ယူနီဗာဆယ် မေတ္တာတရား

မေတ္တာ ကိစ္စကို ဘုန်းဘုန်းပန်းကမ္ဘာနဲ့ ကိုဝိ တို့က အစဖော်လို့ ရေးချင်နေတာ ဒါပေမဲ့ ငါရေးရင် ၀ိုင်းဆဲမဲ သူများရှိမလားဆိုပြီး ကြောက်မိသေး နောက် ဘုန်းဘုန်းအာစာရ ဘာသာပြန်တဲ့ နိဗ္ဗာန်လမ်း ပိုစ့်မှာ မေတ္တာဟူသည် နိုင်ငံရေးအရ သွေးစည်းမှု မဟုတ်။ လူမျိုးရေးအရ သွေးစည်းမှုလည်း မဟုတ်။ အမျိုးသားရေးအရ သွေးစည်းမှုလည်း မဟုတ်။ ဘာသာရေးအရ သွေးစည်းမှု ဟူ၍ပင် မဆိုနိုင်ပေ လို့ ရေးထားတော့ ကိုယ်ပြောချင်ဆိုချင်တာ နဲ့ နဲနဲ ကိုက်ပြီး ရေးဖို့ အားရှိသွားပြန်သည်။ ဒါကြောင့် ဆိုရေးရှိက ဆိုအပ်လှသည့် ဆိုတဲ့ အတိုင်း နဲနဲလောက် ၀င်လျှာရှည်ခြင်းဖြစ်ပါသည်။

ကျွန်တော်ငယ်ငယ် က ဘာသာရေးမဂ္ဂဇင်းတွေက မေတ္တာအကျိုးကိုယ်တွေ့အမြင်တွေ ဘာတွေဖတ်ရ တော့။ ဦးမဲ က ဦးဖြူကို မကောင်းကြံ ဦးဖြူက ဦးမဲ ကို မေတ္တာပို့ နောက် ဦးမဲ က ဒုက္ခတွေ ရောက် သွားတယ် ဆိုတာမျိုး ခဏခဏ ဖတ်ဖူးသည်။ ငယ်ငယ်ကတော့ တယ်နိပ်တဲ့ နည်းပဲ ကိုယ်ဒုက္ခပေးတဲ့ သူကို မေတ္တာပို့တာနဲ့ ထိုသူဒုက္ခရောက်စေတာပဲ လို့ထင်ခဲ့ပါသည်။ ဘာသာရေးမဂ္ဂဇင်း အတော်အများ မှာလည်း ဒီလိုဆောင်ပါးတွေ ကိုယ်တွေ့ဖြစ်ရပ်မုန်ဆိုတာမျိုးတွေ မှာ စာရှုသူဖတ်ဖူးမယ်လို့ ထင်ပါသည်။ ဒါကောင်းသလား မကောင်းသလား အခုမှ ပြန်တွေးမိသည်။

မေတ္တာကို အဓိပ္ပာယ်ရိုးရိုးဖွင့်ရင် သူတပါးကို ကောင်းစေချင်တဲ့ စိတ်စေတနာတဲ့ ဒါက ဓမ္မသဘောဖြစ်သည်။ တကယ် လောကသဘောတွင် ဟိုလူကြီးကို ငါ မေတ္တာပို့လိုက်တာ ဟိုလူကြီး လှိမ့်ခံနေရတာပဲ ဆိုတာ မျိုးတွေ ဒု နဲ့ ဒေး။ ဒီလိုဆိုရင် မေတ္တာသည် သူတပါးအား ကောင်းစေချင်သော စိတ်စေတနာ မဟုတ် သူတပါးကို ဒုက္ခရောက်စေချင်သော စိတ်စေတနာ ဖြစ်နေသည်။ သိပ်မနိပ်လှ လောကသဘော နဲ့ ဓမ္မသဘော ဆန်ကျင့်နေသည်။ ထိုသို့ဆန်ကျင်လျင် လောကမသာယာ ထိုသို့ကျင့်ဆောင်သူ၏ ပတ်ဝန်းကျင်လည်း မသာယာ။ လောက ဓမ္မ သမမျှတမှ လောကသာယာမည် ထိုသို့ဖြစ်အောင် ကျင့်ဆောင်သူ၏ ပတ်ဝန်းကျင်လည်း သာယာမည်။ လောကအေးချမ်းသာယာသန့်ရှင်း အောင်လုပ်သည် အရာမှာ ဓမ္မဖြစ်သည်။ လောကဆူပွက်ညစ်ညမ်းအောင် လုပ်သည် အရာမှာ အဓမ္မဖြစ်သည်။

နောက်မေတ္တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း နီးပါး မေတ္တာပို့ ကြသည်။ မေတ္တာဘာဝနာပွားကြသည်။ အနတ္တစကြ၀ဠာ အနန္တသတ္တ၀ါ ဆိုပြီး ခြုံပြီး ပို့တဲ့ မေတ္တာ၊ ဘယ်သူ ဘယ်က ဘယ်နေရာ ဆိုပြီး ရည်စူးပို့တဲ့ မေတ္တာလည်းရှိသည်။ အကုန်ကျွန်တော် မသိ။ ထိုသို့ မေတ္တာတွေ နှုတ်နဲ့ စိတ်နဲ့ တလဟော ပို့သော်လည်း ကိုယ်ဖြင့် သူတပါးကောင်းကျိုးချမ်းသာရအောင် လုပ်သည်ကား နည်း၏။ အနန္တသတ္တ၀ါတွင် တရုပ်လည်းပါသည်၊ ကုလားလည်း ပါသည်၊ အမေရိကန် လည်း ပါသည်၊ အမေစုလည်းပါသည်၊ ဘဘဗိုလိချုပ်ကြီးလည်း ပါသည်၊ သင်ချစ်တဲ့ သူလည်း ပါသည် သင်မုန်းတဲ့သူလည်း ပါသည် ရိုရိုသမျှသတ္တ၀ါတွေ အကုန်ပါသည်။ ဒီအကုန်ကို တကယ် ကောင်းမွန်ချမ်းသားစေချင်သလား တကယ်ကောင်းမွန်ချမ်းသားအောင် လုပ်လိုစိတ်ရှိသလား၊ သေချာ စောကြောသင့်သည်။

တခါက မြို့ထဲတွင် ကျွန်တော် ဘာသာခြား အဖိုးကြီး ကို ပိုက်ဆံလှူဖူးတာကို ရဲရဲတောက် ဗုဒ္ဓဘာသာဝင်ဟု ဆိုသူတစ်ဦးက ရွံချဖူးသည်။ ကျွန်တော် လူမှုရေးလုပ်ငန်းများ တွင် ဘာသာ လူမျိုး ဘာမှမခွဲပဲ ဘာသာပေါင်းစုံညီညွတ်ရေး လူမှုရေးလုက်ငန်းများလုပ်နေတာကို ဘာသာရေးခေါင်းဆောင် လူပုဂ္ဂိုလ်ကြီး တစ်ဦးက ဗုဒ္ဓဘာသာ အချင်းချင်းပဲ အကျိုးဆောင်ရွက်ပါလို့ ခေါ်ပြောဖူးသည်။ ထိုသူတို့ကား လူတို့အလယ် ဘာသာရေးနဲ့ ပတ်သက်ပြီး သေချာကျင့်ကြံသည် လေ့လာသည် ဟု အထင်ခံနေရသူများဖြစ်သည်။ ထိုသူများသည် နာမ်ရုပ် ဟူမြင်သည့် ပရမတ္တအမြင်နဲ့ ဝေးစွ လူကို လူလို မြင်သည့် ဗြဟ္မာန အမြင်ပင်မရှိဟု ရိုးရိုးသားသားမြင်သည်။(စိတ်ဆိုးလည်း မတတ်နိုင် ပုဂ္ဂိုလ်ရေးမုန်းတီးမှု မပါ)

ဗုဒ္ဓဟောကြားတော်မှုသော မေတ္တာတရားသည် ဖြူဖြူ ၀ါဝါ နီနီ မဲမဲ ညိုညို လူတိုင်း သတ္တ၀ါတိုင်း ဖြစ်တည်မှုတိုင်း အပေါ်ထားရမယ့် မေတ္တာတရားဖြစ်သည်။ ကိုယ်နဲ့ဆိုင်သူပဲ ကိုယ်အမျိုးပဲ ကိုယ်ဘာသာဝင်ပဲ မှ ထားရမယ်အရာမဟုတ် ရှိရှိသမျှ သတ္တ၀ါ အနတ္တကို ထားရှိရမဲ့ မေတ္တာတရား ဖြစ်သည်။ မေတ္တာတရားသည် ယူနီဗာဆယ် သဘောတရားဖြစ်သည်။

နောက် မေတ္တာကို နှုတ်နဲ့ စိတ်နဲ့ ပွားများယုံ မလုံလောက် ကိုယ်ဖြင့်ပါ သူတပါးကောင်းစားရေး ကို ဂရုပြု ဆောင်ရွက်သင့်သည်ဟု မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဗြဟ္မာစိုရ်တရားတော်တွင် ဖတ်ရှုဖူးသည်။ ပါးစပ်က မေတ္တာ မေတ္တာ တဖွဖွ ဂါထာလို့ရွှတ်ပြီး အများသတ္တာ ပျက်စီးရာ ပျက်စီး ကြောင်း ဆောင်ရွက်နေရင် မကောင်း မနောကံ ၀စီကံ ကာယကံ သုံးပါး မညီညွတ် သည့် အပြုကို ပြုခြင်းဖြစ်သည်။ အဓမ္မဖြစ်သည်။ စိတ်ကလည်း မေတ္တာစိတ်ထားသလို့ နှုတ်ကလည်း မေတ္တာနဲ့ ပြောမည် ကိုယ်ကာယ အားဖြင့်လည်း သူတပါး ချမ်းသာရာရအောင် ကူညီမည် ကာယ၀စီမနော သုံးပါးညီညွတ်သည်။ ဓမ္မဖြစ်သည် လောကက အေးငြိမ်းချမ်းသာရာကြောင်းတည်း။

အခုလို ကျဉ်းသထက်ကျဉ်း မြောင်းသထက်မြောင်းလာတဲ့ ကမ္ဘာကြီးမှာ မေတ္တာတရားဟာ ရှေးထက် ပိုပိုတိုးပြီး လိုအပ်လာပါပြီ။ ရှေးကလို သီးခြားရပ်တည်လို့ မရတော့ပါဘူး။ အင်္ဂလန်မှာကျင်းပတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွင် မန်ယူ ဘောလုံးပွဲရှုံးရင် မြန်မာနိုင်ငံရှိ မန္တလေးမှာ သင်္ကန်းဈေးကျ စေပါသည်။ အရှေ့အလယ်ပိုင်းက အသေခံဗုံးကွဲတာဟာ တောင်အာရှက မိသားစု ထမင်းအိုးကို ကွဲစေပါသည်။ စက်မှုထွန်းကားတဲ့ နိုင်ငံတွေ က မီးခိုးတွေ ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ ကို သဘာဝဘေးပို တွေစေပါသည်။ နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်း၊ လူမျိုးအချင်းချင်း၊ ယဉ်ကျေးမှု အချင်းချင်း နဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုပြီး ပိုပြီး မှီခိုလာပြီ ဒါကြောင့် ကျွန်တော်တို့ အသိဥာဏ်ရှိပါတယ် ဆိုတဲ့ လူသားတွေ ဟာ တကယ်တမ်း အသိဥာဏ်ရှိရိုးမှန်ရင် လူသားအချင်းချင်း နဲ့ ရှိရှိ သမျှဖြစ်တည်မှု မှန်သမျှကို ယူနီဗာဆယ် သဘောဆန်တဲ့ မေတ္တာတရားနဲ့ အများအကျိုး ပတ်ဝန်းကျင်အကျိုးဆောင်ရွက် ပြီး လူသားတွေ သာမက အနတ္တစကြာဝဌာ အနတ္တသတ္တ၀ါတို့ရဲ့ ကောင်းစားရေးအတွက် ပို၍ပို၍ လုပ်ဆောင် သင့်ပြီလို့ အကြံပြုပါရစေခင်ဗျာ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s