လူမိုက်တစ်ယောက် အကြောင်း

< ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေးထားတာပါ အဲဒီတုန်းကတော့ အတော်ကြိုက် အဓိက ကိုယ်ကိုကိုယ်ဝေဖန်ရေး လုပ်ထားတယ်လို့ ပြောလို့ ရတယ်။ ရေးစရာလည်းမရှိ ပျင်းလည်းပျင်းတာမို့ အဟောင်းလေးပဲ ပြန်တင်လိုက်တယ် ဟောင်းပေ့မဲ့ ဖတ်ရသေးရင် အသစ်ပေါ့ ဗျာ 😛 >

 

 

နေ.တစ်နေ.မွေးဖွားလာတယ်။သူအိပ်ယာကနေပုံမှန် အတိုင်းပဲနိုးလာတယ်။

တစ်အိမ်လုံးဘယ်သူမှ မရှိ သူတစ်ယောက်တည်း ဒီနေ့ဘာနေလဲ့ပြက္ခဒိန်ကြည်.လိုက်တော့ တစ်နှစ်တာ

ဆယ်နှစ်လထဲ က တစ်ခုသောမြန်မာလပြည်နေ့……….

 

ဘာလုပ်ရမလဲ သူမသိအလုပ်ကလည်းပိတ်တယ်။သူချစ်နေ့ရတဲ့သူကလည်း နယ်ကိုပြန်သွားတယ်။

အိမ်က သူငယ်ချင်းတွေကလည်းသူကိစ္စနဲ့သူသွားကြတယ်။အိမ်မှာဘယ်သူမှမရှိ ပျင်းပျင်းရိရိရှိ လှ၏။

ဘာလုပ်လို.ဘာကိုင်ရမလဲမသိ နောက်ဗိုက်ဆာလာလို. အိမ်အောက်က ထမင်းဆိုင်မှာ ထမင်းကြော်

နဲ့ ကိစ္စပြီး အောင် စားလိုက်တယ် စားမကောင်းဘူး။

 

အိမ်ရှေ့မှာဘစ်(စ်)ကားတွေ အော်သွားတာ

ကြားလိုက်ရတယ် “မြေနီကုန်း၊လစ်လမ်း ၊မြောက်ဘက်မုဒ် ရွှေတိဂုံ ရွှေတိဂုံ၊ဆောက်လုပ်ရေး ဆူးလေ”

ရွှေတိဂုံဆိုပါလား မြန်မာတို.ရဲ့သင်္ကေတ၊ ဗုဒ္ဓဘာသာတွေရဲ့နှလုံးသား၊ကမ္ဘာအံ့ဖွယ်တစ်ပါး ဒီရွှေတိဂုံ

ဘုရားကို သူမရောက်ဖြစ်တာ ၁နှစ်ကြာပြီ။သူရန်ကုန်မှာအခြေစ ချကတည်းက မရောက်ဖြစ်ခဲ့တာ

တစ်နှစ်ကြာပြီ။ အရင်နယ်မှာနေတုန်းက ရန်ကုန်ကို အလည်လာရင်တခါလာ တခါတော့ရွှေတိဂုံ

ဘုရားဖူးဖြစ်သေးတယ်။ အခုရန်ကုန်မှာလာနေမှပဲ ရွှေတိဂုံကိုမဖူးဖြစ်တော့တာတစ်နှစ်ကြာပြီ

နိုင်ငံခြားက သူသူငယ်ချင်းတွေက သူကိုခဏခဏ ပြောတယ်။ ရွှေတိဂုံဘုရားနဲ့မြန်မာပြည်ကို

အလွန်လွမ်းကြောင်း မြန်မာပြည်မှာနေတဲ့သူတွေ ရွှေတိဂုံကိုတန်ဖိုးထားသင့်ကြောင်း ပြောဖူးတာ

သူပြန်ကြားယောင်မိတယ်။အင်းအခု သူဘာလုပ်ရမလဲ သိပြီ သူရွှေတိဂုံသွားဖူးမယ်။

ဟုတ်ပြီ သူအိမ်ပြန်ပြီး ရေချိုး၊အဝတ်လဲပြီး ဘုရားသွားရမယ်။

 

သူအဝတ်လဲပြီးရေချိုးပြီး ဘုရားသွားဖို.အပြင်ထွက်စဉ် သူရှေ့တွင်ဂျစ်ကားတစ်စီး ထိုးရပ်လိုက်တယ်။

ကားပေါ်မှာ သူနဲ့နယ်မှာကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းဟောင်းကြီးကိုတွေတယ်။ သူက

ဟေ့ကောင်မင်းလိပ်စာရလာလိုလိုက်လာခဲ့တာ လာ သွားရအောင်ဆိုပြီး ခေါ်လိုက်တယ်။

သူကလည်းအပေါင်းအသင်းမင်တော့နှစ်ခါမခေါ်ရဘူး ဆွေကနဲပါအောင်လိုက်ဖြစ်သွားတယ်။

နောက်သူတို.က မြေနီကုန်းနားက ဘီယာဆိုင်ဆီရောက် ဘီယာသောက်ရှေးဟောင်းနှောင်းဖြစ်

ပြောကြရင်း သူ.သူငယ်ချင်းကားနဲ့သူအိမ်ကိုလိုက်ပို.ပေးတယ်။

 

သူအိမ်သူပြန်ရောက်တော့ သူ အတော်ရီတီတီ ဖြစ်နေတယ်။သူအစက ဘုရားသွားမလို.

ဘယ်လို.ဖြစ်ပြီးဘီယာဆိုင်ရောက်သွားတာလဲ သူအဖြစ်သူတွေးပြီးရီမိတယ်။

အိပ်ယာပေါ်ပစ်လည်းလိုက်ပြီး စာအုပ်စင်က စာအုပ်တစ်အုပ်ယူပြီး ဖတ်ကြည်လိုက်မိတယ်

စာအုပ်က တရားစာအုပ် သူဖတ်လိုက်တဲ့စာမျက်နှာမှာ

 

မြတ်စွာဘုရားကလက်သည်းခွံပေါ် မြေကြီးနည်းနည်းတင်ကာ“ချစ်သားရဟန်းတို.ငါ၏လက်သည်းခွံပေါ်

က မြေမှုန်နဲ့ဟောဒီမဟာမြေကြီးပေါ်က မြေမှုန့်နဲ့ယှဉ်ရင်ဘယ်ကပိုများလည်းချစ်သားတို.”ဟုမေးလိုက်

တယ်။ရဟန်းများက “တုနှုန်းမမှီအောင်ပဲ မဟာပထဝီမြေကြီးက ပိုများကြောင်းပါ ”ဟုပြန်ဖြေလေသည်။

ဗုဒ္ဓမြတ်စွာဘုရားက “ဟုတ်တယ်ချစ်သားတို့ရိုရိုသမျှလူ၊နတ်၊ဗြဟ္မာတို. စုတေပြီးရင် လူနတ်ဗြဟ္မာ(သုဂတိဘုံ)

သို.ပြန်ရောက်သူမှာ ဟောဒီငါ၏လက်သည်းခွံပမာဏလောက်သာရှိပြီး အပယ်(ငရဲ၊ပြိတ္တာ၊အသူရကာယ်၊

တိရိစ္ဆာန်)သို.ရောက်သူမှာ မဟာပထဝီမြေကြီးပမာဏလောက်ရှိတယ် ချစ်သားရဟန်းတို.

 

ဒီစာကိုဖတ်ပြီး သူဝမ်းနည်းမိသလိုခံစားရတယ်။စာအုပ်ကိုဘေးနားအသာချထားပြီး သက်ပြင်းအရှည်ကြီး တစ်ချကချမိပါတယ်။

တကယ်ပါဗျာ သူအစက ရွှေတိဂုံဘုရားသွားဖူးမလို.ပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s