ရမည်းသင်း မြို့စား ဖတ်ဖို့စာ

ကလေးလေးတစ်ယောက် ပြုံးနေတယ်။ လူငယ်လေးတစ်ယောက် ပြုံးနေတယ်။ ဦးလေးကြီး တစ်ယောက်ပြုံးနေတယ်။အားလုံး အားလုံးက ပြုံးနေတယ်။အားလုံး ပြုံနေတော့ ကြည့်လို့ကောင်းတယ် ရွင်နေတယ် ပျနေတယ် သွက်နေတယ် ပျော်နေကြတယ်။ ပြုံးနေတဲ့လူတွေ နေတဲ့ နေရာ ကပျော်စရာ နေလို့ကောင်းတဲ့နေရာ။ ကျနော်တို့ နေတိုင်း အချိန်တိုင်း ပြုံးနေကြရင်၊ ငြိမ်းချမ်းကြ၊ ပျော်ရွှင်နေကြရင် ကိုယ်သာမဟုတ်ပဲ အခြားသူတွေ အတွက်လည်း အကျိုးရှိမှာပဲ။ ကျနော်တို့ အသက်တာမှာ တန်ဖိုးရှိရှိနေချင်ရင် မိုးလင်း အိပ်ယာနိုးတာနဲ့ ပြုံးပြုံးလေးနေကြမယ်။ နံနက်ခင်း ကို လှပကြက်သရေရှိသွားအောင် ပြုံးလိုက်တာဟာ အကောင်းဆုံးနည်းပဲ။ ကျနော်တို့ ပြုံးလိုက်တာဟာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ဆိုတဲ့ စိတ်နေသဘောထားကို ပြသတာပဲ။ နိုးကြားတက်ကြွပြီး ငြိမ်းချမ်းလိုတဲ့ နှလုံးသားကို ပိုင်ဆိုင်မှ ပြုံး နိုင်မှာလေ။ နိုမို့ရင်…

Rate this:

အိဖြိုး(ခ) ငကစ်ဆိုသည်မှာ

လွန်ခဲ့တဲ့ လေး နှစ်လောက်က ပရဟိတ စေတနာ့ဝန်ထမ်းအလုပ်တစ်ခုလုပ်ဖို့ ရွာတစ်ရွာမှာ တာဝန်ကျခဲ့ဖူးသည်။ ရွာတွင်နေရတဲ့ ကာလက တစ်လ စာသင်ပေးရတဲ့ ကလေးက ၂၀၀ အဲဒီ အချိန်မှာ ကျနော် ညီမတစ်ယောက် ကောက်ခနဲ ရခဲ့သည်။ သူနာမည်ကား အတော်တော့များလှသည်။ နာမည်အရင်း က အိအိဖြိုးလွင် ဘိုနာမည်က Kirsty ကျနော်ကတော့ ကစ်မ လိုခေါ်သည်။ သုံးမည်ရ ငကစ်ဖြစ်သည်။ သူကား မှောင်နေတဲ့ အချိနတွင် သွားဖြဲပြီး ပြုံးပြမှသာ  သူကို မြင်ရတယ်။  လင်းနေသည့် အချိန်တွက်တော့ အဝေးကနေမဲသဲမဲသဲဖြင့် မြင် လှမ်း၍မြင်နိုင်သည်။ လူပုံပုတက်တက် အသားမဲမဲ စကားဝဲဝဲ သွားကျဲကျဲ နှင့် တလောကလုံး စိတ်ညစ်သွားလောက်အောင် ပြုံးပြနိုင်သူဖြစ်သည်။ အစားနဲ့ ပါးစပ် မပြတ်စားနိုင် သောက်နိုင်…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  အောင်းကုန်းရွာ က ဗန်းမောက် – အင်းတော်သွားတဲ့ လမ်းပေါ်မှာရှိတာ။ အမှန်ဆို ဒီကနေ အင်းတော်ကို တဆင့်သွား အင်းတော်က ကြုံရာကားနဲ့ ကသာကို လိုက်ပြီး သွားရမှာ ကံကောင်းချင်တော့ အောင်းကုန်းရွာသူ နီလာအေး(ကတူးစာ/ယဉ်)ကျေးဇူးနဲ့ ကသာကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်။ အင်းတော်နဲ့ ကသာကြား လမ်းတွေက အတော်ကို ဆိုးနေပြီ မန်း-ရွှေဘို-မြစ်ကြီးနား(စီမံကိန်းလမ်း)က နဘားဘက် ကွေ့တာဆိုတော့ နဘားလမ်းခွဲကနေ ကသာအထိက အတော်ကိုဆိုးတဲ့လမ်း ဖြစ်နေပြီ။ ဒီဘက်က သစ်တောတွေကောင်း ကျွန်းသစ်တွေ ရှယ်ထုတ်နိုင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အခုထိမကောင်းနိုင်သေးဘူး ကသာ ဗန်းမော်တကြောတော့ ကျွန်းတွေကုန်သလောက် ရှိပြီ။ နောက်ဒီဘက်မှာ ကျွန်းဘယ်လောက်တောင်ပေါလဲ ဆိုရင် ထင်းစိုက်ရင် တခါတလေ ကျွန်းကို သုံးသတဲ့ ကြံချက်လုပ်ငန်းတွေမှာ ကျွန်းနဲ့ မီးမွေးသတဲ့ ဒီလိုကြားရတာ…

Rate this:

ပိုက်ပိုက် မပေါတာ မှားလား

  ဒီစာကို ကသာ အင်းတော် ဒိုင်ယာရီမှာ ထည့်ရေးမလို့ပဲ ဒါပေမယ့် သက်သက် ခေါင်းစဉ်ခွဲရေးချင်တာကြောင့် ခွဲရေးလိုက်ပါတယ်။ ကသာက မိတ်ဆွေတွေ သူငယ်ချင်းတွေ ဆီသွားတွေ နှုတ်ဆက်စကားပြောခဲ့တာ တစ်မြို့လုံးနီးပါးပဲ။ နောက် အရင်က အတော်ကို ခင်ဖူးတဲ့ အဒေါ်ကြီးတွေဆီသွား နှုတ်ဆက်တော့ သူတို့ က ကျနော် ဘာအလုပ်လုပ်နေလဲ လစာ ဘယ်လောက်ရလဲ NGO ဆိုတော့ ထောမှာပေါ့ဆိုတဲ့စကားတွေ ကို လှိုင်လှိုင် မေးကြတယ်။ ကျနော်အလုပ်နဲ့ ပတ်သတ်ပြီးမေးတဲ့ မြန်းတဲ့ အခါမှာ လူတွေ အတော်များ စမေးကြတာ က လစာ ဘယ်လောက်ရလဲဆိုတာပဲမေးကြတယ်။ ဘယ်လိုတွေ လုပ်ရလဲ။ ဘာတွေလုပ်ရလဲ။ ပျော်လား။ ဘာလို့ အလုပ်ကို လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုး အတော်ရှားပါတယ်။ အဲဒီအဒေါ်ကို…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  နံနက်ခင်း ကျောင်းထိုင်ဆရာတော်က သင်တန်းသားတွေကို သြဝါဒပေးပြီး ကျနော် ဆွေးနွေးရမဲ့ အလှည့် ရောက်လာတယ်။ လူတွေက ညတုန်းက မိတ်ဆက်ထားတဲ့ သူတွေကော နောက်မှရောက်လာတဲ့ သူတွေကော။ သင်တန်း ထုံးစံတိုင်း မိတ်ဆက်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေပြော နောက် အသင်းအဖွဲ့တည်တောင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ လုပ်ပေါ့။ လုပ်ရင်း လုပ်ရင် သင်တန်းသား တွေကို ပံ့ပိုးကူညီမှု (Facilitation) အကြောင်းလေးတွေပြန်စဉ်းစားဖြစ်တယ်။ အရင်က Facilitation ကို သိပ် နားလည်လှတာ မဟုတ် အခုလည်း သိပ်မသိဘူး ရေးတေးတေးနားလည်ရုံသာ ရှိတာ။ ဒါကလည်း ဆရာသမား တွေ ဖြစ်တဲ့ ဆရာသက်နိုင်၊ ဆရာဘို၊ ဆရာမမိငွေလေး၊ အဂျန်ပရာချာ၊ ကိုသုမောင်၊ ကိုကျော်စိုး၊ ပပတို့ က အကောင်လိုက်ချပြမှ…

Rate this: