သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၂

ဒီပိုင်းကတော့ ကိုဝိပြောထားတဲ့ ဒုတိယပြဿနာဖြစ်ပါတယ်။

ဒုတိယပြဿနာက ပရိယတ္တိ သာသနာ့ဝန်ဆောင်သံဃာတော်တွေဟာ နေစရာစားစရာပေးပြီး စာသင်စာချလုပ်နေရပေမဲ့ လူတွေက ဒါကို လူတွေက ပရဟိတလုပ်တယ်လို့ ဘာကြောင့် မထင်ကြတာလဲ မသတ်မှတ်ကြတာလဲ။

ပရိယတ္တိစာသင်စာချကိုယ်တော်တွေ ကို  ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ သူတွေ လို့ မထင်ဘူးလားဆိုပြီး မေးရင် လူတိုင်းက လုပ်နေပါတယ် ဒါလဲ ပရဟိတလို့ ကိုဝိ ဖေဘုတ်က ကွန်မက်တွေ ကိုကြည်ပြီး သိနိုင်တယ်။ ဒါကြောင့် ဒါဟာ ဝေါဟာရ ပြဿနာမဟုတ်ပါ။ လူတိုင်းက မေးရင် ပရဟိတ ပါပဲလို ထင်ပေမဲ့ စိတ်ယဉ်ကျေးမှု အရ လက်တွေလူမူဘ၀အရ ပရဟိတ ကို ပရိယတ္တိသာသနာဝန်ဆောင်ကိုယ်တော်တွေ လုပ်နေပါတယ်လို့မျထင်ကြတာ အသေအချာပါပဲ။

ပရိယတ္တိလုပ်ငန်းတွေမှာ ပရဟိတ သဘောပါဝင်ပြီးသားပါ သံဃာတော်တွေ ကိုရင်တွေ ကို နေစရာ နေရာပေး စားစရာပေးနေတဲ့ ပရိပတ္တိစာသင်တိုက်တွေ ဟာ ပရဟိတ လုပ်နေတဲ့ နေရာ ဌာနတွေဖြစ်ပြီးသား။ သို့သော် ပရဟိတ ခေတ်ထနေတဲ့ အခုလိုအချိန်မှာ ပရဟိတ ကို ကျန်းမားရေး ပညာရေး၊ လူမူရေးလုပ်ငန်းတွေပဲ ပရဟိတ ထင်နေတာ အမှန်ပါ။ ပြေချင်တာက ပရိယတ္တိလုပ်ငန်းတွေက ပရဟိတ ဖြစ်ပြီးသားဆိုပေမဲ့ လူတွေက ပရဟိတလို့ မထင်နေတာ ပြဿနာပါ။ ဘာကြောင့်မထင်လည်း ဆိုတာလည်း ပြောစရာရှိပါတယ်။ ထုံစံအတိုင်း သမိုင်းကြောင်းပြန်လှန်ကြတာပေါ့………………

မြန်မာသမိုင်းတစ်လျှောက်လုံး ဘာသာရေး လူမူရေး နိုင်ငံရေးတွေ မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ မသေးလှ။ နိုင်ငံရေးအရဆိုရင် ပုဂံခေတ် ဆပဒ မထေရ် ကနေအခု ယနေ့ခေတ် စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးအထိ အုပ်ချုပ်သူ မကောင်းရင် မကောင်းသလို ပြည်သူဘက်က ရပ်တည်ပြီး အရေးဆိုခဲ့သူတွေပါ။ လူမှုရေးအရကြည့်ပြန်ရင်လည်း ပညာရေး ကဏ္ဍ ကို ဘုန်းတော်ကြီးတွေ အထိရတာဝန်ယူခဲ့သလို ဒုက္ခတစ်ခုခုကြုံရင်လည်း ဘုန်းကြီး ကျောင်း က နားခိုရာ (နာဂစ်မှာ ဘုန်းကြီးကျောင်း အရေးပါတာ သိမှာပါ)။ ဘုန်းကြီးကျောင်းရှိရင် အိပ်စရာ စားစရာမပူရဘူးဆိုတာတောင်ရှိတယ်မဟုတ်လားဗျာ။ ကျေးလက်ဒေသတွေမှာ ဆိုလည်း ရွာတိုးတတ်ရာတိုးတတ်ကြောင်း ဘုန်းကြီးတွေကပဲ အဓိကဦးဆောင်ခဲ့တာ မလား။

သို့သော် ဒီလိုလုပ်နေတဲ့ သံဃာတော်တွေ ကို မွေးထုတ်ပေးနေတဲ့ ပရိယတ္တိစာသင်တိုက် တွေ ကို ယနေ့ခေတ်လို ဟိုအဖွဲ့ ဒီအဖွဲ့ တဒီးဒီးပေါ်နေတဲ့ အဖွဲ့တွေက ပရဟိတလို့ မြင်တာမျိုး မရှိပါ။ ပရိယတ္တိလုပ်ငန်းတွေကို အုပ်စုဖွဲ့ပြီး လှူဒါန်းတဲ့ အဖွဲ့ဆိုလို သိသလောက် စင်ကာပူကနေ အစပြုပြီး မြန်မာပြည်မှာလုပ်နေတဲ့ ကြာအဖွဲ့(ဗုဒ္ဓ ဓမ္မ သံဃာအသင်း)၊ ရန်ကုန်မြို့လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂဟဆန်လှူအသင်း၊ မန်လွန်ဆန်လှူအသင်း လောက် ပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့တွေက မိဘမဲ့ကျောင်း၊ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး တွေ ပဲ လုပ်နေတာကို တွေနိုင်ပါတယ်။ အချို့ ကလည်း ဒီနေရာတွေက ထောက်ပံဖို့ မလိုဘူး လို့ ထင်ကြသလို၊ အချို့ ကလည်း လှူရကောင်းမှန်း မေ့လျော့နေတာ လည်းရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ပရိဟတ္တိသာသနာ ကို လူတွေထဲ မ၀င်ရောက်နိုင်လို့၊ ထင်ပါတယ်။ ဘာကြောင့်မရောက်တာလဲ ဆိုတာကို အပိုင်း(၁) မှာ ပြောပြီး ပါပြီ။

ဒီတော့ ဒီပြဿနာကို အဖြေထုတ်တဲ့ အပိုင်းကို သွားရအောင်……..

ပြဿနာမှာ မြင်ရတဲ့ အပိုင်း ရှိသလို မမြင်ရတဲ့ အပိုင်းလဲ ရှိပါတယ် ဒီအကြောင်းကို အနောက်တိုင်း လူမူဗေဒပညာရှင်တွေ ကတော့ ရေခဲတုံးပင်လယ်ထဲ မျောလာတာနဲ့ခိုင်းနိုင်းကြပါတယ်။ ဥပမာ ရေပေါ်က မြင်ရတဲ့ ရေခဲတုံးက သေးသေး လေး ဆိုပြီး  ရေအောက် က ထုတည်ကြီးတဲ့ ရေခဲတုံးကို မမြင်ပဲ သဘောင်္ဆက်မောင်းရင် သဘောင်္မှောက် နိုင်ပါတယ်( တိုက်တန်းနစ်ကိုရူ)

ဒီတော့ မြင်ရတဲ့ အပိုင်း ပြဿနာကို ကြည်ရင် ပရိယတ္တိလုပ်ငန်း ကို လူတွေ သိပ်မသိရဘူး လူမူဘ၀ ထဲ မရောက်ဘူး ဆိုတာကို တွေ့ ရပါတယ်။ ဒါကမြင်သာတဲ့ အပိုင်းပါ။ ဒီမြင်သာတဲ့ အပိုင်း ကို ကြည်ပြီး ပရိယတ္တိသံဃာတွေ လည်းပရဟိတပဲ၊ ဒါ ဘုန်းကံနဲ့ ဆိုင်တယ်။ လူတွေက နာမည် ကြီးတာပဲ ကိုးကွယ်ချင်ကြတယ် ဆိုပြီး ပြောနေရင် မမြင်ရတဲ့ အပိုင်းကိုမမြင်ပဲ မဖြေရှင်းပဲ ထားရင် ပြဿနာက ဖြေလည်သွားမှာမဟုတ်ပါ။ ဒီတော့ ကျနော်တို့ မမြင်ရတဲ့ အပိုင်းကို စဉ်းစား ကြည့်ရအောင်။

ဒီပြဿာနာဖြစ်အောင်မမြင်ရတဲံ့ အပိုင်း ကို ကျနော် နှစ်မျိုးခွဲချင်ပါတယ်။ တစ်ခုက စနစ်ပိုင်း လူမူအဆောက်အုံ ပိုင်းနဲ့ တစ်ခုက ယဉ်ကျေးမူ အပြုအမူပိုင်းပါ။

စနစ်(သို့)လူမူအဆောက်အုံပိုင်း

ဒီအပိုင်းဟာ အတော်ပြောရခက်ပါတယ်။ ပြင်ရလည်းခက်တယ် ပြင်ဖို့လည်း မလွယ်ပါဘူး။

ပထမ စနစ် အပိုင်း ကို ပြောရရင် ချက်ကြီး ဖြစ်နေတဲ့ အစိုးရပိုင်းကို ပြောရပါတယ်။ အစိုးရက လူတွေ ကို ပရိယတ္တိနဲ့ ဝေးအောင် တမင်ရည်ရွယ်သလား မရည်ရွယ်သလား မသိပေမဲ့ အစိုးရ ယန္တရားကြောင့် ဒီလိုဖြစ်နေပါတယ်။

ထေရ၀ါဒနိုင်ငံ အစိုးရက ဗုဒ္ဓဘာသာဝင်အစိုးရ အခြား ဗုဒ္ဓဘာသာဝင်အစိုးရတွေ လုပ်နေတာကို ကြည်ရရင် ထိုင်း သီရိလကာင်္ နိုင်ငံမှာ ဗုဒ္ဓဘာသာကို ကျောင်းမှာ သင်ရတဲ့ ဘာသာတစ်ခု လို့ သတ်မှတ်ထားတယ်။ သီရိလင်္ကာက သိကျွမ်းဖူးတဲ့ ဘုန်းတော်ကြီးတစ်ပါးဆို ပညာရေးဝန်ကြီး ဌာနအောက်က ကျောင်းဆရာ လစာရတယ်။ ထိုင်းမှာလည်း ဒီလိုပဲ။ လူတိုင်းလူတိုင်း အခြားဘာသာဝင်တိုင်း ဗုဒ္ဓဘာသာ ကို အခြေခံအချက်လောက်တော့သိတယ်။ မြန်မာပြည်မှာ တော့ သက်သက် နွေရာသီသင်တန်းတွေ လုပ်ရတယ်။ ဒါတောင် ပြီးရင်မေ့ကော။ အခုတော့ သီရိလင်္ကာ အိန္ဒိယက စာသင်လာတဲ့ ကိုယ်တော်တွေ Sunday Dhamma School ဆိုပြီး လုပ်နေရတယ်။ ကောင်းတယ်ဆိုပေမဲ့ ဒါက အစိုးရလုပ်ရမဲ့ အလုပ် ဒီအလုပ်ကို အစိုးရမလုပ်ပဲ ပြည်သူတွေလုပ်နေရတယ် လုပ်နေရတာ တောင် လွတ်လွတ်လပ်လပ် မဟုတ်ဘူး။

နောက်တစ်ခုက R&D အပိုင်း သုတေသနနဲ့ ဖွံဖြိုးရေးပါ သာသနာရေးဝန်ကြီး ဌာနကြီး ရှိပြီး ဘွဲ့တံဆိပ်ကပ်ရ၊ စာမေးပွဲစစ်ရ၊ ပတ်စပို့ ထောက်ခံစာရေးရ စာအုပ်ထုတ်ရ တိုင်တာ တောတာ ဖြေရှင်းရဆိုတဲ့တယ် ဆိုတဲ့ ကြီးမားလေးလံလှတဲ့ တာဝန်တွေ ထမ်းဆောင်နေရလို့ လားတော့ မသိ။ ပရိယတ္တိ စာသင်နည်းတွေ ကို ပိုတိုးတတ်အောင် သုတေသနမလုပ်နိုင် လုပ်နေတဲ့ သူတွေ ကိုလည်း ချီးမြင့်ထောက်ပံရမှန်းမသိ။ ဘွဲ့တံဆိပ်ဟာလည်း စားပေါက်တစ်ခုဖြစ်နေတော့ ဒီတိုင်းလေး မှိန်းနေတာ ပိုကောင်းတယ်လို့ မှတ်ပြီး အလုပ်ရူပ်ခံပြီး ဘာမှမလုပ်။ နောက် စာသင်တိုက် စာရင်းတွေ သံဃာအင်းအားတွေကို စာရင်းကောက်ထားတာ ရှိပေမဲ့ e government ကြီးက ကတော့ ဆိုဒ်တွေပေါ်တင်တာ မတွေရပါဘူး။ သူတို့မလုပ်ရင် လုပ်မယ်သူကို လည်း ဒီစာရင်းမပေးပါဘူး။ ဒါမျိုးတွေကို ဖြေရှင်းဖို့ အခုလို နဲနဲလွတ်လပ်လာတဲ့ အခြေအနေမှာ လွတ်တော်ထဲ ဥပဒေပြဌာန်းထားမျိုးအထိထောင်းဆိုသင့်ပါတယ်။(ဘယ်အမတ်မှ စိတ်မ၀င်စားပါ)

နောက်တစ်ခု Network အပိုင်းပါ နိုင်ငံတော်သံဃာ ၀န်ဆောင်၊တိုင်း နှင့်ပြည်နယ် သံဃာဝန်ဆောင်၊ မြိုနယ်သံဃာ ၀န်ဆောင်ဆိုပြီး ဖွဲ့စည်းထားပေမဲ့ တစ်ကျောင်းနဲ့ တစ်ကျောင်း တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်သွယ်တာ ပူးပေါင်းလုပ်ဆောင်တာ အတော်နည်းပါတယ်။ လာဒ်လာဘ များတဲံကျောင်း က နည်းတဲ့ ကျောင်းကို ဝေမျှတာမျိုး စာသင်စာချ ပုဂ္ဂိုလ် ဖလှယ်တာ မျိုး အတော်လေးကို နည်းပါတယ်။ သိသလောက် မဟာစည် မိုးကုတ် မဟာဂန္ဓာရုံ သံဃာအဖွဲ့တွေ ကတော့ ကွန်ရက်သဘောလုပ်နေတာကို တွေ့ရပေမဲ့ စာသင်တိုက်တွေကတော့ ဒီသဘောလုပ်တာ အတော်ရှားတယ်လို့ ပြောလို့ ရတယ်။ ဒီကွန်ရက်သဘောမှာတော့ ခရစ်ယာန် တွေ လုပ်တာ အတော်လေးကောင်းပါတယ်။ resource sharing လုပ်ပုံလုပ်နည်းကို အတုယူ သင့်ပါတယ်။ ဘယ်နေရာလိုနေလဲ ဘယ်နေရာပိုနေလဲ ဘယ်လိုမျှဝေ လုပ်မလဲ ဆိုတာ ကို စဉ်းစားသင့်ပါတယ်။

နောက်တစ်ခု က အတတ်ပညာပိုင်းပိုင်း ၂၁ ရာစု နည်းပညာထွန်းကာလာတာနဲ့ အမျှ နည်းပညာ တွေက ထွန်းကားလာပါတယ် ဒီနည်းပညာကို ပရိယတ္တိပိုင်းမှာ အသုံးချဖို့ လိုပါတယ်။ နိုင်ငံခြားရောက် ဘုန်းတော်ကြီးတွေ အတော်အများနဲ့ ပြည်တွင်းဘုန်းတော်ကြီးတွေ အတော်အများ ကိုယ်ပိုင် ဘလော့စာမျက်နှာတွေ ရှိလာတာကြောင့် လူအတော်အများ ဘလော့ စာမျက်နှာက တစ်ဆင့် သံဃာတွေ အကြောင်းနီးနီးကပ်ကပ်သိလာပါတယ်။ ဒီထက်သိလာအောင် နောက် လူတွေ အသုံးချလို့ ရတဲ့ ဓမ္မသဘောတရားတွေပါရေးလာပါတယ်။ ဒီထက် ကျယ်ကျယ် ပြန်ပြန် သိဖို့ လိုပါတယ်။နောက် ဒီစာမျက်နှာတွေမှာ ဒီဘလော့ဂါ ဘုန်းတော်ကြီးတွေ ရဲ့ ကျမ်းပြု စာတမ်းတွေ ကိုယ်လက်လှမ်းမှီသလောက် ပရိယတ္တိစာသင်ကျောင်း စာရင်းတွေ လိုအပ်နေတာတွေ ကို ရေးသားဖော်ပြ နိုင်ရင် လေ့လာသူအများစုအတွက် အကျိုး ဖြစ်ထွန်း မှာပါ နောက် ဦးရဲမြတ်သူ ဦးဇော်ရဲ တို့ လုပ်နေတဲ့ အယ်ဖာကွန်ပြူတာ(မန္တလေး)က အကျိုးအမြတ် သိပ်မရှိတဲ့ ပရိယတ္တိသာသနာပြုလုပ်ငန်းတွေကို ခေတ်နည်းပညာနဲ့ ပေါင်းစပ် ဖော်ဆောင် နေတာ လဲ သာဓုခေါ်စရာ။

နောက် နိုင်ငံခြား ကိစ္စပါ။ ပြည်တွင်းနေ သံဃာတော်တွေ က ပြည်တွင်းမှာပဲ နေနေရပြီး ပြည်ပ ထွက် ဖို့ အတွက် အခက်အခဲ အတော်များပါတယ်။ ပတ်စပို့လုပ်ရင် ထိုင်းဆို ချင်းမိုင် သင်တန်းမတက် ရဘူး ဘာမလုပ်ရဘူး ညာမလုပ်ရဘူး ဆိုပြီး ခံဝန်ထိုးရပါတယ်။ ပြည်ပ ထွက်ဖို့ ခက် ပြည်ပ ရောက်ဖို့ စိတ်မ၀င် စားတာတွေကြောင့် ပြည်ပ က ဗုဒ္ဓဘာသာတွေ ဘာလုပ်နေလဲ ဘာဖြစ်နေလဲ ဘယ်လို လုပ်နေလဲ ဆိုတာကို မသိကြတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ ပဲ ခရီးဆက်နေရပါတယ်။ ပြည်ပက ပြန်လာတဲ့ ဆရာတော်တွေက လည်း ပြည်ပမှာ ဘာတွေ တွေခဲ့တယ် ဘယ်လိုတွေ လုပ်နေတယ် ဆိုတာ ကို  ဝေမျှပွဲလေးတွေ လုပ်တာ မျိုးလေးတွေ ရှိသင့်ပါတယ်။နောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေ နဲ့ ပိုမို ချိတ်ဆက်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုချိတ်ဆက်လုပ်တာက ဟိုအရင်က အတော်များပေမဲ့ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း အတော်လေးနည်းသွားပါတယ်။ မဆလခေတ် တံခါးပိတ်လိုက်တာ ကြောင့်လည်း ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s