မျက်မှောက်လောက (သို့) ယစ်ကောင် ၂၁ အတွက် ယစ်ကောင် တစ်ကောင်

ကဗျာတော် ကဗျာကြိုက်ပါတယ် ကြိုက်သလို ဖတ်လည်း ဖတ်တယ်။ နောက် သူငယ်ချင်းတွေ နဲ့ မူးရင် ကဗျာ လက်တန်းလွတ်တာမျိုးတွေ ဘာတွေ လုပ်တယ်။ ကဗျာဆို အဟောင်းကော အသစ်ကောအကုန် ကြိုက်တယ်။ ဘာမှညာမှ ကျွန်တော်မှမရှိ နောက် သူငယ်ချင်းတွေ ကို သူကဗျာကိုယ်ကိုပြ ကိုယ်ကဗျာ သူကိုပြ ရတာ အရသာ ဒီဆောင်း၊  ဇေယျ၊ သိုးစိမ်း၊ အိမ်မက် စတဲ့ ဘော်ဒါတွေ နဲ့ ကဗျာအကြောင်း ပြောနေကြ ဖလှယ်နေကြ။ အခုလည်း သူငယ်ချင်း သိုးစိမ်းက ကဗျာ နှစ်ပုဒ် ဖတ်ဖို့ ပို့ လိုက်ပြန်သည်။ ဒီအထဲက တစ်ပုဒ်………

သူကဗျာဟာ သူအတွင်းစိတ်မလိုမကျမှု၏ ညည်းထွားသံ။ သဘာဝပတ်ဝန်းကျင် အတွက် ငိုကြွေးသံ ရိုးရာဓလေ့တို့နဲ့ သူ၏ ဈာပန ။ ကဗျာနာမည်က  ယစ်ကောင် ၂၁ အတွက် ယစ်ကောင် ပါတဲ့။ ရေးသူကတော့ ကျွန်တော်ရဲ့ အစိမ်းရောင် ရဲဘော်ရဲဘက်ကြီး သိုးစိမ်းပါသတဲ့ဗျာ။

ရပ်နေတဲ့နေရာကို ကြည့်  တွေဝေခွင့်မရှိတဲ့ ရောက်တည်ရာ

မတော်တဆမဟုတ်တဲ့ တိုးတိုက်မှုတွေနဲ့

ဒူးထောက် လက်မြှောက်

ဂရပ်မျဉ်းတွေရဲ့ ထိတ်ဆုံးမှာရပ်တည်နေတဲ့

အဒမ်စမစ်ရဲ့ လက်ကိုင်တုတ် ၂၁ ရာစုရေ ….

အဒမ်စမစ်က ၁၈ရာစုက ဘယ်လိုလုပ် ၂၁ ရာစုဖြစ်ရတာလဲ အဒမ်စမစ်ရဲ့ လေစေဖဲယား နဲ့ ကိုယ်ပျောက် လက် တို့ ထင်သလို ရိုင်းချင်သလိုရိုင်း စိုင်းချင်သလို စိုင်းနေတဲ့ ၂၁ ရာစုကို ဆိုတာထင့်ရဲ့ ကျွန်တော်တို့ မှာ တွေဝေခွင့်မရှိ ရောက်ရာနေရာ ကျရာတာဝန် စေရာအလုပ် ခပ်သုတ်သုတ်ချနေရတာ GDP တွေ GNP တွေ ထိပ်ဆုံးရောက် ဖို့ ကျွန်တော်တို့ တွေ GNH ကို မေ့ထားကြတယ် မဟုတ်လား။

ငါ့ဗိုက်သေးသေးလေးထဲက အစာအိမ်ကတောင်သာဓု မခေါ်ဘူး

လူပေါင်း သန်းဘယ်လောက်လဲ ငါမသိဘူး … သာဓုခေါ်ပါစေ

အဂါင်္ဂြိုလ်ပေါ်မှာ ရေမတွေ့သေးတာ ကျေးဇူးတင်တယ်

Biosphere ကို ကမ္ဘာကထောက်ပံ့ပေးနေရတာကို ကြိုဆိုတယ်

သဘာဝလွန်အစားအသောက်တွေမှာ နှောက်ယှက်နေတဲ့ ဘတ်တီးရီးယားတွေကို နှမပေးလို့ ယောက်ဖတော်ချင်တယ်

စားနေတဲ့ အစာတွေ အရင်က ဆိုရိုးကား အစာလည်းဆေး ဆေးလည်းအစာ အခုကတော့ အစာလည်း အဆိပ် အဆိပ်လည်းအစာ ငါတို့ အစာအိမ်ထဲ အဆိပ်တွေ ဘယ်လောက်များသွပ်သွင်းပြီးပြီလဲ မသိ လူတွေ ကတော့ အဆိပ်ကိုစာနေလားမသိ ပျော်ပျော်ကြီးနေနေရဲ့။ အိမ် တခြားဆီ ရွှေးဖို့ နေရာမရှိ ဒီအိမ်ပဲ မပျက်စီးဖို့ ပဲအရေးကြီးတယ်။ သဘာဝကိုလွန်ရင် ဒါဟာ အသဘာဝ အလိုတော်တိုင်းမဟုတ်တဲ့ ထူးခြား ဖြစ်စဉ်။

နတ်ကိုးကွယ်မှုတွေ တည်တံ့ပါစေ…

ခြံစည်းရိုးမရှိတဲ့ ရွာလေးတွေ ပွားစည်ပါစေ

လူတွေ ငါးမြှားချိတ်စစ်နဲ့ ငါးမျှားကြပါစေ

ငှက်ဆိုး ၂၁ ရေ မင်းရဲ့ ဂရုဏာ ကျိန်စာအောက်

ကမ္ဘာကြီး ၂၃ ရာစုမရောက်ခင်

၂၃ နှစ်ပိုင်းတစ်ပိုင်းထက် ပိုပိကျမလာဖို့

ခေတ်ကြီးရဲ့  …. ခေတ်ကြီးရဲ့

အတောက်ပဆုံး ယဇ်ကောင်  ငါ့ကိုသာ ပူဇော်လိုက်

ဟစ်လို့သာ ငိုလိုက်တော့လို့ ပြောရမလား ကျွန်တော်ဘာမှတတ်နိုင်မှာတုန်းလို့ ပဲပြောရမလား။ နတ်ကိုးမှု တွေ ပျောက်တာကြာပေါ့။ သောက်တော်ဗူးရယ်နဲ့ အိုမကွာ အိုမကွာဆိုတဲ့  မင်းရဲကျော်စွာ နတ်ချင်းကို မြန်မာဆိုင်းနဲ့ တီးမဲ့အစား ကိုရင်သားစိုး ဒီဂျေ သံ ငါလည်းမလိုလားဘူး။ ဒေသရဲ့ ရိုးရာနတ် ဒေသခံလူထုရဲ့ စိတ်ဝိညာဉ် ပျောက်ကုန်တာ ကြာပေါ့။ ရွာတွေလည်း အတ္တကို ခြံစည်ရိုးခတ်ပြီး လောဘကို သနေကြပြီ တကိုယ်ကောင်းဖို့ပဲတဲ့ အစုအဖွဲ့ စိတ်ဓာတ်ပျောက်တာကြာပေါ့။ လူလူချင်း သတ်ရင်တောင် ဓားတွေ လှံတွေ သေနတ်တွေ မသုံးတော့ဘူး ငွေကျဉ်ဆံနဲ့တင် သွေးထွက်သံယိုမှု မရှိပဲ အဆင်ပြေတယ်။ မင်းဆုတောင်းတွေ မပြည့်ဘူးသူငယ်ချင်း စိတ်လျော့လိုက်တော့ ၂၁ ရဲ့ ကျိန်စာအောက်မှာ သန်း ၆၅သန်းလုံးလုံး လုံးပါးပါးမှာပဲ။ မင်းစောစော ကိစ္စပြီးချင်ရင်တော့ မင်းသဘောပေါ့။ ရှင်သန်တာကို ငြင်းဆိုခွင့် မင်းမှာရှိတာပဲ။ အသက်ရှင်သန်ခြင်းဟာ ပတိရူပမဟုတ်တဲ့ အရပ်ဒေသက လူအဖို့ အခွင့်ရေးတစ်ရပ်မဟုတ်ဘူး သူငယ်ချင်း။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s