နတ်ကိုးကွယ်မှုနဲ့ လူမှုအမြင်

နတ်ကိုးကွယ်မှု ရိုးရာယုံကြည်မှုနဲ့ ပတ်သတ်ပြီး ကျွန်တော်အနေ့နဲ့ ယုံကြည်မှု ကိုးကွယ်မှု တစ်ခုတည်းဖြင့် မရှုမြင်စေချင်ပါ။ နတ်ကိုးကွယ် သည် သူလည်းရှိသလို မကိုးကွယ်သည့် သူလည်း ရှိတယ်။ ကိုးကွယ်တဲ့ သူကလည်း သူအကြောင်းပြချက်နဲ့ သူရှိသလို မကိုးကွယ်တဲ့ သူကလည်း သူအကြောင်းပြ ချက် နဲ့ သူရှိတယ်။ အကြောင်းပြချက်တွေ အကုန် သူနေရာနဲ့ သူ ခိုင်လုံမှုရှိတယ်။

ကျွန်တော်က နတ်ကိုးကွယ်တဲ့ သူတစ်ယောက် မဟုတ်သလို မကိုးကွယ်တဲ့သူတစ်ယောက်လည်း မဟုတ် ပါဘူး။ နတ်ကိုးကွယ်မှုကို ပယ်ဖျက်တာဟာ သာသနာပြုတယ်လို့ မယူဆသလို နတ်ကိုးကွယ်မှု ကို အားပေးအားမြောက်လုပ်တာလည်း သာသနာကိုချီးမြောက်ခြင်းမဟုတ်လို့ထင်ပါတယ်။

ကျွန်တော်အဓိကပြောချင်တဲ့နတ်က မြန်မာပြည်၌ ရှိသော ရိုးရာနတ်များကိုသာ ပြောချင်ပါတယ်။ တာဝတိံသာ ယမာစတဲ့ နတ်တွေ ကိုဘာမှမပြောလိုပါ။ ကျွန်တော်လည်း သူတို့ အကြောင်းမသိပါ။ အခုပြောချင်တာ ပြည်တွင်းဖြစ် နတ်များသာ။

ရိုးရာနတ်လို ဆိုတဲ့အတိုင်း နတ်တွေဟာ ကျွန်တော်တို့ ဘိုးဘွားတွေ အစဉ်အဆက်ကိုးကွယ်လာတဲ့ နတ်တွေ ပါ။ ဒီနတ်ကိုးကွယ်မှု ဟာ ယုံကြည်အားထားမှု တစ်ခုတည်းလို့ ကျွန်တော်မထင်ပါ။ နိုင်ငံရေး လူမှုရေး စီးပွားရေးအချင်းအရာတွေ ပါ ပါဝင်နေမယ်လို့ယုံကြည်ပါတယ်။

ရိုးရာနတ်နဲ့ ပတ်သက်ပြီး မှတ်တမ်းခိုင်ခိုင်လုံလုံရှိတာက ပုဂံခေတ်က စတယ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ ပုဂံခေတ်မတိုင်မီထဲက နတ်ကိုးကွယ်မှုဟာ မြန်မာပြည်မှာ ရှိနေပါပြီ။ ပထမဆုံးပြည်တွင်းဖြစ် နတ်က အားလုံးသိတဲ့ တိုင်း အိမ်တွင်းမင်းမဟာဂီရိ(ခေါ်) ပန်းပဲမောင်တင့်တယ် ပါ။ ပန်းပဲမောင်တင့်နဲ့ ဆက်တဲ့ နတ်မိသားစုဝင်ချည်းပဲ ၇ ဦးရှိပါသည်။ သမိုင်းကြောင်းနဲ့ နတ်စာရင်းကို ပြောချင်မဟုတ်သောကြောင့် မဖော်ပြတော့ပါ(သိချင်ရင်ရှာဖတ်)။ ပန်းပဲမောင်တင့်တယ်ကို ပုဂံပြည်သားတွေ ကိုးကွယ်စ ကိုးကွယ်ကြပေမဲ့ သူကတော့ ပုဂံပြည်သားမဟုတ် ပုဂံနဲ့ ခေတ်ပြိုင် တကောင်းသား တကောင်းဘုရင်နဲ့ မတည့်ပဲ ကွက်မျက်ခံရသူ။ သူကို ကိုးကွယ်တာက တပြည်သား ပုဂံသားတွေ ဒီနေရာမှာ တကောင်းဘုရင် ကို ဆန့်ကျင်ဖို့ သူနဲ့ မတည့်တဲ့သူ သူမတရားလုပ်တာ ခံရသူကို ဇာတ်လိုက်(နတ်) အဖြစ် ထားတာဟာ ရှေးခေတ်က နိုင်ငံရေး ၀ါဒ ဖြန်ချိတဲ့ နည်းတစ်ခုလို့ ထင်ပါတယ်။

နောက် ပြည်သူတွေက သူတို့ မကြိုက်တဲ့ အုပ်ချုပ်သူ(ဘုရင်/မင်း) ကို ဆန့်ကျင်တဲ့ အနေ့ နဲ့ ဒီဘုရင် နဲ့ မတည့်တဲ့သူ ဒီဘုရင်မတရားစီရင်တာကို ခံလိုက်ရသူတွေကို ကိုးကွယ်တဲ့ အနေနဲ့ အဖိနိုပ်ခံပြည်သူပြည်သားတွေရဲ့ ဒီအုပ်ချုပ်သူကိုအကြိုက်တဲ့အနေနဲ့ ပြည်သူဆန္ဒကို ထုတ်ဖော် ကြတယ်လို့ ထင်ပါတယ် ရှေးခေတ်က အကြမ်းမဖတ်တဲ့ အုပ်ချုပ်သူကို ဆန့်ကျင်နည်း တစ်ခု လို့တောင်ဆိုနိုင်တယ်။

နောက် ဒေသတစ်ခုရဲ့ ဒေသခံနတ်တွေ ကလည်း ဒေသက ပြည်သူတွေ အတွက် အနစ်နာခံ ကိုယ်ကျိုးစွန့် ခဲ့တဲ့ သူတွေ ကို ချီးမြောက်တဲ့ ပုံစံတစ်မျိုးလို့ လည်း ယူဆလို့ ရပါတယ်။ အချို့ နတ်တွေ က ၃၇ မင်း ထဲမှာ မပါ ပဲ သူဒေသအလိုက် ကိုးကွယ်တဲ့ ပုံစံပါ။ ကျွန်တော် နှစ်အတော်ကြာနေဖူးတဲ့ အညာဒေသဘက် မှာ ဒေသခံ နှစ်တွေ အတော်ပေါ ပါတယ်။ ယင်းမာပင်မှာ ဆို အမေရေယဉ်၊ ပျောင်းပြာရွာသူ မမယ်ဖြူ( အမေဖြူ)။နောက် ကချင်း၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း ဒေသတွေ မှာလည်း သူဒေသနဲကသူ ဒေသခံ နတ်တွေ ရှိပါတယ်။ ဒေသခံနတ်တွေ က များသောအားဖြင့် သူတို့ရပ်ရွာဒေသ ကောင်းစားရေးအတွက် အသက်စွန့်လိုက်ရတဲ့သူတွေ ဒေသအကျိုး ကိုယ်ကျိုးစွန့် လိုက်ရသူတွေ များပါတယ်။နောက်ပိုင်းမှ ဒီ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့လို့ ပူဇော်သကာယပြုတဲ့ သဘောပျောက်ပြီး လွတ်ယုံကြည်တာမျိုး တိုးတာလို ထင်မှတ်ပါတယ်။

ဒီ ဒေသခံ နတ်တွေ ကို ပူဇော်ရင်း ဒေသကို ချစ်စိတ် ဒေသခံပြည်သူအချင်းချင်း ခင်မင်ရင်နီုးစိတ် တိုးလာတာတွေ ရှိပါတယ်။ နတ်တွေ ကို ပူဇော်ပသရင် ဒေသခံ ရိုးရာမုန့်တွေ ဝေမျှစားသောက်ကြရင်း ဒေသရဲ့ ရိုးရာယဉ်ကျေးမှုတွေ ကိုအစဉ်အဆက်ထိန်းသိမ်းလာတာ ချစ်စရာ

နောက် ဒေသခံနတ်တွေရဲ့ သမိုင်းကြောင်းတွေကလည်း ဒေသတစ်ခုရဲ့ တန်ဖိုးထားမှု အလေးထားမှု ထုံးစံသဘောတွေ ပါ ပါတယ်။ နတ်တွေက ဒေသအလိုက် ပိုင်းခြား ကိုးကွယ်တာ မျိုးတွေရှိပါတယ်။ အောက်ဗမာပြည်ဆို ဦးရှင်ကြီး၊ မုံရွာနယ်တစ်ဝိုက်ဆို အလုံးဘိုးဘိုးကြီး၊ အမေရေယဉ်၊ ပခုက္ကူ ကျောက်ပန်းတောင်း တ၀ိုက်ဆို ပခန်းကိုကြီးကျော်၊ မွန်တ၀ိုက်ဆို မိနံကရိုင်း၊ ကရင်ဆို ထော့မဲ့ပါ၊ ရှမ်းဆို ထွန်းအောင်ကျော်(၃၆ကောင် နတ်)၊ မန္တလေး တစ်ဝိုက်ဆို မန္တလေးဘိုးတော်၊ ရွှေဖျန်းညီနောင်၊ ကလေးတစ်ဝိုက်ဆို ကန္ဒီမြင်းဖြူရှင် စတဲ့ ဒေသအလိုက် သူနတ် သူဇာတ် နဲ့ သူ။

အချို့ နတ်တွေဆို အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ နဲ့ ဆက်စပ်နေပါတယ်။ လယ်ယာတောင်သူ လုပ်ငန်းလုပ်သူတွေ အတွက် ပုန်းမကြည်ရှင်မ(ဘုရားလက်ထက်က ကာဠီယက္ခီဘီလူးမ-အချို့ကလည်း ပုဗ္မကြယ်နတ်လို ဆိုတယ်) လယ်ယာအထွက်ကောင်းအောင် ပသကြတယ်။ တံငါ လုပ်ငန်း လုပ်သူတွေ အတွက် ရေငန်ပိုင်ဦးရှင်ကြီး၊ တပွဲစားအဘိုးတို့ကို ကိုးကွယ်ပသကြတယ်။ အခြားလက်မှုပညာရပ်နဲ့ ဆိုင်တဲ့ နတ်တွေ၊ အခြား လုပ်ငန်းကိုင်ငန်းတွေ နဲ့ စပ်တဲ့ နတ်တွေ လည်းရှိပါတယ်။

နောက် အညာဒေသ ဖိုးဝင်တောင် တစ်ဝိုက်ရှိ သစ်ပင်တွေ မှာ သစ်တောဌာနက ချိတ်ဆွဲလေ့ရှိတဲ့ ဆိုင်းဘုတ်က သစ်ပင်ခုတ်တာ နတ်မကြိုက်၊ သစ်ပင်ခုတ်ရင် နတ်ဖမ်းစားလိမ်မယ် ဆိုတဲ့ ဆိုင်းဘုတ်က သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်ဆိုတာထက် ထိရောက်တာ တွေရတယ်။ နောက် သစ်ကြီးဝါးကြီး အပင်အောက် နတ်စင်ရှိရင် တော်ရုံတန်ရုံ မခုတ်ရဲကြ (မြူနီစပယ်တော့ ခုတ်ရဲသည်)။ နတ်တွေ က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ တစ်ဘက်တစ်လမ်းက ကူညီပေးနေတယ်တောင် တွေးမိသေး။ J

နောက် မြန်မာဂီတမှာ နတ်ချင်း ကဏ္ဍဟာ အတော်လေး အရေးပါပါတယ်။ ညမ့်ညောင်းလှတဲ့ မြန်မာ ဂီတကနေ ခွဲထွက်ပြီး မြုးကြွတဲ့ သံစဉ်နဲ့ နတ်ချင်းတွေဟာ မြန်မာဂီတ အတော်အဆင်မြင့်ကြောင်းပြသနိုင် တဲ့ အချက်တစ်ခုပါ။ နတ်ဆိုင်းရဲ့ ဘေ့အသံဟာ အခုခေတ် မယ်တယ်ဂီတ အော်တာနေးတစ် ဂီတလမ်းကြောင်းရဲ့ ဘေ့နဲ့ အခြေခံသဘောချင်း အတော်ဆင်ပါတယ်။ အခုတော့ နတ်ချင်းအတော်များ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။(ပျောက်ကွယ်တယ် ဆိုတာ စာအုပ်ထဲမှာ ရှိနေတာကိုပြောတာမဟုတ် ဆိုလေ့ဆိုထ တီးလေးတီးထ မရှိကြတော့တာကိုပြောတာပါ)

နောက် နတ်တွေမှာ လူတန်းစားပေါင်းစုံပါပါတယ်။ ဘုရင်၊မိဖုရားမင်းသား စတဲ့ အုပ်ချုပ်သူ လူတန်းစား၊ မှုးမတ် ပညာရှိ ရဟန်း စတဲ့ ပညာတတ်လူတန်းစား၊ ကုန်သည် ပွဲစား စတဲ့ ဓနရှင်လူတန်းစား၊ ရိုးရိုးအရပ်သား အခြေခံလူတန်းစားပေါင်းစုံ ပါဝင်ပါတယ်။

မြို့ပြဆန်လာပြီး တစ်သီးပုဂ္ဂလသဘောဆောင်လာတဲ့ ခေတ်ကြီးမှာ အစုအဖွဲ့သဘောပါတဲ့ နတ်ရိုးရာ ကိုးကွယ်မှုဟာ တစ်ကိုယ်ကောင်းတစ်ယောက်ကောင် တစ်ဦးကောင်း ခုခံနေတဲ့ ဓလေ့လေးဖြစ်ပါတယ်။ ဥပမာ ရန်ကုန်လို တစ်အိမ်တည်းနေပြီး မတွေ့ကြစကားမပြောနိုင် ကိုယ်အလုပ်နဲ့ ကိုယ်ရှုပ်နေတဲ့ မြို့ပြလူနေမှု စနစ်မှာ ဦးရှင်ကြီးတင်ရင် အိမ်ရှိ လူစုံ ရမယ်ဆိုတဲ့ ဓလေ့မျိုးလေးက မိသားစု အချင်းချင်း စုံစည်းဖို့ရာအခွင့်အလမ်းတစ်ရပ်၊ ကိုယ်အိမ်ဘာကိုယ်ဘာသာနေ အိမ်နီးချင်းနဲ့ မပတ်သက် ကြတဲ့ လူနေမှု စနစ်မှာ နတ်တင်တဲ့ မုန့်ဆမ်းတွေ ကို ဝေမျှစားတဲ့ ဓလေ့ဟာ ရပ်ရွာရှိ မိသားစုချင်း အစီးကပ်စေဖို့ နည်းလမ်းတစ်ခု လို့ထင်ပါတယ်။

နတ်ကိုးကွယ်မှု ကို ယုံကြည်ကိုးကွယ်ကြတယ် ဆိုတာထက် ရိုးရာယဉ်ကျေးမှု စရိုက် လက္ခဏာအဖြစ် တစ်ကိုယ်ကောင်းဝါဒ (Individualism) ကို မထွန်းကား စေဖို့ အစုအဖွဲ့ လိုက် နေထိုင်မှု ဒေသရဲ့ ဥာဏ်ပညာ (ရိုပြီးသား ဓလေ့အတွေးအခေါ်) ဖြစ်ထွန်းစေဖို့ ရှိသင်ရှိထိုက်တယ်လို့ ထင်မြင်မိပါတယ်။

နောက်ဆုံးအနေ နဲ့ ကျွန်တော်ရဲ့ အစိမ်းရောင်ရဲဘော်ကြီး သိုးစိမ်းရဲ့ ကဗျာ တစ်ပုဒ် နဲ့ နိဂုံးအဆုံးသတ် လိုက် ပါတယ်။

ယစ်ကောင်၂၁အတွက် ယဇ်ကောင်

ရပ်နေတဲ့နေရာကို ကြည့်  တွေဝေခွင့်မရှိတဲ့ ရောက်တည်ရာ

မတော်တဆမဟုတ်တဲ့ တိုးတိုက်မှုတွေနဲ့

ဒူးထောက် လက်မြှောက်

ဂရပ်မျဉ်းတွေရဲ့ ထိတ်ဆုံးမှာရပ်တည်နေတဲ့

အဒမ်စမစ်ရဲ့ လက်ကိုင်တုတ် ၂၁ ရာစုရေ ….

ငါ့ဗိုက်သေးသေးလေးထဲက အစာအိမ်ကတောင်သာဓု မခေါ်ဘူး

လူပေါင်း သန်းဘယ်လောက်လဲ ငါမသိဘူး … သာဓုခေါ်ပါစေ…

အဂါင်္ဂြိုလ်ပေါ်မှာ ရေမတွေ့သေးတာ ကျေးဇူးတင်တယ်

Biosphere ကို ကမ္ဘာကထောက်ပံ့ပေးနေရတာကို ကြိုဆိုတယ်

သဘာဝလွန်အစားအသောက်တွေမှာ နှောက်ယှက်နေတဲ့ ဘတ်တီးရီးယားတွေကို နှမပေးလို့ ယောက်ဖတော်ချင်တယ် ….

နတ်ကိုးကွယ်မှုတွေ တည်တံ့ပါစေ…

ခြံစည်းရိုးမရှိတဲ့ ရွာလေးတွေ ပွားစည်ပါစေ

လူတွေ ငါးမြှားခြင်းစစ်နဲ့ ငါးမျှားကြပါစေ

ငှက်ဆိုး ၂၁ ရေ မင်းရဲ့ ဂရုဏာ ကျိန်စာအောက်

ကမ္ဘာကြီး ၂၃ ရာစုမရောက်ခင်

၂၃ နှစ်ပိုင်းတစ်ပိုင်းထက် ပိုပိကျမလာဖို့

ခေတ်ကြီးရဲ့  …. ခေတ်ကြီးရဲ့

အတောက်ပဆုံး ယဇ်ကောင်  ငါ့ကိုသာ ပူဇော်လိုက်

သိုးစိမ်း ၂၀၁၁

 

 

မောင်ဥဂ္ဂါ

ဟိမန္တာတောင်ခြေ

မိဂဒါဝုန်အင်စတီကျူ

သီတင်းကျွတ်လဆန်း ၁၁ရက်နေ့ ၁၃၇၃ ခုနှစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s