငယ်တစ်စုကလည်း ဆရာကြီးအား ကဗျာတစ်ပုဒ် လောက် ချီးမြင့်တဲ့ အနေနဲ့ ကဗျာတစ်ပုဒ်လောက် ရွတ်ဖို့ တောင်းဆိုကြသည်။ ဆရာကြီးကလည်း ကဗျာရွတ်ပေးပါမယ် ဟုဆိုကာ ပရိသတ်အလယ် ရောက်ပြီး ချောင်း တစ်ချက် ဟန့်လိုက်သည်။ ဆရာကြီး ကဗျာတစ်ပုဒ်ကို စရွတ်လေ သည်။ ဆရာကြီး ကဗျာကား

နင္လား ဟဲ့ ဟမ္ဘာဂါ

နင္လား ဟဲ့ ဟမ္ဘာဂါ

နင္လား ဟဲ့ ဟမ္ဘာဂါ ပင်ဖြစ်သည်။

ပရိသတ်ကြီး အံသြမင်သက်သွားကြသည်။ အံဖွယ် ကဗျာပေတည်း။ ဟိုက္ကူဆန်သည်လို့ ကောက်ချက် ချသူများက ချသည်။ ဒါ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ သရုပ်သဏ္ဍန်ကို အထိမိဆုံး ထင်ဟတ် လိုက်တာပဲလို့ ဆိုသူဆိုသည်။ ဒီကဗျာက လူတန်းစားသရုပ်ကို ဖော်ကျူးသည်ဟု ယူဆကြသည်လည်း ရှိသည်။ နောက် ဒါ ဖြစ်တည်မှုဝါဒ လို့ပြောသူက ပြောသည်။ ထိုမျှအဓိပ္ပာယ်ကြွယ်ဝလှသော ကဗျာကို သတင်းသမား ငလူအေး ကာတွန်းငကာ နဲ့ ဘလော့ဂါ ငဂါ တို့ နားမလည် ဥာဏ်မမှီ မသိ။ ထိုသုံးယောက် ဘုံဆိုင် ရောက်တော့ အနီုကဗျာအား ခွဲခြမ်း စိပ်ဖြာကြလေသည်။

ငလူအေးက “ဟေ့ကောင်တွေ ဒါ အမေရိကန် မုန်းတီးရေးကွ အမေရိကန်လိုက်ဇေးရှင်းကို ဆန်ကျင့်တဲ့ အနေနဲ့ နှလုံးသားက ထွက်ပေါ်လာတဲ့ အာလုပ်သံကွ” လို ရမ်းသန်းကောက်ချက်ချသည်။

ငကာ ကား မဖြစ်နိုင်ဘူး ဒါ “လူတန်းစာအမြင် ပါနေတယ်ကွ ဟမ်ဘာဂါ ကို စားနိုင်တဲ့ လူတန်းစားရှိသလို မစားလိုက်တဲ့ လူတန်းစားလည်းရှိတယ် ဒီတော့ ဆရာကြီးက မစားနိုင်တဲ့ လူတန်းစား ဘက်က ရပ်တည်ပြီး ဆန္ဒထုတ်ဖော်လိုက်တာပဲကွ” လို့ စွတ်ပြောသည်။

ငဂါ ကား “မင်းတို့တွေ တွေးတာ တစ်ခုမှဖြစ်နိုင်ဘူး ဒါ ရိုးရာဟန်နဲ့ ခေတ်သစ်စကားလုံးတွေ ပေါင်းစည်းပြီး အနုပညာစမ်းသပ်ချက်တစ်ခုကွ နင်လားဟဲ့ ဟမ်ဘာဂါ ကို သုံးကြိမ်တိတိ အော်သွားတာ ကို က ဒုတိယံမ္မိ တတိယံမ္မိ ပုံစံကွ ဒါ ကဗျာခေတ်သစ်ဖောင်ကွ နားလည်မလည်ပဲနဲ့” ဆိုပြီး ရောချသည်။

ဒီလို တစ်ယောက်တစ်ပေါက် ငြင်းခုံနေစဉ် ငဂါ ရဲ့ မိတ်ဆွေ လမ်းဘေးတက္ကသိုလ် ပါမောက္ခကြီး ရောက်ချ လာပြီး “ဟေ့ကောင်တွေ ဘာတွေ ပြောနေတာလဲလို့” မေးမြန်းသည်။

ဒီ လမ်းဘေးတက္ကသိုလ် ပါမောက္ခကို ငဂါတို့ ခင်မင်ရင်းဆွဲလည်းရှိ စာပေလည်း ၀ါဒနာထုံပြီး အသက်ကြီး ပေမဲ့ မပျက်စီးပဲ ဘီအီး နှစ်လုံးလောက် အသာလေး ချနိုင်သော သူဖြစ်လို့ ငဂါတို့ က သူငယ်ချင်းပေါင်း သူတစ်ယောက် ဖြစ်သည်။ ထို လမ်းဘေးတက္ကသိုလ် ပါမောက္ခကြီး အား ကျွန်တော်တို့ ဆွေးနွေးနေသော ဟမ်ဘာဂါ ကဗျာ ပြဿနာအား ပြောပြလေသည်။

ထို လမ်းဘေး ပါမောက္ခကြီးက “ဟေ့ ကောင် ငဂါ မင်းတို့တွေ တောင်ထင် မြောက်ထင် လျှောက် မထင် နဲ့ သူက နာမည်ကြီးမို့ လျှောက်ရွတ်တာ ဘာမှမဟုတ်ဘူး မင်းတို့တွေ သူပုံစံ အတိုင်း နင်လားဟဲ့ ဘီအီး နင်လားဟဲ့ ဘီအီး နင်လာဟဲ့ ဘီအီး ဆိုပြီး ရွတ်ကြည့် ပါလား သောက်ပေါလို့ အပြောခံ ရမှာပေါ့ နာမည်ရပြီး နာမည်ကြီးတဲ့ သူဆိုတော့ ဘာပဲ ရွတ်ရွတ် ကဗျာ ဖြစ်သွားတယ်ကွ မင်းတွေက ဘာညာဆိုပြီး လျှောက်အဓိပ္ပာယ် ဖွင့်နေကြတာ ဘာမှမဟုတ်ဘူး ငါလခွီးမှပဲ” ဟု ဆိုသည်။

ထိုသူဆိုမှပဲ ခုနက ငြင်းခုန်နေကြတဲ့ ကိုယ်အဖြစ်ကို ပြန်တွေးမိပြီး ကျွန်တော်တို့ ၀ိုင်း တိတ်ဆိတ် သွားသည်။ ဟုတ်သားပဲ ငါတို့ သူလိုမျိုးပုံစံနဲ့ လူရှေ့ သူရှေ့ကဗျာရွတ်ကြည့်ရင် သောက်ပေါလို့ ပြောခံရမယ် အခုလိုဘယ်သူမှ အရေးတယူလုပ် ဆွေးနွေးကြမှမဟုတ်။ ရေးပြီး မဂ္ဂဇင်းတိုက် ပို့ ရင် လည်း အပယ်ခံရမည်မှာ သေချာလှသည်။ ကဗျာ ကောင်းခြင်းသည် ကဗျာပေါ် မမူတည် လူပေါ်သာ မှုတည် နေသည်။ အံချီးဖွယ်ပါတကား

ငကာ က ၀မ်းနည်းတဲ့ အသံနဲ့ “ဟေကောင်တွေ နာမည်ကြီးတိုင်း လုပ်ချင်တာ လုပ်လို့ ရသလားကွ ကဗျာဆိုတာ နှလုံးသားက စိမ့်ထွက်လာတဲ့ အနုပညာပစ္စည်းလေ ပုဂ္ဂလိကပိုင် အမှတ်တံဆိပ်နဲ့ ထုတ်ကုန်မဟုတ်ဘူး” လို့ ရှိုက်သံနဲ့ ဆိုသည်။

ငဂါ က “အေးလကွာ ငါတို့တွေ မတော်တဆများ နာမည်ကြီးအနုပညာရှင် ဖြစ်ခဲ့ဆိုရင် ဒီလို မလုပ်ဖို့ အရေးကြီး တယ်ကွ” ဆိုကာ သတိပေးသည်။

ငလူအေးကား “အေး ဟုတ်တယ် ငါတို့တွေ ဘ၀င်လေဟပ်ပြီး ပြီးပြီးရော လုပ်ချင်တာလုပ်တယ် တို့ မင်းတို့ တွေ မြင်ခဲ့ရင် ငါတို့ အချင်းချင်း နင်လားဟဲ့ ဟမ်ဘာဂါ လို့ သတိပေးလိုက်စမ်းပါကွာ”လို ဆိုသည်။

လမ်းဘေးတက္ကသိုလ် ပါမောက္ခကြီး ရေချိန်အတော်ကိုက်နေပြီး ငဂါတို့သုံယောက်လည်း သောက်သုံးတာ မျှတ ပြီ ဖြစ်သော ကြောင့် အိမ်ပြန်ကြလေသည်။ သုံးယောက်သား အိမ်အပြန်လမ်း လျှောက်ရင်း ရယ် မော ပြီး အော်ဟစ် လိုက် သည် ကား

နင့် လား ဟဲ့ ဟမ်ဘာဂါ

P.S

ပုံပြောသူ ရဲဘော်များဖြစ်ကြသော သန့်စင်(မောင်လူအေး)၊ ကာတွန်းကာကြီး တို့ နှင့် ပုလင်းစီသော နေရက်များကို တမ်းတသောအားဖြင့်

မောင်ဥဂ္ဂါ

တော်သလင်းလဆန်း ၆ ရက် ၁၃၇၃ခုနှစ်

၂၂နာရီ ၅၉မိနစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s