လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ဗုဒ္ဓ (ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာအုပ်မှ ကောက်နှုတ်ချက်များ (၁)

ဆရာကြီးဦးရွှေအောင် အမှတ်တရ အင်တာနက် စာမျက်နှာလေးတစ်ခု လုပ်ချင်ခဲ့တာ ကြာပါပြီ။ ဒါကြောင့် ဆရာကြီးကို လေးစားရင်းစွဲရှိတဲ့ ဘလော့ဂါတွေနဲ့ တိုင်ပင်ပြီး ဘလော့တစ်ခုလောက် လုပ်ဖို့ ပြောထားဆိုထားတာလည်း ကြာပါပြီ။ ပြောထားတဲ့ ဘလော့ဂါတွေလည်း မအား ကျနော်လည်း မအား ဖြစ် မို့ ဆိုဒ်လေးမှာ အထမမြောက်ခဲ့။ အခုတော့ ကျနော်ရဲ့ လက်စွဲစာအုပ် ဘ၀လမ်းညွန်သဖွယ် ဖြစ်တဲ့ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ဗုဒ္ဓ (ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာအုပ်ထဲက ကျနော် နှစ်သက် မိရာ ကောက်နုတ်ချက်တွေကို အပိုင်းခွဲပြီး တင်ပေးဖို့ ကြိုးစားနေပါတယ်။

အိန္ဒိယရောက်နေစဉ်မှာ ဒီစာအုပ် ကျနော်ဆီမှာ ရှိမနေပါဘူး ဒါကြောင့် မြန်မာပြည်က သူငယ်ချင်း သီရိကိုကို ကို လှမ်းမှာ ရပါတယ်။ ကျနော်ကို မွေးနေ့ဒီစာအုပ် လက်ဆောင်ပေးတဲ့ သီရိကိုကို(B2SF) နဲ့ စာအုပ်ကို ကျနော်ဆီရောက်အောင် သယ်ဆောင်ပေးတဲ့ INEB (Bi- annual Conference, Bodhgaya)  မြန်မာလူငယ် ကိုယ်စားလှယ် အဖွဲ့ ကို ဒီနေရာက နေ ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့သာ မရှိ ရင် ဒီပိုစ့် တွေကို ရေးနိုင်မှာမဟုတ်ပါ။ ဒီလိုစာစု လေးတွေ ဖတ်ပြီး အတွေးစ တစ်ခုခု ရမယ်ထင်ပါတယ်။

စာအုပ်အမည် ။ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ဗုဒ္ဓ (ကိုယ်ကျင့်ဗုဒ္ဓ၀င်)

ရေးသူ         ။ ဦးရွှေအောင် မဟာဝိဇ္ဇာ(သက္ကတ)၊ ၀ဋံသကာ၊ သိရောမဏိ

အကြိမ်        ။ စတုတ္တအကြိမ် (၂၀၀၃)

စာအုပ်တိုက်  ။ ရာပြည့်စာအုပ်တိုက်

           နိဒါန်း

ထီးနှင့် ငြမ်း

ဗုဒ္ဓ၀ါဒအရ ဘ၀ကိုတည်ဆောက်ရသည် မှန်၏။ သို့ရာတွင် ဘ၀ကိုတည်ဆောက်ရာ၌ ထီးအဖြစ် တည်ဆောက် ရသည်မဟုတ် ငြမ်းအဖြစ် တည်ဆောက်ရခြင်း ဖြစ်၏။ ငြမ်းကို မည်မျှပင် ခိုင်မာအောင် တည်ဆောက်ရစေကာမူ တစ်ခုသောနေ့တွင် ငြမ်း ကိစ္စပြီး ပါက ထိုငြမ်းကို မလွဲမသွေ ဖျက်သိမ်းရမည် ဖြစ်၏။

စာမျက်နှာ – ၁၉

မြတ်နိုးဖွယ်ရသ(သိမ်း-စွန့်-လွတ်)

မြတ်နိုးဖွယ်ရသ ကို မြင်ရာ၌ ရင့်ကျတ်မူသည် ပဓာနဖြစ်၏။ မရင့်ကျတ်မီက ဆိုလျင် သိမ်းပိုက်ခြင်း၌သာ မြတ်နိုးဖွယ်ရသကို မြင်၏။ ရင့်ကျတ်လာသောအခါ သိမ်းပိုက်ခြင်း၌ မြတ်နိုးဖွယ်ရသကို မမြင်။ သိမ်းပိုက်ခြင်း၌ ငြီးငွေ့ဖွယ် အာဒီန၀ ကိုသာ မြင်လာ၏။ အမြင်ပြောင်းလဲသွားသည်။ စွန်းလွတ်ခြင်း၌ သာ မြတ်နိုးဖွယ်ရသ ကို မြင်လာ၏။ ထိုထက် ပို၍ ရင်ကျတ် လာသောအခါ လွတ်မြောက်မူ၌သာ မြတ်နိုးဖွယ် ရသကို မြင်လာ၏။

စာမျက်နှာ – ၂၁

စွန့်လွတ်မူ နှစ်မျိုး

စွန့်လွတ်မူ နှစ်မျိုးရှိသည်။ ငါမှ မလွတ်မြောက်သော စွန့်လွတ်မူနှင့် ငါမှ လွတ်မြောက်သော စွန့်လွတ်မူတို့ ဖြစ်ကြ၏။ ငါမှ မလွတ်မြောက်သော စွန့်လွတ်မူကို စွန်လွတ်မူဟု သာဆိုရ၏။ ငါမှ လွတ်မြောက်သော စွန်လွတ်မူကို မူ လွတ်မြောက်မူဟု၍ ဆိုရ၏။

စာမျက်နှာ -၂၂

အတ္တပဓာန – အနတ္တပဓာန

မြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါမှသာ ငါကောင်းစားရေး ပထမ ဟူသော အတ္တပဓာန၀ါဒ ကို ပြောင်းပြန်ပြု၍ လောကကောင်းစာရေး ပထမဟူသော အနတ္တပဓာနကျင့်စဉ်ကို ဟောကြားတော်မူ၏။ ဟောကြားရုံတင် မက ကိုယ်တိုင်လည်း ကျင့်သုံးတော်မူခဲ့၏။ လောကကောင်းစားရေးသာ ပထမ ဟူသော အနတ္တအမြင်ဖြင့် တကယ်တမ်း ကျင့်ရိုးမှန်ပါလျှင် အကျိုးတရားများကို ဖြစ်ပေါ်လာစေရာ၌ ငါကောင်းစားရေးသာ ပထမ ဟူသော အတ္တပဓာနကျင့်စဉ်ထက် အကျိုးတရားများကို ဖြစ်ပေါ်လာစေ နိုင် ကြောင်းကို ဒေသနာတော်အနေဖြင့် လည်းပြတော်မူ၏။ လက်တွေ့အနေဖြင့် ဖြင့်လည်း ပြတော်မူ၏။

စာမျက်နှာ-၂၅

သံဃာအဖွဲ့အစည်း

သံဃာအဖွဲ့အစည်းတွင် ဇာတ်အသီးသီးပါဝင်၏။ သို့သော် သံဃာအဖွဲ့အစည်း      ၌ ဇာတ်သည် မထင် ပေါ်တော့။ သံဃာအဖွဲ့စည်းတွင် လူမျိုးအသီးသီးပါဝင်၏။ သိုသော် လူမျိုးသည် မထင်ပေါ်တော့။ အဖွဲ့ဝင် အဖြစ်သာ ထင်ပေါ်၏။ သို့ဖြစ်၍သာ နှစ်ပေါင်း ၂၅၀၀ ကျော် ကာလက တည်ထောင်ခဲ့သော သံဃာအဖွဲ့အစည်းသည် ကမ္ဘာပေါ်၌ ယနေ့တိုင်အောင် အထင်အရှားတည်ရှိ နိုင်ခြင်းဖြစ်၏။

စာမျက်နှာ- ၂၆

နိုင်ငံတော်နှင့် ဘ၀ပေးတာဝန်

ဥပနိဿယပစ္စည်းအရ မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အားလုံးတို့အား ဥပနိဿယပစ္စည်း ဖြင့် ကျေးဇူးပြုသောသဘောဖြစ်၏။ ထိုကြောင့် မြန်မာနိုင်ငံသည် ဤနိုင်ငံအတွင်း မှီတင်း နေထိုင်သူများအားလုံး၏ ကျေးဇူးရှင်ဖြစ်၏။ ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်လေအောင် ကျေးဇူးဆပ် ရန် လူတိုင်း၌ တာဝန်ရှိသည်။ လူတိုင်းတွင် တိုင်းရင်းသား အားလုံးပါဝင်၏။ ကျေးဇူးရှင် ကို ကျေးဇူးဆပ်ရခြင်းသည် လူသားတို့ ၏ ဘ၀ပေးတာဝန်ဖြစ်၏။ မြင့်မြတ်သော ဆောင်ရွက်မူလည်း ဖြစ်၏။

စာမျက်နှာ-၃၂

မုတ္တစာဂ(လွတ်လွတ်စွန့်)

အနစ်နာခံခြင်းဟူသည်မှာ ကိုယ်ကျိုးကို မငဲ့ခြင်းဖြစ်၏။ ယင်းကို ပါဠိုဝေါဟာရဖြင့် မုတ္တစာဂဟူ၍ ဆို၏။ မုတ္တစာဂကို လွတ်လွတ်စွန့်ခြင်း ဟူ၍ မြန်မာပြန်ကြ၏။ လွတ်လွတ်စွန့်ခြင်းဟူသည် ဘာကိုမျှ မမျှော်လင့် ဘဲဆောင်ရွက်ခြင်းဖြစ်၏။

စာမျက်နှာ -၃၄

အမျိုး ဘာသာ သာသနာအတွက်

မိမိမတွက် ဘာကိုမျှ မမျှော်ကိုးဘဲ မိမိတာဝန်အနေဖြင့်သာ မိသာစုအတွက် နိုင်ငံအတွက် လူမျိုးအတွက် လောကလူသားများ အတွက် အနစ်နာခံပြီး အမျိုးဘာသာသာသနာတော်ကို ဖွံဖြိုးအောင် ဆောင်ရွက် မည်ဆိုလျှင် ထိုဆောင်ရွက်ချက်သည် မုချမသွေအောင်မြင်မည် ဖြစ်၏။ တစ်စုံတစ်ရာ ယုံမှားစရာ ဟူ၍ ဘာမျှမရှိ။

စာမျက်နှာ- ၃၄

တာဝန်နှစ်ရပ်

သူမေဓာ အရှင်ရသေ့သည် သူ၏ တာဝန်နှစ်ရပ်ကို ဤသို့ သတ်မှတ်၏။လောကတွက် အနှိုင်းမဲ့ အနစ်နာခံနိုင်သူ ဖြစ်ရန်နှင့် လောကတွင် သူတစ်ပါး အကျိုးကို အနှိုင်းမဲ့ ဆောင်ရွက် နိုင်သူ ဖြစ်ရန် ဟူ၍ ဖြစ်၏။

စာမျက်နှာ-၃၇

Advertisements

One thought on “လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ဗုဒ္ဓ (ကိုယ်ကျင့်ဗုဒ္ဓ၀င်) စာအုပ်မှ ကောက်နှုတ်ချက်များ (၁)

  1. မြတ်နိုးဖွယ်ရသ ကို မြင်ရာ၌ ရင့်ကျတ်မူသည် ပဓာနဖြစ်၏။ မရင့်ကျတ်မီက ဆိုလျင် သိမ်းပိုက်ခြင်း၌သာ မြတ်နိုးဖွယ်ရသကို မြင်၏။ ရင့်ကျတ်လာသောအခါ သိမ်းပိုက်ခြင်း၌ မြတ်နိုးဖွယ်ရသကို မမြင်။ သိမ်းပိုက်ခြင်း၌ ငြီးငွေ့ဖွယ် အာဒီန၀ ကိုသာ မြင်လာ၏။ အမြင်ပြောင်းလဲသွားသည်။ စွန်းလွတ်ခြင်း၌ သာ မြတ်နိုးဖွယ်ရသ ကို မြင်လာ၏။ ထိုထက် ပို၍ ရင်ကျတ် လာသောအခါ လွတ်မြောက်မူ၌သာ မြတ်နိုးဖွယ် ရသကို မြင်လာ၏။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s