ပိုက်ပိုက် မပေါတာ မှားလား

 

ဒီစာကို ကသာ အင်းတော် ဒိုင်ယာရီမှာ ထည့်ရေးမလို့ပဲ ဒါပေမယ့် သက်သက် ခေါင်းစဉ်ခွဲရေးချင်တာကြောင့် ခွဲရေးလိုက်ပါတယ်။

ကသာက မိတ်ဆွေတွေ သူငယ်ချင်းတွေ ဆီသွားတွေ နှုတ်ဆက်စကားပြောခဲ့တာ တစ်မြို့လုံးနီးပါးပဲ။ နောက် အရင်က အတော်ကို ခင်ဖူးတဲ့ အဒေါ်ကြီးတွေဆီသွား နှုတ်ဆက်တော့ သူတို့ က ကျနော် ဘာအလုပ်လုပ်နေလဲ လစာ ဘယ်လောက်ရလဲ NGO ဆိုတော့ ထောမှာပေါ့ဆိုတဲ့စကားတွေ ကို လှိုင်လှိုင် မေးကြတယ်။ ကျနော်အလုပ်နဲ့ ပတ်သတ်ပြီးမေးတဲ့ မြန်းတဲ့ အခါမှာ လူတွေ အတော်များ စမေးကြတာ က လစာ ဘယ်လောက်ရလဲဆိုတာပဲမေးကြတယ်။ ဘယ်လိုတွေ လုပ်ရလဲ။ ဘာတွေလုပ်ရလဲ။ ပျော်လား။ ဘာလို့ အလုပ်ကို လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုး အတော်ရှားပါတယ်။

အဲဒီအဒေါ်ကို ကျနော်ရတဲ့ လစာ ပမာဏကို ပြောလိုက်တော့ သူက ကျနော်ကို ကြည့်ပြီး သနားသွားတာလား ဘာလား မသိ ကျနော် ရွယ်တူ မိတ်ဆွေတစ်ယောက် နာမည်ပြောလိုက်ပြီး သူဆို အများကြီးရတယ်တဲ့။  မင်း သူလိုသာ လုပ်ရင် ရမှာတဲ့။ မင်းက  သူနဲ့ အခွင့်ရေးအတူတူရခဲ့တာကို ဘာလို့ အခွင့်ရေးကို လက်လွတ်ခဲ့တာလဲတဲ့။ ဒေါ်လေးပြောတဲ့ ကျနော်မိတ်ဆွေ နဲ့ ကျနော်က လမ်းချင်းမတူလို့ လူချင်းကွဲပြီးကြပြီ။ ကျနော် သက်ပြင်းတွေ အရှည်ကြီးချလိုက်ပါတယ်။

နောက်ကျနော့်သူငယ်ချင်း ဖူးပွင့် မန္တလေးမှာ ဒေတာ ကုမ္မဏီကြီးတစ်ခု ရောက်ပြီး အချိန်ပိုင်း အလုပ်တစ်ခု ကို သူလုပ်မိတယ်။ သေချာတာ ပိုက်ဆံရတယ်။ သူလုပ်နေရင်း သူ့ကိုယ်သူ ညာ သလိုခံစားရတယ်။ သူ ဒီအလုပ်ကို ဆက်မလုပ်တော့ဘူး။

ပိုက်ဆံ ဟာ ကျနော်တို့ အတွက် အသက်ရှင်သန်ရပ်တည်ဖို့ အတွက် အရေးကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေသိ အများကြီးတော့ အရေးမကြီးလှဘူး။ ပိုက်ဆံ ဘာလို့ လိုတာလဲ မေးရင် လုပ်ချင်တာ လုပ်လို့ရအောင်လို့ အဖြေထွက်မယ်။ ဘာလို့ လုပ်ချင်တာတွေ ကို လုပ်ချင်နေတာလဲ လို့ မေးပြန်ရင် ပျော်ချင်လို့ စိတ်ချမ်းသာချင်လို့ ဆိုတဲ့ အဖြေတွေရမယ်။ အဓိက က ပျော်ဖို့ စိတ်ချမ်းသာနေဖို့ ရွင်လန်းနေဖို့ မဟုတ်ဘူးလား။ ဒီအတွက် ပိုက်ဆံတွေ အများကြီးမလိုပါဘူးဗျာ။

ကျနော်မှာ ပိုက်ဆံ သိပ် အများကြီးမရှိဘူး ဒါပေမယ့် သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ ရှိတယ်။ ကိုယ် ဒုက္ခရောက်ရင် အရေးကြုံရင် အနီးရောက်လာပြီး ကူညီကြတဲ့ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေ ရှိတယ်။

ကျနော်ပြောတဲ့ စကားကိုနားလည်တဲ့ သူတို့ပြောတဲ့ စကားကိုနားလည်တဲ့ ပြောတဲ့ ဘာသာစကားချင်းတူ၊ ရင်ခုန်သံချင်းတူတဲ့ သူငယ်ချင်းမျိုး၊  ကိုယ်ဖန်တီးတဲ့ အနုပညာလက်ရာ ဒါမှမဟုတ် ကဗျာတစ်ပုဒ် စာတစ်ပုဒ်ကို ဖတ်ပေး ဝေဖန်ပေး ကြိုက်ပေးတဲ့ သူငယ်ချင်းမျိုး၊ လမ်းချင်းတူလို့ လူချင်းတွေကြတဲ့ သူငယ်ချင်းမျိုး တွေရှိတယ်။ ဒေါ်လေးပြောတဲ့ ကျနော်မိတ်ဆွေမှာ ဒီလိုသူငယ်ချင်းမျိုးမရှိဘူး သူကို ခြေထိုးမဲ့ နောက်ကျော က ဓားနဲ့ထိုးမဲ့ ရွှေရည်စိမ်မိတ်ဆွေတွေပဲရှိတယ်။

ကျနော်မှာ ပိုက်ဆံတွေ သိပ် ပေါပေါများများ များများစားစား မရှိလှဘူး။ ဒါပေမယ့် တစ်စုံတစ်ခု ကို မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင် ကြိုက်တယ် ဆိုပြီး လွတ်လွတ်လပ်လပ်ကြီးပြောခွင့်ရှိတယ်။ ဘယ်သူရဲ့ အထင်ကြီးမှုကို ခံရဖို့ အတွက် ဟန်လုပ်စရာ လည်းမလိုဘူး။ ဘယ်သူရဲ့ အထင်သေးခံရမှုကို ကြောက်နေစရာလည်း မလိုဘူး။ လူတွေရဲ့ ထင်မြင်ချက်ကို သိပ်ပြီး အမှီသဟဲပြုနေစရာမလိုဘူး။ တကယ်ကို လွတ်လွတ်လပ်လပ်ပဲ။ ဒေါ်လေးပြောတဲ့ ကျနော် မိတ်ဆွေမှာ ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ ဒါမျိုးလွတ်လပ်မှုမျိုးမရှိနိုင်ဘူး။

နောက် ဘဝ ပြဿနာဖြစ်ဖြစ် ကြားရတဲ့ သတင်းစကားဖြစ်ဖြစ် စဉ်းစားတယ် ဘယ်ကြောင့်လည်း တွေးတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ ရှာတယ်။ ချင့်ယုံတယ် တွေးတောတယ်။ ကိုယ်ကိုကိုယ်လည်း ပြန်ကြည့်တယ် မှားလား မှန်လား အမြဲတွေးတောတယ်။ လောက အဓိပ္ပာယ်ရှာကြည်တယ်။ ဝင်သက် ထွက်သက် ရှိတယ် ငါရှိတယ် သိနေတယ်။ အဓိပ္ပာယ်ရှိတယ် ရှိကြောင်းသိနေတယ်။ ဒေါ်လေးပြောတဲ့ ကျနော် မိတ်ဆွေကတော့ ဒါတွေ သိမှာ မဟုတ်ဘူး စဉ်းစားဖို့ သိမှာမဟုတ်ဘူး စဉ်းစားတတ်မှာလည်း မဟုတ်ဘူး ။

နောက်ဆုံးပြောရရင် ကျနော်မှာ ကျနော်တို့မှာ ပိုက်ဆံ သိပ်မရှိလှဘူး ဒါပေမယ့် ကျနော်တို့ ပျော်ကြတယ် ရွင်ကြတယ် စိတ်ချမ်းသာတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေ ရှိတယ်။ လွတ်လွတ်လပ်လပ်နဲ့ ဆင်ခြင်တုံတရားနဲ့နေထိုင်ကြတယ်။ ကျနော်တို့ ထမင်းဝိုင်းမှာ ပကာသနတွေနဲ့ အဆီဝေ့နေတဲ့ မာန ဟင်းလျာတွေမရှိဘူး၊ ဘဝရှင်သန်ခြင်းအသိတရားတွေ အစာသွပ်ထားတဲ့ ထမင်းမိန် ခံတွင်းတွေမဲ့ သုခ ဟင်းလျာတွေပဲ စီမံထားတယ်။ ဒါတွေကိုစားသုံးပြီး ကျနော်တို့ ပျော်နေကြတယ်။ ဒီလိုပျော်ပျော်နေနိုင်ဖို့တော့ မလွယ်လှဘူး။ ပျော်နေဖို့ ပိုက်ပိုက်က အဓိကတော့ မဟုတ်တာ သေချာတယ်။

မောင်ဥဂ္ဂါ

ဆရာတာ(ကိုတာ)ရေးတဲ့

ဒဿနဗေဒလာ ပိုက်ဆံမပေါခြင်းအတွက် ဖြေစရာ (ကိုရင်တာ နှစ်ပါးသွား)

စတိုင်သစ် မဂ္ဂဇင်း မတ်၊ ၂၀၀၂ ကို ဖတ်ပြီး ကိုယ်ခံစားရတာနဲ့ ပေါင်းစပ်ကာ ရေးလိုက်မိတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s