လက်ထပ်ဖို့ ရန် ဘာတွေလို (ပုံပြင်) :P

ဟိုးရှေးရှေးတုန်းက ချာရာဏသီပြည်ကြီးမှာ ချာကလာရွှေပြည် ဆိုတဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ ဒီရွာကြီးက အခြားရွာတွေနဲ့ မတူတဲ့ အချက်တွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ချက်ကတော့ မင်္ဂလာဆောင် (ယောကျာင်္း ယူ၊မိန်းမယူ)ရင် ကန့်သတ်ချက်တွေ အတော်များသတဲ့။ လက်ထက်ဖို့ အတွက် ထောက်ခံချက်တွေ စာရွက်စာတမ်းတွေ အထောက်အထားတွေ အတော်ပြည်စုံမှ ယူလို့ရသတဲ့။ ဒီလို အထောက်အထားတွေ ပါရမယ်ဆိုတဲ့ ထုံးစံက ဟိုးအရင် ဘိုးစဉ်ဘောင်ဆက် မရှိခဲ့ပေမယ့် ချာကလာရွှေပြည်ကို မကြာသေးခင်က ဒေသစာရီကြွချီတော်မှုလာတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးရဲ့ ဘုတ်အုပ်ကျမ်းတော်ကြီး အလိုအရ ဒီထုံးစံပေါ်လာရပေါ့ကွယ်။ ဒီကျမ်းစာထဲမှာ ဒီလို ထုံးစံတွေ စည်းမျဉ်းတွေ ကို ရေးမှတ်ထားသတဲ့။ ဒီကျမ်းစာထဲက ရေးမှတ်ထားတဲ့ အကြောင်းအရာတွေက ရှေးဟောင်း အက္ခရာတွေနဲ့ ရေးမှတ်ထားတာ မို့ ရွာသားတွေက မဖတ်တတ်ကြဘူး။ ဒီကျမ်းစာကို ဖတ်နိုင်တာကတော့ သူတော်စင် ပုဂ္ဂိုလ်ကြီးပဲ။ သူတော်စင်ပုဂ္ဂိုလ်ကြီးပြောတာ ကို ဘယ်ရွာသားမှ အထွန့်မတက်ရဲကြဘူး။ သူတော်စင်ကြီးက ဒီ ရှေးဟောင်း အက္ခရာနဲ့ ရေးထားတဲ့ ဘုတ်အုပ်ကျမ်းကြီး ကို အာဂုံ အလွတ်ရတယ်။ ဒါကြောင့် ဒီကျမ်းစာဟာ တစ်သက်လုံး ဒီရွာမှာ အမှန်ဖြစ်နေတာပေါ့ကွယ်။

ဒီကျမ်းစာလာ စည်းကမ်းဥပဒေတွေကြောင့် အိမ်ထောင်ပြုရတာ အဆင့်တွေများလာတာမို့ ရွာသူရွာသား တွေ တော်ယုံတန်ယုံဆို အိမ်ထောင်မပြုကြတော့ဘူးတဲ့။ မိန်းမလိုချင်တဲ့ ယောကျာင်္လိုချင်တဲ့ ရွာသူ ရွာသား တွေကလည်း အခြားရွာမှာ မိန်းမ ယောကျောင်္း ယူပြီး အဲဒီရွာမှာပဲ အခြေချနေထိုင်ကြသတဲ့။ ဒါကြောင့် ရွာကြီးမှာ လူဦးရေ နည်းသထက်နည်းလာတာပေါ့။

ဒီလို လူဦးရေတွေ နည်းလာတော့ ရွာက လယ်တွေကို လုပ်မဲ့ကိုင်မဲ့သူတွေကလည်း ရှားလာ တာပေါ့ကွယ်။ ဒီလို လုပ်ကိုင်သူမရှိတဲ့ လယ်မြေယာမြေကို အခြားရွာတွေဖြစ်တဲ့ ချာလာစိန့် ပြည်ရွာ၊ ဘာတာဘာရတ်ရွာ နဲ့ ချာကရီဆိုင်းရန်ရွာတွေက ရွာသားတွေက လာလုပ်ကြကိုင်ကြတာပေါ့ကွယ်။

ချာလာရွှေပြည်ရွာင်္ကြီးက လူဦးရေနည်းသထက်နည်းလာပြီး အိမ်နီးချင်းရွာတွေကတော့ လူဦးရေများ သထက် များလာပေါ့။

ဒီလိုဖြစ်လာတာကို ချာလာရွှေပြည်က ကာလသားလူငယ်တွေ ဖြစ်တဲ့ ငခြူး၊ ငတီငရီ၊ ငဝိုင်း နဲ့ ငတက်စ်တို့ ကမကြေနပ်ကြဘူးကွယ်။ သူတို့က အခြားရွာသားတွေလို တရွာသူကို စိတ်မဝင်စားပဲ ချာလာရွှေပြည်ရွာက လှပျိုဖြူကွမ်းတောင်ကိုင်တွေဖြစ်တဲ့ ဥဂ္ဂရာ၊ ဝေယန်ပျိုး၊ ဖျိုးနီ နဲ့အီစတုံတို့နဲ့ ချစ်ကြိုက်နေကြသတဲ့။ ဒီစုံတွဲတွေ ဟာ လက်ထပ်မင်္ဂလာဆောင် အိမ်ထောင်ပြုချင်ပေမဲ့ ရွာ ထုံးစံတွေကြောင့် အခက်တွေ တွေ့နေတာပေါ့ကွယ်။

တစ်နေ့မှာတော့ ဒီစုံတွဲတွေဟာ သူတို့ ရွာမှာပဲ ထုံးစံစည်းမျဉ်းတွေကို မလိုက်နာပဲ မင်္ဂဆောင်ဖို့ စီစဉ်ကြတယ်။ သူတို့အစီစဉ်ကို ကျေးရွာလူကြီးတွေ ကြားသိသွားတော့ လူကြီးတွေက လိုက်လာပြီး မင်္ဂလာပွဲကို ဖျက်ကြတယ်။ စည်းမျဉ်းစည်းကမ်း စာရွက်စာထမ်းမပြည်စုံပဲ လက်ထပ်လို့ မရဘူးဆိုပြီး ပြောတယ်။ အဲဒီအခါမှာ လူငယ်တွေက ရယ်ပြီး စည်းမျဉ်းစည်းကမ်း စာရွက်စာထမ်းမပြည်စုံပဲ လက်ထပ်လို့ ရချင်ရ မရချင်နေ ကျနော်တို့ဘေးမှာ ကျနော်တို့ ဇနီးရှိနေပြီ ဘာလိုနေဦးမှာလဲ လို့ပြောလိုက်တယ်။

အဲဒီလိုပြောပြီး လူငယ်တွေလည်း သူတို့အိမ်အသီးသီးကိုပြန်သွားတော့တယ်။ ကျေးရွာ က လူကြီးတွေကတော့ ဒီကိစ္စကို ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြလေရဲ့ ။ လူငယ်စုံတွဲတွေကတော့ အိမ်မှာ ဒန့်တန်တန်

ပုံပြင်လေးကတော့ ဒါပါပဲကွယ် မောင်ညီမလေးတို့လည်း …………………………………………@#%$!^*(_+*&@!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s