ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

 

နံနက်ခင်း ကျောင်းထိုင်ဆရာတော်က သင်တန်းသားတွေကို သြဝါဒပေးပြီး ကျနော် ဆွေးနွေးရမဲ့ အလှည့် ရောက်လာတယ်။ လူတွေက ညတုန်းက မိတ်ဆက်ထားတဲ့ သူတွေကော နောက်မှရောက်လာတဲ့ သူတွေကော။ သင်တန်း ထုံးစံတိုင်း မိတ်ဆက်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေပြော နောက် အသင်းအဖွဲ့တည်တောင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ လုပ်ပေါ့။ လုပ်ရင်း လုပ်ရင် သင်တန်းသား တွေကို ပံ့ပိုးကူညီမှု (Facilitation) အကြောင်းလေးတွေပြန်စဉ်းစားဖြစ်တယ်။ အရင်က Facilitation ကို သိပ် နားလည်လှတာ မဟုတ် အခုလည်း သိပ်မသိဘူး ရေးတေးတေးနားလည်ရုံသာ ရှိတာ။ ဒါကလည်း ဆရာသမား တွေ ဖြစ်တဲ့ ဆရာသက်နိုင်၊ ဆရာဘို၊ ဆရာမမိငွေလေး၊ အဂျန်ပရာချာ၊ ကိုသုမောင်၊ ကိုကျော်စိုး၊ ပပတို့ က အကောင်လိုက်ချပြမှ ကျနော် မောင်ဥဂ္ဂါ က အရိပ်လောက်သိသေးတာ။ ကျနော်က တဆင့် ပြန်ပြီး ပံ့ပိုးကူညီ ဆွေးနွေး Facilitate လုပ်ခံရတော့ ကျနော် အသုံးမကျတော့ သူတို့ နားမလည်ကြ။ Facilitate လုပ်တာ အလွယ်လွယ်ထင်ရပေမဲ့ သူက ကျနော်အတွက် စာသင်ရတာထက် ပိုခက်လှတယ်။ ဒါပေမယ် ကျနော်တို့ လက်စွဲစကားအတိုင်း လုပ်ရင်းသင် သင်ရင်းလုပ်နဲ့ အစဉ်ပြေပါတယ်။

သင်တန်းမှာ အချိန်ဇယား ၊ စည်းကမ်း၊ တာဝန်ခွဲဝေမှုတွေကို သင်တန်းသားတွေ ကိုယ်တိုင် ဆုံးဖြတ် ကိုယ်တိုင် တိုင်ပင် ကိုယ်တိုင်ရေးဆွဲစေတယ်။ သင်တန်းသားတွေ ကိုယ်တိုင် အချိန်ဇယားကို ညှိကြတယ် နှိုင်းကြတယ် အဆင်ပြေအောင်လုပ်ကြတယ်။ ကျနော်တို့ လုပ်တဲ့သင်တန်းတိုင်မှာလည်း ဒီလိုပါပဲ။ ဒီလိုလုပ်ရတာ ပိုအချိန်ကြာတယ် ညှိရနှိုင်းရနဲ့ အလုပ်အတော်ရှုပ်တယ်။ သင်တန်းတိုင်း မှာ လုပ်တဲ့ အချိန် ဇယားနဲ့ စည်းကမ်းချက်တွေက သင်တန်းတစ်ခု နဲ့တစ်ခု သိပ်မကွာ။ ဒီသင်တန်းတွေမှာ ဒါတွေကို ကျနော်တို့ က ဒါ အချိန်ဇယား ဒါ စည်းကမ်းဟေ့ လို့် ပြောလိုက်ရင် ရပေမဲ့ အမြဲ သင်တန်းသားတွေ ကိုယ်တိုင်ပါဝင်ပြီး စည်းကမ်းချက်တွေ ထုတ် အချိန်ဇယားတွေ ဆွဲခိုင်းတာ ဒီမိုကရေစီအမှု အကျင့်လေးတွေ ကို စပြီး လေ့ကျင် တဲ့ သဘောပါပဲ။ ကျနော်တို့ ဘဝတစ်လျှောက်လုံး ကျနော်တို့ မထုတ်တဲ့ ကျနော်တို့ မသိတဲ့ လူကြီးသူမဆိုတဲ့ လူတွေ မိဘ ဆရာဆိုတဲ့ လူတွေ ထုတ်တဲ့ စည်းကမ်းတွေ အမိန့်တွေကို ဘဝတစ်လျှောက်လုံး နာခံခဲ့ကြတယ်။ အခုတော့ ကျနော်တို့ လိုက်နာရမှာက ကျနော်တို့ ကိုယ်တိုင် ထုတ်တဲ့ စည်းကမ်း ကျနော်တို့ ကိုယ်တိုင် ရေးဆွဲတဲ့ အချိန်ဇယား လေ။ နောက်ပိုင်း ဒီလိုကနေ ကျေးရွာမှာ ရွာသူရွာသားတွေ ကိုယ်တိုင် ကိုယ်အတွက် အဆင်ပြေမဲ့ စည်းကမ်းတွေ စည်းမျဉ်းတွေ ဥပဒေတွေ မထုတ်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ နိုင်ငံနဲ့ ချီ လွတ်တော်နဲ့ ချီ ပြီး ဥပဒေတွေ မဆွဲနိုင်ပေမဲ့ ကိုယ်ရပ်ရွာ ကိုယ်အဖွဲ့စည်း အတွက် ဆွဲနိုင်ရင် နည်းတာမှတ်လို့။

နောက်ပိုင်း ၁၂ နာရီ ထမင်းစားနားပြီး နက်နက်ရှိုင်းရှိုင်း အနားယူ(Deep Relaxation)  ကြတယ်။ ဒီနေ့ က သင်တန်းသားတွေ အတွက် ပထမဆုံးနေ့ ဖြစ်တော့ Deep Relaxation လုပ်ရတာလည်း  သူတို့အတွက် အသစ်ဆန်းဖြစ်နေတယ်။ ဥင်္ီးနှောက်အလုပ် အားကြီးလုပ်ထားပြီး ကောင်းကောင်း အနားမယူရင် မကောင်း တနေ့ကို ၁၅ မိနစ်  မိနစ်၂၀ လောက် ကောင်းကောင်းနဲ့ နက်နက်နဲနဲ အနားယူဖို့ တော့ လိုကို လိုပါတယ်။

Deep Relaxation ကို မိနစ် ၃၀ လောက် လုပ်ပြီး ကျနော်ဆွေးနွေးချိန် ပြန်ရောက်လာပါပြီ။ ကျနော်ဆွေးနွေးရမဲ့ အကြောင်းက ဗုဒ္ဓဘာသာကောင်းတစ်ယောက် နဲ့ လူမှု အကျိုးပြု ဗုဒ္ဓဘာသာ …….. ကျနော် စဆွေးနွေးမဲ့ အချိန်မှာပဲ မိုးက သဲကြီးမဲကြီး ရွာချတယ်။ လူ အယောက် ၂၀၀ လောက်ကို မိုက်ခရိုဖုန်းမပါပဲ ပြောနိုင်လောက်အောင် အာပြဲတဲ့ကျနော် ဓမ္မာရုံက သွပ်နဲ့ မိုးစက် ရိုက်ခက်သံကို ကျနော် ကျော်အောင် မအော်နိုင်ခဲ့ပါ။

ဗုဒ္ဓဘာသာအကြောင်းပြောတော့ လူအတော်အများက ဗုဒ္ဓဘာသာရဲ့ အခြေခံအချက်လောက်ကိုပဲ  သိတာလိုလို မသိတာလိုလိုတွေ အတော်များတယ်။ သိလားဆိုတော့လည်း မသိ၊ မသိဘူးလားဆိုတော့ လည်း သိတယ်။ ဒါတွေ ဘာကြောင့်ဖြစ်လဲ စဉ်းစားစရာ ကျနော်တို့ ကို ဘာသာရေးဆိုင်ရ အသိတွေ သိအောင် လုပ်ပေးတဲ့ သံဃာတော်တွေ မိဘ ဆရာတွေက ကလေးတွေကို ဆွေးနွေးတဲ့ နှစ်ကြောင်းသွား (Dialogue) ပုံစံမျိုး မဟုတ်ခဲ့ပဲ တစ်ကြောင်းသွား (Monologue) တွေ သိပ်သိပ်များခဲ့တယ်။ အယုတ်ရွဆုံး မသိရင် မရှင်းရင် နားမလည်ရင် မေးတယ်ဆိုတဲ့ မေးခွန်းမေးတဲ့ ယဉ်ကျေးမှုဆိုတာ အတော်ကိုရှားပါတယ်။ တရားပွဲတွေ မှာ လည်း Monologue သီလပေးလည်း Monologue အဘိဓမ္မာသင်လည်း two Monologue  ယဉ်ကျေးမှုသင်တန်းမှာလည်း Monologue ဒါကြောင့် ကျနော်တို့ ဗုဒ္ဓဘာသာလူငယ်မောင်မယ်တွေမှာ မှန်ပါ့ဘုရား တင့်ပါဘုရား ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကဲ့ပါရှင် ဆိုတဲ့ ဘာမှန်းညာမှန်းမသိပဲ ခေါင်းညိတ်ခဲ့ရပြီး စိတ်ထဲ ဘဝင်မကျရင် သိပ်မရှင်းရင် နားမလည်ရင် အတွန့်တက်တာမျိုး အခြားတစ်ဘက်က ပြန်ဆင်ခြင်တာ မျိုး မေးခွန်းတွေမေး ပြန်ပြီးငြင်းချက်ထုတ်တဲ့ ယဉ်ကျေးမှုမျိုးကို အခုမှ စလုပ်ရ တော့ အတော်ကို အတော်ကို ကျနော်အတွက် ခက်ခဲပါတယ်။

ဒီလိုဖြစ်တာ ဗုဒ္ဓဘုရားရှင် လက်ထက်တော်တုန်းက ဒီလို လက်ညိုးထောင်ခေါင်ညိတ် ပုံစံတော့ မဟုတ် လောက် ဘုရားရှင်ဟောတဲ့ သုတ္တန်တွေမှာ အပြန်အလှန်မေးခွန်းမေးတာတွေ ငြင်းချက်ထုတ်တာတွေ အတော်ကိုပါခဲ့တာပဲ။ နောက်ဆုံး ဘုရားရှင်လွန်ပြီးနောက်ပိုင်းမှ ပေါ်တဲ့ မိလိန္နပဥာ ဆို အမေးအမြန်း အတော်ထူတဲ့ ဘုရင်နဲ့ တကယ်တတ်သိနားလည်တဲ့ ရဟန်းတော် နာဂသိန်တို့ရဲ့ Dialogue ကြီးမှလား ။ ဒီလို ကျမ်းစာထဲမှာ သမိုင်းကြောင်းမှာ Dialogue ယဉ်ကျေးမှု အုံနဲ့ကျင်းနဲ့ ရှိပြီးသာကိုး အခုခေတ်ရောက်မှ ကျနော်တို့ လူငယ်တွေ မေးခွန်းမမေးရဲ မဆွေးနွေးရဲတွေ ဘာကြောင့်ဖြစ်တာလည်း နောက်ဆုံး သူများ လက်ညိုးထိုး ခလုတ်ခဏခဏတိုက်ခံရတဲ့ စစ်အစိုးရကြောင့်လို့ပဲပြောရမလား၊ စာမဖတ်လို့ လိုပဲပြောရမလား ဘာပြောရမှန်းကိုမသိ။ ဟို ဗုဒ္ဓဘာသာကောင်းစားရေးအတွက် လုပ်နေပါတယ်ဆိုတဲ့ ၉၆၉ လို အဖွဲ့မျိုးတွေက ဗုဒ္ဓဘာသာလူငယ်တွေ တွေးတတ်ခေါ်တတ် စဉ်းစားတတ် ဆွေးနွေးတတ်အောင် ဦင်္းဆောင်ပြီး ဆောင်ရွက် ကြရင်ကောင်းလေရဲ့။  သူတို့က ကုလား မကောင်းကြောင်းပြောရုံလောက် တတ်တာဆိုတော့လည်း သိပ်မစွံ။        သူတို့ကို အမှန်းတရားတွေ လိုက်စိုက်ပျိုးနေတယ်လို့ပဲထင်မိတယ်။ ပျားရည်ဟာ ဘယ်အပင်မှာစွဲစွဲ ချိုတယ် ကုသိုလ်ဟာလည်း ဘယ်ဘာသာ ဘယ်လူမျိုးပဲ လုပ်လုပ် ဘယ်သူပဲလုပ်လုပ် ကောင်းမွန်တဲ့ သဘောရှိစမြဲပါ။ ကျနော် သင်တန်းသားတွေ အမုန်းတရားအခြေပြုတဲ့ သာသနာ(အဆုံးမ)ပြန့်ပွားတာထက် မေတ္တာတရား ကရုဏာတရား လက်ကိုင်ထားပြီး ဥာဏ်ပညာနဲ့ လောကကို မြင်ပြီး ၃ လောကအကျိုး ဆောင်ရွက်နိုင်ရင်ပဲ လူမှုအကျိုးပြုဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်နိုင်လေရဲ့။ အင်းတော်မြို့နယ် အောင်းကုန်းရွာက သင်တန်းသား သင်တန်းသူ ဗုဒ္ဓဘာလူငယ်မောင်မယ်တွေ တကယ်ကြီး လွတ်မြောက်ကြပါစေ။

သင်တန်းဆွေးနွေးချိန်ပြီးတော့  ည ၈ နာရီ ၉ နာရီလောက်ရှိပြီ နံနက် ၉ နာရီလောက် ကထဲက သင်တန်းစတာ အခုမှ တစ်နေ့တာပြီးတယ်။ နောက် ကိုကျော်စိုးနဲ့ နီလာအေးတို့ဆီက ခရီးစရိတ်တောင်းပြီး မနက်ဖြန်ဆို ကျနော် ၁ နှစ်ကြာနေခဲ့တဲ့ ကသာမြို့ကို ခြေဦးလှည့်ရအုန်းမယ်။

မနက်ခင်းရောက်တော့ ၆ နာရီ တရားထိုင်ချိန်မှာ တစ်ချက်လောက်ဝင်ပေးရသေးတယ်။ အဲဒီနေ့က ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ဆိုတော့ ပုံမှန်ထိုင်နေကျ ၁၅ မိနစ်လောက် မဟုတ်ပဲ နဲနဲကြာကြာ ထိုင်ခိုင်းလိုက်တယ်။ တရားလည်း ဖြုတ်ကော သင်တန်းသားမဟုတ်တဲ့ ဖူးပွင့်တို့က ညောင်းလို့ဆိုပြီး ကျနော် ဆဲကြလေတယ်။

မနက် ၈ နာရီလောက်မှာ ကျနော် ကသာကို သွားဖို့ သင်တန်းသားတွေကို နှုတ်ဆက်ပြီး အောင်းကုန်းကျေးရွာကနေ ထွက်ခဲ့တယ်။ ကသာကို တကူးတကသွားရတဲ့ ရည်ရွယ်ချက်က ကိုယ်နေခဲ့တဲ့ နေရာအရပ်ဒေသမို့ အသိဟောင်းအကျွမ်းဟောင်း မိတ်ဟောင်းဆွေဟောင်းတွေကို တွေချင်လို့၊ နောက်တစ်ခု ကတော့ မုံရွာက ကျနော်အချစ်ဆုံးသူငယ်ချင်းကြီး မိပိုင်(မေသက်ပိုင်စိုး) ကသာမြို့မှာတာဝန်ကျနေလို့ သူတွေချင်တာလည်း ပါတယ်။ ဒီလိုနဲ့ အောင်းကုန်းရွာက ဆိုင်ကယ်စီးပြီး ကျနော် ကသာမြို့ ကိုရောက်ခဲ့ပြန်တယ်။

ဆက်ရန်ကျန်သေးသည်…………………………….

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s