ပပ မှ ဥဂ္ဂါ သို့ ပေးစာ

ရွှေအုတ်ရေ…

နင်လွမ်းနေတဲ့မြန်မာ့မြေမှာ

ရန်ကုန်သီတင်းကျွတ်ကတော့ တရုတ်နှစ်သစ်ကူးနဲ့ မှားပြီးယမ်းတွေဗျောက်တွေဖောက်

ကိုရီးယားကားထဲကလို မီးပန်းတွေနဲ့ ရန်ကုန်ကောင်းကင်ဟာ ထိန်ထိန်ညီးပြီးဝါကျွတ်သွားခဲ့တယ်။

မီးပုံးပျံလေးတချို့ နဲ့ ဖယောင်းတိုင်မီးအချို့ ကိုလည်းတွေ့ လိုက်ပါသေးတယ်။ ရောင်စုံမီးသီးတွေကတော့ အိမ်တိုင်းလိုလိုပါပဲ။(မီးကတော့ခဏလေးပျက်လိုက်သေးတယ်။)

**အမိနတ်သားကိုတရားဟောပြီးပြန်လာတဲ့ဗုဒ္ဓသာသိရင် ရင်ဘတ်စည်တီး အဲလေ ပြုံးတော်မူနေတော့မှာပဲလို့ 

တွေးရင်း ၂၀၁၁ရဲ့ သီတင်းကျွတ်လပြည့်ဒီညကို ငါပြတင်းဝကနေ ဓါတ်ပုံတွေလျှောက်ရိုက်ဖြစ်တယ်။

 

 

 

 

ဓါတ်ပုံရိုက်နေတုန်းမှာဘဲစိုးရိမ်စိတ်က၀င်လာရော။(ဒီတနှစ်လည်းဖိတ်စာမကမ်းရလို့ မဟုတ်ဘူးနော်)

ကထိန်ခင်းများအကြောင်းပေါ့။

(ဘုန်းဘုန်းဘုရားများကို ဣသာမစ္ဆိရပွါးမိမှာစိုးလို့ မဟုတ်ပါ ဘူး ။ ငါကသီလရှင်မှမဟုတ်တာဘဲ ဟဲဟဲ)

နင်ပြောပြထားလို့ ငါလည်းကထိန်နဲ့ ပတ်သတ်ပြီးတီးမိခေါက်မိပါတယ်ဟ။ ဘုရားရှင်ကိုယ်တိုင်ခွင့်ပြုထားတဲ့ မွန်မြတ်တဲ့အခါသမယတခု။  ဒါပေမယ့်ဒီနှစ်ကထိန်မှာလည်း မူးမူးရူးရူးနဲ့ ကကြအုံးမလား၊ ဘောင်းဘီအကျပ် စကတ်တိုတွေဝတ်သော Dancerအဖွဲ့ တွေများလာအုံးမလား၊ အချို့ Dancer အဖွဲ့ မျာမှ Night club အကများဖြင့် ဖျော်ဖြေကြအုံးမလား၊ အမျိုးသမီးများလိုဝတ်ပြီး အမျိုးသမီးများ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အောက်တန်းကျသလိုလှောင်ပြောင်၍ (အနုပညာမဖန်တီးနိုင်သော အပေါစားလူ၇ွှင်တော်အချို့ ၏ ပြက်လုံးများကဲ့သို့ ) ကသော မဟာပုရိသ များကိုတွေ့ ရအုံးမလား၊ မိမိတို့ ကို ချိုးနှိမ်စွာလှောင်ပြောင်နေမှန်း မသိဘဲအားပေးနေကြသော ဣတ္ထိယများကိုတွေ့ ရအုံးမလား၊ မနှစ်ကလို ကိုးရိုးကားယား Waka Waka နေသော အန်တီကြီးများ၊ ဦးလေးကြီးများကို စိတ်ပျက်ဖွယ် မြင်ရလေအုံးမလားလို့  စိုးရိမ်မိသွားတယ်။

ပြီးတော့ ကထိန်နဲ့ ပါတ်သတ်လို့  ငယ်ငယ်တုန်းက အမှတ်တရတွေကိုသတိရမိတယ်။

  1. ရွာက ကထိန်ခင်းယိမ်း‘က’တိုင်းငါ့အစ်မပါတယ်။…ယိမ်းကိုရှေ.ဆုံးကနေ ကြည့်ပြီး .ကထိန်သင်္ကန်းကပ်လှူကြသည်…ပွင့်မြတ်ဝေစည်…ဆိုတဲ့သီချင်းကိုလိုက်ဆိုရင်းငါအလွတ်ရခဲ့တယ်။

(နင်ပြောသလိုဘဲ..အဲဒီတုန်းကသီချင်းထဲမှာငွေသင်္ကန်းလို့ မပါ ပါဘူး။ သီချင်းရေးဆရာက ကထိန်ရဲ့  အနှစ်သာရကို သိပုံရတယ်။)

  1. ဒါပေမယ့် အဲဒီတုန်းကငွေစက္ကူအသစ်တွေကိုပုံစံစုံခေါက်ပြီး ငွေပါဝင်မှုအလိုက်တန်ဖိုးသတ်မှတ် ထားတာကိုအိမ်ကလူကြီးတွေက၀ယ်(လှူ) ပေးတယ်။ ကထိန်ခင်းလှည့်ရင် အစ်မအပျိုတွေက သင်္ကန်းတောင်းကိုင်တယ်။ ငါတို့ ကလေးတွေကျတော့ ငွေစက္ကူ ပန်းပွင့်တွေကိုင်ရတယ်။ ကြည့်ရတာ ငွေသားနည်းနည်းပဲပါတဲ့ငွေပန်းတွေကိုဘဲငါကိုင်ခဲ့ရမှာ။ ငါ့အမေကအများ ကြီး ဘယ်တတ်နိုင်ပါ့ တော့မလဲ။ ကလေးစိတ်ချမ်းသာရုံပေါ့။စဉ်းစားကြည့်လေ သူ့ မှာက ကထိန်ခင်းအတွက် ရွာက ကောက်ခံတဲ့ အိမ်စဉ်အလိုက်အလှူငွေ၊ ကျောင်းသားတွေအတွက်ထည့်၇ငေ၊ွ ယိမ်းကသူအတွက် အ၀တ်အစားဖိုး၊တခြားသားသမီးများအတွက်အ၀တ်အစားဖိုး၊သင်္ကန်းမှာကထိန်ဆိုတော့လည်းသင်္ကန်း၊ သင်္ကန်းကိုလည်းလူစေ့တပ်စေ့ကထိန်လှည့်နိုင်အောင်မ၀ယ်လှူနိုင် လေတော့ ငါ့အမေခမျာ ခုနကလိုပိုပြီးဝန်နည်းတဲ့ ငွေစက္ကူပန်းတွေကို ကလေးတွေအတွက်ရွေးချယ်တာဖြစ်မယ်ထင်တယ်။

(သူများတွေဘာလို့  ငွေစက္ကူပန်းတွေကို လှူကြလဲတော့ငါလည်းမသိဘူးနော်။)

**ဗုဒ္ဓမိန့် မထားတဲ့ဝန်တွေ ငါ့အမေဆီမှာဒီလောက်များနေတာသိရင် ဗုဒ္ဓကတော့ပြုံးတော်မူနေတော့    မှာပဲနော်။

  1. မှတ်မိသေးတယ် မူလတန်းတုန်းက ကထိန်လှည့်ဖို့ အမေကအင်္ကျီအသစ်(၃၅၀ကျပ် ပေးရတယ်) ၀ယ်လာပေးတယ်။ငါနဲ့  မတော်လို အစ်မကိုပေးလိုက်ရတော့ အမေ့ကိုစိတ်ကောက်လိုက်ရတာ။ ဒါနဲ့  ၅၀၀ကျပ်တန် ၀မ်းဆက်ပန်းရောင်လေးထပ်ဝယ်ပေးတယ်။အဲဒါနဲ့ မပြေသေးတော့မုဒုံမြို့ က ကထိန်ခင်းတခု နဲ့ ကျိုက္ခမီဘုရားဖူးခရီးကိုခေါ်သွားပေးတယ်။

*** ငါ့ရဲ့ မောဟ၊လောဘ၊ဒေါသ တွေကို ဗုဒ္ဓသာသိရင် ပြုံးတော်မူနေတော့မှာပဲနော်….။***

  1. ရဟန်းတွေအကြားဝေမျှတာတွေ ရိုင်းပင်းတဲ့အစဉ်အလာတွေ ကထိန်ရဲ့ အနှစ်သာရတွေ၊ လှူဒါန်းသူ နဲ့  အလှူခံများနှလုံးသွင်းဆင်ခြင်စရာ တွေကို ပိုပြီးဝေမျှပါအုံးဟ။ ဗုဒ္ဓသာဓုခေါ်ရအောင်ပေါ့။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s