24 အတွေးများ

အသက်ကား နှစ်ဆယ်လေး ပြည့်လေပြီ ကျွန်တော်အား မွေးစမှ အခုရှိ ကျွေးမွေးပြုစု စောက်ရှောက် လာသော ကျွန်တော့် မာတာမိခင်ကျေးဇူးရှင်မေမေ ကား ဦးစွာကန်တော့ပါ၏။

အရင်နှစ်တွေက ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော့်ကို မွေးနေ့တိုင်းနှစ်တိုင်း လုပ်ပေးတတ်တဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဗုဒ္ဓဘာသာလူငယ်ဖွံဖြိုးရေးရဲဘော်ရဲဘက် များဖြစ်ကြသော အစ်မကြီး ညိုမီ၊ မိရွှေပ၊ သိုးစိမ်း(သိန်းစိုး)၊ အောင်အောင်(အိမ်မက်)၊သဉ္ဇာ တို့နဲ့ မွေးနေ့မှာ အတူမရှိနေခဲ့တာကို တော့ ၀မ်းနည်း၏။

ကျွန်တော် နှစ်ဆယ်လေးနှစ် ပြည့်ချိန်မှာ ကျွန်တော် ရင်နဲ့အသဲနဲ့ မြတ်နိုးရသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဗုဒ္ဓဘာသာလူငယ်အဖွဲ့ က ၃ နှစ်၊ ပုံပြောသူများအဖွဲ့ကား ၂ နှစ်ပြည့်လေပြီ။

ကျွန်တော်ကား အမိမြေနဲ့ ဝေးရာ နေရာဒေသတစ်ခုကို ရောက်ရှိနေခဲ့ပြီ။ မွေးနေ့အချိန်မှာ အိန္ဒိယ မြောက်ဖျား ကတ်ရှမီးယားပြည်နယ်က လာဒါတ် ဒေသလေးသို့ သွားရာ လမ်းခရီးမှာ ကျွန်တော် ရောက် ရှိနေမှာ။

၂၄နှစ် ပြည့်ပြီး လူ့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံ ကုန်ခဲ့ပြီ။ ရှင်းရှင်းပြောရင် သေဖို့ ပိုနီးလာပြီ။ လူလည်း ပိုအိုလာပြီ။ အသက်ကြီးတိုင်း လူကြီး မဟုတ် စိတ်သဘောထားကြီးမှ မေတ္တာတရားကြီးမှ လူကြီးတဲ့ ၂၄ နဲ့ တူတန်သော စိတ်ထား ရင့်ကျတ်မှု ရှိပြီးလား မသိ။ အသက်ကြီးတာလောက်တော့ လူအိုတဲ့ ကျွန်တော် လူကြီး ဖြစ်ပြီလား လူအိုဖြစ်နေလား မခွဲခြားတတ်။

ကလေးလည်းဆန်တယ် ပေါတောတော နိုင်တယ် အမှားတွေ ကျုးလွန်ခဲ့ဖူးတယ် သူတစ်ပါး စိတ်ဒုက္ခ ပေးဖူးတယ်။ ပြင်မရတဲ့ အရာတွေလည်းရှိတယ် ပြင်ခဲ့သည် အရာတွေ လည်း ရှိတယ် မပြင်သေးတဲ့ အရာတွေ လည်းရှိတယ်။ အားလုံးကို ခြုံကြည့်ရင်တော့ ကျွန်တော် လိုသေးတယ် လိုသာ အဖြေထွက်လာတယ်။

စိတ်ပညာအရ ဇာတာသက် စိတ်သက် ခံစားမှု အသက် ဆိုပြီး သုံးမျိုးခွဲခြား ထားတယ်။ ကျွန်တော် ဇာတာအသက် ၂၄ စိတ်ကော ဒီလောက်ရှိပြီလား ခံစာမှုသက်ကော ဘယ်လောက်ခံစား ထိရှ နိုင်သလဲ ကျွန်တော် မဆန်းစစ်တတ်။

၂၄ နှစ်နဲ့ တူတန်သော ရင့်ကျတ်မှု တော့ရှိသင့်ပြီ။ မရှိလည်းရှိအောင် လုပ်သင့်ပြီ ဒီအချိန်မလုပ်ရင် မိသားစု လူမှုပတ်ဝန်းကျင် ကို ဒုက္ခပေးသော လူအိုကြီး တစ်ယောက် ဖြစ်လာတော့မယ်။ ကိုယ်နဲ့ စပ်ရာ မိသားစု ပတ်ဝန်းကျင် ဒေသ ရပ်ရွာ နိုင်ငံ အတွက် ရင့်ကျတ်မှု မရှိတဲ့ လူတစ်ယောက် ဟာ ဒုက္ခတွေ လှိုင်လှိုင်ပေးမှာ မုချ။ အချို့ လူများက ဒုက္ခပေးမှန်းမသိပဲ ဒုက္ခပေးကြတယ် အချို့ က တော့ ဒုက္ခ ပေးမှန်း သိသိချည်း နဲ့ ဒုက္ခပေးကြတယ်။ ကျွန်တော်ဒုက္ခ မပေးချင် သုခ သာ ပေးချင်တယ်။ ဒီတော့ ကျွန်တော် ၂၄ နှစ်နဲ့ တူတန်သော စိတ်ထား ထားဖို့ ကြိုးစားရအုန်းမယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s