ပုံပြင်အကြောင်း တစေ့ တစောင်း

ကျနော်တို့ နေ့စဉ်သုံးနေကြ စကားတွေမှာ ပုံလာမပြောနဲ့ ဒီကောင်တော့ ပုံပြောသွားပြီး ပုံလာလာပြော တိုင်း ယုံ စသဖြင့် ပုံပြင်နဲ့ ပတ်သတ်နေတဲ့ စကားတွေ ရှိပါတယ်။ ဆိုလိုရင်ကတော့ ပုံပြင်ဆိုတာ လိမ်တာ ညာ တာ ဖြီးတာဖြန်းတာ မုသားပြောတာ လျှောက်ပြောတာ ပေါက်ကရလေးဆယ်တွေ ဘညာကွိကွပေါ့။

တကယ်တမ်း ပုံပြင်သမိုင်းကြောင်းကို ပြန်ကြည်ရင် ပုံပြင်ဆိုတာ အရေးဘာသာစကားမပေါ်ခင်ကထဲ က ပေါ်လာတဲ့ စာပေ အမျိုးစားတစ်ရပ် ၀တ္တူ အက်ဆေး ဆောင်ပါးတွေ မရှိခင် ကထဲက ပုံပြင် က ရှိနေပြီးသား။ နောက်မှ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေက အရင်ပေါက်တဲ့ ရွှေကြာပင်ကို ကျောသွားတော့ ပုံပြင်တွေက အဆင့်လျော့ သလို ဖြစ်သွားတာပေါ့။

ပုံပြင်ဆိုရင် လူမျိုးတိုင်းမှာ ရှိတယ် စာပေမရှိတဲ့ လူမျိုးမှာတောင် ပုံပြင်ရှိတယ်။ ပုံပြင်မရှိတဲ့ လူမျိုးကျနော်သိသလောက် မရှိသေးဘူး။ ပုံပြင်ဆိုတာ လူမျိုးတစ်မျိုး ယဉ်ကျေးမုတစ်ခုရဲ့ အမှတ် လက္ခဏာပဲ။ လူမျိုး တစ်မျိုး နဲ့ တစ်မျိုး အပြန်အလှန်နားလည်ချင်ရင် ပုံပြင်က အစ လေ့လာလာတယ်။ ပုံပြင် ဆိုတာ လူမျိုး အချင်းချင်း ယဉ်ကျေးမူအချင်းချင်း အပြန်အလှန် နားလည်လာအောင် လုပ်တဲ့ ကြားခံ အလှတရားဗျ။

ပုံပြင်ဆိုတာ လူမျိုးတစ်မျိုး ဘာသာတစ်ခု ဒေသတစ်ရပ် ကပေါ်ပေါက်လာတဲ့ ယဉ်ကျေးမူ မြစ်လက်တက် ဆို မှားမယ် မထင်။ ဟိုးအရင်က နှောင်းလူတွေရဲ့ အတွေ့အကြုံတွေကို နောက်လူတွေသိအောင် ပြောရင်း ဆိုရင်း ပုံပြင်တွေ ဖြစ်လာသပေါ့ နောက်မှ ချဲပြော ပိုပြော မိုးပြော ချိုးပြောရာက ပုံပြင်က မယုံသံကာ ဖြစ်လောက် စရာတွေပါလာတော့ ပုံပြင်တွေက မုသားတွေ ပိုပြောတာတွေ လျှောက်ပြောတာတွေ ဖြစ်လာ ရတာပေါ့။ ပုံပြင်ထဲမှာ အမှန်တရားတွေ သမိုင်းကြောင်းတွေ တကယ်ရှိခဲ့တဲ့ တကယ်ဖြစ်ခဲ့တယ် အရာတွေ ဒု နဲ့ ဒေး ပါမယ်ဆိုရင် မှားမယ်မထင်။

ခလောက်နို့ရွာ-အရှေ့ပိုးကရင်၊လှတောသား၊ချီပါသား၊ပခန်းသား ပုံပြင်တွေ ကိုကြည်ရင် ဒီရပ်ဒီဒေသ တွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်မယ်ဆိုတာ ကို သေသေချာချာ ကို ပြောလိုရတယ်ပြောပေါ့(ဒီနေရာမှာ သမိုင်းအမြင်နဲ့ အတော်ကွဲမယ် ပုံပြင်က ယဉ်ကျေးမှုအမြင် ဒေသက လက်ခံကျင့်သုံးတာကို ကြည်ပြီး ပြောရတာ သမိုင်းအမြင်လို အထောက်အထား ခိုင်ခိုင်လုံလုံဆိုတာထက် ဒေသက လူတွေ ယုံကြည်လက်ခံမူကို ကြည်ပြောရတာ)။မြစ်ဝကျွန်းပေါ်မှာဆို ဦးရှင်ကြီး ယုံကြတယ်။ ကယားမှာဆို ကူထိုးဘိုးဘိုး(တံခွန်တိုင်)၊ ကရင်မှာဆို ဒူဝေ(ပိုးကရင်)  ဆိုတာတွေကိုကြည့် အထောက်အထား ပြဆို ပြဖို့ ခက်တယ် ဒါပေမယ် လူတွေ ယုံကြတယ်။ ဒါ ပါးစပ်ရာဇ၀င် နူတ်ပြောသမိုင်းဗျ။

 

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မဂ္ဂဇင်းတစ်ခု မှာ စာရေးဆရာကြီးတစ်ယောက်က ပုံပြောတာ မကောင်း ဘူး ကလေးတွေ ကို အကြောက်တရားတည့်ပေးတယ် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး ပြော ဖူး သဗျ သူပြော တာ က မဆလ ခေတ်က ခပ်ပိန်းပိန်း အနီရောင် အထာတွေ အရင်က သူကို အတော်လေးစားတာ အခုတော့ ဆောရီး ပဲ။ ဘယ်နဲ့ဗျာ ပုံပြင်ပြောတာ လူကြီးတွေ ဗျ နားထောင်ရတာ ကလေးတွေ ပုံပြင်ဆိုတာ လူကြီးနဲ့ ကလေး ကြား ပေါင်းကူးတံတား။ ပုံပြင်က အကြောက်တရားတည့်ရင်တည့်မယ် စိတ်ကုးယဉ်အောင် လုပ်ရင် လုပ်မယ် ဒါပေမယ် လူကြီးနဲ့ လူငယ်ကြား နားလည်းမူတွေ တိုးပွားတာ ပုံပြင်လုပ်တာ စိတ်ကူးဥာဏ် ရင်သန်အောင် လူကျင်ဝတ် အကောင်းအဆိုး သိအောင် က ပုံပြင်လုပ်တာ ။

မြန်မာပြည်မှာက ပုံပြင်ကို လေလာသူက ရှားသား ပြေးကြည်မှ ဆရာကြီးလူထုဦးလှ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း ဆရာမကြီးကြည်ဦး ဆရာမနူဿကျော်ဝင်း နဲ့ မနုဿဗေဒ က ဆရာ အနဲအကျဉ်းလောက် ရှိတာ သူတို့ ကလည်း ပုံပြင်ကို စာ အနေနဲ့ text အနေနဲ့ ပြုစု ခဲ့ပေမဲ့ ပုံပြင်ပြောတဲ့ ထုံးစံ ဓလေ့ ကိုတော့ မေ့နေတယ် ထင်မိတယ်ဗျ။ နောက်ပိုင်း တိုးတတ်လာတော့ မိဘ နဲ့ သားသမီး ရပ်မိရပ်ဖနဲ့ ကာလသား ကာလ သမီး တွေ ကြား ပုံပြင်ဆိုတဲ့ မီဒီယာ ပျောက်သွားတော့ ပုံပြင်လည်း ပျောက်မဲ့ အထာတွေ ရှိလာတယ်။ ပျောက်သွားတော့ ဒီ လူကြီးနဲ့ လူငယ်ကြား နားလည်မူကလည်း ပျောက်လာတယ်။ ပို ပြီး ပဋိပက္ခတွေ ဖြစ်လာတာပေါ့။ အမေ အဖေ ကလည်း သားသမီးကို ပုံပြောပြဖို့ မအား သားသမီးကလည်း ကျူရှင်းကတစ်ဖက် ကျောင်းက တစ်ဖက် နဲ့ မိဘနဲ့ စကားပြောဖို့ အချိန် နတ္တိ။ ရပ်ရွာလူကြီးနဲ့ လူငယ် နဲ့ တွေ့ဖို့ဆိုတာ တော့ ဝေလာဝေး။ဒီတော့ အချင်းချင်း နားလည်မူတွေ ပျောက်လာတာပေါ့။

ဒါတွေ ကြောင့် ပုံပြောသူများ က ပုံတွေပြောနေတာ ပုံပြောတဲ့ ဓလေ့ ပျံပွားအောင် လုပ်နေတာ ပုံပြင်တွေ ပြောပါ ပြောပါလုပ်နေတာ လူတွေပုံပြောအောင် လုပ်နေတာ ကလေးတွေရှေ့ ပေါပြနေတာ မဟုတ်ဘူး ပုံပြောသူများက ရီဆက်တွေ လူနားမလည်တဲ့ ပညာရပ်ဆိုင်ရာ သောက်ကြီးသောက်ကျယ်တွေ ပြောနေတာ မဟုတ်ဘူး လူတွေ ပုံပြောဖို့ ပုံပြောခြင်း ဓလေ့ ပြန့်ပွားဖို့ လူမူအဖွဲ့စည်းမှာ ပုံပြင်ဆိုတာ ရှိဖို့ ယဉ်ကျေးမူဆိုတဲ့ အကြီးကြီးထဲက ပုံပြင်ဆိုတဲ့ သေးသေးလေး မပျောက်သွားဖို့ လုပ်နေရတာဗျာ။ ဒါဗြဲ

p.s: ပုံပြောသူများ သူငယ်ချင်းတွေဖတ်ဖို့ ရောက်တက်ရာရာပေါက်ကရလျှောက် ရေးတယ် သူတို့ချည်းဖတ်ရင် မကောင်း သူများလည်း ဖတ်စေချင်လို့ ဒီမှာတင်တယ်

မောင်ဥဂ္ဂါ (ဥက္ကာ မဟုတ်)

မိဂဒါဝုန်အင်စတီကျူ ဟိမ၀န္တာတောင်ခြေ

မဇ္ဈိမဒေသ

Advertisements

One thought on “ပုံပြင်အကြောင်း တစေ့ တစောင်း

  1. ပုံပြင်ဆိုတာ လူမျိုးတစ်မျိုး ဘာသာတစ်ခု ဒေသတစ်ရပ် ကပေါ်ပေါက်လာတဲ့ ယဉ်ကျေးမူ မြစ်လက်တက် ဆို မှားမယ် မထင်။ ဟိုးအရင်က နှောင်းလူတွေရဲ့ အတွေ့အကြုံတွေကို နောက်လူတွေသိအောင် ပြောရင်း ဆိုရင်း ပုံပြင်တွေ ဖြစ်လာသပေါ့ နောက်မှ ချဲပြော ပိုပြော မိုးပြော ချိုးပြောရာက ပုံပြင်က မယုံသံကာ ဖြစ်လောက် စရာတွေပါလာတော့ ပုံပြင်တွေက မုသားတွေ ပိုပြောတာတွေ လျှောက်ပြောတာတွေ ဖြစ်လာ ရတာပေါ့။ ပုံပြင်ထဲမှာ အမှန်တရားတွေ သမိုင်းကြောင်းတွေ တကယ်ရှိခဲ့တဲ့ တကယ်ဖြစ်ခဲ့တယ် အရာတွေ ဒု နဲ့ ဒေး ပါမယ်ဆိုရင် မှားမယ်မထင်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s