Reuse အရှင်အာနန္ဒာ

သဘာဝပတ်ဝန်ကျင်အတွက် အမှိုက်က ပြဿနာတစ်ခုဖြစ်သည်။ အမှိုက်ထဲမှာမှ ပလပ်စတစ် ကြွပ်ကြွပ် အိတ် အီလက်ရောနစ်စွန့်ပစ်ပစ္စည်းတွေ ကလည်း သာဆိုးသည် ပြဿနာတစ်ခု မြေကမ္ဘာ အကျယ်အ၀န်း ကျဉ်းကျဉ်းလေးမှာ အမှိုက်ဘယ်လားထားကြမလဲ။ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ နည်းလမ်းတွေ ရှာကြဖွေကြသည်။ Reduce Reuse Recycle ဆြိုပီး 3R ဆိုပြီး အမှိုက်အတွင် နည်းလမ်းဖွေရှာ လာကြသည်။ နောက်ပိုင် Reject Rethink ဆိုပြီးထပ်ထပ် တိုးလာလိုက်တာ မနည်းပါဘူး။ ဒီရှိသမျှ ဟာအကုန်လည်း ကျွန်တော်မသိဘူး။ ဒီလို အမှိုက်အတွက် စွန်ပစ်ပစ္စည်းတွေ ကို လျော့သုံးရမယ် ပြန်သုံးရမယ် ဆိုတာတွေ ခေတ်စားလာတာ ကျွန်တော်အထင် တစ်ရာစု မရှိသေးဘူးထင်သည်။ ဒီလို အလေ့အထမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်ကထဲက ဗုဒ္ဓမြတ်စွာဘုရားဖွဲ့စည်းထားတဲ့ ဘိက္ခု သံဃာ အဖွဲ့စည်းထဲမှာ ကျင့်သုံးနေပါပြီ။

သာမာဝတီမိဖုရားသည် အရှင်အာနန္ဒာအား အ၀တ် ၅၀၀ လှူသည်။ ဒါကို သာမာဝတီရဲ့ လင်တော်မောင် ဥဇ္ဇနီမင်းက အရှင်အာနန္ဒာကို မယုံကြည် မှောင်ခိုပြန်သွင်းမည်များ ထင်နေလားမသိ ဒီအ၀တ် ၅၀၀ တောင် ဘာလုပ်မလိုလဲပေါ့ ထိုအခါ အရှင်အာနန္ဒာက ရဟန်းတွေက အ၀တ်အစားချိုတဲ့ကြတယ် ဒါကြောင့် ရဟန်းတွေ ကို ပေးဖို့ အလှူခံတာပါလို့ပြန်ပြောတယ်။ ဒါကိုတောင် ဒီဘုရင် မယုံ ဆက်မေးပြန်တယ်။ ဘုရင်နဲ့ အရှင်အာနန္ဒာ အမေးအဖြေလုပ်တဲ့ ဒိုင်ယာလော့က စိတ်ဝင်စားစရာအလွန်ကောင်းတယ်။

ဥဇ္ဇနီ။ ။ အ၀တ်ဟောင်းတွေ ကို အရှင်တို့ ဘာလုပ်ပစ်လဲ

အာနန္ဒာ။ ။ အ၀တ်ဟောင်းတွေ ကို အိပ်ရာခင်လုပ်တယ် မင်းကြီး

ဥဇ္ဇနီ။ ။ အိပ်ရာခင်အဟောင်းတွေ ကိုကော ဘာလုပ်ဖြစ်လဲ

အာနန္ဒာ။ ။ အိပ်ရာခင်း အဟောင်းတွေ ကို ခေါင်းအုံးစွပ် လုပ်ပါတယ် မင်းကြီး

ဥဇ္ဇနီ။ ။ခေါင်းအုံးစွပ် အဟောင်းတွေ ကိုကော အရှင်တို့ ဘာလုပ်ကြလဲ

အာနန္ဒာ။ ။ ခေါင်းအုံးစွပ်အဟောင်းတွေ ကြမ်းခင်း လုပ်ပါတယ် မင်းကြီး

ဥဇ္ဇနီ။ ။ ကြမ်းခင်း အဟောင်းတွေ ကိုကော ဘာလုပ်လဲ အရှင်

အာနန္ဒာ။ ။ ကြမ်းခင်း အဟောင်းတွေ ကို ကြမ်းသုတ်ဝတ် အဖြစ် သုံးပါသည် မင်းကြီး

ဥဇ္ဇနီ။ ။ ကြမ်းသုတ် ဟောင်းရင်ကော ဘာလုပ်လဲ အရှင်

အာနန္ဒာ။ ။ ကြမ်းသုတ်ဟောင်းရင် အစိပ်စိပ် အမွှာမွှာလုပ်ပြီး ရွှံစေးနဲ့ နယ်ကာ ကျောင်းသင်္ကန်း နံရံ တွေ ကို ဖားထေး ပါမည်။

ဒီမှာ ကိစ္စပြတ်လေသည်။ ဥဇ္ဇနီမင်းလည်း ပေးလှူရတာ ဖြစ်သင့်သည် အချည်းအနီုးမဟုတ်လို့ ယူဆသွားသည်။

ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက် က သံဃာအဖွဲ့အစည်းက ကျင့်သုံးတဲ့ Reuse နည်းလမ်းလေးပါ။

မေတ္တာဖြင့်

မောင်ဥဂ္ဂါ

၂၂နာရီ ၂၁ မိနစ်

ဝါခေါင် လကွယ် ၁၃၇၃ခုနှစ်

Green Memo အယ်ဒီတာသူငယ်ချင်း သိုးစိမ်း၊ ဂေဟဟိတ က သူငယ်ချင်း အောင်အောင် Myanmar Green Network မှ အစိမ်းရောင်မမကြီး အိအေး နဲ့ အစိမ်းရောင် ရဲဘော် အပေါင်းအတွက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s