Professor Samdhong Rinpoche

တိဘက်နိုင်ငံဟာ ဝါဂျရာယနဗုဒ္ဓဘာသာကိုးကွယ်ကြသော လွတ်လပ်သည့် အချုပ်ခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အပြင် အိနိ္ဒယ၊နီပေါနှင့် ဘူတန်နိုင်ငံ တို့နှင့်လည်း သံတမန်ရေး ဆက်သွယ်မှုရှိခဲ့သည်။ တိဘက်သည် ၁၉၅၉ခုနှစ်ထိတိုင် လွတ်လပ်ပြီး အေးချမ်းသာယာသည့် နိုင်ငံဖြစ်ခဲ့သည်။ ၁၉၅၉ခုနှစ်မှာပင် တရုတ်လူမျိုးတို့၏  နိုင်ငံရေးကျူးကျော်မှု ကြောင့် “H.H The Dalai Lama” ဒလိုင်းမားနှင့် တိဘက် နိုင်ငံသား ရှစ်သောင်းတို့သည် အိနိ္ဒယနိုင်ငံသို့ ထွက်ပြေး ထိမ်းရှောင် ခဲ့ကြရသည်။ ၄င်းအဖွဲ့တွင် Professor Samdhong  Rinpoche တစ်ယောက် အပါအ၀င်ဖြစ်သည်။ ထိုအချိန်မှစ၍ (၄၈) နှစ်တိုင်အောင် အိနိ္ဒယနိုင်ငံတွင် ဒုက္ခသည်များအဖြစ်  နေခဲ့ကြရသည်။

Professor Samdhong  Rinpoche ကို ၁၉၃၉ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက်(၅)နှစ်သားအရွယ် တွင် စတုတ္တမြောက် Samdhong Rinpoche ၏ လူဝင်စားခြင်းခံရသည်ဟုဆိုပြီး Gaden Dechenling ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်အဖြစ် မြှောက်တင်ခြင်းခံရသည်။ သူသည်အိနိ္ဒယနိုင်ငံ တိဘက်လွတ်မြောက်နယ်မြေသို့ တရုတ်လူမျိုးများ တိဘက်ကို ကျုးကျော်သောနှစ်၊ ၁၉၅၉ခုနှစ်ကတည်းက ရောက်ရှိခဲ့သည်။ ၁၉၆၀ခုနှစ်ရောက်သောအချိန်တွင် သူသည် တိဘက်ရဟန်းတော်များ၏ ဆရာတပါး အဖြစ် Sera, Drepung နှင့် Gaden Dechenling Aden ဘုန်းတော်ကြီးကျောင်း၌ စာချပေးခဲ့သည်။ သူသည်၁၉၆၈ခုနှစ်တွင် Dechenling Aden ဘွဲ့ အပ်နှင်းခြင်းခံရပြီး Ngagrimpa ဘွဲ့ကို ၁၉၆၉ခုနှစ်တွင် လက်ခံရရှိခဲ့သည်။ Professor Samdhong Rinpoche သည် Varanasi မြို့၌ရှိသော  တိဘက်အမျိုးသားများ၏ အဆင့်မြင့် ပညာသင်ကြားရေး ဗဟိုဌာန (The Central Institute of Higher Tibetan Studies)(အခု တက္ကသိုလ်။ ဘုန်းဘုန်း ဓမ္မဂင်္ဂါဆရာလုပ်နေသောကျောင်း)   ၏ ညွန်ကြားရေးမှူး လည်း ဖြစ်ခဲ့သည်။

စက်တင်ဘာလ(၅)ရက် ၂၀၀၁ခုနှစ်တွင် Professor Samdhong Rinpoche သည် တိဘက်လွတ်မြောက် နယ်မြေ အစိုးရ၏၀န်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြောက်ခြင်းခံရသည်။ သူသည် လွတ်မြောက်နယ်မြေ၏ အုပ်ချုပ်ရေးတွင် နှစ်(၄၀)တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရွေးချယ်မှုစနစ်မှာလည်း တိဘက်လူမျိုး အများစု၏ မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ ထိုစနစ်ကို စတင်ပေးရန် အကြံပေးသူမှာံ HH the Dalai Lama ဖြစ်သည်။

တိဘက်လွတ်မြောက်နယ်မြေအစိုးရ၏ ၀န်ကြီးချုပ်အဖြစ် မိန့်ခွန်းပြောကြားစဉ်က သူဆိုသည်မှာ “ကျွန်တော် တို့တိဘက် လူမျိုးများသည် အကြမ်းမဖက်ရေးဝါဒကိုသုံးပြီး လောကကြီးကို စံနာမူနာအဖြစ် နေထိုင်ရန်ဖြစ်သည်။ ယင်းအတိုင်းဖြစ်ဖို့ ကျွန်တော်တို့သည် ပထမဦးဆုံးအနေနှင့် အကြမ်းမဖက်သော ယဉ်ကျေးမှုတခုကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပျိုးထောင်ရမည်။  ကျွန်တော်တို့က အကြမ်းမဖက်သည့် ဟူသော အဓိပ္ပါယ်ဝေါဟာရနှင့် လျော်ညီသည့် နေထိုင်မှု ပုံစံမျိုးကို ကျနော်တို့ လူအဖွဲ့စည်း နေစဉ်ဘ၀မှာ စတင်လုပ်ဆောင်နိုင်ပါသည်။ ကျွန်တော်တို့တိဘက်လူမျိုးများသည် အိနိ္ဒယနိုင်ငံ၌ အခြေချနေထိုင်ခြင်း သည် ကျွန်တော်တို့၏ စီမံကိန်းအတွက် စမ်းသပ်ရန် အကောင်းဆုံးနေရာ ဖြစ်ပါသည်။ ဤသို့ဆိုရာ၌၊ ကျွန်တော်သည် ဂနီ်္ဒ၏ အတွေးအခေါ်တခုဖြစ်သော မိမိကိုယ်ကိုအုပ်ချုပ်ခြင်းကို ကျွန်တော်တို့ အကြားမှာ အသုံးချစေလိုပါသည်။ အထူးသဖြင့် အကြမ်းမဖက်ဝါဒ၊ တောတောင်သဘာဝနှင့် ကိုက်ညီသောလယ်ယာ စိုက်ပျိုးရေးကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လက်တွေ့အသုံးချ စေလိုပါသည်။”

Henry David Thoreau က ဆိုသည်မှာ “အစိုးရထဲမှာ အရာအားလုံးမအုပ်ချုပ်သော အစိုးရသည်သာ အကောင်းဆုံးဖြစ်တယ်”။ ဂနီ်္ဒကလည်း “Self rules” ဆိုသည်မှာ သူတပါးက မိမိကိုလာ၍ အုပ်ချုပ်မွမ်းမံ ခြင်းမဟုတ်ဘဲ မိမိကိုယ်မိမိအုပ်ချုပ်ခြင်းသည် သာအကောင်းဆုံဖြစ်သည်။ ဤအရာသည် ကျွန်တော် မျှော်လင့်သည့် အုပ်ချူပ်ရေးပင်ဖြစ်ပါသည်။ ၀န်ကြီးက ဆက်လက်ပြောကြားသည်မှာ “ဘယ်လိုနည်းပင် ဖြစ်ဖြစ်၊ ကျွန်တော်တို့ လူမျိုး၏အုပ်ချူပ်ရေး စနစ်ကိုပိုမိုပြီး အစွမ်းထက် လာအောင်လုပ်ရမည်၊ စီမံအုပ်ချုပ်ရေး စနစ်ကို ရေးဆွဲရာ၌လည်း ရှင်းလင်းသော ဇယားများနှင့် လက်ခံနိုင်ခြေရှိသော အချက်အလက်တွေ ပါဝင်ရမည်။ နောက်ပြီး ကျွန်တော်က ဘာသာရေးနဲ့  ပတ်သက်သောမူ၊ ပညာရေးမူ၊ အိမ်တွင်းစီမံမှုနှင့် ကျန်းမာရေးမူတို့ကို တိဘက်လူမျိုးတို့ ရဲ့  ယဉ်ကျေးမှုနဲ့  လိုအပ်သော အချိန်တို့အပေါ်မှာ မူတည်ပြီး ရေးဆွဲစေလိုပါသည်။ ပိုပြီးတိတိကျကျဆိုရရင်၊ ကျွန်တော်က အဆင့်အတန်း မှီသော ဘဏ္ဍာရေးဆိုင်ရာမူတခုကို ရေးဆွဲလိုပါသည်။ ကျွန်တော်ကလည်း ငွေရေးကြေးရေးဆိုင်ရာ စီမံ အုပ်ချုပ်ရေးအတွက် လုံးဝလိုအပ်မှသာ အသုံးချရမှာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တိဘက်အမိမြေအတွက် Samdhong ပြောကြားသည်မှာ ကျွန်တော်ကတော့ Beijing နှင့် တိုက်ရိုက် ဆက်သွယ်ဖို့လိုအပ်သည်။ အပြည်ပြည် ဆိုင်ရာအကူအညီ ရရှိဖို့လည်း အစွမ်းကုန်မြင့်တင်ရဦးမည်။ တိဘက်နှင့် တရုတ်(၂) နိုင်ငံကြားမှာ နားလည်မှုရှိရန်၊ အပြန်အလှန် ဆက်သွယ်မှု ကောင်းအောင်လုပ်ဖို့ ရန်အရေးကြီးသော အချက်တခု ဖြစ်သည်။ ကျွန်တော်တို့ ၏ အောင်မြင်မှုနှင့် ကျဆုံးမှုသည် တရုတ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဥပဒေ တည်ဆောက်သော အဖွဲ့ များ အပေါ်မှာ မူတည်ပါလိမ့်မည်။

အခုလောလောဆယ်မှာတော့ တိဘက်လူမျိုးများလူဦးရေ တသိန်းနှင့်လေးသောင်းတို့သည် တိဘက်နိုင်ငံ၏ အပြင်ဘက်မှာ နေထိုင်ကြသည်။ ထိုသူများထဲမှ လူဦးရေကိုးသောင်းကျော်သည် အိနိ္ဒယနိုင်ငံမှာရှိသည့် ဒုက္ခသည် စခန်း (၄၃)ခု၌ နေထိုင်ကြသည်။ ထိုသူတို့သည် ကိုယ်ပိုင်အဝေးရောက်  အစိုးရရှိကြသည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို ပြည့်ဝစွာ အသုံးချကြသည်။ သူတို့ ၏ အခြေခံပညတ်(၂) ချက်ကား အမှန်တရား နှင့် အကြမ်းမဖက်မှု ဖြစ်သည်။ အစိုးရကလည်း ဒီမိုကရေစီဆန်သော အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ပြီး လွှတ်မြောက်နယ်မြေရှိ တိဘက်လူမျိုးများကို စောင့်ရှောက်လျက်ရှိသည်။

အိနိ္ဒယမှများစွာသောကူညီထောက်ပံ့မှုတို့ဖြင့် တိဘက်လူမျိုးတို့သည် မိမိတို့၏ အယူဝါဒနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ခဲ့သည်။ ထို့အပြင် တိဘက်လူမျိုး ဒုက္ခသည် ကလေးများ၏ ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများကို လွှတ်မြောက်နယ်မြေတွင် မွမ်းမံတည်ဆောက် နိုင်ခဲ့သည်။ တိဘက်လူမျိုးများသည် ယခုအချိန်အခါ၌ အိနိ္ဒယနိင်ငံတွင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် နေထိုင်ကြသည်။ သို့သော်လည်း ဤသို့ နေထိုင်ခြင်းသည် မိမိတို့၏နိုင်ငံကို ကျောခိုင်းလိုက်ခြင်း မဟုတ်ပေ။ ငြိမ်းချမ်းရေးဝါဒနှင့် အကြမ်းမဖက်ရေးဝါဒဖြင့် တိဘက်လူမျိုးများသည် မိမိတို့၏နိုင်ငံသို့ တစ်နေ့တွင် ပြန်ရလိမ့်မည် ဟု မျှော်လင့်ကြသည်။

Professor Samdhong Rinpoche နှင့် အတူ ထိုင်း အင်ဒိုနီရှား အိန္ဒိယ မြန်မာ မှ လူမှုလှုပ်ရှားလူငယ်များ နဲ့ အတူ (မိဂဒါဝုန်အင်စတီကျု)
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s