အင်းလေးကန်ငါးများ၊ မခင်သန့်

စာအုပ်အမည်                      အင်းလေးကန်ငါးများ

ပြုစုသူ                               မခင်သန့်

ထုတ်ဝေသည့်ခုနှစ်                 ၁၉၆၈

ပုံနိုပ်ထုတ်ဝေသည့်တိုက်          တက္ကသိုလ်များ ပုံနိုပ်တိုက်

စာအုပ်အမျိုးအစား                 သတ္တဗေဒပညာရပ်ဆိုင်ရာစာတမ်း

အင်းလေးကန်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ စာတမ်းတွေကို အင်တာနက်စာမျက်နှာပေါ်မှာ တင်ပေးချင်နေတာ ကျနော် အင်းလေးဒေသမှာ အလုပ်စလုပ်ရတဲ့ အချိန်ထဲကပါ။ အင်းလေးဒေသနဲ့ ပတ်သတ်တဲ့ ပညာရပ်ဆိုင်ရာစာတမ်းတွေ၊ လူမှုစီးပွားဆိုင်ရာ အချက်လက်တွေ၊ မြေပုံတွေ၊ ရိုးရာ ယဉ်းကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ပုံပြင်တွေနဲ့ အစားအသောက်တွေ အကြောင်း လက်လှမ်းမှီသလောက် အင်တာနက်စာမျက်နှာပေါ်မှာ လွယ်လင့်တကူ တင်ပေးနိုင်အောင်ကြိုးစားနေပါတယ်။ အခုလောလော ဆယ်တော့ Facebook မှာ Inle Info ဆိုပြီး Fan Page လေး တစ်ခုလုပ်ထားပါတယ်။ အဲဒီမှာ စုဆောင်းရသမျှကိုလည်း ဘလော့လေးတစ်ခုလုပ်ပြီးတင်ဖို့ ရှိပါတယ်။ အင်းလေးနဲ့ ပတ်သတ်ပြီး ဒေတာတွေ ရှားလွန်းလို့ တင်ရခြင်းဖြစ်ပါတယ်။ ဘာ Grant မှလည်း ရဖို့ မရည်ရွယ်ပါ။

အခုတော့ ကျနော် ဆရာမကြီးဒေါ်ခင်သန့်(မခင်သန့်(သတ္တဗေဒ)) မဟာသိပ္ပံဘွဲ့အတွက် ပြုစုတဲ့ အင်းလေးကန်ငါးများ ဆိုတဲ့ ပညာပဒေသာစာစောင် အတွဲ ၃ အပိုင်း ၂ ကို စာရိုက်ပြီးတင်ပေးလိုက်ပါတယ်။ ဒီစာစောင်လေးကို ဒီဂျစ်တယ်မှုပြုနိုင်အောင် ကျနော်ချည်းလုပ်ခဲ့တာတော့မဟုတ်ပါဘူး။ ရွာသာရွာ က ညီလေးညွန့်နိုင်၊ ညောင်ရွှေက ညီမလေးကြည်ပြာတို့က စာရိုက်ပေးကြတယ်။ နောက် ကျနော်မှာ Scanner မရှိတာကြောင့် စာအုပ်ထဲက ပုံတွေကို စကင်ဖတ်ပေးတဲ့ ညောင်ရွှေမြို့ရွှေဂူစာသင်တိုက်က ဘုန်းဘုန်းဦးဝိဇ္ဇာ တို့ရဲ့ကူညီပေးတာကြောင့် မြန်မြန် ဆန်ဆန် ပြီးစီးရခြင်းဖြစ်ပါတယ်။

ဒီစာအုပ်ကို စရိုက်မယ်စိတ်ကူးတုန်းက သာမန်ကာရှန်ကာပါပဲ အင်းလေးကန်က ငါးများ အကြောင်း ပဲလို့ ပဲထင်ခဲ့မိတယ်။ နောက်ပိုင်း သတ္တဗေဒကျောင်းသားဟောင်းတစ်ဦးတစ်တဲ့ လေးလေး ဦးသောင်းရွှေ(အင်း-စာ/ယဉ်)ပြောပြလို့ ပြုစုသူ ဆရာမကြီးဒေါ်ခင်သန့် က ညောင်ရွှေသူဖြစ်ကြောင်းရှိခဲ့ရတယ်။ နောက် ဆရာကြီးက ငါးမျိုးစိတ် ငါးခူရှင်ဖခေါ်ငါးကို သိပ္ပံအမည်ပေးရာတွင် ဆီလူရပ် ဗာမင်နင်းဆစ်ဟု ပေးရခြင်းမှာ မြန်မာပြည်ကို ကိုယ်စားပြုသော အနေ့ဖြင့် လူမျိုးနှင့် တိုင်းပြည်အတွက် ရပ်တည်စေရန် ရည်ရွယ်၍ပေးခြင်းဖြစ်တယ်ဆိုပြီး အမည်ပေးခဲ့တာတွေ ကိုသိရှိခဲ့ရတယ်။

နောက် ဒီစာတမ်းကို ပြုစုနေတဲ့ အချိန်က အင်းလေးကန်ကို တိမ်ကောစေတဲ့ အဓိက အကြောင်းရင်း တစ် တစ်ခုဖြစ်တဲ့ ကျွန်းမျောတွေပေါ်မှာ ချင်းချင်(ခရမ်းချည်) စတင်စိုက်ပျိုးတဲ့ ကာလ ၁၉၆၀ ဝန်းကျင် ဖြစ်တာကြောင့် အင်းလေးဒေသနဲ့ အဲဒီအချိန်က သဘာဝပတ်ဝန်းကျင်အခြေအနေကို သုံးသပ်ဆဝါး ကြည်နိုင် မယ်ထင်ပါတယ်။

ဒီစာတမ်းကိုပြုစုတဲ့ပြုစုတဲ့ ဆရာမကြီးနဲ့ ကျနော်နဲ့မသိပါ။ သူ သက်ရှိထင်ရှားရှိသေးလားလည်း မသိပါ။ ကျနော်က ဒီစာတမ်းကို လေ့လာလိုသူတွေ အင်းလေးဒေသကို ထိန်းသိမ်းချင်သူတွေ အတွက် လွယ်လင့်တကူ အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ရှုလေ့လာနိုင်အောင် ကူညီသူသက်သက်သာ စာပြန်ရိုက် ပေးသူလောက်သာ သတ္တဗေဒအကြောင်းလည်း နကန်းတစ်လုံးမှမသိပါ။ ဒီလို တင်ပေးလို့လည်း ဘာ ဂရန့်မှ မရပါ။ ဘယ်သူမှလည်း ပိုက်ပိုက်မပေးပါကြောင်း ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော် နွားကျောင်း ခြင်းဖြစ် ကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။ ဆရာသမားတို့ရေ 😛

မောင်ဥဂ္ဂါ

ခဏ ညောင်ရွှေ(အင်းလေးဒေသ)

အင်းလေးကန်ငါးများ၊ မခင်သန့် ပညာပဒေသာစာစောင် by Mg Ogga

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s